← Chapters

ရွှေရောင်၊ ကြက်သွေးရောင်၊ ခရမ်းရောင်။

Vol. 25 Ch. 297

ရွှေရောင်၊ ကြက်သွေးရောင်၊ ခရမ်းရောင်။

Vol. 25 Ch. 297

“ ဝှီး ... ။ ”

ခရမ်း‌ရောင်ဧကရာဇ်သည် လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ပျံသန်းနေရာ ၎င်းပုံရိပ်များ ချက်ချင်း ပြည့်နှက်သွားသည်။ ကောင်းကင်ဘုံမှ တိုက်ခတ်နေသော လေကဲ့သို့ပေပင်။

“ စိတ်ဝိညာဉ် ရတနာ ... ။ ”

စုရီမှ အံ့ဩသွားသည်။

“ မှန်တယ် ... သူ့ရဲ့မူလကို ဖုံးကွယ်လို့ မရဘူး၊ တကယ်တော့ ခရမ်းရောင်ဧကရာဇ်ဟာ ဝိညာဉ်ကျင့်ကြံသူတွေ အတွက်တောင် ရတနာ တစ်ပါးပါပဲ ...

... သူ့ကို ငါ့အသိစိတ်ပင်လယ်နဲ့ ... ပေါင်းစပ်ထားတာ နှစ်ပေါင်း (၅၀)တိုင်နေပြီ ငါ့ဝိညာဉ် အစိတ်အပိုင်းတစ်ခုလိုပဲ စွမ်းအားက ကန့်သတ်ချက်ထက် သာလွန်တယ် ...

... ‌ရွှေသက်တံ နတ်ဆိုးတောင်တန်းမှာ သူ့ရဲ့အသိအမှတ်ပြုမှုကို ရခဲ့တယ် ဘယ်လိုမှကို စိတ်ကူးမယဉ်နိုင်တဲ့ ကံကြမ္မာပါ။ ”

ချိုးဟမ့်ခုန် စကားများတွင် ခံစားချက်များ ပြည့်နှက်နေ၏။ စိတ်ဝိညာဉ် ရတနာတစ်ခုထံမှ သခင်အဖြစ် အသိအမှတ်ပြုခံရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူနေချေပြီ။

“ စိတ်ဝိညာဥ် ဓားတစ်လက်က သူ့သခင်အဖြစ် မင်းကို လက်ခံခဲ့တာလား ... ဘယ်လိုတောင် အရည်အချင်း ရှိလိုက်လဲ။ ”

စုရီမှ ခေါင်းညိတ် ချီးကျူးလိုက်သည်။ စိတ်ဝိညာဉ်ရတနာသည် တစ်စုံတစ်ယောက်မှ စိတ်ဝိညာည်စွမ်အင်ဖြင့် ခြယ်လှယ်နိုင်သော လက်နက်ဖြစ်၏။

၎င်းကို သွန်းလုပ်ရန် ပါဝင်ပစ္စည်း လိုအပ်ချက်များသည် အလွန်မြင့်မားရှားပါးပြီး အဖိုးတန်သည်။

ထို့ပြင် နတ်အာရုံကို ပေါင်းစည်း ထားနိုင်သော ဝိညာဉ်တာအို ကျင့်ကြံသူများသာ သွန်းလုပ်နိုင်၏။

ထို့ကြောင့် အရိုင်းနယ်မြေကိုးပါးတွင် ပထမတန်း ဂိုဏ်းများ၏ အမာခံတပည့်များသာ ထိုအဆင့်ရတနာမျိုး အသုံးပြုနိုင်သည်။

တစ်ဖက်လူသည် စိတ်ဝိညာဉ် ဓားတစ်လက်မှ အသိအမှတ်ပြုမှုကို ရရှိသည်မှာ အမှန်ပင် ကြီးမားသောကံကြမ္မာဖြစ်၏။

“ တာအိုစု၊ သတိထားပါ။ ”

စကားဆုံးသည်နှင့် ခရမ်းရောင် ဧကရာဇ်သည် လေဟာနယ်အတွင်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သဲလွန်စမရှိချေ။

