← Chapters

သတင်းပေးသမား

Vol. 120 Ch. 1789

သတင်းပေးသမား

Vol. 120 Ch. 1789

အတင်းချိုးဖောက် ၀င်ရောက်မည့် အမိန့်ကို ပေးသူက လုပေချိန်ဖြစ်သည်။

ထိုအဘိုးကြီး၏ မြန်ဆန်ပြီး ပြတ်သားသည့် စိတ်နေစရိုက်ဖြင့် ဆိုပါက ပြောသည့်အတိုင်း လုပ်မည်မှာ သေချာပေါက်ပင်။

သို့သော် ဤအရေး၌ အဖွဲ့အစည်း တော်တော်များများ ပါ၀င်ပတ်သက်နေပြီး လောဂျစ်ကျကျ အောင်မြင်မှု ရရှိရန်၌ ခက်ခဲမှုတစ်ချို့လည်း ရှိသည်။

အဖွဲ့အစည်းများစွာ ပေါင်းစည်းထားသည့် လက်ရှိ အခြေအနေ၌ ဟွာရှ၏ တပ်ဖွဲ့များက ပိတ်ဆို့တားဆီးခံထားရမည်မှာ ကျိန်းသေပေါက်ပင်။ ဤသည်က လုံး၀နီးပါး သေချာသည်။

သို့သော် သူနှင့် ကျိုးလျန်တို့က စန်တာ ကလယ်ရာတွင် ရှိနေပြီး ထိုအကြောင်းကို မည်သူကမျှလည်း မသိချေ။

လျိုဟုန်သာလျှင် သူတို့၏ နေရာအတိအကျကို သိထားသည်။

အလှမ်းမ‌ကွာဝေးသည့် အချက်ကိုပါ ထည့်သွင်းလိုက်မည်ဆိုပါက လူများအား လျင်လျင်မြန်မြန် စေလွှတ်နိုင်ပြီး ပိတ်ပင်မည့်လူလည်း ရှိမှာ မဟုတ်ချေ။

သို့သော် ယခုလက်ရှိ အခြေအနေမှာတော့ သူတို့ထံ မည်သူကမျှလည်း မရောက်လာဘဲ ကြည့်ရသည်မှာ အကူအညီ ရောက်လာသူများက လမ်းတွင် ဟန့်တားခံနေရသည့်ပုံစံပင်။

ထိုသို့ဆိုပါက သူတို့၏ တည်နေရာသတင်းအချက်အလက်သည်လည်း ပေါက်ကြားခံလိုက်ရပြီ ဟူသည့် သဘောပင်။

မဟုတ်ပါက ထိုလူများမှာ မည်သည့်ကြောင့်နှင့် လမ်းကြောင်းကို ကြိုသိပြီး အကူအညီများအား တားဆီးနိုင်လိမ့်မည်နည်း။

" ထတော့ ... "

လင်းရီသည် တစ်၀က်ကျန်သေးသည့် ရေဘူးအား ကျိုးလျန် အိပ်နေသည့် နေရာသို့ ပစ်ပေါက်လိုက်သည်။

တစ်ဖက်သူမှာ အိပ်စုံမှုန်မွှားဖြင့် နိုးလာခဲ့ပြီး

" ဘာလဲ... ဘာဖြစ်တာလဲ... ကျုပ် နှစ်မိနစ်လောက်ပဲ အိပ်ရသေးတာကို ခေါင်းဆောင်ကလည်းဗျာ.... "

" ဘယ် နှမိနစ် .... မင်း အိပ်နေတာ နှစ်နာရီကျော်နေပြီကွ.... "

ကျိုးလျန်သည် မျက်လုံးအား ပွတ်တိုက်လိုက်ပြီး လေလျော့ခံထားရသည့် ပူဖောင်းကဲ့သို့ " မရတော့ဘူး... ကျုပ် အရမ်း ပင်ပန်းနေပြီ... ဒီထက် ပို မရတော့ဘူး.... "

" နိုးနိုးကြားကြားနေစမ်း... ငါ့ ခံစားချက်တွေ မကောင်းဘူး.... ငါတို့ရဲ့ တည်‌နေရာ ဖော်ထုတ်ခံလိုက်ရပြီလား မသိဘူး.... "

