← Chapters

ထွက်သွား

Vol. 016 Ch. 1555

ထွက်သွား

Vol. 016 Ch. 1555

ရီဖူရှင်းသည် သူနားလည်သည့်အတိုင်း ကျင့်ကြံလိုက်သည်။ အစစ်အမှန်ကမ္ဘာကြီးကို နားမလည်သေးသော်လည်း သူ၏ လမ်းစဉ်သည်ပြီးပြည့်စုံသောလမ်းစဉ်ဖြစ်နေမည်ဖြစ်ကြောင်း သူသိလေသည်။

သူ့ထံတွင် သက်စောင့်ဝိညာဉ်များစွာရှိသော်လည်း သူ၏မူလသက်စောင့်ဝိညာဉ်သည် ကမ္ဘာ့သစ်ပင်ကြီးသာ ဖြစ်သည်။ ထိုကမ္ဘာ့ရှေးဟောင်းသစ်ပင်မှ သက်စောင့်ဝိညာဉ်များစွာ မွေးထုတ်ပေးခဲ့သဖြင့် လမ်းစဉ်အမျိုးမျိုးကို ကျင့်ကြံနိုင်ခဲ့ပြီး မဟာလမ်းစဉ်အဖြစ် ပေါင်းစည်းသွားခဲ့ကြသည်။ သူ၏လမ်းစဉ်သည် သူ့ဘ၀အတွေ့အကြုံများနှင့် ဆက်စပ်မှုရှိနိုင်သည်။ သူသည် ထူးခြားစွာမွေးဖွါးခဲ့သူဖြစ်ပြီး သူ၏မွေးစားအဖေက သူသည်အနာဂတ်တွင် ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မည်ဟုပြောကြားခဲ့သည်။

သူသည် မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ကြောင်း မသိသေးသော်လည်း အရှင်ထိုက်ရွှမ်ကဲ့သို့ အလွန်စွမ်းအားကြီးသောသူပင် အဆင့်တက်သွားခဲ့သော်လည်း လောကကြမ္မာမှ မလွတ်မြောက်နိုင်ဘဲ မဟာလမ်းစဉ်သည် ပြည့်စုံမှုမရှိဟုဆိုကာ သက်ပြင်းချခဲ့ရပေသည်။

အစွမ်းအထက်ဆုံးသူများပင် သူတို့၏ကံကြမ္မာမှ မလွတ်မြောက်နိုင်သော်လည်း ရီဖူရှင်းသည် မွေးဖွားချိန်မှစပြီး မိမိကိုယ်ကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် ထိုကျင့်ကြံခြင်းလောကသည် ပြည့်စုံမှုမရှိသော်လည်း သူ့အတွက်မူ ရှင်းလင်းလွန်းလှသည်။ သူ၏လမ်းစဉ်သည် ပြီးပြည့်စုံသော လမ်းစဉ်ဖြစ်ရပေမည်။ အနာဂတ်တွင် သူရန်ဟောင်အဆင့်သို့ ရောက်သောအခါတွင် သူတည်ဆောက်မည့် မဟာလမ်းစဉ်ဝင်ရိုးသည် ပြီးပြည့်စုံသော စက်ဝန်းဖြစ်လာမည်ဖြစ်ပြီး တစ်ကမ္ဘာလုံး၏ အမြင်တွင် အထူးခြားဆုံးသော မဟာလမ်းစဉ်ဝင်ရိုး ဖြစ်လာ မည်ဟု ပြော၍ရပေသည်။ သူ၏သက်စောင့်ဝိညာဉ်သည် လောက၏ချို့ယွင်းချက်များကို ဖြည့်ဆည်းပေးနိုင်သည်။ ထိုအရာသည် မည်သည့်အဓိပ္ပါယ်သို့ သက်ရောက်ကြောင်းသိနေသောကြောင့် စကားစကို ဖြတ်လိုက်ခြင်း ဖြစ်သည်။

