တတိယဓား ... ။
Vol. 25 Ch. 296
နောက်ဆုတ်လိုက်တိုင်း ချိုးဟမ့်ခုန် ခြေဖဝါးအောက်ရှိ လေဟာနယ်သည် ထိတ်လန့် တုန်လှုပ်ဖွယ် ပေါက်ကွဲထွက်လာပြီး အပိုင်းအစများအဖြစ် ပြန့်ကျဲသွား၏။
ခန္ဓာကိုယ်ဟန်ချက် ပြန်လည် တည်ငြိမ်လာသောအခါတွင် သူ့ မျက်နှာပြင်အနှံ့ နီရဲတုန်ယင်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တတိယအကြိမ် လှုပ်ရှားမှုအပြီး သိသိသာသာ အားနည်းချက် ပြသလာချေပြီ။ စုရီမှ တုန့်ဆိုင်းမနေချေ။
“ လာ ဦး မယ်။ ”
စတုတ္ထ လှုပ်ရှားမှုအဖြစ် သူ့ဓားကို ကန့်လန့်ဖြတ်ခုတ်ပိုင်းလျက် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။ ကျောက်စိမ်းရောင် ဝတ်ရုံံစများသည် လုံးဝ လွတ်လပ်ပြီး အထိန်းအကွပ် မဲ့လာသည်။
တန်ခိုးရှင် ဓားတစ်လက်နှင့် တူ၏။ ခုတ်လွှဲချက်သည် ကောင်းကင်ကို ဆန့်ကျင်ပြီး လပြည့်နေ့ကဲ့သို့ တောက်ပနေသည်။
ချိုးဟမ့်ခုန်ခမျာ လေးနက်လာ၏။ အစောပိုင်း တိုက်ခိုက်မှု သုံးကြိမ်ထက် ပို၍ပင် သိသိသာသာ ကွဲပြားခြားနားနေသည်။
ထို့ကြောင့် စတုတ္ထမြောက် ဤတိုက်ခိုက်မှုသည် ပထမသုံးကြိမ်ထက် ပိုမို ပြင်းထန်နေမည်မှာ သေချာချေ၏။
ဤတိုက်ပွဲမတိုင်မီ စုရီအပေါ် သာမန်အသိတရားဖြင့် မတိုင်းတာ၍ မရနိုင်မှန်း သိနေသော်လည်း လျော့တွက်နေမိဆဲဖြစ်၏။
“ ထွက်လာခဲ့ ... ။ ”
တုံ့ဆိုင်းခြင်း မရှိ ချက်ချင်း လှုပ်ရှား လိုက်ရသည်။ တောက်လောင်နေသည့် အလင်း ကဲ့သို့ ဘယ်ဘက်လက်၌ ကြက်သွေးရောင် ဓားတစ်လက် ပေါ်လာ၏။
“ ကလန် ... ။ ”
ထို့နောက် ဓားနှစ်လက်ကို ကိုင်ဆွဲလျက် အင်မော်တယ်တစ်ပါးကဲ့သို့ လေထုအလယ် လှမ်းတက်လိုက်သည်။
နွေဦးဓားသည် သန့်စင်သော ယင်စွမ်းအင်များ ထုတ်ပေးပြီး ကြက်သွေးရောင် ဓားသည် ယန်စွမ်းအင်ကို ထင်ရှားစေ၏။
ယင်နှင့်ယန်တို့သည် လေထုထဲတွင် ပေါင်းစည်းလျက် ပြီးပြည့်စုံသော ဓားပန်းချီ ဖြစ်ပေါ်လာသည်။ အစွန်းတရားနှစ်ပါးဖြစ်သည့် အလင်းနှင့် အမှောင်တို့သည် တစ်လှည့်စီ ပြောင်းလဲနေခဲ့သည်။
ယင်နှင့် ယန်သည် ကောင်းကင်၊ မြေကြီးကြား စွမ်းအင်များကို စုပ်ယူပြီး အဆင့် သစ်သို့ ယူဆောင်လာပေး၏။
“ ဝုန်း ... ။ ”
ဓားအလင်းများ တိုက်မိသွားကာ ဖြစ်စဉ်များတစ်စစီကွဲသွားသည်။ အဆုံးတွင် ဓားရည်ရွယ်ချက်များက မိုးအဖြစ် ရွာကျလာ၏။ ကြောက်စရာ ကောင်းချေပြီ။
ကြည့်ရှုသူများ ငြိမ်သက်သွားကြသည်။ မရေမတွက်နိုင်သောလူများစွာ၏ နှလုံးသားများ ခုန်ထွက်လုမတတ်ပေပင်။
