← Chapters

တန်ခိုးရှင် ဓားမျှော်စင် ... ။

Vol. 25 Ch. 300

တန်ခိုးရှင် ဓားမျှော်စင် ... ။

Vol. 25 Ch. 300

“ ဘောင်း ... ဘောင်း ... ။ ”

ထို့နောက်တွင် ရွှေပေစာသည် လူတစ်ရပ်စာခန့် ရှည်ထွက်လာပြီး မြေပြင်နှင့် မထိခင် ရုတ်တရက် ပေါက်ကွဲသွားသည်။

ရွှေမှုန်များ ပြာအဖြစ် လွင့်ပါးလျက် ဘုန်းကြီးတစ်ပါးပုံ ပေါ်လာ၏။ ဤသည်မှာ ရှစ်ဖန်းခန်းမမှ ဘုန်းကြီးဟုန်ကျိ ဖြစ်သည်။

၎င်းက စုရီနှင့် နင်စစ်ဟွာကို ဦးညွှတ်လျက်၊

“ ခွင့်ပြုချက်မရဘဲ ... ဒီကိုလာမိတဲ့အတွက် စိတ်ဆိုးမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ”

-ဟု တောင်းပန်လေသည်။

စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေလျက်မှ၊

“ ဒီအသွင်ပြောင်းခြင်း ပညာရပ်ကို ဘယ်သူသင်ပေးခဲ့တာလဲ။ ”

-ဟု စိတ်ဝင်တစားမေးလိုက်၏။

“ ဒါဟာ လှည့်ကွက်လေးတစ်ခုပါ ... ပြောပစရာ မရှိပါဘူး ... ဒီဘုန်းကြီးက ငွေမီးလျှံ နတ်ဆိုးတောင်တန်းကနေ ရလာခဲ့တာ။ ”

“ အနာဂတ်မှာ ဒီနည်းလမ်းကို မင်းသုံးတဲ့အခါ အမှောင်ဖုံးနေတဲ့ လူတချို့က မင်းကို ပစ်မှတ်မထားမိစေဖို့ သတိထားပါ၊ မဟုတ်ရင် ...

... သူတို့က ဘုန်းကြီးလည်း ထားမှာ မဟုတ်ဘူး ရှားပါးတဲ့ အလှတရားအဖြစ် မင်းကို အသွင်ပြောင်းလဲဖို့ ဖိအားပေးခံရလိမ့်မယ်။ ”

စုရီမှ သတိပေး လိုက်လေသည်။ ထိုစကားကြောင့် ဘုန်းကြီးဟုန်ကျိ၏အပြုံးများ အေးခဲသွားပြီး ကျောရိုးတစ်လျှောက် အေးစက် သွားသလို ခံစားလိုက်ရ၏။

“ သခင်လေးစု ... ငါအရာဝတ္ထုအဖြစ်ပဲ ပြောင်းနိုင်ပါသေးတယ် သက်ရှိသတ္တဝါအဖြစ် မပြောင်းလဲ နိုင်သေးပါဘူး။ ”

“ ပြောပါ မင်းဒီကို ဘာလာလုပ်တာလဲ။ ”

စုရီမှ ထိုအကြောင်းအရာအပေါ် စိတ်ဝင်စားခြင်း မရှိတော့ချေ။ ဘုန်းကြီး ဟုန်ကျိက လေးနက်လာပြီး၊

“ ဆရာစု၊ မဟာချင် ဝိညာဉ်ပင်လယ် ကောင်းကင်ရဲ့ အပြောင်းအလဲ သတင်းကို မင်း ကြားပြီးပြီလား။ ”

-ဟု မေးမြန်းလာ၏။

စုရီနှင့် နင်စစ်ဟွာမှ အချင်းချင်း ပြန်ကြည့်လိုက်လေသည်။ ဘုန်းကြီး ဟုန်ကျိ သည်လည်း ဤအတွက် ကြွလာကြောင်း သဘောပေါက်သွား၏။

“ ငါအခုပဲ ကြားပါတယ်။ ”

စုရီမှ ပြန်ဖြေသည်။

“ ဒါဆို ... အဲဒီကိုသွားဖို့ မင်းစိတ်ဝင်စားနေလား သခင်လေး ... မှန်တယ် မင်းငါတို့ရဲ့ ဒီဖိတ်ကြားချက်ကို သဘောတူရင် ဒီခရီးရဲ့အကျိုးအမြတ် (၇၀%) မင်းရမယ်။ ”

စုရီက မျက်ခုံးပင့်သွားပြီး၊

“ ရှစ်ဖန်းခန်းမက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရိုးရိုးသားသားပြောရရင် ငါတို့ရထားတဲ့ အချက်အလက်တွေအရ ... အပြောင်းအလဲဟာ ထိတ်လန့် တုန်လှုပ်စရာကောင်းပါတယ် ...