" ခေါင်းဆောင်ကလည်းဗျာ... ကျုပ်တို့ ဒီရောက်တာမှ နှစ်နာရီလား ရှိသေးတယ်... တည်နေရာ ဖော်ထုတ်ခံလိုက်ရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ... ပြီးတော့ ကျုပ်တို့အခု ကောင်းကောင်းမွန်မွန် ပုန်းနေတယ် မဟုတ်ဘူးလား.... မဖြစ်နိုင်တာတွေ.... "

" ငါလည်း မှားပါစေ ဆုတောင်းနေတာပဲ ... ဒါပေမယ့် သတိထားလို့တော့ အမှား မရှိပါဘူး.... "

" ကျုပ်ကတော့ ခင်များ အစိုးရိမ်လွန်နေတယ်လို့ပဲ ထင်တယ်... "

ကျိုးလျန် မတ်တပ်ရပ်၍ ပြောလိုက်ပြီး " သွားပြီး ခဏလောက်မှေးလိုက်... ကျုပ် ကင်းစောင့်ပေးထားမယ် ..."

" ငါ အိပ်လို့ မရဘူး... နောက် နှစ်နာရီလောက်ပဲ တောင့်ခံ .... ချိုးယွီလော့နဲ့ နင်ချဲ့ ရောက်လာတော့မှာ... နောက်ထပ် နည်းနည်းပဲ ... "

ဘွန်း ဘွန်း ဘွန်း ...

နှစ်ယောက် စကားပြောနေစဉ်မှာပဲ အင်ဂျင်ဟိန်းသံများအား ကြားလိုက်ရသည်။

သူ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ သံချေးတက်နေသည့် SUV နှစ်စင်းက အဝေးမှ ရောက်လာနေသည်အား မြင်တွေ့လိုက်ရသည်။

သို့သော် သူတို့နှစ်ယောက်အား အံ့အားသင့်သွားစေသည်က ယင်း SUV များသည် သူတို့ တည်းခိုခန်း အသေးစားလေး၏ ရှေ့မှောက်၌ အမှန်တကယ် ထိုးရပ်လာခဲ့ခြင်းကိုပင်။

လူ ခုနစ်ယောက် ရှစ်ယောက်မှာ ကားပေါ်မှ ဆင်းလာခဲ့ကြပြီး အကုန်လုံးက စစ်စိမ်းရောင် ယူနီဖောင်းများနှင့် လက်ထဲတွင် သေနတ်များအား အသီးသီး ‌ကိုင်ဆောင်ထားကြသည်။

၎င်းတို့ ကြည့်ရသည်မှာ အထဲသို့ ၀င်လာချင်နေသည့်ဟန်ပင်။

ထိုအဖြစ်ပျက်ကို မြင်တော့ လင်းရီနှင့် ကျိုးလျန်တို့ နှစ်ဦးလုံး နဖူးထက်၌ ချွေးအေးများ စီးကျလာခဲ့ကြ၏။

အဘယ်ကြောင့်‌ဆိုသော် ယခု ရောက်လာသူများ၏ ယူနီဖောင်း၌ တူညီသည့် အနက်ရောင် မြွေဟောက် သင်္ကေတများ ပါရှိနေသောကြောင့်ပင်။

သူတို့အား ယခင် မနက်ခင်းတုန်းက ဗျူရိုအဆောက်အဦးရှေ့၌ တိုက်ခိုက်သွားခဲ့သည့် လူများနှင့် အတူတူပင်။

" လခွမ်းပဲ... ဒီကောင်တွေ ဒီလောက် အနံ့ခံကောင်းရအောင် ခွေးတွေလား... ဒီလောက် အမြန်ကြီး ရောက်ချလာတယ်.... "

ဘန်း ...

ထိုအချိန်တွင် သေနတ်ဖောက်သံ တစ်ချက် ထွက်လာပြီး သူတို့ လှမ်းကြည့်လိုက်တော့ ထိုလူများ ၀င်လာမည်ကို ဟန့်တားနေသည့် တည်းခိုခန်း ပိုင်ရှင်မှာ ပစ်သတ်ခံလိုက်ရလေသည်။

ထိတ်လန့်တကြား အော်ဟစ်သံတို့က လမ်းတစ်လျှောက် ဆူညံသွားပြီး ဖြတ်သွားဖြတ်လာ လူများအားလုံးမှ ၎င်းတို့၏ ခေါင်းများအား အုပ်ကာ မြွေလိမ်မြွေကောက် ထွက်ပြေးသွားခဲ့ကြသည်။ တချို့ကလည်း နီးစပ်ရာ နေရာတစ်ခုခု၌ မိမိကိုယ်ကို အကာအကွယ် ယူကြ၏။