ဤနည်းဖြင့် သိုင်းတာအိုနယ်ပယ်မှ ကျွမ်းကျင်သူများကို ချက်ချင်း သတ်နိုင်သည်။ မူလတာအိုနယ်ပယ် အတွက်မူ ပြင်းထန်သော ဒဏ်ရာပေးနိုင်၏။

သို့သော် စုရီသည် ထိုစံနှုန်းများဖြင့် သွေဖယ်နေသူဖြစ်သည်။ မဟာသခင်အဆင့် နှင့်ပင် နတ်အာရုံစုစည်းကာ စိတ်ဝိညာဉ်အပေါ် တုနှိုင်းမရလောက်အောင် သန့်စင်ထား၏။

သည့်ပြင် အံ့ဩဖွယ်ကောင်းသော ပြိုင်ဘက်ကင်းစိတ်ဝိညာဉ်ကျင့်ကြံမှု နည်းစနစ် တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ခရမ်းရောင် ဧကရာဇ် ပျောက်ကွယ်သွားခြင်းအပေါ် သဘာဝအားဖြင့် အားကိုးရာမဲ့ မဖြစ်ခဲ့ချေ။

“ နတ်ဘုရားသတ် ဓားမန္တန်။ ”

ယင်းအစား မျက်ခုံးနှစ်ခုကြားမှ အပြာရောင်အလင်းမှုန်များ ထွက်ပေါ်လာပြီး ဓားတစ်လက်အသွင် ဖွဲ့တည်လာ၏။

ဤဓားပါးသည် သူ့စိတ်ဝိညာဉ်မှ ဖွဲ့စည်းထားသော ‘နတ်ဘုရားသတ်ဓား’ မှတပါး အခြားမရှိချေ။

“ ကလန် ... ။ ”

ဓားနှစ်လက် တိုက်မိသံ ပေါ်လာပြီး နောက်ပြန်ဆုတ်သွားသော ခရမ်းရောင်ဧကရာဇ် ပြန်လည် ထွက်ပေါ်လာ၏။ ၎င်းခမျာ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။

အလွယ်တကူ ပိတ်ဆို့ခံထားရသည်။ စုရီနေရာတွင် အခြားသူများဆိုသော် ဝိညာဉ်၌ ဒဏ်ရာကြီးကြီးမားမား ရရှိသွားနိုင်၏။

ချိုးဟမ့်ခုန်တစ်ယောက် မျက်နှာ ဖြူဖျော့သွားသည်။ သူ့နှလုံးသားကို ဤဓားနှင့် ချိတ်ဆက်ထား၏။

ထို့ကြောင့် ၎င်းအပေါ် သက်ရောက်မှုတိုင်းသည် သူ့စိတ်ဝိညာဉ်ထံ ကူးစက်ပေမည်။

“ စိတ်ဝင်စားစရာပဲ ... စိတ်ဝိညာဉ် တိုက်ခိုက်မှု နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထား နိုင်မယ်လို့ မထင်ထားခဲ့မိဘူး ... အရမ်း သန်မာပါပေတယ်။ ”

ချိုးဟမ့်ခုန်မှ သက်ပြင်းချကာ ချီးကျူးလိုက်ရသည်။ ဤသည်မှာ နတ်အာရုံ သက်သက် မဟုတ်ချေ။

လျှို့ဝှက် စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တန်တစ်ခုဖြင့် အကြိမ်ကြိမ် သန့်စင်ထားသော စွမ်းအင်ဖြစ်၏။ ယုံနိုင်စရာ မရှိချေ။ ခရမ်းရောင် ဧကရာဇ်သည် ခြိမ်းခြောက်မှုများ မပေးနိုင် တော့သည်မှာ သဘာဝပေပင်။

တစ်ဖက်တွင် ရှစ်ကြိမ်မြောက် လှုပ်ရှားမှုတိုင်နေပြီ ဖြစ်သည်။ အစမှအဆုံးတိုင် တိုက်ပွဲအတွင်း အောက်စည်းရောက်နေခဲ့၏။