... ဒါဟာ တန်ခိုးရှင်ဓားမျှော်စင်နဲ့ ဆက်စပ်နေပုံရတယ် ဟိုးတုန်းကမိုးပြာတိုက်မှာ နာမည်ကြီးခဲ့တဲ့ နတ်ဆိုးဂိုဏ်းတစ်ခုပဲ ... ။ ”

ထိုသတင်းကို ကြားချိန်၌ နင်စစ်ဟွာ အကြည့်များသည် ထူးဆန်းစွာ လင်းပလာပြီး စုရီထံပြန်ကြည့်မိ၏။

ဤမတိုင်မီ နတ်ဆိုးဂိုဏ်းများသည် တန်ခိုးရှင်နှင့် နတ်ဘုရားဟူသော နာမ်စားများ အသုံးပြုလေ့ရှိကြောင်း စုရီမှ ပြောထားဖူး၏။

“ ဒါပဲလား ... ။ ”

“ ဟုတ်ပါတယ် ... ငါ့ရဲ့ရှစ်ဖန်းခန်းမရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေထဲမှာ ရှေးဟောင်း မှတ်တမ်းအချို့ရှိတယ် တန်ခိုးရှင်ဓားမျှော်စင်ကို တည်ထောင်သူဟာ အလွန်အစွမ်းထက်တဲ့ နတ်ဆိုးဧကရာဇ်လို့ သံသယဝင်ထားတယ်။ ”

“ နတ်ဆိုးဧကရာဇ်လား ... ။ ”

စုရီတစ်ယောက် အံ့အားသင့်သော အကြည့်ဖြင့် ငြိမ်သက်သွားသည်။ ကြယ်ရောင်စုံ ကောင်းကင်ကြီးအတွင်း နဂါးစီးကာ လှည့်လည် သွားလာနေသော သင်္ကန်းဖြူဝတ် ဘုန်းကြီး တစ်ပါးကို ပြန်သတိရလာ၏။

၎င်းသည် သွေးနတ်ဆိုးတောင်တန်း ရတနာဘုံကျောင်းအတွင်းမှ ထွက်ခွာသွားခဲ့သူ ဖြစ်ချေမည်။ နယ်ပယ်သည် ဧကရာဇ်ဖြစ်နိုင်၏။ သို့မဟုတ် ၎င်းထက်ပို၍ပင် တန်ခိုးကြီးပေမည်။

ယခု တန်ခိုးရှင်ဓားမျှော်စင်ကို တည်ထောင်သူမှာ နတ်ဆိုးဧကရာဇ် ဖြစ်နိုင်ချေ ရှိနေပြန်သည်။

လက်ရှိ မိုးပြာတိုက်ကြီးတွင် မူလတာအိုကျင့်ကြံသူသည် နိုင်ငံတစ်နိုင်ငံ၏ ထိပ်တန်းတည်ရှိမှုဖြစ်၏။

ဝိညာဉ်တာအို ကျွမ်းကျင်သူသည် ဦးချိုပေါက်နေသည့် နဂါးများပင် ဖြစ်ချေသည်။ ဤတိုက်ကြီးတွင် တစ်ချိန်က ထိုကဲ့သို့သော နဂါးများရှိနေမည်မှာ သေချာနေ၏။

“ ရှစ်ဖန်းခန်းမ စိတ်ဝင်စားနေတာ အံ့သြစရာမရှိပါဘူး ဒီတန်ခိုးရှင်ဓားမျှော်စင်က တကယ်ပဲ ဧကရာဇ်အဆင့် တန်ခိုးရှင်တစ်ပါး ပိုင်ဆိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုသာ ...