“ လုပ်တော့ … ငါက အရှေ့ခြမ်း ဂရုစိုက်လိုက်မယ်… မင်း နောက်ဘက်ခြမ်းကို တာ၀န်ယူလိုက် …”

“ ဟုတ်ကဲ့ …”

နှစ်ယောက်သား လက်နက်များအား အသင့်ပြင်ဆင်၍ ပြတင်းပေါက်ဘေးသို့ ထွက်ကာ ပစ်မှတ်အား ချက်ချင်း ချိန်ရွယ်ပစ်ခတ်လိုက်ကြသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း …

အချက်ရေ အနည်းငယ် ပစ်ခတ်ပြီးသည့်နောက်တွင် လူ သုံးယောက် ကျသွားခဲ့၏။ ကျန်သည့် ငါးယောက်မှာ တစ်ပြိုင်တည်းလိုလို ၎င်းတို့၏ သေနတ်များအား မြှောက်ကာ လင်းရီနှင့် ကျိုးလျန်တို့ ရှိရာဘက်သို့ ပြန်လည် ပစ်ခတ်လာကြသည်။

နှစ်ဘက်ခြမ်းရှိ လူအင်အားက ကွာဟမှု သိပ်မရှိသဖြင့် လင်းရီနှင့် ကျိုးလျန်တို့မှာ လက်ရည် အသာစီး ရရှိနေသည်။ ကျန်သည့် လူငါးယောက်လုံးမှာလည်း တစ်မိနစ် အတွင်း အပြတ်ရှင်းခံလိုက်ရ၏။

“ သွားစို့ … ခုန်ချလိုက်…”

အမိန့်ပေးသံနှင့်အတူ နှစ်ယောက်သား ပြတင်းပေါက်မှတဆင့် တစ်ယောက်ပြီးတစ်ယောက် ခုန်ချကာ စားသောက်ဆိုင် ဝင်ပေါက်ဝ၌ ရပ်ထားသည့် ဖို့ဒ်ထံသို့ ပြေးလာခဲ့ကြသည်။

လီဗာအား နင်းလိုက်သည်နှင့် ဖို့ဒ်၏ အင်ဂျင်ဟိန်းသံနှင့်အတူ ရှေ့သို့ လျင်မြန်စွာ ပြေးတက်သွားခဲ့လေသည်။

“ လခွမ်းလိုပဲ … ဒီကောင်တွေ ရေဒါကနေ တဆင့် ကျုပ်တို့ကို ဖမ်းမိသွားတာများလား …”

“ တကယ်လို့ ရေဒါကနေ ဖမ်းမိသွားတယ်ဆိုရင် ဘာမှ မဖြစ်ဘူး … ကြောက်စရာ အကောင်းဆုံးက ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေမှာကိုပဲ …”

ကျိုးလျန် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ လင်းရီ၏ မှန်းဆမှုက သူ၏ ရင်ဘက်ကြီးအား ကဆုန်ဆိုင်းသွားစေသည်။

“ မဖြစ်နိုင်လောက်ဘူးနော်… ကျုံးဝေ့တပ်ဖွဲ့ထဲမှာ အဲ့လိုလူမျိုး ပေါ်လာတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …”

“ ငါလည်း ဖြစ်နိုင်ရင် မယုံကြည်ချင်ဘူး … ဒါပေမယ့် အချက်အလက်တွေ အကုန်လုံးက အဲ့လို ဖြစ်နိုင်ချေကို ညွှန်ပြနေတာပဲ …”

ပြောရင်းဖြင့် လင်းရီသည် ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ပြီး မည်သည့်အန္တရာယ်ကိုမျှ မတွေ့ရသော အခါမှ စကားကို ဆက်ပြောသည်။

“ ငါတို့ကောင်တွေကို ဆူလန်မှာ ရှာတွေ့သွားခဲ့တာက တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်မယ်… ဒါပေမယ့် စန်တာ ကလယ်ရာမှာ ရှာတွေ့သွားတာကတော့ တိုက်ဆိုင်မှု လုံးဝ မဟုတ်ဘူး …”

