← Chapters

ဝိညာဉ်ပင်လယ်သို့ ဖိတ်ခေါ်ခံရခြင်း ... ။

Vol. 25 Ch. 299

ဝိညာဉ်ပင်လယ်သို့ ဖိတ်ခေါ်ခံရခြင်း ... ။

Vol. 25 Ch. 299

ညကောင်းကင်ယံတွင် ကြယ်ရောင်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ မြို့တော် အနောက်မြောက်ဘက် ဆယ်မိုင်အကွာတွင် တောင်တန်းများ ဝိုင်းရံထားသော ရေကန်ကြီးတစ်ကန်ရှိသည်။

တောင်တန်းများသည် နှင်းများထူထပ်စွာ ကျဆင်းကာ ငွေရောင်များ ဖုံးလွှမ်းနေတော့၏။ ထို့ကြောင့် ​ညအမှောင်၌ပင် ကမ္ဘာကြီးတစ်ခုလုံး သလင်းရောင်များ တဖျပ်ဖျပ်ခတ်နေခဲ့သည်။

တောင်တန်းများ ဝန်းရံထားသည့် နှင်းတစ်ထောင်ရေကန်တွင် လှေနက်တစ်စင်း မျောနေ၏။

လှေနက်ပေါ်တွင် အနီရောင်မြေစေး မီးဖိုငယ်နှင့် အငွေ့များ တထောင်းထောင်းထွက် နေသော အိုးကြီးတစ်လုံး ရှိသည်။

ဟင်းခတ်အမွှေးအကြိုင် ဆယ်မျိုးကျော် အသုံးပြုထားသောကြောင့် ဟင်းချိုရနံ့များသည် လေထုအတွင်း ရောနှောနေ၏။

ငါးအသားများကို ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးပါးလှီးထားပြီး၊ မှိုများနှင့် လတ်ဆတ်သော ဂျင်ဆင်းများသည်လည်း ထည့်ပြုတ်ထား၏။

စုရီက ငါးပေါင်းကို စားသောက်လျက် စိတ်နှင့်ခန္ဓာအနားယူနေခဲ့သည်။ သက်တောင့် သက်သာ ပေပင်။

ကောင်းကင်တခွင် နှင်းများ ထူထပ်စွာကျဆင်းလျက် အရာအားလုံး တိတ်ညံ လွန်းနေသည်။

ဤညမျိုးတွင် ရင်သပ်ရှုမောဖွယ် လှပလွန်းသော အမျိုးသမီးတစ်ဦးနှင့် လှေစီးပြီး ဝိုင်သောက်ရသည်မှာ ကြီးစွာအပန်းပြေမှု တစ်ခုလည်းဖြစ်၏။

“ သခင်လေး ... ငါ့မှာ အိမ်မရှိတော့ဘူး အခုကစပြီး ... မင်းဘယ်သွားသွား ငါလိုက်မယ် ဒါပေမယ့် စိတ်မပူပါနဲ့ ငါမင်းကို တစ်ချိန်လုံး တွယ်ကပ်နေမှာ မဟုတ်ပါဘူး မင်းငါ့ကို မနှင်ထုတ်သရွေ့ လုံလောက်ပါပြီ။”

ချာကျင်က ဝိုင်တစ်ခွက်ငှဲ့ပေးကာ တိုးတိုးလေးပြောသည်။ သူမအသံ၌ အဆုံးမရှိ နူးညံ့မှုနှင့် ချစ်ခင်မှုကို ဝှက်ထား၏။

“ မဟာတာအိုရှာဖွေတဲ့ နေရာမှာ ခြေလှမ်းတိုင်း ခက်ခဲပါတယ် လမ်းတစ်လျှောက် မရေမတွက်နိုင်တဲ့ ဘေးအန္တရာယ်တွေ ကြုံရလိမ့်မယ် ... မကြောက်ရင် မင်းကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ”

စုရီက ဂျင်ဆင်းငါးပေါင်းရည်ကို သောက်လျက် ပြောကြားလိုက်သည်။ ထိုသို့ ပြောလိုက်သော်လည်း သက်ပြင်းချမိ၏။

နှစ်ပေါင်း တစ်သိန်းရှစ်ထောင်ကျော် အတွေ့အကြုံအရ သူတွင် ဆန္ဒရှိနေခဲ့လျှင်ပင် ချာကျင်နှင့် ပို၍-ပို၍ ဝေးကွာသွားမည်မှာ သေချာသည်။