နတ်နန်းတော်တွင် မဟာလမ်းစဉ်၏ ချွတ်ယွင်းချက်များကို ပြန်လည်ပြုပြင်ပေးနိုင်သည့် ရတနာတစ်ခု ရှိသည်။ ထို့ကြောင့်၎င်းအား ထိန်းသိမ်းထားနိုင်ရန် သတိမပြတ်ထားနေရပေသည်။ ထိုအရာအား မည်သူမျှ မထိရဲရသည့်အကြောင်းရင်းမှာ နန်းတော်၏စွမ်းအားကြောင့်ဖြစ်သော်လည်း ရီဖူရှင်းအတွက်ဆိုလျှင်မူ မည်သို့ ဖြစ်သွားနိုင်သနည်း။ တစ်စုံတစ်ယောက်ကသူ၏ သက်စောင့်ဝိညာဉ်သည် မဟာလမ်းစဉ်၏ ချွတ်ယွင်းချက်များကို ဖြည့်ဆည်းပေးနိုင်သည်ကိုသိလျှင် သူသည် ချက်ချင်းပင် လူပေါင်းများစွာ၏ စောင့်ကြည့်ခြင်းခံရသော ပစ်မှတ် တစ်ခု ဖြစ်လာပေလိမ့်မည်။

ကျင့်ကြံခြင်းလောကရှိ ထိပ်တန်းပုဂ္ဂိုလ်များပင် ၎င်းကိုလိုချင်ကြမည်ဖြစ်ရာ သူ့အား မည်သူမည်ဝါ သတ်သည် ကိုပင် မသိဘဲ သေဆုံးသွားနိုင်သည်။ သူ၏မွေးစားဖခင်သည် သူငယ်စဉ်ကတည်းက သူ၏သက်စောင့်ဝိညာဉ်အား မည်သူ့ကိုမျှ မပြရန် ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သာမန်လူများ မသိကြသော်လည်း ထိုအစွမ်းထက် ပုဂ္ဂိုလ်များသည် သူ့အားလျှို့ဝှက်စောင့်ကြည့်နေနိုင်ပေသည်။ ဤဗိမာန်မှ အစွမ်းထက်ပုဂ္ဂိုလ်သည် သူ၏ အသွင်သဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်သည်နှင့် တွေ့မြင်နေနိုင်သည်ဖြစ်ရာ သူ၏သက်စောင့်ဟော်နန်းမှ သူ၏သက်စောင့်ဝိညာဉ်အား ထုတ်ဖော်ပြသလိုက်ပါက  ၎င်း၏ထူးခြားမှုကို မရိပ်မိဘဲ နေမည်မဟုတ်ပေ။

ရီဖူရှင်းသည် စကားမပြောတော့ဘဲ နေရာအနှံ့အပြားမှ စစ်မှန်သောမဟာလမ်းစဉ်၏ စွမ်းအားများကို ရှုမှတ်ကာ ထောင့်တစ်ထောင့်တွင် တိတ်ဆိတ်စွာကျင့်ကြံလိုက်သည်။ သူသည် ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားခဲ့သည်ဖြစ်ရာ ထိုသူသည် မည်သို့မျှ သံသယဝင်မည်မဟုတ်ပေ။

မျှော်လင့်ထားသလိုပင် ရီဖူရှင်းကျင့်ကြံနေသည်ကိုတွေ့သောအခါ ဗိမာန်အတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ်လည်း တိတ်ဆိတ်သွားပြီး ထပ်မံ၍ စကားမပြောတော့ပေ။ ထိုနောက် ဗိမာန်သည် တဖန်ပြန်လည်တိတ်ဆိတ်သွား ပြန်သည်။ ရီဖူရှင်းသည် ဗိမာန်အတွင်းတွင်ရှုမှတ်ကျင့်ကြံနေစဉ်တွင် သူ၏ခန္ဓာကိုယ်မှ အော်မြည်သံများ ထွက်ပေါ်နေသည်။ ဟွမ်ကျုံးသည်လည်း ဗိမာန်အပြင်ဘက်တွင် ကျင့်ကြံနေခဲ့သည်။ အတိအကျ ပြောရ မည်ဆိုလျှင် ဟွမ်ကျုံးသည် သူတည်ဆောက်ချင်သည့် ပြီးပြည့်စုံသည့် မဟာလမ်းစဉ်ဝင်ရိုးအား သိမြင်နိုင်ရန် ရှုမှတ်ကျင့်ကြံနေခြင်းသည်။ ဤနည်းအားဖြင့်သာလျှင် သူ၏ဗဟုသုတနှင့် အရည်အချင်းတို့ကို တိုးတက်လာ စေမည်ဖြစ်သည်။