ဒဏ္ဍာရီထဲမှ တိုက်ပွဲဝင် ဇာတ်ဝင်ခန်း တစ်ခုကို ကြည့်နေရသကဲ့သို့ ဖြစ်၏။ နားလည် နိုင်စွမ်းထက် ကျော်လွန်သော စွမ်းအားပေပင်။
ထိုမြင်ကွင်းကြောင့် ချူးယွီခိုတစ်ယောက် မှင်တက်သွား၏။ သူ သည်လည်း အတွင်းပိုင်း သန့်စင်ခြင်း အဆင့်တွင် ဖြစ်၏။ သို့သော် သူနှင့် ချိုးဟမ့်ဖုန်ကြား ခြားနားချက်သည် ပုလဲနှင့် လပြည့်ညကြား ကွာခြားချက်ကဲ့သို့ထင်သာ၏။ ရှက်စရာ ကောင်းချေပြီ။
“ ဓားနှစ်လက်လား။ ”
စုရီမှ စိတ်ဝင်တစား ဖြစ်လာသည်။
“ မှန်တယ် ... ဒီဓားကို ကြက်သွေးရောင် ငှက်မွှေးလေးလို့ခေါ်တယ် ... လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ရွှေသက်တံနတ်ဆိုး တောင်တန်းကနေ ငါရခဲ့တာ ... ။ ”
ချိုးဟမ့်ခုန်မှ သူ့ဘယ်ဘက်လက်မှ ဝိညာဉ်ရေးဓားကို ကြည့်ပြီး မိတ်ဆက်ပေး၏။
“ နောက်ထပ် ခရမ်းရောင်ဧကရာဇ်ဆိုတဲ့ ဓားတစ်လက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ် နှစ်ငါးဆယ်လုံးလုံး ဒီဓားသုံးလက်အပေါ်ပဲ ငါ အာရုံစိုက်ပြီး ဓားတာအိုနဲ့ ပေါင်းစည်းဖို့ ကြိုးစားခဲ့တယ်။ ”
ထို့နောက် စုရီထံ ပြန်မော့ကြည့်လိုက်ကာ၊
“ ဒါပေမယ့် ... ငါ့တတိယဓားကို မြင်ခွင့်ရ၊မရဆိုတာ ... မင်းရဲ့ အရည်အချင်းပေါ် မူတည်လိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
စုရီက ပြုံးလျက် နောက်တစ်ကြိမ် ရောင်ဝါများ စုစည်းလိုက်၏။ လေဟာနယ်ကို လှေကားထစ်သဖွယ် နင်းဖြတ်ပြီးနောက် ကောင်းကင်ပေါ် ခြေကိုးလှမ်း လှမ်းသည်။
“ ရွှပ် ... ။ ”
ခြေလှမ်းများ လှမ်းနေစဉ် အမှောင်နတ်ဓားတွင် ဓားရည်ရွယ်ချက်များ စုစည်းလာပြီး အဆုံးတွင် ခုတ်ချလိုက် တော့သည်။
မိုးကုပ်စက်ဝိုင်းအစပ်ရှိ တိမ်တောက်နေသော ဆည်းဆာအလင်းသည် ချက်ချင်း မှိန်ဖျော့သွား၏။
“ အ ... ။ ”
အလင်းများ အားလုံးကို ထိုဓားမှ စုပ်ယူသွားချေပြီ။ ချူးယွင်ခိုအပါအဝင် လူတိုင်း အလင်းရောင်ကြောင့် မျက်လုံးများ နာကျင်ကိုက်ခဲလာ၏။
ချာကျင်တစ်ယောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုဓားသည် တောက်ပ လွန်းသဖြင့် တိုက်ရိုက်မကြည့်နိုင်ချေ။
စိတ်ဝိညာဉ် လောင်ကျွမ်းနေသကဲ့သို့ ခံစားရစေသည်။ ချိုးဟမ့်ခုန်မှ မျက်ဝန်းများ မှေးစင်းသွား၏။
နတ်အာရုံဖြင့် ထိုဓားတွင် ပါရှိသော စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေရာ နှလုံးသား တုန်ခါသွားတော့သည်။
