← Chapters

ရှေ့ကို အတင်းတက်ခြင်း

Vol. 016 Ch. 1551

ရှေ့ကို အတင်းတက်ခြင်း

Vol. 016 Ch. 1551

ရီဖူရှင်းသည် လမ်းစဉ်မြစ်ကို ခြေတစ်လှမ်းနှင့် ဖြတ်သန်းသွားခဲ့သည်။ တစ်ဘက်ကမ်း နှင့်  တစ်ဘက်ကမ်းသို့ရောက်ခြင်းသည် ခြေတစ်လှမ်းနှင့် ပိုင်းခြားထားသလို ထင်မှတ်ရသည်။

ဖြတ်သန်းသွားနိုင်စွမ်း မရှိလျှင် သူသည် လမ်းစဉ်မြစ်အတွင်း အမြဲပိတ်မိနေမည် ဖြစ်သည်။ သို့သော် သူက လုပ်နိုင်စွမ်းရှိလျှင် ခြေတစ်လှမ်းနှင့် ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ရွှေရောင်မဟာလမ်းစဉ်ရှေ့၌ ရပ်နေခဲ့သည်။ နတ်နန်းတော်၏ ရှေ့တွင် မြင့်မာသည့် ကောင်းကင်ထက် တည်ရှိပြီး ခမ်းနားထည်ဝါကာ သန့်စင်၍ ဝိညာဉ်စွမ်းအားတို့ ပေါကြွယ်လှသည်။ ထိုနေရာတွင် ဘယ်ညာ ရပ်တည်နေသည့် နန်းတော်များ ရှိသည်။ ရီဖူရှင်းသည် နန်းတော်တစ်ခုချင်းစီမှ မဟာလမ်းစဉ် ဖိအားများ ထုတ်လွှတ်နေသည်ကို ခံစားမိသည်။

ဤ ရွှေရောင်မဟာလမ်းစဉ်သည် ရှေးဟောင်းမဟာလမ်းစဉ် ဖြစ်ပြီး အလွန် ပြင်းထန်သည့် မဟာလမ်းစဉ်စွမ်းအားတို့ ပါဝင်သည်။ ၎င်းစွမ်းအားများကို ဖြတ်လျှောက်ရန်မှာ လွယ်ကူသည့် စမ်းသပ်ချက်မဟုတ်ပေ။

ထို့ပြင် ဤရှေးဟောင်း ရွှေရောင်မဟာလမ်းစဉ်၏ လမ်းကြောင်း အဆုံးတွင် မြင့်မြတ်ပြီး သိမ်မွေ့သည့် ပုံရိပ်တစ်ခု ရပ်နေသည်ဟု ထင်မှတ်ရသော်လည်း အစစ်အမှန်မဟုတ်သကဲ့သို့ ထင်မှတ်ရသည်။

ထိုနေရာ၌ တစ်စုံတစ်ယောက် ရှိနေသည်လား။

ကြည့်ရသည်မှာ ဤနေရာသို့ တစ်စုံတစ်ယောက် ရောက်နှင့်နေခဲ့ပြီး ဖြစ်သည် ထင်ရ၏။

ထိုအချိန်တွင် ရီဖူရှင်းသည် ဤနေရာက သာမန်မဟုတ်သည်ကို သတိပြုမိခဲ့ပြီ ဖြစ်ကာ ဤနေရာသို့ ရောက်ရှိလာသူမှာ နတ်နန်းတော်၏ ထိပ်ဆုံးသော ပါရမီရှင် ဖြစ်ပေလိမ့်မည်။

ရီဖူရှင်းသည် နတ်နန်းတော်၏ ဤဘိုးဘေးနယ်မြေသို့ လာရောက်နိုင်သူမှ သူ့အရှေ့၌ တစ်ယောက်သာ ရှိသည်ကို မသိရှိခဲ့ပေ။ ထိုသူမှာ နတ်နန်းတော်၏ လက်ရှိ မျိုးဆက်တွင် အထူးချွန်ဆုံးသူ ဖြစ်ပြီး အထက်ကောင်းကင်ဘုံ၏ ပြိုင်ဘက်ကင်းပါရမီရှင်ဘွဲ့ကို ရထားခဲ့သူ ဖြစ်သည်။

