← Chapters

ထွက်လာခဲ့ ... ။

Vol. 25 Ch. 294

ထွက်လာခဲ့ ... ။

Vol. 25 Ch. 294

အနှစ်ငါးဆယ် ကုန်လွန်ပြီးနောက် ဆရာဦးလေးသည် ထက်ရှမှုအရိပ်အယောင်များ ပျောက်ကွယ်ကာ ကောက်ကြောင်းဆန် နေခဲ့ချေပြီ။

ငယ်ရွယ်စဉ်အချိန်သာ စုရီကဲ့သို့ လူငယ်မျိုးပေါ်လာပါက သတ်ရန် ချက်ချင်း ဓားဆွဲမည်မှာ သေချာ၏။

“ ကောင်လေး ရောက်လာတဲ့အခါ ဘယ်သူမှဝင်မပါဖို့ ဂိုဏ်းထဲက တခြားလူတွေကို ပြောထားပါ ငါတစ်ယောက်တည်း ဧည့်ခံလိုက်မယ်။ ”

“ နားလည်ပါပြီ။ ”

ချိုးဟမ့်ခုန်မှ လက်ဝှေ့ယမ်းပြီးနောက် နှလုံးသားသန့်စင်ခြင်းရေကန်ထံ လျှောက်လှမ်း သွားကာ တင်ပျဉ်ခွေထိုင်​နေလိုက်၏။

ထိုမြင်ကွင်းကြောင့် ချူးယွီခိုခများ တိတ်တဆိတ် လှည့်ထွက်လာခဲ့၏။ ထိုအချိန်၌ စုရီတို့နှစ်ယောက်သည် ပျော်ရွှင်ခြင်းတောင်သို့ ရောက်ရှိလာသည်။

“ သခင်လေး၊ ငါတို့ရောက်ပြီ။ ”

ကောင်းကင်နှင့် မြေကြီးကြားတွင် စိမ်းညို့နေသော တောင်ကြီးတစ်လုံး ခမ်းနားစွာ လှဲလျောင်းနေသည်။

ဤသည်မှာ လစက်ဝန်းဂိုဏ်းတည်ရာ မဟာဝေမင်းဆက်ရှိ ကျင့်ကြံသူများအတွက် ပထမတန်းစား မြင့်မြတ်မြေဖြစ်၏။

“ ကောင်းကင်နဲ့ မြေကြီးကြားကို ချိတ်ဆက်ပေးပြီး ... နွားသိုးတစ်‌ကောင်လို လေထုက အထိန်းအကွပ် မဲ့လွန်းတယ် ... တကယ်ပဲ ဒီကမ္ဘာပေါ်မှာ ရှားပါးလှတဲ့ ကျင့်ကြံမှု နယ်မြေတစ်ခုပဲ။ ”

စုရီက တောင်တန်းကြီးကို မော့ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

“ မမှောင်ခင် သွားကြစို့ ။ ”

ထို့နောက် နှစ်ယောက်သား လျှောက်လှမ်းလာခဲ့၏။ ခြေလှမ်းတစ်လှမ်းသည် ဆယ်ပေကျော် အကွာအဝေးကို ပို့ဆောင်ပေးသည်။

အမြန်နှုန်းသည် မြင့်မားခြင်းမရှိသော်လည်း စွမ်းအင်ကုန်ကျမှု အနည်းဆုံးနည်းလမ်း ဖြစ်၏။ တစ်နာရီကုန်လွန်ပြီးနောက် ဂိတ်တံခါးကြီးကို မြင်လိုက်ရသည်။

ညနေစောင်းခါနီးပြီ ဖြစ်သဖြင့် တိမ်တိုက်များက မီးလျှံများတောက်နေသကဲ့သို့ ကောင်းကင်အနှံ့ ဖုံးလွှမ်းနေ၏။

“ ကြည့်စမ်း၊ ဂျူနီယာ ညီမလေး ချာကျင် ပြန်ရောက်လာပြီ။ ”

“ တကယ် သူမပဲ ... ။ ”

“ ရှန်းမိသားစုဟာ ... ငါတို့ လစက်ဝန်းဂိုဏ်းရဲ့ဖိအားကို မခံနိုင်တော့ဘူး ထင်တယ် ... သစ္စာဖောက်ချာကျင်ကို ပြစ်ဒဏ်ပေးဖို့ လွှတ်လိုက်တယ်။ ”

စုရီနှင့် ချာကျင်တို့ကို မြင်သောအခါ ဂိုဏ်းတံခါးအနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ လေသည်။

“ ဟမ့် ... သစ္စာဖောက်ချာကျင် ... မင်းဘာလို့ ချက်ချင်းဒူးထောက်ပြီး ပြစ်ဒဏ်ကို မခံယူရတာလဲ။ ”

