← Chapters

နှစ်ထပ်ပုံရိပ်ယောင်

Vol. 127 Ch. 1751

နှစ်ထပ်ပုံရိပ်ယောင်

Vol. 127 Ch. 1751

သူမ၏နောက်၌ ဧရာမအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်မှာ ခုနစ်ရောင်စုံပန်းတစ်ပွင့်ပင်။ ၎င်းက နတ်ဆိုးဆန်သောနည်းလမ်းဖြင့် ဖူးပွင့်ကာ စွဲညှို့မှုကို ပေးစွမ်းသည်။

ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားပေ။ သူက နေရာတွင် မလှုပ်မယှက် ရပ်နေပြီး တတိယအလွှာသို့ ဝင်ရောက်လာနေသော ခုနစ်ရောင်စုံတာအိုသခင်ကို ကြည့်သည်။ ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာမှာလည်း မထူးခြားနား ရှိကာ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့လက်ထဲ၌ တောက်ပသောနေတစ်စင်း ပေါ်လာသည်။

ထိုနေမှာ ကြီးမားခြင်း မရှိဘဲ သူ့လက်ဝါးအရွယ်အစားလောက်သာ ရှိ၏။ သို့ပေမည့် ၎င်းထံမှ ပေးစွမ်းသော အလင်းနှင့်အပူဓာတ်တို့က အစစ်အမှန်နေတစ်စင်းအလား။

ဝမ်လင်း၏ဆံချည်မျှင်တို့ ချက်ခြင်းပင် စတင် လောင်ကျွမ်းလာ၏။ သူ၏ခန္ဓာကိုယ်၌ ပြင်းထန်သောနာကျင်မှု ပြည့်နှက်လာသည်။ ထိုနာကျင်မှုက သူ့အမူအရာကို ရှုံ့တွသွားစေသည်။ သူ့ခန္ဓာကိုယ်မှာ ထိုနေမင်းကြောင့် အရည်ပျော်ရတော့မည့်အလား။

သို့ပေမည့် သူ၏အကြည့်က တည်ငြိမ်နေဆဲ ဖြစ်ကာ ပြောင်းလဲခြင်း မရှိ၊ သူက ထိုနေမင်း သူ့ထံ နီးကပ်လာခြင်းကို ခွင့်ပြုထားသည်။ ထိုနေမင်းက ဝမ်လင်းကို ဝါးမြိုလာနေစဉ် အကွာအဝေးတစ်ခုရှိ အမျိုးသမီးက မယုံကြည်နိုင်ဖြစ်မှု၊ တုန်လှုပ်မှုတို့ ပြည့်နေလေ၏။

“ဒါက ဘယ်လို ဖြစ်တာလဲ။ သူ ရူးသွားတာလား။ သူ တကယ်ပဲ ရူးသွားတာပဲ…” သို့ပေမည့် နောက်တစ်စက္ကန့်အကြာ၌ ထိုအမျိုးသမီးသည် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေရင်း မျက်လုံးပြူးကာ အော်ဟစ်မတတ် ဖြစ်သွားမိသည်။

နေမင်းအတွင်း၌ သေသွားသင့်သော ဝမ်လင်းက လှမ်းလျှောက်ထွက်လာချေပြီ။ သူ၏ဆံချည်မျှင်သည်ပင် တစ်စက်လေးမှ လောင်ကျွမ်းခံရခြင်း မရှိပေ။ သူ့ဝတ်ရုံမှာလည်း ပျက်စီးသွားခြင်းမရှိသလို သူက ပင်ပန်းသည့်ဟန်ပင် မပေါ်ပေ။ ထိုအစားက သူက တည်ငြိမ်နေ၏။ အလွန်တည်ငြိမ်နေ၏။

“ဒါတွေအားလုံးဟာ အတုအယောင်ပဲ…”  ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ခုနစ်ရောင်စုံအလင်း ကွယ်ပျောက်သွား၏။ နေမင်းလည်း ကွယ်ပျောက်သွား၏။ ခုနစ်ရောင်စုံတာအိုသခင်၊ ဒီလေးခုမြောက်အလွှာ၊ တတိယနှင့် ဒုတိယအလွှာတို့သည်လည်း ကွယ်ပျောက်သွားကြသည်။