ကျိုးလျန် တိတ်ဆိတ်သွားခဲ့ပြီး ဘာမျှ မဆိုခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် အရာနှစ်ခုက တိုက်ဆိုင်လွန်းနေခဲ့သောကြောင့်ပင်။ ယခုလေးတင် အနက်ရောင်မြွေဟောက်၏ အဖွဲ့ဝင်များက ဘေးပတ်ဝန်းကျင်ကိုပင် ဂရုပြုမနေချေ။ သူတို့ကားကို မြင်သော်လည်း အာရုံပင် မပေးခဲ့ကာ သူတို့ တည်းခိုနေသည့် နေရာ ရှေ့မှောက်သို့ တိုက်ရိုက် ရပ်တန့်လာခဲ့၏။

အကယ်၍ တိကျခိုင်မာသည့် သတင်းအချက်အလက်သာ မရရှိထားခဲ့ဘူးဆိုပါက တိုင်ဆိုင်မှု သပ်သပ်ဖြင့် သူတို့ တည်းခိုနေသည့် နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာနိုင်မည်လို့ ကျိုးလျန် မယုံကြည်ပေ။

ထို့ကြောင့် ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သစ္စာဖောက် တစ်ယောက် ရှိနေသည်မှာ အတော်လေး ဖြစ်နိုင်ချေများ၏။

“ ဓာတ်ဆီ လောင်းလိုက် … “ လင်းရီ ပြောလိုက်ပြီး “ ခဏနေ ပိုပိုပြီး များတဲ့လူတွေ စန်တာ ကလယ်ရာကို လာကြတော့မှာ … ငါတို့တွေဘက်က အရင်ဆုံး ပရမ်းပတာ အခြေအနေ ဖြစ်အောင် လုပ်ထားရင် ထွက်ပြေးဖို့ အခွင့်အရေး ရှိသေးတယ်…”

“ နားလည်ပြီ…”

ကျိုးလျန်သည် ဓာတ်ဆီပုံးအား ဖွင့်၍ တစ်စိတ်တစ်ပိုင်းကို ပြတင်းပေါက်မှတဆင့် လောင်းချလိုက်သည်။ ထို့နောက် ကျည်ဆံများအား အသုံးပြု၍ မီးညှိလိုက်၏။

မီးတို့က ဟုန်းဟုန်းတောက် လောင်ကျွမ်းလာပြီး အနက်ရောင် မီးခိုးလုံးတို့က လူ၏ အမြင်ကို နှောင့်ယှက်လာခဲ့ကာ နှစ်ယောက်အား ဝိုင်းရံထားခံရသည့် အခြေအနေမှ လွတ်မြောက်ရန် အခွင့်အရေးကောင်းတစ်ခုအား ဖြစ်ပေါ်လာစေသည်။

လင်းရီသည် ကားကို မတူညီသည့် ဦးတည်ရာဘက်သို့ မောင်းနှင်သွားခဲ့ပြီး ကျိုးလျန်ကလည်း နေရာအနှံ့ မီးလိုက်ရှို့နေလျက် ရှိသည်။

မဆိုင်းမတွ ဆိုသလို စန်တာကလယ်ရာမြို့သည် မီးတောက်လွှမ်းသည့် မြို့တစ်ခု ဖြစ်သွားခဲ့ပြီး မီးခိုးနှင့် ဖုန်တို့က နေရာအနှံ့ ပျံ့လွင့်နေကာ ဆယ်မီတာ အကွာအဝေးလောက်သို့သာ လှမ်းမြင်နိုင်တော့၏။

“ ခေါင်းဆောင် … ဂရုစိုက် … ရှေ့မှာ တစ်ယောက်ယောက် ရှိတယ်…”

ကျိုးလျန် သူ့အား သတိပေးလိုက်သည့် အချိန်မှာပဲ ကားမှန်ပြတင်းပေါက်မှာ ရုတ်ချည်း အက်ကွဲသွားခဲ့ပြီး မှန်ကွဲ အစအနတို့က နေရာအနှံ့ ပျံသန်းသွားခဲ့၏။

လင်းရီ ခေါင်းကို ချက်ချင်း ငုံ့ချလိုက်သည်။ ဖန်ကွဲစ တစ်ခုက သူ၏ လက်မောင်းကို ပြတ်ရှသွားခဲ့ပြီး မျက်နှာတွင် သွေးစက်တို့ စွန်းထင်းသွားခဲ့သည်။

ကားမှာ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားပြီး လမ်းဘေးရှိ ဖုန်းတိုင်ကို ဝင်ကျုံးမိသွားခဲ့သည်။