ရုတ်တရက် ရိုးရာဝတ်ရုံဖြင့် လူငယ်တစ်ယောက်သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ပြီး ရောက်ရှိ လာတော့သည်။

ထိုအသံကြောင့် လူတိုင်း ချာကျင်ကို အာရုံစိုက်လာ၏။ ချာကျင်က ထိုလူငယ်ထံသို့ အေးစက်စွာ ကြည့်လိုက်ပြီး၊

“ ဂျူနီယာဖန်ရှု ... တစ်ချိန်က မင်းကို ငါကောင်းကောင်း ဂရုစိုက်ခဲ့ပါတယ် ငါ့အတွက် ကြောင့်သာ မဟုတ်ရင် ... မင်းဂိုဏ်းထဲကို ဒီလောက် မြန်မြန်ဝင်နိုင်မှာ မဟုတ်ဘူး အခုကျေးဇူးကန်းချင်နေတာလား။ ”

-ဟု ဒေါသဖြင့် မေးမြန်းလိုက်သည်။

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော တပည့်များသည် ချာကျင်ပြောသောစကားများ အမှန်ပင်ဖြစ်သောကြောင့် ချက်ချင်း တိတ်ဆိတ်ကုန်၏။

ဖန်ရှုသည်လည်း မျက်နှာ မည်းမှောင်သွားပြီး၊

“ မင်းက ဂိုဏ်းကို သစ္စာဖောက်ခဲ့တယ် မင်းရဲ့ကြင်နာမှုကို ငါဂရုစိုက်နေရင် ဂိုဏ်းကို သစ္စာဖောက်ရာ မကျဘူးလား ...

... လစက်ဝန်းဂိုဏ်းရဲ့ အမွေခံ တပည့်အနေနဲ့ သစ္စာဖောက်တွေအပေါ် ဒီလို ပြတ်ပြတ်သားသား မျဉ်းတစ်ကြောင်း ဆွဲထားသင့်တယ်။ ”

-ဟု တုန့်ပြန် ပြောကြားလိုက်၏။

“ အရှက်မဲ့လိုက်တာ။ ”

စုရီက ဖန်ရှုထံ တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းများအတွင်း စူးရှသောအလင်းတန်းများ တောက်ပလာတော့သည်။

လက်ရှိနတ်အာရုံသည် ဤကဲ့သို့သော ပုရွက်ဆိတ်မဆိုနှင့် မြေကြီးအဆင့်ကျွမ်းကျင်သူ အပေါ်ပင် သတ်နိုင်နေပြီ ဖြစ်၏။

“ ဝုန်း ... ။ ”

ပြိုလဲသံနှင့်အတူ ဖန်ရှုခမျာ ဒူးထောက်ကျသွားပြီး မျက်နှာပေါ်ရှိအပြုံးများ အေးခဲကာ ဒွာရခုနစ်ပါးမှ သွေးများ စီးကျလာ၏။

အကြည့်တစ်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားချေပြီ။ ကျယ်လောင်စွာ အော်ဟစ် နေခဲ့ကြသော လူအုပ်ကြီးခမျာ ချက်ချင်း နောက်တစ်လှမ်းဆုတ်လိုက်မိ၏။

ချာကျင်သည်လည်း အံ့သြသွားသည်။ သူမသိသလောက် စုရီ၏ ပင်ကိုယ်စရိုက်အရ ဤကဲ့သို့ အရေးမပါသော ဇာတ်ကောင်များကို ဂရုစိုက်ရန် ပျင်းနေတတ်သူ ဖြစ်သည်။

“ ချန်ကွာခယ်ကို သတိရစေတယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြောကြားသည်။ ချန်ကွာခယ်သည် ခက်ခဲသော အ​နေအထားကို ကျရောက်ခဲ့သော်လည်း ဤသို့ ကျေးဇူး မကန်းခဲ့ချေ။

ထို့ကြောင့် နှိုင်းယှဉ်ကြည့်လျှင် ဖန်ရှုသည် အရှက်ကင်းမဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းလွန်းကာ သေသင့်ချေ၏။

“ ဒီမှာ ဘယ်သူ လူသတ်နေတာလဲ ... ။ ”

ရုတ်တရက် ကျယ်လောင်သော အော်ငေါက်သံ ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်ရုံဖြင့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး တောင်တံခါးမှ ပြေးထွက်လာခဲ့သည်။

“ သင်းထောက်ကျိုး ... ။ ”

“ သင်းထောက်ကျိုး ... ဒီကောင်လေး ငါတို့တောင်တံခါးရှေ့မှာ တပည့်တစ်ယောက်ကို သတ်လိုက်ပြီ။ ”

လစက်ဝန်းဂိုဏ်း၏ တပည့်များက စုရီထံ လက်ညှိုးထိုးပြလိုက်၏။ သင်းထောက်ကျိုးခမျာ မျက်နှာမှိုင်းညို့သွားကာ စုရီထံ အေးစက်စွာ လှမ်းကြည့်လာသည်။