နောက်ဆုံး ကွယ်ပျောက်သွားသူမှာ ထိုအမျိုးသမီးပင်။ သည်နေရာမှ သူမ ကွယ်ပျောက်သွားနေစဉ် သူမ၏မျက်နှာ၌ မယုံကြည်နိုင်မှု စိတ်ရှုပ်ထွေးမှုတို့မှာ ရှိနေခဲ့သည်။

ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူ မျက်လုံးဖွင့်လာသည့်အခါ သူ တွေ့မြင်လိုက်ရသည်က ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘော၏ ပထမကုန်းပတ်ပင်။ သင်္ဘောပေါ်ရှိ ရွက်တိုင်က လွင့်ဝဲနေပြီး ယင်းပေါ်ရှိ တစ္ဆေမျက်နှာမှာလည်း ထူးဆန်းသောအပြုံးကို ထုတ်ဖော်ထားပေသည်။

ဝမ်လင်းသည် ပထမဆုံးကုန်းပတ်ပေါ်၌ ထိုင်နေလျက် ရှေးလူအရိပ်က သူ့ပတ်လည်၌ ဝန်းရံထားဆဲပင်။ သူ၏ မနီးမဝေး၌ ထိုင်နေသော အမျိုးသမီးကလည်း မျက်လုံးဖွင့်လာ၏။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုအာရုံ နက်နက်နဲနဲ ပြည့်နှက်နေသည်။

“ကြည့်ရတာ နင်လည်း ဒီအရာအားလုံးဟာ ပုံရိပ်ယောင်တစ်ခု ဖြစ်နေတာကို မသိလိုက်တဲ့ ပုံပဲ…”  ဝမ်လင်းက သင်္ဘာအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အကာအကွယ်အလွှာများက သင်္ဘောပတ်လည်တွင် ရှိနေကြဆဲ ဖြစ်ကာ ခုနစ်ရောင်စုံအလင်း သို့တည်းမဟုတ် ခုနစ်ရောင်စုံတာအိုသခင် တို့ရှိမနေပေ။

“သူမတောင်မှာ အတုအယောင် ဖြစ်သွားခဲ့တာပဲ…”

ဝမ်လင်းသည် ခပ်မဆိတ် ထရပ်ကာ ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူ့ပတ်လည်ရှိ ရှေးလူအရိပ်မှာ ပျောက်ကွယ်သွားသည်။ သူက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူ၏အကြည့်က နောက်ဆုံးတွင် သင်္ဘောရွက်တိုင်ပေါ်သို့ ကျရောက်သွားသည်။

“ဘာဖြစ်ခဲ့တာလဲ…”  သည်အခိုက်အတန့်၌ သူမက ဝမ်လင်းကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးဟန်မှာ ကွယ်ပျောက်သွားလေပြီ။ ထို့နောက် သူမက ရုတ်တရက် ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်၏။ သူမက အရာအားလုံးကို သေသေချာချာ မြင်လိုက်ရပြီးနောက် သူမ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။

“မဟာစိတ်ဝိညာဉ် အစစ်အမှန်ပုံရိပ်ယောင်…။ ဒါက ငါ့အမရဲ့ အစွမ်းထက်ဆုံးမန္တာန်ပဲ။ ခုနစ်ရောင်စုံကို သတ်ဖို့အတွက် ငါပါ ဒီမန္တာန်ရဲ့ ခြုံလွှမ်းခြင်း ခံခဲ့ရတယ်…”

ထိုအမျိုးသမီးမှာ ဖန်ရှန်လုပင်။ သူမက ထရပ်၏။ နောက်သို့ ခြေလှမ်းအနည်းငယ် တရွတ်ဆွဲသွားပြီး သွေးအန်ထွက်သည်။

“ခုနစ်ရောင်စုံတာအိုသခင် ရောက်လာတာဟာ အတုအယောင်ပဲ။ သူဟာ ဒီနေရာထိ ငါတို့နောက်ကို တကယ် လိုက်လာခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်မယ်…”