... ဖြစ်နေခဲ့ရင် သူတို့ဂိုဏ်းရဲ့ အမွေအနှစ်တွေဟာ ထူးထူးခြားခြား ဖြစ်နေမှာ သေချာတယ်။ ”

စုရီက မှတ်ချက်ပေး၏။ ကမ္ဘာပေါ်ရှိ အင်အားစုများအားလုံးကို မတူညီသော အဆင့် များဖြင့် ပိုင်းခြားထားသည်။

ထိုထဲတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်သော အင်အားစုများမှာ ဧကရာဇ်အဆင့် အင်အားစု ဖြစ်သည်။

တာအိုဂိုဏ်းကြီးသုံးဂိုဏ်း၊ နတ်ဆိုးဂိုဏ်း ခြောက်ဂိုဏ်းနှင့် အရိုင်းမြေကိုးပါး အကယ်ဒမီ တို့သည် ထိုအဆင့်ဂိုဏ်းများဖြစ်၏။

၎င်းတို့အထက်တွင် အထွတ်အထိပ် ဂိုဏ်းကြီးလေးဂိုဏ်းရှိသည်။ အရိုင်းမြေကိုးပါး၏ ‘အထွတ်အထိပ်တည်ရှိမှုများ’ဟု လူသိများသော တန်ခိုးရှင်များဖြစ်၏။

အထွတ်အထိပ်ဆိုသည့် စကားများအတိုင်း ဧကရာဇ်နယ်ပယ်အထွတ်အထိပ် တန်ခိုးရှင်များ ပိုင်ဆိုင်ကြသည်။

ထိုအချိန်က စုရီမှ တည်ထောင်သော ကောင်းကင်ဘုံရှင် ဂိုဏ်းသည် အထွတ်အထိပ် ဂိုဏ်းကြီး လေးခုအနက်မှ တစ်ခုဖြစ်ပြီး တန်ခိုးအကြီးဆုံးလည်း ဖြစ်သည်။

“ ဟုတ်ပါတယ် ဒီလိုမှမဟုတ်ရင် ... ငါ့ရှစ်ဖန်းခန်းမက သခင်လေးအပေါ် အခုလိုမျိုး အနှောက်အယှက်ပေးမှာ မဟုတ်ပါဘူး ...

... မဟာချင်ရဲ့ တော်ဝင်မိသားစု၊ ဒေါင်ဟွာဓားဂိုဏ်း၊ ရှန့်လင်ဘုံကျောင်းတို့လို သန်မာတဲ့ အင်အားစုကြီးတွေက အခွင့်အရေး အတွက် ဘာမဆိုလုပ်ကြပါလိမ့်မယ်။ ”

... ပြီးတော့ အချက်အလက်တွေအရ မရဏတံခါးဂိုဏ်းချုပ်က ဒီပွဲအတွက် နတ်ဆိုး ကျင့်ကြံသူတွေကို ဖိတ်ခေါ်ထားတယ်လို့ ကြားပါတယ်။ ”

ထို့နောက် ခေတ္တနားယူကာ၊

“ မဟာဝေ၊ မဟာကျိုးနဲ့ မဟာချင်မှာ ကိုယ်ခန္ဓာကို လုယူသူတွေနဲ့ ... အမွေအနှစ်တွေ ရရှိထားတဲ့လူတွေ ...

... အများအပြား ရှိနေခဲ့တာကို မင်းလည်းသိပါတယ် သူတို့လည်း ဒီတစ်ကြိမ် ထွက်လာနိုင်ချေများတယ် ...

... တန်ခိုးရှင် ဓားမျှော်စင်ရဲ့ အမွေအနှစ်တွေဟာ သူတို့အမြင် ဆူဖြိုးနေမှာ အသေအချာပဲ ... မည်သူမဆို ငါရဲ့ရှစ်ဖန်း ခန်းမတောင် ခြွင်းချက်မရှိ ... ။ ”

စုရီတစ်ယောက် ငြိမ်သက်သွားသည်။ ဤခန္ဓာကိုယ် လုယူသူများအပေါ် စိတ်ဝင်စား ချေပြီ။ ၎င်းတို့ကမ္ဘာကို သူ မြင်လို၏။

“ မင်းတို့မှာ အစီအစဉ်ရှိလား။ ”

စုရီက မေးသည်။ ဘုန်းကြီးဟုန်ကျိက စုရီစိတ်ဝင်စားသည်ကို မြင်ချိန်၌ ဝမ်းသာအားရ ခေါင်းညိတ်ပြ၏။

“ စိတ်မပူပါနဲ့ ... မင်းသဘောတူသရွေ့ ငါတို့ခန်းမရဲ့ မဟာကျိုးဌာနခွဲ အကြီးအကဲက မင်းနဲ့အတူ လိုက်ပါလိမ့်မယ် ... ။ ”

“ ဟမ့် ... မင်းအရင်က ပြောခဲ့ဖူးတဲ့ ဉာဏ်ကောင်းပြီး ကောင်းကင်က နတ်သမီးနဲ့ တူတယ်ဆိုတဲ့ အမျိုးသမီးလား။ ”