“ မင်းဘယ်သူလဲ လစက်ဝန်းဂိုဏ်းရဲ့ တံခါးရှေ့မှာ တပည့်တစ်ယောက်ကို ဘယ်လို သတ်မှုကျူးလွန်ဝံ့တာလဲ ... ။ ”

စုရီက အနည်းငယ် စိတ်ပျက်သွားပြီး ခေါင်းခါလိုက်၏။ ထို့နောက် တောင်တန်းကြီးထံ မော့ကြည့်လေသည်။

“ လစက်ဝန်းဂိုဏ်းချုပ် ဘယ်မှာလဲ ... ထွက်လာပါ ... ငါစုရီရောက်နေပြီ မဟုတ်ရင် ဒီတံခါးကို ငါ့ဓားနဲ့ခုတ်ပြီး မင်းရဲ့ဂိုဏ်းကို သုတ်သင်ပစ်လိုက်မယ်။ ”

သူ့အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေခဲ့၏။

လူတိုင်း၏ စိတ်ဝိညာဉ်များ တုန်လှုပ်ကုန်ကာ မျက်နှာများ ပြောင်းလဲသွား တော့သည်။ ဤလူငယ်သည် မောက်မာလွန်း ချေပြီ။ ဂိုဏ်းချုပ်ကို စိန်ခေါ်နေ၏။

“ စုရီ၊ မင်းရောက်ပြီလား။ ”

ထိုစဉ်အေးစက်သော အသံနှင့်အတူ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပျံ့နှံ့လာ တော့သည်။

“ စုရီ ... ။ ”

သို့မှသာ လူတိုင်း သတိထားမိလာ၏။ ဤနာမည်သည် သုံးနိုင်ငံအတွင်း၌ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

“ ဒါ သူပဲ ... ။ ”

သင်းထောက်ကျိုးမှ အသက်ပြင်းပြင်းရှူလျက် ကျောရိုးတလျှောက် အေးစက်သွားတော့၏။

“ ဝှစ် ... ။ ”

နက်ပြာရောင်၀တ်စုံဖြင့် အမျိုးသားတစ်ယောက် လေထုအလယ် ထွက်ပေါ်လာသည်။ ဤသည်မှာ ချူးယွင်ခို ဖြစ်၏။ အတွင်းပိုင် သန့်စင်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။

“ မင်္ဂလာပါ ဂိုဏ်းချုပ်။ ”

လူအများသည် အိပ်မက်မှ နိုးထလာပြီး တပြိုင်နက်တည်း နှုတ်ဆက်လိုက်တော့သည်။ ၎င်းတို့၏ စိတ်ဓာတ်ကျခြင်းနှင့် ထိတ်လန့်ခြင်း တို့သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

“ မင်းတို့အားလုံး တံခါးနောက်ကို ပြန်ဆုတ်ကြ။ ”

ချူးယွီခိုမှ လက်ဝှေ့ယမ်းပြီး အမိန့်ပေး လိုက်သည်။

“ နားလည်ပါပြီ ... ။ ”

စုရီက ချူးယွီခိုကို စိုက်ကြည့်ကာ၊

“ ပြောပါ ... ချာကျင်နဲ့ ငါက ရင်းနှီးနှီးရှိတယ်ဆိုတာ သိထားရဲ့နဲ့ မင်းသတ္တိ ရှိနေတုန်းပဲ ... မင်းသေချင်နေတာလား ... ယွင်ကျန့်ချုံး သေတာကို သင်ခန်းစာ မယူဖူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

ယွင်ကျန့်ချုံးအမည်ကို ဖော်ပြသော အခါတွင် ချူးယွီကု၏မျက်နှာသည် ရုတ်တရက် ပျက်ယွင်းသွား၏။

“ ယွင်ကျန့်ချုံးဆိုတာ ... ငါ့ဆရာပဲ ငါ့ကိုဂိုဏ်းထဲခေါ်လာပြီး သားတစ်ယောက်လို ဆက်ဆံတယ် ဒီအတွက် ကလဲ့စားချေ သင့်တယ်လို့ မင်းမထင်ဘူးလား။ ”

စုရီမှ မျက်မှောင်ကြုတ်ပြီး၊

“ ဒီလိုဆိုရင် မင်းငါ့ဆီ မလာဘဲ ... ဘာလို့ အမျိုးသမီးတစ်ယောက်နဲ့ ... စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းတွေ သုံးနေရတာလဲ။ ”

“ ချာကျင်ကို ငါးစာအဖြစ်သာ မသုံးခဲ့ဘူးဆိုရင် မင်းကိုမဟာဝေနယ်မြေထဲ ဘယ်လိုများ ဆွဲဆောင်နိုင်မှာလဲ။ ”