သူတို့နှစ်ဦးသည် ဗိမာန်၏ အပြင်တွင်တစ်ဦး အတွင်းတွင်တစ်ဦး ကျင့်ကြံနေကြစဉ်တွင် နတ်နန်းတော်မှ တပည့်ပေါင်းများစွာသည် ရွှေရောင်ရှေးဟောင်းလမ်းနှင့် လမ်းစဉ်မြစ်ကို စိန်ခေါ်ခဲ့ကြသည်။ ရွှေရောင်နတ် ပြည်ထောင်မှ  ကိုက်ရှီသည် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ပြီးဖြစ်သော်လည်း လက်မလျော့ဘဲ ကြိုးစားနေမြဲ ဖြစ်သည်။ သူသည် မြင့်မားသောကောင်းကင်ဘုံ၏ ပါရမီရှင်မျိုးဆက်ဖြစ်သော  သူသည် ကျဆုံးခဲ့ပြီး ရီဖူရှင်းက ဗိမာန်အတွင်းသို့ ဝင်ရောက်သွားနိုင်ခြင်းအား မခံမရပ်နိုင်ဖြစ်နေသည်။

ကိုက်ရှီ မကျေမနပ်ဖြစ်နေသည်။ ဤကမ္ဘာ၏အမှန်တရားကို သာမန်လူများက မသိသည်သော်လည်း ရွှေရောင် နတ်ပြည်ထောင်၏ ထိပ်တန်းဆက်ခံသူဖြစ်သော ကိုက်ရှီသည် သာမန်လူများထက်ပိုမိုသိလေသည်။ ဧကရာဇ် ဒွန်ဟောင်သည် ရွှေရောင်နတ်ပြည်ထောင်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ရွှေရောင် နတ်ပြည်ထောင်မှ အကြီးအကဲအချို့သည် ကမ္ဘာကြီး၏အမှန်တရားကို သိကြသည်ဖြစ်ရာ ကိုက်ရှီသည်လည်း  အနည်းငယ် သိပေသည်။ သူသိသည့်အတွက် သူပိုပြီးသန်မာချင်လေသည်။

သို့သော် ရှေးဟောင်ရွှေရောင်လမ်းသည် အစွမ်းထက်သောတိုက်ခိုက်မှုများစွာနှင့် ပြည့်နှက်ခဲ့ပြီး အချို့ကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ထပ်တလဲလဲ ကြိုးစားနေသော်လည်း  လုံးဝဖြတ်ကျော်နိုင်ခြင်းမရှိပေ။ တကယ်တမ်းတွင် ကိုက်ရှီ၏အောင်မြင်မှုသည် သာမန်ကျင့်ကြံသူများ၏ စွမ်းရည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ လူအများစုသည် လမ်းစဉ်မြစ်ကိုပင် မဖြတ်သန်းနိုင်ကြသည်ဖြစ်ရာ သူ့ကိုမှီရန် အလွန် ဝေးကွာလွန်း နေပြီ ဖြစ်သည်။ ဗိမာန်သည် သူတို့ရှေ့တွင်ရှိသော်လည်း နတ်နန်းတော်မှတပည့်များအတွက်မူ အလှမ်းကွာဝေးလွန်းသည့် မရောက်ရှိနိုင်သောနေရာဖြစ်သည်။

ဤအချိန်တွင် လမ်းစဉ်မြစ်၏အတွင်းနှင့်အပြင်ဘက်မှ နတ်နန်းတော်မှတပည့်များသည် မျှော်လင့်ချက် များစွာဖြင့် ကြည့်နေကြသည်။ “ ကိုက်ရှီ နဲ့ ရှန်ကျင်းတို့နှစ်ယောက်စလုံး လမ်းစဉ်မြစ်ကို ဖြတ်ကျော်သွားကြတယ်။ သူတို့ ဗိမာန်ထဲဝင်နိုင်ကြမယ်ထင်လား” လူအများစုသည် ထိုကိစ္စကို အချင်းချင်းဆွေးနွေးနေကြသည်။

“လွယ်လွယ်တော့ ဝင်လို့ရမှာ မဟုတ်ဘူး။”

“ ဘယ်သူက ပိုပြီးဝင်နိုင်ချေရှိလဲ ”