ဤဓားသည် နေ့ချင်းညချင်း ကျွမ်းကျင် တတ်မြောက်နိုင်သော စွမ်းအားမျိုး မဟုတ်ချေ။ ကံကြမ္မာအချို့ကို အမွေဆက်ခံခြင်းမှ ရရှိသော စွမ်းအားသည်လည်း မဟုတ်ချေ။
ဆိုလိုသည်မှာ အကြိမ်ကြိမ်အခါခါ သန့်စင်ထားသော ဓားတစ်လက်နှင့် တူသည်။ ထက်သန်သောဆန္ဒဖြင့် နက်ရှိုင်းစွာနားလည် နေခဲ့သော သိမြင်မှုများဖြစ်၏။
တစ်ဖက်လူသည် အသက် (၁၇)နှစ်သာ ရှိသေးပြီး ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော် ၎င်း၏ မဟာတာအိုသည် နှစ်ပေါင်းများစွာ သန့်စင်ထားသည်နှင့်တူ၏။ ယုံနိုင်စရာ မရှိချေ။
“ ကလန် ... ကလန် ... ။ ”
တုံ့ဆိုင်းခြင်းမရှိ၊ ပေါ့ဆခြင်း မရှိ၊ မဆိုင်းမတွပင် ပြန်လည်တုန့်ပြန်ပြီး ချေဖြတ် လိုက်ရသည်။
“ ဇိ ... ။ ”
နွေဦးနှင့် ကြက်သွေးရောင်ငှက်မွှေး၏ ဓားအလင်းများသည် (乂) သင်္ကေတအသွင်မျိုး ပေါင်းစပ်ပြေးထွက်သွား၏။
ထို(乂) သင်္ကေတသည် ‘ရီ’သို့မဟုတ် ‘ဖြတ်တောက်ခြင်း’ဟူသော အဓိပ္ပါယ်အပေါ် ကိုယ်စားပြုချေပြီ။
မတူညီသော ဓားအလင်းနှစ်လက်ကို ပေါင်းစပ်ခြင်းမှ ရရှိလာသော စွမ်းအားဖြစ်၏။ ယင်ယန်သဘာဝကို အပြည့်အဝဖော်ကျူးလျက် လေဟာနယ်အပေါ် (၄)ပိုင်းခွဲလေသည်။
ဤသည်မှာ ချိုးဟမ့်ခုန်အတွက် အဆုံးစွန်သော သတ်ဖြတ်ခြင်း နည်းစနစ်များ အနက်မှ တစ်ခုဖြစ်ပြီး ဓားပညာအဆီအနှစ်များ ပါချေပြီ။
စုရီ၏ ဓားအလင်းသည် ကတ်ကြေးဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ကောင်းကင်ကြီး တုန်ခါသွား၏။
“ ဟမ့် ...။ ”
ထို့နောက်တွင် (乂) အက္ခရာသည် ပျက်ပြယ်ခြင်းမရှိခဲ့ဘဲ နဂါးများကဲ့သို့ စုရီထံ ဆက်လက် တိုးဝင်လာသည်။
စုရီတစ်ယောက် မျက်ဝန်းများ တောက်ပလျက် အံ့အားသင့်ပြီး ဆဋ္ဌမမြောက် တိုက်ခိုက်မှုကို ချက်ချင်း လွှတ်လိုက်ရ၏။
“ ကလန် ... ။ ”
ဓားမြစ်ကြီး တစ်စင်း ကောင်းကင်မှ ပြုတ်ကျကာ ပုပ်နေသောသစ်သားကိုဖြတ်သော ပုဆိန်ကဲ့သို့ (乂) သင်္ကေတကို ဖြတ်တောက်သွားသည်။
အလင်းမှုန်များသည် မိုးရေကဲ့သို့ ပြန့်ကျဲကုန်တော့၏။ စုရီသည် အချိန်ဖြုန်းခြင်း မပြုချေ။ ဓားကို ထပ်လွှဲလိုက်ပြန်သည်။
ဓားအလင်းသည် မီးတန်းကြီးသဖွယ် တောက်လောင်လျက် သေမျိုးကမ္ဘာအပေါ်သို့ ဖျက်ဆီးရန် ကြံရွယ်နေချေပြီ။ ရက်စက် ကြမ်းကြုတ်လွန်း၏။
“ ခရစ် ... ။ ”
ကောင်းကင်၌ ပြတ်ရှရာကြီး ထွက်ပေါ်လာကာ ကြယ်ပွင့်များ လိုက်လာ၏။ ချိုးဟမ့်ခုန်တစ်ယောက် သူ့တွင်ရှိသမျှ အကုန် ပေးကာ ပိတ်ဆို့နေခြင်းဖြစ်သည်။
“ ချွင် ... ချွင် ... ။ ”