“ ဒါဆို ... ရှန်းမိသားစု ဖြစ်စဉ်မှာ အန္တိမပန်းတိုင်က ငါစုရီပေါ့ ... ဒါဆိုငါစုရီကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာလား။ ”

“ သေချာတာပေါ့။ ”

နေဝင်ချိန် ရောက်ရှိနေပြီ ဖြစ်ရာ နေရောင်ခြည်သည် ပျော်ရွှင်ခြင်းတောင်ကြီးကို ထီးဆောင်းထားသကဲ့သို့ ရောင်ဝါများ လွှမ်းခြုံထားတော့၏။

ကြီးမားလှသော ဂိတ်တံခါး ရှေ့ရှိ လေထုများသည် သိမ်မွေ့ပြီး စိတ်ပျက်စရာ ကောင်းနေချေပြီ။ စောင့်ကြည့်နေသော လူအုပ်ကြီးခမျာ အသက်ရှုကြပ်သွား၏။

စုရီမှ စိတ်ဝင်တစားပြုံးကာ၊

“ မင်းမှာ အရမ်းယုံကြည်မှုရှိနေတယ် အားကိုးစရာ တစ်ခုခုရှိတယ် မဟုတ်လား ငါ့ကို ပြပါ။ ”

ထို့နောက် အမှောင်များ ဝင်ရောက်လာနေပြီဖြစ်သော ကောင်းကင်ပေါ် မော့ကြည့်လျက်၊

“ ဒီည တောထဲမှာ ငါမနေနိုင်ဘူး ... ။ ”

-ဟု ပြောကြားလိုက်တော့သည်။

“ ဟမ့် ... ။ ”

ချူးယွီခိုမှ အေးစက်စွာ ဟစ်အော်ပြီး အသက်ပြင်းပြင်းရှူကာ ပျော်ရွှင်ခြင်းတောင်၏ ဗဟိုဒေသဆီသို့ ဦးညွှတ်လိုက်ကာ၊

“ ဆရာဦးလေး၊ စုရီကို သတ်ပြီး ဆရာယွင်ကျန့်ချုံးအတွက် လက်စားချေဖို့ ကူညီပေးပါ။ ”

-ဟု ပြောကြားလာလေသည်။

“ ချွင် ... ။ ”

“ ခရစ် ... ။ ”

များမကြာခင် အေးစက်ပြီးစူးရှသော ဓားမြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ ခဲ့၏။ တစ်ဆက်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ဓားသံများ ညံလာပြီး နှင်းလွှာများအက်ကွဲ ကြေမွှသွားကုန်သည်။

တိမ်ပင်လယ်အတွင်း အက်ကြောင်း ပေါ်လာကာ မီးခိုးရောင်ဝတ်ရုံဖြင့် ပိန်ပိန်ပါးပါး လူရွယ်တစ်ယောက် ပေါ်လာ၏။

မျက်ခုံးများသည် ဓားနှင့်တူပြီး ရှည်လျားသော ဆံပင်များကို စိမ်းပြာရောင် ကြိုးဖြင့် ချည်နှောင်ထားသည်။

လက်ကိုနောက်ပို့လျက် လေထုအလယ် ရပ်ကာ ဂိတ်တံခါးထံ ငုံ့ကြည့်၏။ တိမ်ပင်လယ် အပေါ် နောက်ခံပြုလျက် ၎င်းဝန်းကျင်တွင် အလင်းလွှာများ သိုင်းခြုံထားချေပြီ။

“ မဟာအကြီးအကဲ။ ”

လစက်ဝန်းဂိုဏ်း တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး အလွန်စိတ်လှုပ်ရှား လာကြ၏။

ချာကျင်မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားလေသည်။ ဤအကြီးအကဲသည် ဒဏ္ဍာရီဟောင်းတစ်ခု ဖြစ်၏။

လွန်ခဲ့သော အနှစ်ငါးဆယ်က မဟာဝေမင်းဆက်တွင် အသက်အငယ်ဆုံးသော အင်မော်တယ် ပေပင်။

အနှစ်ငါးဆယ်ကြာပြီးနောက် မည်မျှ ကြောက်စရာကောင်းမည်ကို မှန်းဆမရနိုင်ချေ။

“ လစက်ဝန်းဂိုဏ်းမှာ ... ဒီလို ကျွမ်းကျင်သူတစ်ယောက် ရှိနေတာလား မမျှော်လင့်ထားမိဘူး။ ”

စုရီက အနည်းငယ် အံ့သြသွားပြီး မျက်ခုံးပင့်လျက် ချိုးဟမ့်ခုန်ထံ လှမ်းကြည့်ကာ မှတ်ချက်ပေးလိုက်တော့သည်။

***

All Chapters