ရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာ
Vol. 127 Ch. 1749
ဝမ်လင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြင်ပမှ ထွက်ပေါ်နေသော အသံများနှင့် တသီးတခြား ဖြစ်သွားသည့်ပုံ ရသည်။ သူက အတားအဆီးများကိုသာ အာရုံနှစ်ထား၏။
ထိုအခိုက်အတန့်၌ ထူးဆန်းသောလေပြင်းတစ်ခု တိုက်ခတ်သွားကာ သင်္ဘောပေါ်ရှိ ရွက်တိုက်ကို တဖျတ်ဖျတ် ဖြစ်သွားစေသည်။ ရွက်ပေါ်ရှိ တစ္ဆေမျက်နှာမှာ နတ်ဆိုးဆန်စွာ တောက်ပသွား၏။
ထိုတစ္ဆေမျက်နှာက ဝမ်လင်းကို စိုက်ကြည့်ကာ ထူးဆန်းစွာ ပြုံးနေသယောင် ထင်ရ၏။ ၎င်းမှာ အသက်ဝင်နေသည့်အလား။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်နှလုံးထဲ၌ မလွယ်ကူမှုကို ခံစားမိသည်။ သူက မတည်ငြိမ်နိုင် ဖြစ်ရ၏။ သူက ရွက်တိုင်ပေါ်သို့ မော့ကြည့်လိုက်ရာ ၎င်းနှင့် အကြည့်ဆုံသည်။
ခဏအကြာတွင် ဝမ်လင်းက တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ သူက ခေါင်းငုံ့၍ သူ့ကိုယ်သူ အတားအဆီးများထဲ၌သာ နစ်မြုပ်ထားလိုက်သည်။
ဝမ်လင်းအောက်ရှိ အတားအဆီးများသည် တဖြည်းဖြည်း တောက်ပလာကာ ပျံ့နှံ့လာ၏။ ကုန်းပတ်တစ်ခုလုံး လှိုင်းဂယက်များ ထလာပြီး ပို၍ ဝေးဝေးသို့ ရောက်ရှိသည်။
“မဟာအတားအဆီးလေးခုထဲမှာ ငါဟာ ပျက်သုဉ်းခြင်းအတားအဆီးကို အကျွမ်းကျင်ဆုံးပဲ။ ငါဟာ သေခြင်းရှင်ခြင်းအတားအဆီးနဲ့ အချိန်အတားအဆီးတို့ကိုလည်း သိသင့်သလောက် သိတယ်။ ငါဟာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနဲ့ ပတ်သတ်လို့ အတွေ့အကြုံ အနည်းဆုံးပဲ။ ငါက ဒီအတားအဆီးကို ပြိုလဲကုန်းမြေမှာတုန်းက လိပ်ခွံပေါ်မှာ အသုံးပြုထားခဲ့တာကိုပဲ မြင်ခဲ့ဖူးတာ…”
“ဒါပေမဲ့ ဒီကုန်းပတ်ပေါ်မှာ အတားအဆီးအများအပြားဟာ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးတွေ ဖြစ်ကြတယ်…” ဝမ်လင်းသည် စဉ်းစားနေရင်း ဆက်လက် ကောက်ချက်ချနေ၏။ သူ့ညာလက်ဖြင့် အတားအဆီးချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
ထိုချိပ်ဟန်က ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး အသေးစား ဖြစ်၏။ ၎င်းအတွင်းမှ ခပ်ရေးရေး ဟိန်းမြည်သံ ထွက်ပေါ်လာကာ ဝမ်လင်းသည် အတွင်းရှိ ကြီးမားသောစပါးအုံးမြွေတစ်ကောင်ကို ဝိုးတဝါး တွေ့မြင်နိုင်သည်။ ထိုမြွေက အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းကာ ဝမ်လင်းထံ အဆက်မပြတ် ဟိန်းအော်နေသည်။ ၎င်းက အတားအဆီးထဲမှ ထိုးထွက်ကာ ဝမ်လင်းကို ဝါးမြိုချင်နေသည့်အလား။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ်အတွင်း သုံးနာရီ ကုန်လွန်သွားသည်။ အပြင်ဘက်မှ ကျယ်လောင်စွာ တုန်ဟည်းသံများ အပြင်းအထန် ထွက်ပေါ်နေဆဲ ဖြစ်ကာ ခုနစ်ရောင်စုံအလင်းကလည်း အရံအတားကို ထွင်းဖောက်၍ ကုန်းပတ်ပေါ်၌ လင်းထင်းနေစေသည်။