ခရမ်းရောင် ဧကရာဇ်သည် သူ့ဝှက်ဖဲဖြစ်သည်။ ပြိုင်ဘက်တိုင်းကို သတ်ရန် ရည်ရွယ်သည်။

ရက်စက်လွန်းသဖြင့် သာမန် ပြိုင်ဘက်များအပေါ် အသုံးမပြုဖြစ်ချေ။ စုရီမှ သာလွန်ထူးကဲနေ၏။

“ ဒီဓားက ... ငါ့အပေါ် မခြိမ်းခြောက်နိုင်ပါဘူး ... မင်းမှာ စမ်းကြည့်ဖို့ တခြားရှိသေးလား။ ”

စုရီမှ စိတ်ဝင်တစား မေးသည်။

“ သဘာဝအတိုင်းပါပဲ။ ”

ချိုးဟမ့်ခုန်က အသက်ပြင်းပြင်းရှူလျက် တံဆိပ်များ ဖန်တီးလိုက်တော့၏။ ဓားသုံးလက် ခမျာ ချက်ချင်း လေထဲပျံသန်းလာသည်။

တစ်ချိန်တည်းမှာပင် နဖူး၌ ချွေးများ သီးလာခဲ့၏။ ဤဓားများအပေါ် ထိန်းချုပ်နိုင်ရန် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးချခဲ့ရချေပြီ။

“ အနှစ် ငါးဆယ်တိုင်အောင် ... ငါ့ကျင့်ကြံမှုကို နွေဦးဓားနဲ့ ပေါင်းစပ်ထားတယ် ကြက်သွေးရောင် ငှက်မွှေးအတွက်ကိုတော့ ငါ့သွေးနဲ့ချီကို ကျွေးမွေးပြီး ...

... ခရမ်းရောင် ဧကရာဇ်ကို အသိစိတ်ပင်လယ်ထဲမှာ သန့်စင်ပေးခဲ့တယ် ဒီဓားသုံးလက်ကို ပေါင်းစပ်ဖို့က ငါရှာနေတဲ့ တာအိုပဲ ...

... သူတို့ရဲ့ ပေါင်းစပ်မှုစွမ်းအားအပေါ် ... ငါတောင် မခန့်မှန်းနိုင်သေးဘူး ... ၊ တာအိုစု ... မင်းသတိထားရမယ်။ ”

ချိုးဟမ့်ခုန်အသံသည် တည်ငြိမ်ပြီး လေးနက်လာ၏။ ထို့နောက် တံဆိပ်တစ်ခုကို ထပ်မံဖန်တီးလျက်၊

“ သွား ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

“ ဝှီး ... ။ ”

နွေဦးက ဦးစွာ ပျံသန်းလာ၏။ ကောင်းကင်အနှံ့ ရွှေရောင်များ အုံ့ဆိုင်းနေကာ တောက်ပသွားသည်။

“ ဝှီး ... ။ ”

တစ်ဆက်တည်းမှာပင် ကြက်သွေးရောင် ငှက်မွှေးနှင့် ခရမ်းရောင် ဧကရာဇ် သည်လည်း လေကိုခွင်းပြီး လိုက်ပါလာ၏။

ဓားသုံးလက် ရှေ့နောက် ချိတ်ဆက် ပျံသန်းနေသည်မှာ ပြီးပြည့်စုံသော မျဉ်းဖြောင့် တစ်ကြောင်းနှင့် တူနေသည်။

ရောင်ဝါများ ရောနှောလျက် ထက်ရှမှု စွမ်းအားများသည် မယုံနိုင်ဖွယ်ရာ သုံးဆခန့် ပြင်းထန်လာ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ဓားရောင်ဝါများ ပြည့်နှက်ကုန်သည်။

“ ဒါ ... ။ ”

ဘေးမှ ရပ်ကြည့်နေသူများ အားလုံး မှင်တက်သွားကြသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းပေပင်။ နှစ်ငါးဆယ် ကျင့်ကြံမှု၊ သွေး၊ ချီနှင့် စိတ်ဝိညာဉ်ကို ဓားသုံးလက်ထဲ ပေါင်းစပ်ထား၏။

“ ခရစ် ... ။ ”