လောက၌ ပြိုင်ဘက်ကင်းဟူသည်မှာ ရီထျန်းယွိနှင့် လီတောက်စီတို့ထက်ပ်ု၍ သာလွန်ပေသည်။ လူတိုင်းသည် အဆင့်တစ်ခုတွင် ရှိပြီး သူက အခြားအဆင့်တစ်ခုတွင် ရှိနေပါက ထိုသူကို ပြိုင်ဘက်ကင်းဟု ခေါ်နိုင်မည် မဟုတ်ပေ။

ဒီနေရာ ဘယ်လိုနေရာမျိုးလဲ

ရီဖူရှင်းက ပို၍ ပို၍ စူးစမ်းချင်လာသည်။ ဤမြင့်မြတ်နယ်မြေက အတိအကျ မည်သို့သော နေရာမျိုးနည်း။

ဤနေရာက နတ်နန်းတော်၏ ထိပ်ဆုံးသော ပုဂ္ဂိုလ်များ ကျင့်ကြံရာ နေရာဖြစ်နိုင်သလား။

မဟုတ်လျှင် နတ်နန်းတော်၏ လျှို့ဝှက်နယ်မြေ ဖြစ်သလား။

ထိုနေရာ မည်သည့်နေရာဖြစ်စေ သူက အထဲကို လျှောက်ကြည့်ချင်ပေသည်။

ရီဖူရှင်းသည် ခြေထောက်ကို မ ကာ ရှေ့သို့ လျှောက်လိုက်သည်။ ခြေတစ်လှမ်းသာ လှမ်းလိုက်ရပြီး  အလွန် ပြင်းထန်သည့် မဟာလမ်းစဉ်စွမ်းအား မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာကာ ၎င်းသည် မဟာလမ်းစဉ် ရှေးဟောင်းလမ်းအတွင်း ဝင်ရောက်လာသည်။ ဤ မဟာလမ်းစဉ် ရှေးဟောင်းလမ်းအတွင်း ကြီးမားသည့် ဖိအားများက နေရာအနှံ့ပင် ဖြစ်သည်။ ရီဖူရှင်းသည် ထိုနေရာ၌ နတ်ဘုရားများ ရပ်နေပြီး သူ လျှောက်လှမ်းသည့် ရှေးဟောင်းလမ်းကို စောင့်ကြပ်နေကြသည်ဟူသော ခံစားချက်မျိုးကို ခံစားရပေသည်။

ထိုနတ်ဘုရားရုပ်တုများသည် ပုံရိပ်ယောင်ဆင်သော်လည်း တစ်ချိန်တည်းမှာပင် သိပ်သည်းပေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ခံစားမိပြီး မဟာလမ်းစဉ်၏ ဖိနှိပ်သောအင်အားများ ပေါက်ကွဲထွက်လာသည်ပ အစစ်အမှန်ဟု ခံစားရပေသည်။

ထိုအခိုက်အတန့်သည် ရီဖူရှင်းကို ရင်းနှီးသည့် ခံစားချက်တစ်ခု ပေးစွမ်း၏။ ၎င်းသည် သူ ကျွမ်းဟုန်နှင့် တွေ့ဆုံခဲ့ရာ နတ်နန်းတော်၏ နတ်ဘုရားထိုက်တန်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတောင်ကို သွား၍ တွေးမိစေသည်။

သို့သော် ဤနေရာ၌ နတ်ဘုရားတို့ ဖိအားက ပို၍ စစ်မှန်ကာ ကြောက်မက်ဖွယ် ပြင်းထန်ပေသည်။ ဤနေရာမှ စွမ်းအားများသည်  နတ်ဘုရားတို့ထိုက်တန်ခြင်းတောင်ထက် ပို၍ များပြားကာ စစ်မှန်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ သွေးတို့က ဆူပွက်လာပြီး အော်မြည်နေပါ မဟာလမ်းစဉ်စွမ်းအားများ ပေါက်ကွဲသံ ထွက်ပေါ်လာစေသည်။ သူက ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ဆက်သွားရန်သာ အားစိုက်လိုက်သည်။ သူက မာန်သွင်းဟစ်အော်လိုက်သည်။ သူ၏ အဝတ်များက တဖျတ်ဖျတ် လွင့်နေကာ သူ့ဆံပင်များက ပျံဝဲနေသည်။