ဖန်ရှန်မင်၏မျက်လုံးမှာ တဖြည်းဖြည်း အေးစက်လာ၏။ သူမက ဝမ်လင်းကို စိုက်ကြည့်နေလျက် အစောပိုင်းတုန်းက တုန်လှုပ်သွားမှုမှာ ဖြည်းဖြည်းချင်း ပြန်အထိုင်ကျသွားသည်။ သူမက ဝမ်လင်းသည် တစ်ဆို့နေသည်ကို မြင်နိုင်၏။ သူက မလှုပ်မယှက် ရှိနေသည်မှာ သုံးနာရီ ရှိနေလေပြီ။
“ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောက ဘယ်လိုလုပ် လွယ်ကူပါ့မလဲ။ အစောပိုင်းတုန်းက သူဟာ ကုန်းပတ်ကို ကာကွယ်တဲ့ အတားအဆီးကို ဖွင့်လှစ်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ အကန့်အသတ်ပဲ ဖြစ်ရမယ်။ ဝမ်လင်း…ဝမ်လင်း…နင်က မောက်မာလွန်းနေတာကို…”
ဖန်ရှန်မင်၏ အပြင်ပိုင်းအသွင်မှာ တည်ငြိမ်စွာသာ ရှိနေပြီး သူမစိတ်ထဲ၍ အထင်သေးမှုကို လှစ်ဟပြခြင်း မရှိပေ။
“ရောင်းရင်းကျင့်ကြံသူ ဝမ်လင်း…သုံးနာရီ ရှိပြီ။ နင် ပလ္လင်ကို ခုချိန်သွားရင် အချိန်ရနိုင်သေးတယ်…” ပူပန်မှု အရိပ်အမြွက်သန်းနေသော ဖန်ရှန်မင်၏ စကားလုံးများ ပဲ့တင်ထပ်လာ၏။
ဝမ်လင်းက သူမ၏စကားကို မကြားသည့်အလား ပြုမူသည်။ သူ့လက်ချောင်းဖြင့် အတားအဆီးကို ထိထားဆဲ ဖြစ်ကာ သူ၏မျက်လုံးထဲရှိ ကောက်ချက်ချမှုက သာ၍ မြန်လာ၏။
“ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီး…စိတ်ဝိညာဉ်ကို အမြုတေအဖြစ် အသုံးပြုပြီး အတားအဆီးထဲကို ပေါင်းစပ်ထားတာ။ ဒါမှသာ ဒီအတားအဆီးဟာ သက်ရှိတစ်ယောက်လို အမြဲမပြတ် ပြောင်းလဲနေနိုင်မှာ။ စိတ်ဝိညာဉ်က ပိုသန်မာလေလေ ချိပ်ပိတ်မှုကလည်း ပိုသန်မာလေပဲ။ ဒီအတားအဆီးဟာ မခက်လှပါဘူး…”
ငါးနာရီမြောက်၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးမှိတ်လိုက်၏။ သူက အတားအဆီးထံ လက်ညွှန်လိုက်လေသည်။ အတားအဆီးက ရုတ်တရက် ပျက်စီးကာ စပါးအုံးမြွေအရိပ် ပေါ်လာ၏။ သို့ပေမည့် ၎င်း မလှုပ်ရှားနိုင်ခင်မှာ ဝမ်လင်းက ၎င်းကို ဖမ်းဆုပ်၍ ခြေမွပစ်လိုက်သည်။ သို့ပေမည့် ၎င်းမှာ ပျောက်ကွယ်မသွားပေ။ ဝမ်လင်းက ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ အနက်ရောင်အခိုးငွေ့များက အတားအဆီးတစ်ခုအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ ၎င်းက မူလနေရာသို့ ပျံသန်းသွားသည်။
“ဒါဟာ ပထမဆုံးတစ်ခုပဲ…” ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်၏။ သူက သူ လေ့လာခဲ့သော အတားအဆီးကို ကြည့်ကာ ၎င်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့လေပြီ။ သူ၏အကြည့်က တည်ငြိမ်လျက်သာ။ သူက ဖန်ရှန်မင်ထံ လှမ်းကြည့်လိုက်၏။
“No rush, there is still enough time.”