ဝမ်လင်း၏ အကြည့်က ရွက်ဖျင်ပေါ်ရှိ တစ္ဆေမျက်နှာထံ မြဲမြံစွာ ကျရောက်နေသည်။

“နင်တို့ညီမနှစ်ယောက်က တကယ်စိတ်ဝင်စားစရာပဲ။ နင်က အရာအားလုံးဟာ နင့်တွက်ချက်ထားမှုအတွင်း ရှိနေတယ်လို့ ယုံကြည်ခဲ့တယ်။ နင်က ငါ့ကို ဒီနေရာထိ ခေါ်လာခဲ့ပြီး သွေးကျိန်းဆိုမှုလုပ်အောင်လို့ ချိန်းခြောက်ခဲ့တယ်။ နင့်ရဲ့ အမကြီးက ပိုပြီးတော့တောင် တော်နေသေးတယ်။ ငါ ဒီကို ဝင်လာခဲ့တဲ့ အချိန်မှာ သူမဟာ ပုံရိပ်ယောင်လောကတစ်ခုကို ဖန်တီးခဲ့လိုက်တာပဲ။ သူမဟာ ခုနစ်ရောင်စုံတာအိုသခင်က ဒီအထိ ငါတို့နှစ်ယောက်နောက် လိုက်လာတယ်လို့ ဖန်တီးခဲ့တာပဲ…”

“အဲ့ဒီနောက် သူမဟာ နင့်နောက်ကွယ်မှာပါ ရှိနေခဲ့သေးတယ်။ ငါ ဒီအတားအဆီးတွေကို လေ့လာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ နင့်အမဟာ ပုံရိပ်ယောင်တစ်ခုအတွင်းက ပုံရိပ်ယောင်တစ်ခုကို ထပ်ပြီး ဖန်တီးခဲ့တယ်။ ဒါ့ကြောင့် ငါက ဒါကို ဖြတ်မမြင်နိုင်ခဲ့တာ။ ဒီပုံရိပ်ယောင်အတွင်းက ပုံရိပ်ယောင်ထဲမှာ သူမက ငါ့ကို သွေးကျိန်ဆိုမှု လုပ်လာအောင် အတင်းအကြပ် ဖြစ်စေခဲ့တာပဲ…”

“တော်တယ်။ ငါ ဝမ်လင်းဟာ ငါ့ဘဝမှာ လူပေါင်းများစွာ တွေ့ကြုံခဲ့ဖူးတယ်။ လူတစ်ယောက်ကသာ ငါ့စိတ်နှလုံးထဲကနေ ရှိန်ရအောင် လုပ်နိုင်ခဲ့တယ်။ ခုတော့ နောက်တစ်ယောက် တိုးလာခဲ့ပြီ။ အဲ့လူဟာ နင့်အမပဲ…” ဝမ်လင်းသည် တည်ငြိမ်စွာ ဆက်ရှိနေသည်။ သူ၏စကားလုံးများထဲ၌ပင် စိတ်ခံစားချက်များ ပါမနေခဲ့ပေ။

ဖန်ရှန်လု၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သူမက ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားကြည့်သည်။ သူမ၏အမူအရာမှာ တဖြည်းဖြည်း သုန်မှုန်လာ၏။ သူမက ဝမ်လင်း ပြောခဲ့သည့်အရာများမှာ အမှန်ဖြစ်သည်ကို သေချာနေ၏။ သူမက အမှန်တကယ်ပင် သူမအမ၏ ပုံရိပ်ယောင်အတွင်း သက်ဆင်းခဲ့ရချေသည်။

“နင့်ရဲ့အမမှာ ဒီလောက်အစွမ်းထက်တဲ့ ပုံရိပ်ယောင်မန္တာန်တစ်ခု ပိုင်ဆိုင်ထားတယ်။ ငါ ခန့်မှန်းကြည့်မိတာကတော့ မဟာစိတ်ဝိညာဉ်ကလန်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်မှာ သူတို့ရဲ့ ပုံရိပ်ယောင်မန္တာန်တွေကြောင့် ကျော်ကြားလိမ့်မယ်။ ပုံရိပ်ယောင်တွေ၊ ပုံရိပ်ယောင်တွေ…” ဝမ်လင်းက အသက်လေးလေးပင်ပင် ရှိုက်သွင်းလိုက်မိ၏။

ဖန်ရှန်လုက ခဏတာ စဉ်းစားနေ၏။ ထို့နောက် သူမက စိတ်ရှုပ်ဟန်အကြည့်နှင့်အတူ တိုးညင်းစွာ ပြောလာသည်။ “မဟာစိတ်ဝိညာဉ်ကလန်ဟာ ပုံရိပ်ယောင်မန္တာန်တွေအတွက် တကယ်ပဲ ကျော်ကြားတယ်။ လူတိုင်းကတော့ ဒါကို သင်ယူဖို့ အရည်အချင်း မပြည့်မှီကြဘူး။ ငါ့အမဟာ ပါရမီ ရှိတယ်။ သူမက နှစ်ထပ်ကွမ်းပုံရိပ်ယောင်အဆင့်ထိ ကျင့်ကြံခဲ့ပြီး ဖြစ်တယ်…”