သူ၏ ခန္ဓာကိုယ်က ကြီးမားသည့် ဖိအားပမာဏကို ခံနေရသည်ဟု ထင်မှတ်ရပြီး ခြေတစ်လှမ်းလှမ်းရန်ပင် မလွယ်ကူခဲ့ပေ။

ဘုန်း! ရီဖူရှင်းသည် ခြေတစ်လှမ်း ရှေ့သို့ လှမ်းရန် အချိန်တစ်ခုယူရသည်။ သူက ခြေတစ်လှမ်း လှမ်းသည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများက အော်မြည်ကာ ပေါက်ကွဲထွက်လာနေသည်။ မဟာလမ်းစဉ်သည် တစ်ခုတည်းအဖြစ်သို့ စုစည်းလာစေသည်။ သူ ရှေ့သို့ ခြေတစ်လှမ်းစီ ဖိအားပေးလှမ်းစေရင်း အဆုံးမဲ့ လမ်းစဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားစေသည်။

သူက နန်းတော်တစ်ခုကို ကျော်ဖြတ်လာသော်လည်း ရွှေရောင်မဟာလမ်းစဉ် လမ်းကြောင်းပေါ်တွင် အကွာအဝေးက အစစ်အမှန်မဟုတ်ဟု ထင်မှတ်ရသည်။ မဟာလမ်းစဉ် ပုံရိပ်ယောင်လမ်းသည် သူ့မျက်လုံးအတွင်း၌ အလွန် ရှည်လျားပေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ရုတ်တရက် အားကောင်းသည့် အန္တရာယ်ထွက်ပေါ်လာခြင်းကို ခံစားမိလိုက်သည်။ စွမ်းအားများ ထောက်လှမ်းမိသည့်အခါ သူက တစ္ဆေဆန်ဆန် ပုံရိပ်ကို တစ်ခါ ထောက်လှမ်းလိုက်မိပြန်သည်။ မြေအောက်လောက၏ နတ်ဘုရားသည် သူ၏ စိတ်အတွင်း ပေါ်ပေါက်လာပြန်သည်။

သူသည် ထိုတစ္ဆေဆန်ဆန် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်ဟု ထင်မှတ်ရကာ ၎င်းတို့က သူ၏ စိတ်ကို ထိုးဖောက်၍ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည်ဟု ထင်မှတ်ရသည်။

ဒါက…

ရီဖူရှင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုတို့ ထွက်ပေါ်လာသည်။ သူ၏ စမ်းသပ် ခရီးစဉ်တွင် သူက မြေအောက်လောကအရှင်၏ တပည့်ဟု ထင်မှတ်ရသူ နတ်နန်းတော်မှ တိုက်ရိုက်တပည့် ပိုင်ရှုနှင့် တွေ့ဆုံခဲ့သည်။ သို့ဆိုလျှင် ဤသည်က မည်သည့် စွမ်းရည်မျိုး ဖြစ်သနည်း။

နတ်နန်းတော်မှ လမ်းစဉ်များအားလုံးကို ဤမဟာလမ်းစဉ် ရှေးဟောင်းလမ်းအတွင်း ဖုံးကွယ်ထားသည်။ များပြားလှသည့် စွမ်းရည်များကို ဤနေရာတွင် စုစည်းနေကာ တိုက်ခိုက်မှုလမ်းစဉ်စွမ်းအားများအဖြစ် ပြောင်းလဲပြီး ရှေ့သို့ တိုးလာသူကို တိုက်ခိုက်ကြခြင်း ဖြစ်သည်။