ထိုကဲ့သို့ပင် လမ်းတလျှောက် အသိအကျွမ်းများသည်လည်း အနာဂတ်တွင် ကိုယ့်လမ်းကိုယ် ရှာဖွေလျက် ပြန်မဆုံ ဖြစ်ကြတော့ချေ။

ဤသည်မှာ သဘာဝပေပင်။ ကျင့်ကြံခြင်းလမ်းခရီးတွင် ပို၍ ခရီးရောက်လာ သည်နှင့်အမျှ မိတ်ဟောင်း ဆွေဟောင်းများဖြင့် အတူတကွ ရှင်သန်ရန် အချိန်နည်းလာပေမည်။

စုရီအဖြေကိုကြားပြီးနောက် ချာကျင်မှ သက်သာရာရသွားသည်။ သူမမျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ပွင့် ပေါ်လာ၏။

သူမအတွက် စုရီထံမှ ထိုကဲ့သို့သော ကတိတစ်ခု ရရှိခြင်းသည် မမျှော်လင့်ဝံ့သည့် အရာပေပင်။ တစ်ဖက်လူသည် သူမကို အိမ်ဖော်အဖြစ်သာ ဆက်ဆံခဲ့၏။

“ ဟမ့် ... သခင်လေး၊ မင်း ... ။ ”

ရုတ်တရက် ချာကျင်အကြည့်သည် တစ်စုံတစ်ရာကို သတိထားမိပြီး ထိတ်လန့်သွား တော့သည်။

“ ဒီလို ရာသီဥတုမျိုးမှာ သန်မာတဲ့ ယောကျ်ားတစ်ယောက် အတွက် သဘာဝပါပဲ မဟုတ်ရင် ... ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် ပြောကြားလာ၏။ ချာကျင်တစ်ယောက် ရှက်ရွံ့သွားပြီး မည်သူမျှ မရှိသော ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်သည်။

ထို့နောက်တွင် ချာကျင်မှ မီးအိမ်ကို လျော့ချလျက် ခေါင်းငုံ့သွားပြီး တိတ်ဆိတ်သွား တော့သည်။ ဤညသည် ရက်စက်လွန်းချေ၏။ နှင်းမိုးများသည် ရမ္မက်မီးကို မငြိမ်းနိုင်ခဲ့ချေ။

နောက်နေ့မနက်တွင် ကောင်းကင်ကြီး တောက်ပလျက် နှင်းတစ်ထောင်ရေကန်ပေါ်၌ ရွှေရောင်လှိုင်းငယ်များဖြင့် လှပနေသည်။

လှေနက်ပေါ်မှ နိုးထလာပြီးနောက် စုရီနှင့်ချာဂျင်သည် တောင်တန်းတစ်နေရာသို့ လျှောက်လှမ်းလာပြီး လေချွန်သံပြုလိုက်ရာ လင်းယုန်စိမ်း ရောက်ရှိလာသည်။

“ သခင်လေး ... မင်းဘာကြည့်တာလဲ။ ”

ချာကျင်မှ လှည့်ကြည့်လိုက်ရာ စုရီသည် သူမနှုတ်ခမ်းများကို စိုက်ကြည့်နေသဖြင့် ရှက်ရွံ့ သွားတော့သည်။ ဖြစ်စဉ်သည် သူမကို ထိတ်လန့်စေဆဲပေပင်။

***

မနေ့ည အဖြစ်ပျက်ကို ကျိုးကျစ်လီကြားပြီးနောက် အကြီးအကျယ် စိတ်လှုပ်ရှားလာခဲ့သည်။

အမည်မဲ့နဂါးများ မရှိသော်မှ အစ်ကိုစု တစ်ယောက်တည်းဖြင့်ပင် မဟာကျိုးသည် လုံခြုံနေပြီဖြစ်၏။

ပြည်သူများသည်လည်း စုရီအပေါ် အမြင်များ ပြောင်းလဲလာခဲ့ကြပြီး လေးစားကုန် ကြတော့သည်။

“ ဧကရာဇ်ဥသျှောင်က ငါတို့မဟာကျိုးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ... ခရီးထွက်နေတာပဲ ဒီလိုမျိုး စွမ်းဆောင်မှုမျိုးကို ... ငါတို့ လေးစားရမယ်။ ”