“ရှန်ကျင်း” ဟုတစ်စုံတစ်ယောက်ကပြောသည်။ “လမ်းစဉ်သက်သေနယ်မြေက တိုက်ပွဲနှစ်ခုမှာ သူဟာကိုက်ရှီကို အနိုင်ရခဲ့ပြီး သူ့ရဲ့ပြိုင်ဘက်ကင်းစွမ်းရည်ကိုပြခဲ့တယ်။ အရှင်ထိုက်ရွှမ်က သူ့ရဲ့ဓါးပညာကို ပါရမီရှင် တစ်ယောက်ကို အမွေဆက်ခံစေခဲ့ပြီး သူက နတ်နန်းတော်ခရီးစဉ်မှာ နာမည်ကြီးလာခဲ့တယ်”

“ရှန်ကျင်း ဗိမာန်တော်ကိုသွားတာကလဲ အရှင်ထိုက်ရွှမ်ရဲ့ ညွှန်ကြားမှုကြောင့်များလား” တစ်စုံတစ်ယောက်က အထိတ်တလန့် အော်လိုက်သည်။ “ဖြစ်နိုင်လောက်တယ်။” လူများသည် ထိုစကားကိုကြားပြီး တွေးမိသွား ကြသည်။ ထိုက်ရွှမ်တောင်တွင်ဓါးပညာအား လေ့ကျင့်နေသော ရှန်ကျင်းသည် အရှင်ထိုက်ရွှမ်၏ တပည့် ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။ လူတိုင်းသိနေသည့်အရာဖြစ်ရာ ထိုအကြောင်းအရာအား အတည်ပြုရန် မလိုပေ။

အကယ်၍ အရှင်ထိုက်ရွှမ်သာ လေထဲတွင် တိုက်ရိုက်တပည့်တစ်ယောက်ရနေသည်ကိုသိလျှင် သူသည် နတ်နန်းတော်ကို အထက်အောက် လှန်ပစ်မည်လား၊  သို့မဟုတ် ဉပေက္ခာပြုထားမည်လား မသိနိုင်ပေ။ အချိန်များစွာ ကုန်ဆုံးသွားပြီးနောက်တွင်  ကိုက်ရှီသည်  လက်လျော့ပြီး ပြန်လာခဲ့ရသည်ဖြစ်ရာ လူများသည် သက်ပြင်းချလိုက်မိကြသည်။ လူတစ်ချို့က ထိုက်ရွှမ်တောင်မှ ရှန်ကျင်း ဗိမာန်တော်အတွင်းသို့ ဝင်သွားနိုင်ခြင်းရှိမရှိကို ကိုက်ရှီအား မေးမြန်းကြသော်လည်း ကိုက်ရှီက ဖြေကြားခြင်းမရှိပေ။ သူသည် ထွက်ခွါသွားခြင်းမရှိဘဲ လမ်းစဉ်မြစ်အပြင်ဘက်တွင် နေရန် ရွေးချယ်ခဲ့သည်။

ယနေ့တွင် ဓါးတရားတောင်ထိပ်မှ ရုတ်တရက် လင်းလက်တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာ ပြီးနောက် ရှစ်ဆယ့်တစ်ခုသော ဓါးတရားတောင်များသည်လည်း အတူတကွတောက်ပလာကာ ဓါးစွမ်းအင်များ ကောင်းကင်ထက်သို့ တဟုန်ထိုးပျံတက်သွားသည်။ ထိုအချိန်တွင် ဓါးတရားတောင်တွင်ကျင့်ကြံနေကြသော ကျင့်ကြံသူအားလုံးသည် တစ်နေရာသို့ လှမ်းကြည့်လိုက်ကြပြီး ရင်ခုန်သံများ မြန်ဆန်လာကြသည်။ နတ်နန်းတော်မှ များစွာသော ကျင့်ကြံသူများသည်လည်း ဓါးတရားတောင်တည်ရှိရာဘက်သို့ တောက်ပသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။ “တစ်ယောက်ယောက် အဆင့်တက်သွားတာပဲ” တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