“အလျင်လိုစရာ မရှိဘူး။ အချိန်က လုံလုံလောက်လောက် ရှိပါသေးတယ်…”
ဖန်ရှန်မင် မျက်မှောင်ကြုတ်သွား၏။ ဝမ်လင်းက အတားအဆီးတစ်ခုကို ချိုးဖျက်ခဲ့သော်လည်း သည်ကုန်းပတ်ပေါ်၌ အံ့မခန်းပမာဏ အတားအဆီးများစွာ ပါဝင်နေသည် မဟုတ်လား။
“ငါးနာရီနဲ့ တစ်ခုကိုပဲ ချိုးဖျက်နိုင်တာ။ ဒီအမြန်နှုန်းနဲ့ဆိုရင် ရောင်းရင်းကျင့်ကြံသူဟာ သုံးရက်တာမှ အတားအဆီး ဆယ့်နှစ်ခုလောက်ကိုပဲ ချိုးဖျက်နိုင်မှာ ငါ စိုးမိတယ်။ နင်…”
သူမသည် ထိုသို့ ပြောနေရင်း ဝမ်လင်း လက်ဝေ့ယမ်းလိုက်စဉ် အတားအဆီးကိုးခု ပျက်စီးသွားသည်ကို မြင်သည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေ၏။ ယင်းအတားအဆီးများက အနက်ရောင်အခိုးအငွေ့အဖြစ် ပျက်စီးသည်။ ထို့နောက် အတားအဆီးများအဖြစ် ပြန်ဖြစ်ပေါ်ကာ မူလနေရာများသို့ ပြန်ရောက်ရှိကြသည်။
“ဒါက…” ဖန်ရှန်မင်က အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သို့ပေမည် သူမ အသက်ရှု၍ မပြီးသေးခင်မှာပင် သူမသည် မျက်လုံးပြူးမျက်ဆန်ပြူးသွားကာ မယုံကြည်နိုင် ဖြစ်ရသည်။
ဝမ်လင်းက ထပ်မံ လက်ဝေ့ယမ်းလိုက်ရာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ကုန်းပတ်ပေါ်တွင် ဖြစ်ပေါ်ခဲ့သော အတားအဆီးများအားလုံးသည် ပျက်စီးသွား၏။ ဆယ့်နှစ်ခု၊ ရာချီ၊ ထောင်ချီ။ သောင်းချီသောအတားအဆီးများအားလုံးက အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပျက်စီး၍ မုန်တိုင်းအသွင် ဆောင်လေသည်။
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဝမ်လင်း၏ ပေထောင်ချီအတွင်း မည်သည့်အတားအဆီးမှ မကျန်ခဲ့တော့ပေ။ မုန်တိုင်းက အတားအဆီးများအဖြစ်သို့ တဖြည်းဖြည်း ပြန်ဖွဲ့စည်းကာ ယင်းတို့၏မူလနေရာများအတိုင်း ပြန်ရောက်ရှိသည်။ ဖန်ရှန်မင်၏ တုန်လှုပ်မှု စတင်လေပြီ။
“ရောင်းရင်းကျင့်ကြံသူရဲ့ ရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရမိပါတယ်…” ဝမ်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ဖန်ရှန်မင်က အသက်ဝဝရှုသွင်းကာ အားတင်းပြုံးသည်။ သူမက ခေါင်းညိတ်၏။ ရောင်းရင်းကျင့်ကြံသူဝမ်ရဲ့ အတားအဆီးပညာရပ်အပေါ် နားလည်မှုက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ဒါပေမဲ့ ဒီကုန်းပတ်ပေါ်မှာက အတားအဆီး သန်းချီပြီး ရှိနေတာ။ ရောင်းရင်းက အခု ဒီအတားအဆီးတွေရဲ့ တစ်ရာခိုင်နှုန်းကိုပဲ နားလည်သေးတာလေ။ ဒါဟာ ရှားပါးတယ် ဆိုပေမယ့်…”