ဧကရာဇ်နန်းတော်အတွင်း၌ ကျိုးကျစ်လီတစ်ယောက် စိတ်လှုပ်ရှားစွာ လမ်းလျှောက်နေလေသည်။

သို့သော် များမကြာခင်မှာပင် စုရီကို တိုင်းပြည်၏ အလှဆုံးအမျိုးသမီးများပေးပို့ရန် အတွေးရလာ​၏။

“ မေ့လိုက်ပါ နန်းတော်ဘဏ္ဍာတိုက်က ရှားပါးရတနာတချို့ကို ရွေးပြီး သူ့ဆီပို့လိုက်တာ ပိုကောင်းပါတယ် အစ်ကိုစုက ဂရုမစိုက်ပေမယ့် လုံလုံလောက်လောက် ဖြစ်နေရမယ်။ ”

ကျိုးကျစ်လီမှ ဆုံးဖြတ်လိုက်၏။

“ တစ်ယောက်ယောက် ဒီကိုလာစမ်း၊ နန်းတော်ဘဏ္ဍာတိုက်သွားပြီး ကောင်းကင်ရနံ့ အနှစ်သာရ၊ နဂါးအမှတ်အသား ကျောက်စိမ်းနဲ့ အဖေ့ဘဏ္ဍာတိုက်ထဲက နှစ်တစ်ထောင် စပါးအုံးသည်းခြေကို ထုတ်ယူခဲ့ပါ။ ”

ကျိုးကျစ်လီက အမိန့်ပေးပြီးနောက်တွင် ပင်မခန်းမဆောင်ကြီးရှိ နန်းတွင်းရေးရာများကို ကူညီဆောင်ရွက်ပေးနေသော ဟုန်ရှန့်ရှန်ထံ လှည့်ကြည့်ပြီး၊

“ အဘိုးကြီးဟုန် ... ဒီရတနာတွေနဲ့ လုံလောက်တယ်လို့ မင်းထင်သလား။ ”

-ဟု အကြံဉာဏ်တောင်းခံလိုက်၏။

ဟုန်ရှန့်ရှန် နှုတ်ခမ်းထောင့် တွန့်ကွေးသွားသည်။ ဤသည်မှာ ဧကရာဇ်ကျိုး ရှာဖွေထားခဲ့သော ရတနာများဖြစ်ချေ၏။ တစ်ခုချင်းစီကပင် တန်ဖိုးမနည်းချေ။

“ အရှင်မင်းကြီး ... အရေးကြီးဆုံးက ရည်ရွယ်ချက်ပါပဲ။ ”

“ အိုး ... မှန်တယ်၊ အချိန်ရရင် ကျေးဇူးတင်ကြောင်းပြောဖို့ အစ်ကိုစုကို ငါကိုယ်တိုင် သွားတွေ့ရမယ်။ ”

လက်စက်ဝန်းဂိုဏ်းနှင့် စုရီတို့၏ တိုက်ပွဲသည် မဟာကျိုးမင်းဆက်ဂုဏ်သိက္ခာကို တိုက်ရိုက်မြင့်တက်စေ၏။

ယင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု မျှသာမကဘဲ မဟာဝေမင်းဆက်အပေါ် အလွန် အဟန့်အတား ဖြစ်စေပေလိမ့်မည်။

မဟာဝေနှင့် မဟာချင်သည် မဟာကျိုး၌ လာရှုပ်လိုသော် ဤဖြစ်စဉ်အပေါ် သင်ခန်းစာ ယူရပေလိမ့်မည်။

ထိုအချိန်တွင် စုရီသည် ကောင်းကင်မူလ အကယ်ဒမီသို့ ပြန်ရောက်လာပြီး နင်စစ်ဟွာဖြင့် စကားစမြည်ပြောနေ၏။

“ လစက်ဝန်းဂိုဏ်းကို သင်ခန်းစာယူပြီး မဟာဝေနိုင်ငံက မဟာကျိုးဆီကို လာဝံ့တော့မှာ မဟုတ်ဘူး။ ”

နင်စစ်ဟွာက ကြိမ်ကုလားထိုင်ပေါ်၌ လက်ဖက်ရည်သောက်နေသော စုရီထံကြည့်ပြီး ပြုံးကာဆိုလိုက်၏။

“ မင်း ... ငါ့ကို ပြောစရာရှိတယ် မဟုတ်လား ပြောပါ။ ”