“ဟွမ်ကျုံးမဟုတ်ဘဲ နောက်ထပ်ဓါးဧကရာဇ်တစ်ယောက်ထွက်ပေါ်လာတာလား” လူများသည် တုန်လှုပ်စွာဖြင့် ပြောဆိုဆွေးနွေးနေကြသည်။ ပြီးခဲ့သောတိုက်ပွဲသည် သူ၏အဆင့်ကိုအမှန်ပင်ချိုးဖျက်စေရန် တွန်းအားဖြစ်စေ ခဲ့သည်လား။ ကျင်းရှန်းဓါးတောင်၏ထိပ်ဆုံးတွင် လူတစ်ယောက်သည် ဓါးတစ်ချောင်းကဲ့သို့ ဝင့်ကြွားစွာရပ်နေပြီး သူ၏ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓါးစွမ်းအားများ ရစ်သိုင်းလျက်ရှိသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ်ကောင်းသောဓားမြစ်တစ်စင်းပေါ်လာပြီး မဟာလမ်းစဉ်၏ဓားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာသည် မဟာလမ်းစဉ်ဝင်ရိုးအား တည်ဆောက်ခြင်းဖြစ်သည်။ အဆင့်တက် သွားသော လီတောက်စီသည် ဓားဘုရင်တစ်ဦးဖြစ်သွားပြီဖြစ်သည်။ ထိုနေရာတွင်ရှိနေသော လီနတ်ဓါး မိသားစုဝင်များလည်း ထိုမြင်ကွင်းကိုကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။ လီတောက်စီသည် ရှုံးနိမ့်ခဲ့သော်လည်း သူ၏စိတ်အခြေအနေအား ထိခိုက်မှုမဖြစ်စေခဲ့ပေ။ သူသည်လီနတ်ဓါးမိသားစု၏ မျိုးဆက်တွင် အထူးချွန်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဓါးတောင်ထိပ်တစ်ခုပေါ်တွင် ဝမ်ရှိုးရီသည် လီတောက်စီရှိရာဘက်သို့ ကြည့်နေသည်။

“လီတောက်စီက ဒီတိုက်ပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် မကြာခင်မှာပဲ အဆင့်တက်သွားတယ်။ လီတောက်စီရဲ့ ဓားနှလုံးသားဟာ ရှင်းလင်းနေတယ်ဆိုတာ ထင်ရှားတယ် တိုက်ပွဲရဲ့ကနေ သူက ဆိုးကျိုးအစား အကူအညီတောင်ရသွားခဲ့တယ် ထင်တယ်” လော့ယွဲ့ကပြောလိုက်သည်။ “သူက ဓါးကိုထိုးထွင်းသိမြင်နိုင်ဖို့ တစ်ယောက်ယောက်ကို ရှာနေခဲ့တာ။ သူက အပိုင်းနှစ်ပိုင်းပဲနားလည်ဖို့လိုတော့တာ။ အဲဒီတိုက်ပွဲမှာ ရှန်ကျင်းက သူ့ကိုအပိုင်းတစ်ပိုင်းကို နားလည်အောင် ကူညီပေးခဲ့တော့ နောက်ဆုံးတစ်ပိုင်းပဲ ကျန်ခဲ့တာ။ အခုသူက အဆုံးသတ်အထိ အောင်မြင် သွားပြီ”

ဝမ်ရှိုးရီက ပြောလိုက်သည်။  “သူက တစ်ကယ်ကိုထူးချွန်လွန်းတယ် ငါတို့ လျှောက်ရမယ့်လမ်းက တော်တော်ဝေးနေသေးတာပဲ ”

“ဒါကလည်း သူကပိုပြီးထူးချွန်တယ်ဆိုတဲ့ သက်သေပဲလား” လော့ယွဲ့က တီးတိုးရေရွတ်လိုက်သည်။

“မှန်တယ်” ဝမ်ရှိုးရီက ခေါင်းညိတ်ကာ‌ ပြောလိုက်သည်။ “လီတောက်စီလိုလူမျိုးက ကျင့်ကြံသူ အယောက် တစ်သောင်းမှာမှ တစ်ယောက်ပဲရှိနိုင်တယ်။ မြင့်မားသောကောင်းကင်ဘုံရဲ့ မျိုးဆက်ထဲမှာသူ့လိုလူ နှစ်ယောက်ပဲရှိတယ် အခုသူတို့က လမ်းစဉ်မြစ်ရဲ့အဆုံးမှာရောက်နေပြီ။ ”

“သူကဗိမာန်ထဲ ဝင်နိုင်ပါ့မလား” လော့ယွဲ့က မေးလိုက်သည်။ ဒီရက်များတွင် ရှန်ကျင်း ဗိမာန်အတွင်းသို့ ဝင်နိုင်မည်လားဟူသော အဖြေအား လူတိုင်းက သိလိုနေကြသည်။