သို့ဆိုလျှင် သူက နောက်တွင် ဂီတ တိုက်ခိုက်မှုကို ခံရမည်လား။ ဓားစွမ်းအားလား။ မဟုတ်လျှင် အခြားတိုက်ခိုက်မှု တစ်ခုခု ဖြစ်မလား။

သူ၏ အသွေးအသားနှင့် စိတ်ဝိညာဉ်တို့သည် တစ်ချိန်တည်းတွင် ပြင်းထန်သော ဖိအားကို ခံနေကြရသည်။ ရီဖူရှင်းသည် ဤသို့သေည ပြင်းထန်သည့် ဖိအားအောက်၌ ရှေ့သို့ ဆက်လက်သွားရန် ရုန်းကန်နေခဲ့သည်။ သေချာသလောက်ပင် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးခင် ဂီတသံ ထွက်ပေါ်လာ၏။ မဟာလမ်းစဉ်သည် ယင်းနှင့် တသားတည်း ဖြစ်သွားပြီး ယခင်ဖိအားထက် သိသိသာသာ ပြင်းထန်စွာ တိုးမြှင့်လာခဲ့သည်။

ဘုန်း! မဟာလမ်းစဉ်၏ ပြင်းထန်သော စွမ်းအင်ဖိအားများအောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ ပြန်ဆုတ်ခံလိုက်ရသည်။ သူက ဟန်ချက်ကို ပြန်မထိန်းနိုင်ခင် ခြေလှမ်းအများကြီး ဆုတ်ခွာလိုက်ရသည်။ သူ၏ မျက်ခုံးတို့က တင်းကြပ်စွာ စုကျုံ့ထားခဲ့သည်။

သူ၏ မျက်လုံးက မဟာလမ်းစဉ်ရှေးဟောင်းလမ်းသို့ လှမ်းကြည့်လိုက်သည်။ ဤလမ်းက အမှန်တကယ် ဖြတ်ရခက်သည်လား။

သို့ပေမယ့် ဤလမ်းကြောင်းက အတိအကျ မည်သည့် လမ်းကြောင်း ဖြစ်သနည်း။ တစ်စုံတစ်ယောက်သည် နတ်နန်းတော်၏ လမ်းစဉ်နည်းစနစ်များ အားလုံးကို ခံနိုင်ရည်ရှိရမည် ဖြစ်ကာ တိုက်ပွဲစွမ်းအားတစ်ခုခြင်းစီသည် သူကိုယ်ပိုင်အဆင့်နှင့် ခွန်အားအရ ဆုံးဖြတ်ထားခြင်း ဖြစ်ပေလိမ့်မည်။

သူက သန်မာနေလေ မဟာလမ်းစဉ်စွမ်းအား တိုက်ခိုက်မှုက ပို၍ အားကောင်းလေ ဖြစ်သည်။ ဤနေရာ၌ ပုန်းကွယ်စရာ မည်သည့်နေရာမှ မရှိပေ။

ရီဖူရှင်းက ရပ်တန့်လိုက်သည်။ ရှေ့သို့ တစ်ဟုန်ထိုး သွားရမည့်အစား သူက အသက်ရှုထိန်းညှိရန် အချိန်ယူလိုက်သည်။

ယခင်က လမ်းစဉ်မြစ်ကို ဖြတ်သန်းရန် နားလည်သဘောပေါက်နိုင်သည့် စွမ်းရည်လိုအပ်သော်လည်း ယခုတွင် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင် ခွန်အားက အဓိက ဖြစ်သည်။ ဤလမ်းပေါ်တွင် ဖြတ်လမ်းမရှိဘဲ အနီးအနားတွင် မည်သည့် လှည့်ကွက်မှ လုပ်နိုင်မည် မဟုတ်ပေ။ သူ၏ လမ်းစဉ်ကို ဖိအားပေးခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ထိုအချိန်တွင် လမ်းစဉ်မြစ်၏ အခြားတစ်ဖက် မြစ်ကမ်းပါးပေါ်၌ လူအများက ရပ်နေကြသည်။ သူတို့က ရှေ့သို့ ကြည့်နေသော်လည်း ရီဖူရှင်းကို မမြင်ကြရတော့ပေ။