ဓားနှစ်လက်သည် လေတိုက်နှုန်းကို လှုံ့ဆော်ကာ အဖျက်စွမ်းအားသည် မည်သည့် အရာမျိုးမဆို တိုက်စားသွား၏။
“ ဝုန်း ... ။ ”
သို့သော် ကြယ်မြစ်ကြီးနှင့် ရင်ဆိုင်ရသောအခါတွင် (乂)သင်္ကေတသည် ချက်ချင်း ကွဲထွက်သွားခဲ့၏။
ပေါက်ကွဲမှုလှိုင်းများ ပြန့်ကားလျက် မုန်တိုင်းအတွင်း ပိတ်မိနေသောလှေငယ်အလား ချိုးဟမ့်ခုန်ကို ယိမ်းထိုးသွားစေသည်။
“ ဟိတ် ... ။ ”
တစ်ဖက်တွင် စုရီသည် လေဟာနယ် အက်ကွဲကြောင်းအပေါ်သို့ ပျံတက်သွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှု လှိုင်းများဒဏ်မှ လွတ်ကင်းသွား၏။
“ ချိုးဖြတ် ... ။ ”
ချိုးဟမ့်ခုန်သည်လည်း တုန်လှုပ်ခြင်း မရှိခဲ့ချေ။ အန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း ငြိမ်သက်စွာ ဖြေရှင်းနေခဲ့သည်။
သူ့ရောင်ဝါများကို ကန့်သတ်ချက်အထိ တွန်းထုတ်လိုက်ကာ ဦးခေါင်းထံကာကွယ်ရန် ဓားနှစ်လက်ဖြင့် ကာလိုက်၏။
“ ထန် ... ထန် ... ။ ”
သို့တိုင် ပေါက်ကွဲမှုလှိုင်းများသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား ဇောက်ထိုးပြုတ်ကျလာစေသည်။
“ ဟိတ် ... ။ ”
“ ဝှစ် ... ။ ”
ပေတစ်ထောင်၊ ပေရှစ်ရာ၊ ပေခြောက်ရာ၊ ပေလေးရာ၊ ပေနှစ်ရာ။ အဆုံးတွင် လေဟာနယ် အတွင်း တစ်ပါတ်ဂျွမ်းပစ်လျက် မြေပြင်နှင့် ပေတစ်ရာအကွာ၌ ပြန်၍တည်ငြိမ်သွား၏။
ရလာဒ်အနေဖြင့် အင်္ကျီတစ်ထည်လုံး စုတ်ပြဲနေပြီး ခန္ဓာကိုယ်အနှံ့ ပြတ်ရှရာများတွင် သွေးများ စိမ့်ထွက်လာတော့သည်။
အနီးကပ်စစ်ဆေးကြည့်ပါက ဓားကိုင် လက်နှစ်ဖက်သည် အနည်းငယ်တုန်ခါနေချေပြီ။ လက်ချောင်းများကြားမှ သွေးအချို့ပင် စီးကျနေ၏။
လူတိုင်း တိတ်ဆိတ်သွားတော့သည်။ ဓားတစ်ချက်သည် မဟာဝေမင်းဆက်အတွင်း ကျော်ကြားလှသော ဒဏ္ဍာရီလာ ဓားသမားကို မြေပြင်နှင့် မိတ်ဆက်ပေးလုနီးပါးပေပင်။
တစ်ဖက်တွင် ချိုးဟမ့်ခုန်၏ ယုံကြည်မှု သည်လည်း အနည်းငယ် ယိမ်းယိုင်လာခဲ့၏။
“ မင်း ဒီဓားကို တားဆီးနိုင်ခဲ့တာလား ... မယုံနိုင်စရာပါပဲ အတွင်းပိုင်းသန့်စင်ခြင်းအဆင့် ဆိုပေမယ့် မင်းရဲ့အစွမ်းသတ္တိက မူလနန်းတော် အဆင့် ကျွမ်းကျင်သူတွေထက် အများကြီး ပိုသန်မာတယ် အလားအလာကောင်းပဲ။ ”
စုရီမှ ချီးကျူးလိုက်သည်။ ၎င်း၏ အရည်အချင်းအရ တစ်ဖက်လူသည် ငှက်မွှေး ဘုရင် ယွီရှစ်ချန်ထက် သာလွန်၏။
“ မင်းငါ့ကို လှောင်ပြောင်နေတာလား တာအိုစု။ ”
ချိုးဟမ့်ခုန်မှ မပျော်နိုင်ချေ။ အသက်ပြင်းပြင်းရှူ လိုက်ပြီးနောက် လေထဲသို့ ပြန်၍လှမ်းတက်ကာ စုရီနှင့်မျက်နှာချင်းဆိုင်၏။