ဝမ်လင်းက ပျက်သုဉ်းခြင်းအတားအဆီးနှင့်အတူ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ၏မျက်လုံးမှာ အရောင်တောက်နေသည်။ ထိုအဖြစ်က ဖန်ရှန်မင် စကားဆိုနေခြင်းကို ရပ်သွားစေ၏။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပျက်သုဉ်းခြင်းအတားအဆီးက ဒီကုန်းပတ်အနှံ့သို့ ပျံ့သွားလေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကုန်းပတ်ပေါ်ရှိ ပျက်သုဉ်းခြင်းအတားအဆီးများသည် တုန်ခါပြီး ပျက်စီး၏။ သည်နေရာရှိ အတားအဆီးသန်းချီထဲမှ ပျက်သုဉ်းခြင်းအတားအဆီးများသည် ပျက်စီး၏။ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောက အပြင်းအထန် တုန်ခါလေသည်။
တစ်ချိန်တည်းမှာ သေခြင်းရှင်ခြင်းအတားအဆီး၊ အချိန်အတားအဆီးတို့က ဝမ်လင်း၏ညာလက်ပေါ်၌ ပေါ်လာ၏။ သူက ကုန်းပတ်တစ်ခုလုံးကို ဝေ့ယမ်းလိုက်ရာ နောက်ထပ် ဆယ့်ငါးမိနစ်အတွင်း မရေမတွက်နိုင်သောအတားအဆီးများ ပျက်စီးကုန်ကာ လေထဲ၌ အနက်ရောင်အခိုးငွေ့များ ပြည့်နှက်သည်။
ထိုအခိုးအငွေ့တို့က သည်ဧရိယာတွင် ပြည့်နှက်သွား၏။ အပြင်ဘက်ရှိ ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးများသည်ပင် ကျဉ်းမြောင်းသွားပြီး သူက အသေအချာ ကြည့်လိုက်သည်။
အနက်ရောင်အခိုးငွေ့များဖြင့် သူမ၏အမြင်ကို ပိတ်ဆို့ခံထားရသော ဖန်ရှန်မင်ဆို ပြောနေစရာပင် မလိုတော့ပေ။ သူမက သည်အရာများကို စိုက်ကြည့်နေရင်း သူမ၏စိတ်မှာ ဗလာဟင်းလင်း ဖြစ်သွားမိသည်။
“ငါးနာရီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကုန်းပတ်ပေါ်က အတားအဆီးတွေဟာ အပြင်ဘက်အလွှာပဲ ရှိသေးတယ်ဆိုပေမယ့် ဒါတွေအားလုံးကို ငါးနာရီထဲနဲ့ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ ဒီအတားအဆီးတွေကို ရိုးရိုးတန်းတန်း ဖြေရှင်းခဲ့ရုံတင် မဟုတ်ဘူး။ လုံးဝ ထိန်းချုပ်ခဲ့တာ။ ဒါ…ဒါဟာ…”
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အနက်ရောင်အခိုးငွေ့များ လွင့်ပြယ်ကာ အတားအဆီးများအဖြစ်သို့ ပြန်ပြောင်းသည်။ ခုချိန်၌ သည်ကုန်းပေါ်ပေါ်ရှိ အတားအဆီးသန်းချီထဲမှ တစ်ဝက်ကျော်သည် ဝမ်လင်း၏အပိုင် ဖြစ်လာခဲ့လေပြီ။
ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက ခေါင်းမော့လိုက်ရာ အတားအဆီးလေးခုက သူ့လက်ဝါးထက်တွင် လွင့်ဝဲသည်။ သည်အတားအဆီးလေးခုမှာ ကွဲပြား၏။ ယင်းတို့မှာ မဟာအတားအဆီးလေးခု ဖြစ်ကြသည်။