ဝမ်ရှိုးရီသည် ရာရာကိုကြည့်လိုက်ပြီး ထိုနေ့က သူမပြောခဲ့သည်များကို အမှတ်ရလိုက်သည်။ ယခုအချိန်တွင် ရာရာသည်သူမ၏ကျင့်ကြံမှုတွင် နှစ်မြှုပ်လျက်ရှိနေသည်။ အလွန်အမင်း အစွမ်းထက်သောဓားသမားတစ်ဦးဖြစ်သည့် သူမသည်ပင် ရှန်ကျင်းအပေါ်တွင် ခိုင်မာသည့် ယုံကြည်မှုရှိနေသည် ဖြစ်သောကြောင့် သူလည်းယုံကြည်မျှော်လင့်မိသည်သာ။ သူတကယ် စွမ်းဆောင်နိုင်မည်လော။ ရှန်ကျင်း ထိုနေရာသို့ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။

လပေါင်းများစွာကုန်လွန်သွားပြီးနောက် လူအများစုသည် လမ်းစဉ်မြစ်မှထွက်ခွာသွားကြသော်လည်း ရီဖူရှင်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ပိုမိုများပြားလာသည်။ သူသည် လမ်းစဉ်မြစ်၏ အခြားဘက်ခြမ်းတွင် ရောက်နေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ နတ်ဘုရားဗိမာန်သို့ဝင်ရောက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင် ပေသည်။  ကိုက်ရှီ၏ တိတ်ဆိတ်မှုသည် လူများကို ပိုမိုသံသယဝင်စေခဲ့သည်။ ထိုရက်များအတွင်းတွင် လမ်းစဉ် မြစ်ကမ်းနားတွင် မည်သူမျှမရှိဘဲ ရံဖန်ရံခါ တစ်ယောက်စနှစ်ယောက်စ လာရောက်ကြည့်ရှုသူများသာ ရှိပေသည်။

ထိုအချိန်တွင် လူတစ်ယောက်သည် လမ်းစဉ်မြစ်ကမ်းသို့ ရောက်ရှိလာပြီး မြစ်ကိုဖြတ်ကာ ကြည့်လိုက်သည်။ ကမ်းနှစ်ဘက်လုံးတွင် မြင့်မားသောနန်းတော်များ ရှိနေသော်လည်း နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက် နေသည်။ “ထွက်မလာသေးဘူး” ထိုသူသည် တိုးတိုးလေးရေရွတ်ကာ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူသည်တစ်စုံတစ်ခုအား သတိပြုမိသွားသည်။ သူသည်တစ်စက္ကန့်မျှ ရပ်တံ့သွားပြီး လှည့်ကြည့် လိုက်ရာ လမ်းစဉ်မြစ်ဘက်မှ ဖြေးညင်းစွာလာနေသော ဓားအထက်တွင်ရပ်နေသည့်သူတစ်ယောက်ကို တွေ့လိုက် ရသည်။

“သူထွက်လာပြီ” ဟုစိတ်ထဲရေရွတ်လိုက်သည်။ သူ၏မျက်လုံးများပြူးကျယ်လာပြီး နှလုံးခုန်သံများ မြန်ဆန် လာသည်။ ထိုက်ရွှမ်တောင်မှဓားသမား ရှန်ကျင်းသည် လမ်းစဉ်မြစ်မှထွက်ခွာပြီဖြစ်သည်။ သူ၏အသက် စွမ်းအားသည် ခန့်မှန်းရခက်ပြီး သူ၏ပုံသဏ္ဍာန်မှာ ပို၍အစွမ်းထက်လာသည့်ပုံ ပေါ်လေသည်။ ဓားသည် လမ်းစဉ်မြစ်အထက်တွင် တည်ငြိမ်စွာဖြင့်မျှောနေပြီး ကမ်းဘက်သို့ တဖြည်းဖြည်းနီးကပ်လာသည်။ သူ၏ တောက်ပနက်ရှိုင်းသော မျက်လုံးများတွင် မည်သည့်ခံစားချက်မျှရှိပုံမပေါ်ပေ။

“တာအိုရောင်းရင်း ဒီခရီးစဉ်ကနေ တစ်ခုခုရလာခဲ့ရဲ့လား” နီးကပ်လာသောရီဖူရှင်းကို ကြည့်ပြီးထိုသူက မေးလိုက်သည်။