“နင်ပြောတဲ့ နှစ်ထပ်ကွမ်းပုံရိပ်ယောင်ဆိုတာဟာ ပုံရိပ်ယောင်အတွင်းမှာ ပုံရိပ်ယောင် ထပ်ရှိတာ မလား။ ဒါဆိုရင် နောက်တစ်ဆင့်ဟာ သုံးထပ်ကွမ်းပုံရိပ်ယောင်ပေါ့။ ဒီသုံးထပ်ကွမ်း ပုံရိပ်ယောင်ထဲမှာဆို ငါတို့ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး…”

နင့်အမက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကြောင့် သေဆုံးခဲ့ပြီး နင့်ဆရာက ပြန်အသက်ရှင်အောင် လုပ်ပေးခဲ့တယ်ဆိုတဲ့ နင့်ရဲ့ စကားကို ငါ ယုံခဲ့မိတယ်။ ဒါပေမဲ့ နင်လိမ်ခဲ့တာ။ သူမက မသေခဲ့ဘူး။ ကြည့်ရတာ သူမရဲ့ ပုံရိပ်ယောင်နဲ့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ အရူးလုပ်ခံခဲ့ရတဲ့ ပုံပဲ…”

“သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တာတွေဟာ နင် ပြောခဲ့သလို မဟုတ်နိုင်ဘူး…”

“ဒါပေမဲ့ ငါက အဲ့ကိစ္စကို စိတ်မဝင်စားဘူး…”  ဝမ်လင်းက ထိုသို့ ပြောရင်း ရှေ့သို့ ခြေလှမ်းကာ ရွက်တိုင်နား ရောက်သွားသည်။ သူ၏မျက်လုံးက အေးစက်လာကာ သူက ရွက်တိုင်ပေါ်ရှိ ရွက်ဖျင်ကို ဆုတ်ဖြဲပစ်လိုက်သည်။

“ငါ ဒီရတနာကို ယူလိုက်တော့မယ်…”

ထိုအခိုက်အတန့်၌ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၊ ရေခဲတောင်တစ်လုံးထဲ၌ ထိုင်နေသော အမျိုးသမီးတစ်ယောက်သည် ရုတ်တရက် မျက်လုံးဖွင့်လာကာ သွေးအန်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နေသည်။

“သူ တကယ်ပဲ ငါ့မဟာမစိတ်ဝိညာဉ် အစစ်အမှန်ပုံရိပ်ယောင်ကို ချိုးဖျက်ခဲ့တာပဲ…”

တစ်ချိန်တည်းမှာ သင်္ဘောတည်ရှိသော ထူးဆန်းသည့်နေရာ၏ တခြားအစိတ်အပိုင်းတစ်ခု၌ ခုနစ်ရောင်စုံတာအိုသခင်သည် ကြမ်းကြုတ်သောသားရဲကောင်များ၏ အလောင်းများကြား၌ ထိုင်နေသည်။ သူ၏အမူအရာက ရံဖန်ရံခါ နာကျင်ဟန်ပေါ်သည်။ ရံဖန်ရံခါ စိတ်လှုပ်ရှားဟန်ပေါ်၏။ သည်လိုမျိုး အမူအရာမျိုးမှာ သူ့ထံ၌ ဖြစ်ခဲလှသည်။

သူက သည်နေရာသို့ ဝင်လာသည်နှင့် ပုံရိပ်ယောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။ သို့မဟုတ် သူက သည်ပုံရိပ်ယောင်အတွင်းသို့ တမင် ဝင်လာခဲ့ခြင်းပင်။ မဟုတ်ပါက သူ၏ကျင့်ကြံမှုအဆင့်က ဖန်ရှန်မင်ထက် နိမ့်လျှင်ပင် သူ့အဖို့ ထွက်သွားရန်မှာ မခက်ခဲလှပေ။

သို့ရာတွင် သူက သည်ပုံရိပ်ယောင်အတွင်းသို့ ဝင်၍ မနိုးထချင်သည့် အကြောင်းရင်းကိုမူ သူတစ်ယောက်သာ သိပေ၏။

All Chapters