ရီဖူရှင်းသည် လမ်းစဉ်မြစ်အတွင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူက ဘိုးဘေးနယ်မြေကို ကျော်ဖြတ်ဝင်ရောက်သွားနိုင်ပြီလား

တစ်စုံတစ်ယောက်က မေးလိုက်သည်။

မဟုတ်လောက်သေးဘူး

လမ်းစဉ်မြစ်နှင့် ပတ်သတ်ကာ အနည်းငယ် သိရှိထားသည့် ပါရမီရှင်တစ်ဦးက သူ၏ ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

လမ်းစဉ်မြစ်ကို ခြေတစ်လှမ်းနဲ့ ဖြတ်သန်းသွားနိုင်ပေမယ့် အဲဒီနောက် လျှောက်ရမယ့် လမ်းက ပိုခက်တယ်

ပိုခက်တယ်လား

တစ်စုံတစ်ယောက်က တွေးတွေးဆဆ ပြောလိုက်သည်။

ဒါဆို တခြားထူးချွန်တဲ့ သူတွေ အများကြီးက ဘာလို့ လမ်းစဉ်မြစ်မှာ ပိတ်မိနေကြတာလဲ

ခက်ခဲခြင်းတွေက ဆက်စပ်နေတယ်။ လမ်းစဉ်မြစ်ကို ဖြတ်တာက မခက်ခဲတာတော့ မဟုတ်ဘူးလေ။ နတ်နန်းတော်က ထူးချွန်တဲ့ တပည့်တွေတောင်မှ လမ်းစဉ်မြစ်ကို မဖြတ်နိုင်ကြဘူး။ ဖြတ်နိုင်တဲ့သူက လူနည်းနည်းလေးပဲ ရှိတယ်။ ကြည့် အခုလေးတင် တစ်ေ။က်ယောက် ကြိုးစားကြည့်နေပြီ

ပြောလိုက်သူက ရှေ့သို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် လမ်းစဉ်မြစ်ဆီသို့ လူအများကြီး လျှောက်လာနေကြသည်။ ရီဖူရှင်း ဖြတ်သန်းသွားသောအခါ သူတို့က ဖြတ်သွားရန် ကြိုးစားချင်သော်လည်း သူတို့သည် ထိုနေရာ၌ပင် ပထမဆုံးခြေလှမ်းကိုပင် လှမ်းနိုင်ခြင်းမရှိခဲ့ပေ။

ဒါဆို ဘိုးဘေးနယ်မြေကို ဝင်ဖို့ ဘယ်လောက်တောင် ခက်တာလဲ

ဒီနှစ်ပေါင်းများစွာအတွင်းမှာ အဲဒီကို တစ်ယောက်တည်းပဲ ဝင်ရောက်နိုင်တယ်။ အဲဒါက ခက်ခဲတာထက် ပိုတယ်

သူ့ဘေးမှ လူက တွေးတွေးဆဆ ပြောလိုက်သည်။ ၎င်းကို ကြားသည့်အခါ ထိုသူက လမ်းစဉ်မြစ်ဘက်သို့ ကြည့်လိုက်သည်။ နတ်နန်းတော်၏ ဘိုးဘေးနယ်မြေသို့ ဖြတ်သန်းဝင်ရောက်နိုင်သူက မည်မျှ ထူးချွန်လိုက်မည်နည်း။

နတ်နန်းတော်၏ တပည့်များည်ပင် သူ့ကို စကားပြောရန်မဆိုထားနှင့် မြင်တွေ့ရန် အခွင့်အရေး များများစားစား မရှိပေ။ သူက တိုက်ရိုက်တပည့် မဟုတ်သော်လည်း ခန်းမကိုးဆောင်၏ တပည့် ဖြစ်သည်။