“ ရှန်ရှင်းအဆင့် တစ်စုံတစ်ယောက်က ဘယ်လိုများတောင် ... အစွမ်းထက်နေရတာလဲ ဒါပေမယ့် ငါမှာ မင်းကို အနိုင်ယူဖို့ အခွင့်အရေး ရှိပါသေးတယ်။ ”
မျက်ဆန်များအတွင်း၌ ဓားတစ်လက် ပွင့်လာပြီး အလင်းရောင်များ တောက်ပလာ၏။ ထိုမြင်ကွင်းကြောင့် စုရီမှ ပြုံးသည်။
“ ငါလည်း မြင်ချင်ပါတယ်။ ”
စကားဆုံးသည်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်တော့သည်။ ဤဓားသည် ဖွဲ့ညွှန်းစရာ စကားလုံးလေးလုံးသာရှိ၏။
“ အရမ်းမြန်တယ်။ ”
ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလျပြီး လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့၏။ ချိုးဟမ့်ခုန်ခမျာ အဝေးမှပင် အရေပြားများ နာကျင်လာသည်။
“ ဟိတ် ... ။ ”
မဆိုင်းမတွဘဲ သူ့ဓားနှစ်လက်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန်လွှဲကာ ယင်ယန်ဓားပန်းချီကို ရေးဆွဲပြီး လှိုင်းအသွင် ပြန့်ကျဲစေ၏။
“ ရေလှိုင်းများကဲ့သို့သော ဓားတစ်လက်။ ”
ယင်ယန်ဓားလှိုင်းများသည် အကန့်အသတ်မရှိ စက်ကွင်းလှိုင်းများအလား တစ်လွှာပြီးတစ်လွှာ ပြေးထွက်လာသည်။
“ ဘရူး ... ။ ”
ထိုယင်ယန် ဓားလှိုင်းနယ်မြေအတွင်း ဝင်ရောက်သွားသည်နှင့် စုရီ၏ ဓားအလင်းသည် တဆက်ဆက်တုန်ခါသွား၏။
သာမန်မျက်စိဖြင့်ပင် မြင်နိုင်ချေပြီ။ ယင်ယန်ဓားလှိုင်းသည် အလွှာများ အထပ်ထပ် အဆုံးမဲ့ ဖြစ်ပေါ်နေသဖြင့် စုရီဓားသည် သူနှင့် ခြေတစ်လှမ်းအကွာ၌ ပျက်ပြယ်သွား၏။
သို့တိုင်ချိုးဟမ့်ခုန် မျက်ခုံးနှစ်ဖက်ကြား အငွေ့များတိုးထွက်လာကာ အပူစီးကြောင်းငယ် တစ်ခု စီးကျလာသည်။ ညှီစို့စို့၊ ငံကျိကျိဖြစ်၏။
ထိုခံစားချက်သည် ကျောရိုးတစ်လျှောက် ချွေးများ စိမ့်ထွက်လာစေသည်။ ဓားချက်သည် မြန်ဆန်ရုံမျှမက ထက်ရှလွန်းချေ၏။
၎င်းကို တားဆီးနိုင်ခဲ့သော်မှ ဓားရောင်ဝါသည် သူ့နဖူးရှိ အရေပြားအပေါ် ဖြတ်တောက်သွားဆဲဖြစ်သည်။
“ မင်းရဲ့ တတိယဓားကို ဆွဲဖို့ လုံလောက်ပြီလား။ ”
စုရီမှ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ သဘာဝပါပဲ။ ”
ချိုးဟမ့်ခုန်ခမျာ လေးနက်စွာ ခေါင်းညိတ်ပြ၏။
“ ကလန် ... ။ ”
ထို့နောက် သုံးလက်မခန့်ရှည်သော ဓားပါးလေးတစ်လက် သူ့ခေါင်းအထက်တွင် ထွက်ပေါ်လာသည်။
ထိုဓားထွက်ပေါ်လာသည်နှင့် ပြိုးပြိုးပြက်ပြက် ခရမ်းရောင် အလင်းတန်းများ ကောင်းကင်တခွင် ပြည့်နှက်လာတော့သည်။
“ ခရမ်းရောင် ဧကရာဇ်။ ”
***