ကုန်းပေါ်ပေါ်ရှိ အတားအဆီးများကို ချိုးဖျက်ရခြင်းမှာ ဝမ်လင်းအတွက် မခက်ခဲပေ။ သို့သော် သူက ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို သင်ယူချင်၏။ ဝမ်လင်းက သည်ငါးနာရီလုံးလုံး ထိုအတားအဆီးတစ်ခုကို လေ့လာရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
တကယ်တော့ ဝမ်လင်းသည် ပြိုလဲကုန်းမြေမှ ရခဲ့သော ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို လေ့လာခဲ့သော်လည်း ၎င်းအတားအဆီးနှင့် ပတ်သတ်၍ မောက်မာခဲ့ခြင်း မရှိပေ။ သိုပေမည့် သူ လေ့လာခဲ့သော အတားအဆီးက ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း ချို့ယွင်းချက်များ ရှိနေဆဲပင်။ ယင်းချို့ယွင်းချက်တို့က သူ၏ဉာဏ်အလင်းကို အနှောက်အယှက် ဖြစ်စေ၏။
သို့ပေမည့် ကုန်းပတ်ပေါ်ရှိ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကမူ မတူပေ။ ၎င်းမှာ ပြီးပြည့်စုံသည်။
ခုလက်ရှိ၌ ဝမ်လင်းသည် အတားအဆီးကို နှစ်အနည်းငယ်သာ လေ့လာခဲ့ဖူးသော ငယ်ရွယ်သူတစ်ယောက် မဟုတ်တော့ပေ။ သူက စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပေပြီ။ သူ၏အတားအဆီးများအပေါ် နားလည်သဘောပေါက်နိုင်စွမ်းဖြင့် ဆိုပါက ငါးနာရီသည် အရာအားလုံးကို ဖြတ်မြင်နိုင်ဖို့ လုံလောက်ပေ၏။
ဝမ်လင်းက ထရပ်ကာ လက်ဝေ့ယမ်းလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ သင်္ဘောကုန်းပတ်ပေါ်ရှိ လက်ကျန်အတားအဆီးများအားလုံး ပျက်စီးသွားသည်။ ထိုအတားအဆီးများထဲ၌ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးများ၊ ဝမ်လင်း အရင်က လုံးဝ မမြင်ဖူးခဲ့သော တခြားဆန်းကြယ်သည့်အတားအဆီးများ ပါဝင်သည်။
သူက သူ လုံးဝ မမြင်ဖူးခဲ့သော အတားအဆီးများအားလုံးကို နားလည်အောင် လုပ်ဖို့ အချိန်မရှိပေ။ သူက ယင်းတို့ကို အကျဉ်းချုပ်သာ ကြည့်၍ မှတ်သားထားပြီးနောက် အတင်းအကြပ် ဖျက်စီးလိုက်ခြင်းပင်။
ထိုနည်းလမ်းက ကုန်းပတ်ပေါ်ရှိ အတားအဆီးများ၏ ခွန်အားကို အားနည်းသွားစေနိုင်သည်။ သို့သော် ၎င်းက ဝမ်လင်းကို အချိန်တိုအတွင်း ဒီသင်္ဘောပေါ်၌ အပေါက်တစ်ခုကို ဖန်တီးစေနိုင်လိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြီးနောက် ဝမ်လင်းက သင်္ဘောပေါ်ရှိ အတားအဆီးအားလုံးကို ဖန်ရှန်မင်၏ တုန်လှုပ်နေသော အကြည့်ရှေ့မှာပင် ထိန်းချုပ်သွားနိုင်သည်။ ဝမ်လင်းသည် ခုချိန်၌ ဒီကုန်းပတ်၏ အရှင်သခင် ဖြစ်သွားလေပြီ။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်ကာ သူက ဖန်ရှန်မင်ထံ ကြည့်လိုက်သည်။