ထိုပေါင်းစပ်မှုသည် ဖြစ်စဉ်များ ဆွဲငင်လာကာ လေဟာနယ်ကို ပြိုကျအက်ကွဲ လာစေသည်။ ကြောက်စရာ ကောင်းလွန်းချေပြီ။

“ အရမ်းကောင်းတယ် ... ။ ”

စုရီမှ ‌ကျေနပ်သွားတော့သည်။ သူ့မျက်ဝန်းများအတွင်း တိုက်ပွဲဝင် ဆန္ဒများ တောက်လောင်လာ၏။ နောက်ဆုံးတွင် သူ့ခွန်အား ထုတ်ခွင့်ရချေပြီ။

“ ချွင် ... ။ ”

အမှောင်နတ်ဓားထံမှ ဝိညာဉ်ညည်းသံ ထွက်ပေါ်လာ၏။ သွေး၊ချီ၊ နတ်အာရုံနှင့် မူလ စွမ်းအင်တို့ကို သွန်းလောင်းလိုက်သည်။

“ သွား ... ။ ”

တစ်ဆက်တည်းမှာပင် သုံးပေရှည်သော ဓားအလင်းတစ်လက် ပြေးထွက်သွားတော့၏။ လမ်းတလျှောက် ဒြပ်စင်ငါးပါးရောင်ဝါများကို ဆွဲငင်သွားသည်။

အကျိုးဆက်အနေဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါးကုန်ကာ အလင်းရင်းမြစ်သည် ဓားရည်ရွယ်ချက်တစ်ခုသာ ဖြစ်နေ၏။ ထိုဓား အလင်းအတွင်း ကြယ်တာရာများ တောက်ပနေသည်။

အဝေးမှ ကြည့်သော် ကောင်းကင်မှ ကြယ်မြစ်ကြီးတစ်စင်း စီးဆင်းနေသည်နှင့် တူနေချေပြီ။

တစ်ချိန်တည်းမှာပင် မြေပြင်မှ စုပ်ယူထားသော ‌ရောင်ဝါငါးမျိုးတို့ သည်လည်း ပုံသဏ္ဍာန်အဖြစ် ခပ်ဝါးဝါးပေါ်လာ၏။

“ ဝုန်း ... ။ ”

ရှေ့ဆုံးမှ ဝင်လာသော နွေဦးဓားခမျာ ကြယ်မြစ်ကြီးဖြင့် ဦးစွာဖုံးလွှမ်းခံလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

“ ဘောင်း ... ။ ”

ထို့နောက် ကြက်သွေးရောင် ငှက်မွှေးလေးဖြစ်သည်။ တစ်ဆက်တည်းမှာပင် ခရမ်းရောင် ဧကရာဇ်သည်လည်း ကြယ်မြစ်ကြီး အတွင်း လိုက်ပါလာ၏။ ကြယ်မြစ်ကြီးနှင့် ဓားသုံးလက် ရောထွေးသွားချေပြီ။

“ ကလန် ... ကလန် ... ။ ”

“ ခရစ် ... ။ ”

ဓားသုံးလက်က သက်ရှိများအလား ရောင်ဝါများပေါင်းစပ်ကာ ကြယ်မြစ်ကြီးကို အတွင်းမှ တိုက်စားရန် ကြိုးစားတော့၏။

ဤမြင်ကွင်းကြောင့် ချိုးဟမ့်ခုန်က ပြုံးလိုက်သည်။ နှစ်ပေါင်း ငါးဆယ်ကျင့်ကြံမှုမှ ထုတ်နှုတ်ထားသော အဆီအနှစ်များ ပေပင်။

ဓားသုံးလက်သည် အလွန် လိုက်လျောညီထွေမှုရှိကာ ပြိုင်ဘက်များ၏ စိတ်ဝိညာဉ်ကိုဝါးမြိုလျက် အချင်းချင်း အာဟာရဖြည့်ပေးချေမည်။