ခန်းမကိုးဆောင်သည် တစ်ယောက်တည်းကို ပူးပေါင်းသင်ကြားပေးခဲ့သည်။ နတ်နန်းတော်သည် သူ့ကို အနာဂတ်တွင် အထက်ကောင်းကင်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာစေရန် ရည်ရွယ်ပေသည်။ သူက ထိုရည်ရွယ်ချက်သို့ ရောက်အောင် ရှေ့ဆက်နေခဲ့သည်။ မည်သူကမှ သူ့ကို မကျော်လွန်နိုင်ဘဲ  သူ့ကို လိုက်မီရန်မှာ ခက်ခဲလှသည်။ သူက သူ့အဆင့်နှင့်သူ ရှိသည်။ မည်သူကမှ သူနှင့် တူညီသည့် အဆင့်ဟု ညွှန်းဆိုနိုင်လိမ့်မည် မဟုတ်ပေ။

သူက နတ်ဘုရားများ၏ မျိုးဆက်ဟူသော ကောလာဟလတို့ ပျံ့နှံ့သွားပြီးနောက် အချို့်သော လူများက သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားသွေးတို့ ရှိနေသည်ဟု ဆိုကြသည်။ အချို့က ပြောကြသည်မှာ သူက နတ်ဘုရားတစ်ပါး ဝင်စားသည်ဟူ၍ ဖြစ်ပေသည်။

မည်သည့် ကောလာဟလတို့ ရှိနေပါစေ သူ၏ ခွန်အားအတိုင်းအတာအရ အားလုံးက ထိုက်တန်ပေသည်။

ယနေ့ နတ်နန်းတော်တွင် အပြင်လူ ထွက်ပေါ်လာခဲ့ပြီး နတ်နန်းတော် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ရန် ဖိအားပေးခဲ့သည်။ သူက လမ်းစဉ်မြစ်ကိုပင် ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်၏။

သူတို့နှစ်ယောက်က ဘိုးဘေးနယ်မြေအတွင်း ဆုံတွေ့ကြလိမ့်မည်လား။

ထိုက်ရွှမ်တောင်မှ ဓားသမား ရှန်ကျင်းက လမ်းကို ဖြတ်သွားနိုင်မည်လား။

ထိုသည်က အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။

အမှန်တကယ် အလွန် ခက်ခဲလှသည်။

ထိုအချိန်တွင် ရီဖူရှင်းက မဟာလမ်းစဉ် ရှေးဟောင်းလမ်းရှေ့တွင် ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တောက်ပနေပြီး သူ့ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်စွမ်းအားများ အော်မြည်က ပဲ့တင်ထပ်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းတွင် အားကောင်း၍ ပြင်းထန်သည့် မဟာလမ်းစဉ် စွမ်းအားများက လှည့်ပတ်နေသည်။

သူ၏ တစ်ကိုယ်လုံးက ဖျက်ဆီး၍ မရသော ဓားခန္ဓာအဖြစ်ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ ဓားက ရှေ့သို့ ဆက်သွားနေခဲ့သည်။ ၎င်းသည် လေထုကို ဖြတ်သန်းသွားကာ မဟာလမ်းစဉ် ရှေးဟောင်းလမ်းအတွင်း ဝင်ရောက်သွားသည်။

အလွန် ပြင်းထန်သည့် မဟာလမ်းစဉ် ဖိအား ထွက်ပေါ်လာပြီး သူ့ကို ရိုက်ခတ်လိုက်သော်လည ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်းမှ ဓားအော်မြည်သံတို့ ထွက်ပေါ်လာသည်။ ဓားစွမ်းအားများသည် ကောင်းကင်သို့တိုင် ရောက်ရှိလာ၏။ ၎င်းသည် မဟာလမ်းစဉ် ဖိအားတို့ကို ဖြတ်သန်းသွားကာ နှေးကွေးခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်သွားခဲ့၏။ ဆန့်ကျင်ဘက်တွင် သူသည် အရှိန်မြှင့်ကာ အလွန်လျင်မြန်စွာ ဖြတ်သန်းသွားလိုဟန် တူသည်။

ဘုန်း! တေးသွား တဖန်ထွက်ပေါ်လာပြီး ထိုသည်က နတ်ဘုရားအသံစွမ်းအားဖြစ်ကာ ၎င်းသည် မဟာလမ်းစဉ်စွမ်းအားနှင့် တသားတည်းဖြစ်ကာ ပြင်းထန်သည့် ဖိအားကို ထုတ်ဖော်လာနိုင်ပေသည်။