“ဒီသင်္ဘောမှာ အလွှာကိုးခု ရှိတယ်။ ဒီကုန်းပတ်ဟာ ပထမအလွှာပဲ။ နောက်ထပ် အောက်ဘက်မှာ အလွှာရှစ်ခု ရှိသေးတယ်။ ရောင်းရင်းကျင့်ကြံသူ…ငါ ဒီသင်္ဘောပေါ်က အတားအဆီးတွေကို ချိုးဖျက်နိုင်ရင် သင်က ငါ့ကို ဒီသင်္ဘောလက်ဆောင် ပေးမယ်လို့ ပြောခဲ့တယ်မလား…”
ဖန်ရှန်မင်၏အမူအရာမှာ ဖြူရောသွား၏။ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘော၏ ပထမအလွှာ ချိုးဖျက်ခံရသည့်အခါ သူမသည် ဒီသင်္ဘောကို ထိန်းချုပ်နိုင်မှုကို လွှဲပြောင်းပေးလိုက်ရသည်ကို တွေ့ရှိရသည်။ ခုချိန်၌ သည်ရတနာ၌ ပိုင်ရှင်နှစ်ယောက် ရှိနေသည့်အလား။
သူမသည် ငါးနာရီလောက်ဖြင့် သည်မျှ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု စိတ်ကူး၍ပင် မကြည့်ဖူးပေ။၊
သူမ ဘာမှ မတုန့်ပြန်သည်ကို မြင်သည့်အခါ ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် စိတ်ဝိညာဉ်မိစ္ဆာသင်္ဘော၏ ဒုတိယအလွှာသို့ ရောက်နေခဲ့လေပြီ။
ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ စိုက်ကြည့်ကာ ဖန်ရှန်မင်၏ မျက်လုံးထဲ၌ အေးစက်မှု ဖျတ်ခနဲ ပေါ်သည်။
“သူက ပထမအလွှာကို ချိုးဖျက်နိုင်တော့ရော ဘာဖြစ်သေးသလဲ။ ဒီသင်္ဘောပေါ်က အတားအဆီးတွေဟာ အောက်ပိုင်းအလွှာရောက်လေ ပိုခက်ခဲလေပဲ။ သူ့လို သေးနုပ်တဲ့ ကျင်ကြံသူလေးက ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး…”
အချိန် ကုန်ဆုံးလာသည်။ မျက်စိတစ်မှိတ်အတွင် တစ်ရက်တာ ကုန်လွန်သွားလေပြီ။ အပြင်ဘက်ရှိ ခုနစ်ရောင်စုံအလင်းက ပို၍ တောက်ပလာကာ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘာသည် ပိုမို အပြင်းအထန် လှုပ်ခါလာသည်။ အပြင်ဘက်အရံအတား အများစုသည် ခုနစ်ရောင်စုံတာအိုသခင်၏ ချိုးဖျက်တာ ခံလိုက်ရပြီပင်။
ခုနစ်နာရီမြောက် ကုန်လွန်ခါစ၌ ဒီသင်္ဘော၏ ဒုတိယအလွှာထံမှ တုန်လှုပ်ဖွယ်အော်ရာတစ်ခုသည် အပြင်းအထန် တုန်ခါသည်။
“မဖြစ်နိုင်ဘူး…” ဖန်ရှန်မင်က ထရပ်၏။ သူမ၏မျက်လုံးထဲ၌ တုန်လှုပ်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ ဒီသင်္ဘောအပေါ် သူမ၏ ထိန်းချုပ်နိုင်မှု တစိတ်အပိုင်းမှာ ယူဆောင်ခြင်း ခံလိုက်ရပြန်သည်။ အရင်တုန်းက သူမသည် သူမ၏ခန္ဓာကိုယ်နှင့် သည်နေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်သည့်အတွက် ဒီသင်္ဘော၏စွမ်းအား သုံးဆယ်ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်၏။ အခု ဝမ်လင်းက ထိန်းချုပ်နိုင်မှု တစိတ်တပိုင်းကို ယူဆောင်သွားသည်ဖြစ်ရာ သူမသည် သူ့ထက်စာလျှင် အနည်းငယ်သာ ပိုထိန်းချုပ်နိုင်တော့သည်။