စုရီက ထိုအကြောင်းကို ပြောရန် ပျင်းရိလာသည်။ နင်စစ်ဟွာက ခေါင်းညိတ်ကာ၊

“ လန်စုက မဟာချင်မင်းဆက်ရဲ့ အန္တရာယ်အရှိဆုံး နေရာဖြစ်တဲ့ ဝိညာဉ်ပင်လယ် ကောင်းကင်မှာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းပို့ထားတယ် ... ဒါဟာ ရှေးဟောင်း အမွေအနှစ်တစ်ခု ပေါ်ထွက်လာတယ်လို့လည်း သံသယဝင်နေတယ်။ ”

“ အကြောင်းပြချက်က ... ။ ”

“ အကြောင်းပြချက်က ... ကောင်းကင်မှာ ​​ဆန်းကြယ်တဲ့ အသံတွေနဲ့ နန်းတော်တစ်ခုလို ပုံရိပ်တွေ ​ပေါ်လာတယ်။ ”

နင်စစ်ဟွာမှ ပြန်ဖြေ၏။

“ တခြားဘာရှိသေးလဲ။ ”

“ လန်စုအနေနဲ့ ဒီထက်ပိုပြီး အတိအကျ မရှင်းပြတတ်ဘူး ... တန်ခိုးရှင် ဓားမျှော်စင်နဲ့ ဆက်နွှယ်နေနိုင်တယ်လို့တော့ သူ့ဆရာက မှတ်ချက်ပေးထားတယ်။ ”

ရှေးကျအင်အားစုတစ်ခုသည် သူတို့ကိုယ်သူတို့ တန်ခိုးရှင်များဟု ခေါ်ဆိုဝံ့ကြ သည်လော။ စုရီမှမျက်ခုံးပင့်သွားကာ၊

“ နတ်ဆိုးတွေက မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ တန်ခိုးရှင်တွေ နတ်ဘုရားတွေ ဆိုတဲ့ နာမ်စားတွေသုံးပြီး ...

... သူတို့ရဲ့ ယုတ်ညံ့တဲ့ ခန္ဓာကိုယ်ကို စွန့်ခွာအသွင်ပြောင်းကြတယ် ဒီလိုနည်းလမ်းနဲ့ သူတို့က စစ်မှန်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာတတ်ကြတယ်။ ”

နင်စစ်ဟွာက အံ့အားသင့်သွားပြီး၊

“ ဒါကို ငါပထမဆုံး အကြိမ်ကြားဖူးတာပဲ တာအိုမိတ်ဆွေ ... ဒီရုတ်ချည်း ပြောင်းလဲလာမှု ဖြစ်စဉ်အပေါ် စိတ်ဝင်စားသလား၊ လန်စုက သူနဲ့လိုက်ဖို့ မျှော်လင့်နေတယ်။ ”

စုရီတစ်ယောက် အနည်းငယ် ထူးဆန်းသွားသည်။ မကြာသေးမီကပင် မဟာရှ သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲသို့ သွားရန် ယွီရှစ်ချန်မှ ဖိတ်ကြားခြင်းခံရ၏။

ယခုလန်စုမှ ဝိညာဉ်ပင်လယ်သို့ သွားရန် ဖိတ်ကြားနေပြန်သည်။ လက်ရှိအချိန်၌ သူသည် လူကြိုက်များသော ခရီးသွားဖော်တစ်ဦး ဖြစ်သွားပုံရ၏။

“ ဝှီး ... ။ ”

စုရီက ခဏမျှ တွေးတောနေခဲ့ပြီး စကားပြန်တော့မည့် အချိန်တွင် လျှပ်စီးငှက် တစ်ကောင်သည် ရုတ်တရက် ကောင်းကင်မှ ဆင်းသက်သည်ကို မြင်လိုက်ရ၏။

၎င်းက နီးစပ်ရာ ထင်းရှူးပင်ပေါ်သို့ ခိုနားကာ ခြေသည်းကြားရှိ စာလိပ်တစ်လိပ်ကို လွှတ်ချလိုက်သည်။

“ ဖရူး ... ။ ”

စာလိပ်သည် အဆုံးမရှိသော ရွှေပေလွှာအလား မြေပြင်ပေါ်သို့ ရှည်လျားစွာ ပြေကျလာပြီး အလင်းရောင်များ ပြိုးပြက် တောက်ပလာတော့၏။

***

All Chapters