ဝှစ်…

စူးရှကာ ကျယ်လောင်သည့် အသံများကို ကြားလိုက်ရပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း တေးသွားအသံ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရကာ ဓားနှင့်တသားတည်းကျလာပေသည်။ လျှပ်တပြက်ဓားစွမ်းအားက ထိုးထွက်လာကာ မဟာလမ်းစဉ် တေးသံကို လွှမ်းခြုံခဲ့သည်။ ရီဖူရှင်း၏ အနီးတွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။

ဘုန်း!... ဘုန်း... ဘုန်း!

ထိုမဟာလမ်းစဉ် ရှေးဟောင်းလမ်းက အသက်ရှိနေပြီး ရီဖူရှင်း လုပ်ဆောင်သည်များကို ထောက်လှမ်းနိုင်စွမ်း ရှိပုံပေါ်သည်။ ရီဖူရှင်းသည် အရှိန်မြှင့်ကာ ရှေ့သို့ ဆက်သွားခဲ့ပြီး နတ်ဘုရားကဲ့သို့ ရုပ်တုများက တစ်ချိန်တည်း ပေါ်ပေါက်လာကာ အဆုံးမဲ့ ဓားစွမ်းရည်များ ထွက်ပေါ်လာပြီး ရီဖူရှင်းကို လွှမ်းခြုံသွားသည်။

ဘန်း!

ရီဖူရှင်းသည် ထိုခွန်အားက အဆက်မပြတ်တိုးလာနေသည်ကို ခံစားမိလိုက်ပြီး သူက ရုတ်တရက် ခြေဆောင့်နင်းလိုက်သည်။ သူ့ခန္ဓာအတွင်းမှ မဟာလမ်းစဉ် စွမ်းအားများ အော်မြည်လာပြီး မိုးချုန်းကဲ့သို့ ဆင်အော်မြည်သံများ ထွက်ပေါ်လာသည်။ မဟာလမ်းစဉ် စွမ်းအားများက တသားတည်း ဖြစ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် နတ်ဆင်က ခြေဆောင့်နင်းလိုက်၏။ နတ်ဆင်၏ စစ်မှန်သော စွမ်းရည်က ထွက်ပေါ်လာပြီး လောကကို လွှမ်းခြုံသွားသည်။ နတ်ဆင်၏ အရိပ်က ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့ပြီး နတ်မိစ္ဆာတစ်ကောင်ကဲ့သို့ မြင့်မားကာ တုတ်ခိုင်သည့် ခန္ဓာကိုယ်တစ်ခုက စွမ်းအားတို့ဖြင့် ဖြစ်တည်လာခဲ့သည်။ ၎င်းက ရှေ့သို့ အကြမ်းပတမ်းတိုးဝင်သွားခဲ့၏။

ထိုသည်မှာ နတ်ဆင်တို့၏ လျှို့ဝှက်နည်းစနစ် နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်း ဖြစ်သည်။

အကယ်၍ ဤစွမ်းရည် အပြင်သို့ ပေါက်ကြားသွားပါက ရီထျန်းယွိသည် သူ့အား မှတ်မိသွားနိုင်သော်လည်း နတ်နန်းတော်ကို သူ၏ လေ့လာဆန်းစစ်ကြည့်မှုအရ ဤနေရာသည် တပည့်များ၏ အပြင်ဘက်လောကမှ အရှုပ်အထွေးတို့ကို ပါဝင်ပတ်သတ်ခြင်းမရှိသည်မှာ အမှန်ပင် ဖြစ်သည်။ မဟုတ်လျှင် အပြင်လူတစ်ယောက်အနေနှင့် သူက နတ်နန်းတော်၏ ဤသို့သော မြင့်မြတ်နယ်မြေကို ဝင်ခွင့်ပြုကာ ကျင့်ကြံရန် နယ်မြေများမှ ရတနာတို့အား လုယူခြင်းနှင့် နတ်နန်းတော်မှ တပည့်များ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် မည်သည့် အကြီးအကဲမှ ဖျန်ဖြေရန် ရှေ့ထွက်မလာဘဲ သူတို့ လုပ်ချင်သလို လုပ်ခွင့်ပြုထားခဲ့လေသည်။