ဘုန်းကြီးဟုန်ကျိက အဝေးက ထင်းရှူးပင်ပေါ်တွင် နားခိုနေသော လျှပ်စီး ငှက်ကလေးထံ တစ်ချက်ကြည့်လိုက်ပြီး၊

“ မှန်တယ် ... ငါတို့သူဌေးရဲ့ အလှက တိုင်းပြည်တစ်ခုလုံးကို သိမ်းယူနိုင်တယ် သူနဲ့ လူချင်းတွေ့ရင် ငါ့ချီးမွမ်းခမ်းဟာ သူမအလှရဲ့ ဆယ်ပုံတစ်ပုံတောင် ဖော်ပြဖို့ မလုံလောက်ဘူး ဆိုတာ မင်းနားလည်လာပါလိမ့်မယ် ... ။ ”

-ဟု ပြန်ဖြေလိုက်တော့၏။

“ ကောင်းပြီ၊ မင်း​သူဌေးကို မြှောက်ပင့်ပေးတာမျိုး ငါ့ရှေ့မှာ ထပ်မလုပ်နဲ့။ ”

ဘုန်းကြီးဟုန်ကျိတစ်ယောက် ရှက်ရွံ့သွားချေပြီ။ အဆိုပါ မြင်ကွင်းများကြောင့် နင်စစ်ဟွာမှ ပြုံးလိုက်တော့၏။

ဘုန်းကြီးဟုန်ကျိ စကားများသည် သူဌေးအပေါ် ကြောက်ရွံ့ခြင်းကြောင့်ဖြစ်မှန်း သူမ မြင်နိုင်သည်။

“ ဘယ်တော့ သွားဖို့ အစီအစဉ်ရှိလဲ။ ”

စုရီက မေးသည်။

“ ဒါက မင်းရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်၊ ဒါပေမယ့် ဖြစ်နိုင်ရင် စောစော သွားစေချင်ပါတယ် ငါတို့ရဲ့ ခန့်မှန်းချက်အရ၊ ကိုးရက်အတွင်း တန်ခိုးရှင်ဓားမျှော်စင်ရဲ့ အမွေနေတွေ ထွက်ပေါ်လာနိုင်တယ်။ ”

“ ဒီကနေ ဝိညာဉ်ပင်လယ်ကို ရောက်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။ ”

စုရီက ထပ်မေးသည်။ ဘုန်းကြီးဟုန်ကျိမှ ခဏမျှစဉ်းစားပြီး၊

“ မှော်သားရဲစီးသွားရင် အနည်းဆုံး နှစ်ရက်လောက်တော့ ကြာလိမ့်မယ် ငါတို့မှာ လင်းယုန်နီကို ရှိပါတယ် သခင်လေးကို လာကြိုပေးမယ်။ ”

“ ဒါဆိုသုံးရက်အတွင်း ခရီးထွက်မယ်။ ”

“ ကောင်းပြီ ... ။ ”

စုရီက ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့လှည့်ကြည့် လိုက်ရာ နင်စစ်ဟွာတစ်ယောက် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။

“ နန်းတော်သခင် မင်းလိုက်စရာ မလိုသေးပါဘူး ဒီခရီးကနေ ရသမျှ မင်းအတွက် သေချာပေါက် ငါမျှဝေပေးပါ့မယ်။ ”

ထိုစကားကြောင့် နင်စစ်ဟွာခမျာ အနည်းငယ် စိတ်ပျက်ရသော်လည်း ခေါင်းညိတ် သဘောတူ လိုက်ရသေး၏။

အဆုံးတွင် ဉာဏ်ပညာဂိုဏ်းသည် တစ်စုံတစ်ယောက် စောင့်နေရန် လိုအပ်ချေပြီ။ သူမ ရှိနေခြင်းဖြင့် အန္တရာယ် ကျရောက်သော် မိုင်တစ်ရာအကွာရှိ ကျောက်စိမ်းတောင်သို့ ချက်ချင်းသွားရောက်နိုင်ပေမည်။

“ လန်စုကို ဘယ်လို ပြန်ဖြေရမလဲ။ ”

“ ငါတို့ အဲဒီမှာ ဆုံနိုင်ပါတယ်။ ”