ရီဖူရှင်းက ထိုသူကိုကြည့်ပြီး မည်သည့်အဖြေမှမပေးဘဲ ပြုံးလိုက်သည်။ “မင်းအဲဒီကို ရောက်ခဲ့သလား” ထိုသူက ရီဖူရှင်းကိုမေးလိုက်သည်။ “ဘယ်ကိုလဲ” ရီဖူရှင်းက အဖြေမပေးဘဲ ထိုသူဘက်သို့ လှည့်ကာ ပြန်မေးလိုက်သည်။  “အမွေဆက်ခံခြင်းနယ်မြေကို” ထိုသူက ရီဖူရှင်းကိုစိုက်ကြည့်ပြီးပြောလိုက်သည်။ “အင်း ငါရောက်ခဲ့တယ်” ရီဖူရှင်းက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ပြီး လမ်းစဉ်မြစ်ကမ်းပေါ်သို့ တက်လိုက်သည်။ ထိုသူသည် သူ့ကိုနက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် လေထဲသို့ ပျံသန်းပျောက်ကွယ်သွားသည်။ မကြာမီအချိန်တွင် နတ်နန်းတော်တစ်ခုလုံး ရီဖူရှင်းလမ်းစဉ်မြစ်မှ ပြန်ထွက်လာပြီဖြစ်ကြောင်း သိသွားကြပြီး ရုတ်တရက် နတ်နန်းတော်တစ်ခုလုံး ဆူဆူညံညံဖြစ်လာပြန်သည်။

ထို့နောက် ကျင့်ကြံသူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရီဖူရှင်းထွက်ပေါ်လာရာနေရာဆီသို့ ပျံသန်း ထွက်ခွါသွားကြသည်။ ထိုသတင်းသည် နတ်နန်းတော်တစ်ခုလုံးအား ဆူပွက်သွားစေလေသည်။ ထိုက်ရွှမ် တောင်မှ ရှန်ကျင်းသည် အမွေဆက်ခံခြင်းနယ်မြေမှ နတ်ဘုရားဗိမာန်တော်သို့ ဝင်ရောက်ခဲ့သည်။ နှစ်ပေါင်း များစွာအတွင်းတွင် နတ်နန်းတော်မှတပည့်တစ်ဦးတည်းသာ ဗိမာန်အတွင်းသို့ဝင်ရောက်နိုင်ခဲ့သည်။ သူသည် အထက်ကောင်းကင်၏မျိုးဆက်များထဲတွင် အစွမ်းအထက်ဆုံးသူဖြစ်သည့် ဟွမ်ကျုံးဖြစ်ပြီး ယခုတိုင်အောင် နတ်ဘုရားဗိမာန်တွင် ကျင့်ကြံနေဆဲဖြစ်သည်။

ယနေ့တွင် နတ်ဘုရားဗိမာန်တော်သို့ ဝင်ရောက်နိုင်သည့် နောက်ထပ်တစ်ဦး ထပ်မံထွက်ပေါ်လာခြင်းအား နန်းတော်မှ လူအများစုသည် ယုံကြည်ရန် ခက်ခဲနေကြသည်။ သီးသန့်ကျင့်ကြံနေသူအချို့ပင်ထွက်လာပြီး ရီဖူရှင်းအားမေးမြန်းလိုကြသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် နတ်နန်းတော်မှ ဓါးတရားတောင်ဘက်သို့ ဦးတည်ကာသွားနေသည်။ နတ်နန်းတော်သို့ လာရောက်သည့် ခရီးစဉ်သည် သူ့အတွက်ပြီး ပြီးပြည့်စုံခဲ့သည်။ သူ၏တာဝန်များပြီးဆုံးခဲ့ပြီးလျှင် မျှော်လင့်မထားသော ရလဒ်များပင်ရရှိခဲ့သည်။ နတ်နန်းတော်တွင် ဤမျှကြာမြင့်စွာ ကျင့်ကြံပြီးနောက်တွင် ထွက်ခွာရမည့်အချိန် ရောက်လာပြီဖြစ်သည်။

သို့သော် လူပေါင်းများစွာသည် သူထံချဉ်းကပ်လာကြပြီး သူ၏ဘေးပတ်ပတ်လည်တွင် နတ်နန်းတော်မှ တပည့်များတစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီး အားလုံးသည် သူ့ကိုစိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့် များကြောင့် စိတ်ရှုပ်ထွေးသွားသော်လည်း သူတို့အားလုံးသည် သူ့အားကြည့်ရုံသာကြည့်နေကြပြီး မည်သူမျှ ရှေ့တက်မလာကြချေ။

သူသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်များလား။

***

All Chapters