သို့သော် သူ့ပျော်ရွှင်မှုများသည် ကြာရှည် မခံခဲ့ချေ။ မြေပြင်မှ စုပ်ယူထားသောရောင်ဝါမှာ နတ်တောင်ကြီးငါးလုံးအဖြစ် ထင်ရှားလာပြီး ဓားသုံးလက်ကို ချိုးနှိမ်တော့သည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

“ ဝုန်း ... ။ ”

အဆုံးတွင် လေဟာနယ်တစ်ခုလုံး ပေါက်ကွဲမှုများ ဖြစ်ပွားလာပြီး တိုက်ပွဲမြင်ကွင်း တစ်ရပ်လုံး ‘အဖြူရောင်’ ဖြစ်သွား၏။

သက်ရောက်မှု ကြိမ်နှုန်းများသည် ပြင်းထန်လွန်းလှသဖြင့် အမြင်နှင့် အကြားအာရုံ အပေါ် ခေတ္တမျှ အဆက်ပြတ်သွားစေသည်။

“ ဝုန်း ... ဝုန်း ... ။ ”

အဖျက်စွမ်းအားလှိုင်းများသည် ရေလှိုင်းများသဖွယ် ဂိတ်တံခါးကို ရိုတ်ခတ်သွား တော့၏။ တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ၊ သစ်ပင်များ ပြိုကျလာသည်။

ပေသုံးထောင်အတွင်း သက်ရှိများ ဆိတ်သုဉ်းကုန်၏။ ကြောက်စရာကောင်းလွန်း ချေပြီ။ ယုံနိုင်ဖွယ် မရှိချေ။

“ ဘယ်သူ နိုင်သွားလဲ။ ”

ကြည့်ရှုနေသူအများ အမြင်တွင် မူလနန်းတော်အဆင့် ကျွမ်းကျင်သူသည်ပင် ချိုးဟမ့်ခုန်၏ ဓားသုံးလက်ကြောင့် မလွဲမသွေ ဒဏ်ရာရရှိနိုင်၏။

စုရီတစ်ယောက် သန်မာလျှင်ပင် ပြိုင်ဘက်၏ နှစ်ပေါင်းငါးဆယ်ကျော် ကျင့်ကြံမှု အပေါ် အန်တုနိုင်စရာ အကြောင်းမရှိချေ။ အနည်းဆုံးတော့ ဒဏ်ရာ ရရှိနိုင်မည်။

ဤသည်မှာ သူတို့အမြင် ဖြစ်သည်။ ဖုန်မှုန့်များလွင့်စင်သွားပြီး အရာအားလုံးသည် ငြိမ်သက်လာသည်အထိ အသက်အောင့်ကာ စောင့်ကြည့်နေမိကြ၏။

အဆုံးတွင် စွမ်းအင်အကြွင်းအကျန်များ တဖြည်းဖြည်း ငြိမ်းသွားကာ အလင်းရောင်များ မှိန်ဖျော့လျက် ပုံမှန်မြင်ကွင်းပြန်ရလာ၏။

မည်သူမျှ အသက်ရှူ မဝံ့ခဲ့ချေ။ အသက်ရှူခြင်းဖြင့် ချိုးဟမ့်ခုန်လည်မျိုအတွင်း ဝင်နေသော ဓားသည် သူတို့အသက်ကို ထုတ်ယူမည့်အလား ခံစားလိုက်ရ၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

လူတိုင်း အံ့အားသင့်သွားကုန်သည်။ ချိုးဟမ့်ခုန်သည်ပင် သူ့ကိုယ်သူ အသက်မဲ့သွား သကဲ့သို့ ခံစားလိုက်ရ၏။

ခုခံနိုင်စွမ်း မရှိတော့ချေ။ ခဏအကြာတွင် ရှုပ်ထွေးသော အမူအရာနှင့် စုရီထံမျှော်ကြည့်ပြီး လည်မျိုမှ အေးစက်မှုကို ခံစားလိုက်ရ၏။

တစ်ဖက်တွင် စုရီသည် လေထုအလယ် ရပ်တန့်လျက် ကျောက်စိမ်းရောင် ၀တ်ရုံစများ တဖျပ်ဖျပ်လွင့်ဝဲနေခဲ့ချေပြီ။

***

All Chapters