နင်စစ်ဟွာက ခေါင်းညိတ်ပြီး ထပ်မမေးတော့ချေ။ ခဏအကြာတွင် ဘုန်းကြီး ဟုန်ကျိလည်း ရွှေစာလိပ်အသွင်ပြောင်းကာ လျှပ်စီးငှက်ကို သယ်ဆောင်စေလျက် ထွက်ခွာသွားလေသည်။

​နောက်​သုံးရက်​​အတွင်း စုရီသည်​ ​အေးချမ်းစွာ ​အနားယူခဲ့၏။ အားလပ်ချိန်များ၌ လင်ရွယ်နှင့် စစ်တုရင်ကစားပြီး သူမ၏ ကျင့်ကြံမှုကို လမ်းညွှန်ချက်ပေးသည်။

ဝမ်လင်ကျောက်အတွက်တော့ သူနှင့်တွေ့ဆုံနိုင်ခြေကို သတိရှိရှိ ရှောင်နေခဲ့ပြီး အိမ်အတွင်းမှ လုံးဝမထွက်ချေ။

အတိတ်၌ သူမနှင့်လက်ထပ်ခြင်းသည် မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် စုရီမှ ဂရုမစိုက်ချေ။ ဤကာလအတွင်းတွင် နင်းစစ်ဟွာသည် ဉာဏ်ပညာဂိုဏ်းကို ခိုင်မာစွာ ဖွဲ့စည်း၏။

မုရှီ၊ပုရီ၊ကျန်းတျန်းယွင်၊လုချန်ဖန်၊ လန်လင်ရှောင် မိသားစုမှ ရှောင်တျန်းချွယ်၊ ယွမ်ဝူတုံ၊ ကျန်းတျန်းဟဲ၊ စသည်တို့ထံ စာတိုများ ပေးပို့သည်။

ထို့ပြင် စုရီမိတ်ဆွေဟောင်းများဖြစ်သော ချန်ကျန့်နှင့် ကွမ်လင်မြို့ရှိ ဟွမ်ယွင်ချုံးထံလည်း ဖိတ်ခေါ်ခဲ့၏။

နင်စစ်ဟွာ၏ စေ့စပ်သေချာလွန်းသော အစီအစဉ်ကို စုရီမှ သဘောကျကျေနပ်သည်။ သူ့မိတ်ဆွေများအပေါ် မခွဲခြားဘဲ ဆက်ဆံ၏။ ဂိုဏ်းထဲသို့ ဖိတ်ခေါ်ပေးထားသည်။

ဉာဏ်ပညာဂိုဏ်းကို တည်ထောင်ခြင်း ဟူသည် သူ့အာဏာအပေါ် ချဲ့ထွင်ရန်မဟုတ်ဘဲ ခိုလှုံရန် နေရာတစ်ခုပေးရန်မျှသာ ဖြစ်သည်။

ဟွမ်ယွင်ချုံးနှင့် ယွမ်ဝူတုံကဲ့သို့သော ဇာတ်ကောင်များသည် မုရှီ၊ ပုရီတို့နှင့် ယှဉ်ရန် ဝေးကွာလှသော်လည်း သူ့မိတ်ဆွေများသာ ဖြစ်နေဆဲပေပင်။

ထို့ကြောင့် ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေလျှင်ပင် အကာအကွယ် ပေးရပေမည်။ တစ်ချိန်တည်းမှာပင် မဟာကျိုးမင်းဆက်အပေါ် ဂုဏ်ဆောင်ပေးခဲ့သဖြင့် ကျိုးကျစ်လီထံမှ လက်ဆောင်များ ပေးပို့လာ၏။

နဂါးအမှတ်အသားကျောက်စိမ်း၊ ကောင်းကင်ရနံ့အနှစ်သာရနှင့် နှစ်တစ်ထောင် စပါးကြီးမြွေသည်းခြေတို့သည် စုရီအာရုံကို အမှန်ပင် ဖမ်းစားနိုင်သည်။

ဤရတနာသုံးပါးစလုံးသည် အလွန်အဖိုးတန်ပြီး အနာဂတ်တွင် မူလတာအို နယ်ပယ်သို့ တက်လှမ်းရာ၌ များစွာ အထောက်အကူပေးချေ၏။

သုံးရက်ကုန်လွန်ပြီးနောက် မီးလျှံများ တောက်လောင်နေသကဲ့သို့ တောင်ပံတစ်စုံ ရဲရဲနီနေသည့် လင်းယုန်နီတစ်ကောင် စုရီကို ခေါ်ဆောင်ရန် ရောက်ရှိလာခဲ့ချေပြီ။

***

Book-25

All Chapters