ထို့ကြောင့် သူနှင့် ရီထျန်းယွိ ကြားမှ အာဃာတကိုလည်း နတ်နန်းတော်မှ ကြားဝင်ဖျန်ဖြေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နတ်နန်းတော်က သူ၏ သရုပ်မှန်ကို သိသွားလျှင်လည်း ကိစ္စမရှိပေ။

သူ့ကို ကြည့်ရသည်မှာ ဤမဟာလမ်းစဉ် ရှေးဟောင်းလမ်းကို အနိုင်ယူလိုစိတ် အလွန် ပြင်းထန်လာပုံရသည်။ သူ့ကို အထဲသို့ ခြေချခွင့်မပြုလေ သူက ဖိအားပေးကာ ဖြတ်ကျော်ချင်လေ ဖြစ်သည်။

နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်အောက်တွင် လမ်းစဉ်စွမ်းအားများက ပို ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူက ခြေလှမ်းလိုက်တိုင်း မြေကြီးက တုန်ခါသွားကာ တိုက်ခိုက်မှုအားလုံးကို ဖိနှိပ်ထားလိုက်သည်။

သူသည် မဟာလမ်းစဉ် ရှေးဟောင်းလမ်းက သူ့အား မည်သို့ ဟန့်တားပိတ်ဆို့မည်ကို မြင်တွေ့လိုပေသည်။

ဘုန်း!... ဘုန်း!... ဘုန်း!

ရုပ်တုများ ဆင်းသက်လာပြီး မဟာလမ်းစဉ် ရှေးဟောင်းလမ်း တစ်ခုလုံးတွင် နှိုင်းယှဉ်မရသည့် စွမ်းအားတို့ဖြင့် ပြည့်နှက်လာနေသည်။ မဟာလမ်းစဉ် ရှေးဟောင်းလမ်းပေါ်တွင် ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်တို့က အော်မြည်နေပြီး တည်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားနေသည်။

ရီဖူရှင်း၏ စိတ်ထဲတွင် နတ်ဘုရားကဲ့သို့ ပုံရိပ်များ ပေါ်ပေါက်လားသည်။ ထိုအချိန်တွင် သူသည် ထို ဖော်ပြ၍မရနိုင်သော ဖိအားကို တောင့်ခံနေရသည်။

နတ်ဝိညာဉ်ဆွဲဆောင်ခြင်း စွမ်းအားက ပေါက်ကွဲထွက်လာပြီး နတ်စွမ်းအားများက ကောင်းကင်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ မဟာလမ်းစဉ် စွမ်းအားအတွင်း နတ်စွမ်းအားများ၏ တိုက်ခိုက်မှုက ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နတ်ဆင်ကောင်းကင်ချနင်းသည် ကောင်းကင်နှင့် မြေကြီးအကြား အရှိန်အဟုန်ဖြင့် ပေါင်းစည်းလာသည်။ ခြေလှမ်းတိုင်းသည် မြေကြီးကိုပင် တုန်ခါစေကာ မဟာလမ်းစဉ် ဓားစွမ်းအားများက သူ၏ တစ်ကိုယ်လုံးကို ဝန်းရံထားသည်။ ရီဖူရှင်း၏ တစ်ကိုယ်လုံးက သန့်စင်ကာ လင်းလက်နေပြီး မဟာလမ်းစဉ် မီးပြင်းဖိုကဲ့သို့ပင် ဖြစ်သည်။ သူက ခြေလှမ်း တစ်လှမ်းစီ လှမ်းလိုက်ပြီး မဟာလမ်းစဉ် ရွှေရောင်လမ်းကို ဖိအားပေးဖြတ်သန်းသွားရန် ကြိုးစားနေသည်။

***

All Chapters