ကံကောင်းစွာဖြင့် လင်းရီမှာ အချိန်မီ တုံ့ပြန်နိုင်လိုက်ပြီး လမ်းကြောင်းမှန်သို့ ပြန်လည် ဆွဲတင်နိုင်လောက်သောကြောင့်ပင်။ မဟုတ်ပါက နှစ်ယောက်မှာ ပွဲသိမ်းနေလောက်ချေပြီ။

ဘန်း ဘန်း ဘန်း ဘန်း …

နောက်ထပ် သေနတ်ပစ်ခတ်သံ အတွဲလိုက် ထွက်ပေါ်လာပြီး ဖို့ဒ်၏ စတီးပြားများသို့ လာရောက် ထိမှန်သည်။

' ကလန် ကလန် ' မည်သံတို့က ဆက်တိုက် ထွက်ပေါ်နေပြီး ကား၏ ကိုယ်ထည်တွင် ကျည်ပေါက်ရာတို့ ဖြစ်ပေါ်လာခဲ့၏။

အနောက်ထိုင်ခုံတွင် ထိုင်နေသည့် ကျိုးလျန်သည် သူ၏ လက်နက်အား အပေါ်သို့ မြောက်၍ ကြမ်းတမ်းစွာ ပစ်ခတ်လိုက်သည်။ တစ်ချိန်တည်းတွင် လင်းရီအတွက် အခွင့်အရေး တစ်ရပ်ကို ဖန်တီးပေးလိုက်၏။

ထိုကဲ့သို့သော အခြေအနေအောက်၌ အကယ်၍ သူတို့ဘက်မှ မည်သည့် တန်ပြန်တိုက်ခိုက်မှုကိုမျှ မပြုလုပ်ဘူးဆိုပါက နှစ်ယောက်မှာ မိနစ်ပိုင်းထက် ပို၍ ကြာရှည်ခံမှာ မဟုတ်ချေ။

“ သေချာထိုင် … ငါကွေ့တော့မယ်…”

သတိပေးသံတစ်ချက်နှင့်အတူ လင်းရီသည် စတီယာရင်ဘီးအား လှည့်၍ လမ်းကျဉ်းလေးထဲ ချက်ချင်း ဦးတည်မောင်းနှင်လိုက်သည်။

လမ်းကျဉ်းလေးထဲတွင် ကြီးမားသည့် ဖိုဒ်၏ ကိုယ်ထည်က ပြည့်ညပ်လု နီးပါး ဖြစ်နေသည်။

သူတို့နှင့် နံရံကြား အကွာအဝေးမှာ ဆယ်စင်တီမီတာလောက်သာလျှင် လှမ်းပြီး အကယ်၍ လင်းရီ၏ ထူးချွန်ကျွမ်းကျင်သည့် ယာဉ်မောင်းစကေးတို့ကြောင့်သာ မဟုတ်ဘူးဆိုပါက နှစ်ယောက်မှာ နံရံအား တိုက်မိပြီး ပိတ်မိနေလောက်ချေပြီ။

သို့ဖြစ်စေသည့်တိုင်အောင် ကားကိုယ်ထည် နံရံများ၌ ခြစ်ရာများတော့ ရရှိသွားဆဲဖြစ်၏။

ကား၏ ဘေးမှန်များ အားလုံးမှာတော့ ပြုတ်ကျကျန်နေရစ်ခဲ့ချေပြီ။ သို့သော်လည်း အနောက်မှ လိုက်ပါလာသူများကြောင့် လင်းရီသည် သူ၏ အရှိန်ကို လျှော့ချလိုက်ခြင်း မရှိချေ။ မြန်ဆန်သည့် အမြန်နှုန်းကို ထိန်းသိမ်းထားရမည် ဖြစ်၏။

ကျိုးလျန်မှာမူ သေနတ်အား တင်းကြပ်နေအောင် ဆုပ်ကိုင်ထားရင်း အနောက်မှ လိုက်ပါလာသူများအား အခွင့်အရေး ရရင်ရသလို ပစ်ခတ်သည်။ သို့သော် ဆယ်ယောက်ထက်မနည်းသည့် လူများမှ ပြန်လည် ပစ်ခတ်လာသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသော် တောင့်ခံနိုင်ဖို့ဆိုသည်မှာ အတော်လေး ခက်ခဲသည့်အရာပင်။

“ ဂိန်ပြီ ခေါင်းဆောင်ရေ .. ရှေ့မှာ လမ်းပိတ်ထားတယ်…”

All Chapters