← Chapters

သားကောင်နဲ့ ကစားသမား

Vol. 120 Ch. 1792

သားကောင်နဲ့ ကစားသမား

Vol. 120 Ch. 1792

ကျိုးလျန် ပြုံးလိုက်ပြီး “ ဘက်စ်လေး ၁၀ ကီလိုကတောင် ဒီလောက်ထိ တစ်ကမ္ဘာလုံးကို အုံးအုံးကြွပ်ကြွပ် ဖြစ်သွားစေတာ အမှန်အတိုင်း ပြောရရင် တိလိရာ့ကျွန်းက ဘယ်လိုမျိုးလဲဆိုတာ ကျုပ် တကယ်ကြီး မြင်ကြည့်ချင်လာပြီ…”

“ မင်းမှာ အခွင့်အရေးရှိရင် ပိုက်ဆံယူပြီး ကိုယ့် အသက်အာမခံ ဝယ် … မင်းရဲ့ မိဘတွေကို အကျိုးခံစားခွင့် ရှိတဲ့သူ အဖြစ် မှတ်ထားလိုက် … တကယ်လို့ တစ်ခုခု ဖြစ်လာတယ်ဆို သူတို့လည်း အဲ့ဒီငွေတွေနဲ့ ဒုတိယ ကလေး ဒါမှမဟုတ် တတိယ ကလေး ယူလို့ အဆင်ပြေတာပေါ့ …” လင်းရီ စနောက်လိုက်သည်။

“ အဲ့အကြောင်း မပြောစမ်းနဲ့ဗျာ .. ကျုပ် ယွမ် သန်း ၅၀ သုံးပြီး အသက်အာမခံ ဝယ်တာ ဘာဖြစ်တယ်ထင်လဲ …”

“ အငြင်းခံလိုက်ရတာလား …”

“ အဟုတ်ပဲ … ကျုပ်ရဲ့ အလုပ်အကိုင်ကို မြင်တာနဲ့ တန်းငြင်းတော့တာပဲ …”

“ ဆိုတော့ မင်းမှာ ဘာအာမခံမှ မရှိဘူးပေါ့ …”

“ အတိအကျကြီးတော့ ဘယ်ဟုတ်မှာ … ကျုပ် မိသားစုက ကျေးလက်ဒေသဘက်ကဆိုတော့ ကျေးလက် သမဝါယမ ဆေးစနစ်တော့ ရှိတယ်… နှစ်စဉ်ကြေးက ယွမ် ၁၂၀ တည်းပဲ …”

“ အမ် … ကောင်းသားပဲ … ဘာမှမရှိတာထက် စာရင်တော့ ကောင်းတာပေါ့ …”

“ ကျုပ် အာမခံအကြောင်းတောင် ဆက်မတွေးနိုင်တော့ဘူး … ဗိုက်ဆာလှပြီ…” ကျိုးလျန် အပြုံးဖြင့် ပြောလိုက်၏။

သူ၏ စိတ်အခြေအနေက အကန့်အသတ်သို့ ရောက်ရှိနေသည်မှာ သိသာလှသည်။

“ နောက် နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ …” လင်းရီ နှစ်သိမ့်ပေးလိုက်ပြီး “ သူတို့ ရှာနေကြတာ အရင်ကလောက် မပြင်းထန်တော့ဘူးလို့ ခံစားရတယ်… ငါတို့ မကြာခင် ထွက်လို့ ရရင် ရတော့မှာ ….”

“ အိုကေ …”

……..

ကျိုးဟိုင် ။ ကျိုကျုံးဗီလာ။

ကျီချင်းရန် သူမ နဖူးအား ကိုင်ထားပြီး မျက်နှာမှာ ချောင်ကျလျက် ဆံပင်မှာလည်း ဖွာလန်ကျဲနေကာ အသားအရေသည်လည်း ယခင်ကကဲ့သို့ ကောင်းမွန်ခြင်း မရှိတော့ချေ။

သူမ၏ သွင်ပြင်က အလွန်အမင်း ခြေကုန်လက်ပမ်းကျနေသည့် ပုံစံပင်။

အိမ်ထဲတွင်တော့ သူမ တစ်ဦးတည်းသာ ရှိသည်မဟုတ်ဘဲ ဘေးတွင် ဟော်ယွမ်ယွမ်ကလည်း ထိုင်နေလျက် ရှိသည်။

ချင်းဟန်၊ လျန်ကျင်းမင်နှင့်‌ ကောင်းကျုံးယွမ်တို့သည်လည်း ထိုနေရာ၌ ရှိနေခဲ့ကြ၏။

အရင် ရှေ့ရက်များ၌ ဟော်ယွမ်ယွမ်သည် ကုမ္ပဏီသို့ မသွားဘဲ ကုမ္ပဏီ၏ ကိစ္စအဝဝကို ထျန်းရန်နှင့်သာ လွှဲထားခဲ့သည်။

သူမမှာ ကျိုကျုံးဗီလာ၌ တစ်ချိန်လုံး ရှိနေပြီး ကျီချင်းရန်အား အဖော်ပြုပေးလျက် ရှိကာ စိတ်ဓာတ် ကျဆင်းမှုကြောင့် ရူးမိုက်သည့် အရာများ ပြုလုပ်သွားမှာကို စိုးရိမ်နေသည်။

လင်းရီနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် သူတို့အားလုံး စုစည်း၍ ပနားမားရှိ အခြေအနေအား အဆက်အသွယ်များမှတဆင့် စုံစမ်းကြည့်လိုက်ရာ သိရှိလိုက်ရသည့် သတင်းကား …

အဓိကရုဏ်း

တစ်မြို့လုံး လော့ဒေါင်း

သေနတ်ပစ်ခတ်မှုများ .....

သတင်းတွေ တစ်ခုပြီးတစ်ခုက သူတို့၏ ထိလွယ်ရှလွယ်သည့် နာ့ဗ်ကြောများကို ဆက်တိုက် လှုံ့ဆော်နေလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီက ပနားမား၌သာ ရှိနေပြီး ထွက်မလာသေးသောကြောင့် ဖြစ်၏။

အကယ်၍ သူတို့သာ လင်းရီနှင့် ဆက်သွယ်နိုင်မည်ဆိုပါက ယခုလို စိုးရိမ်ပူပန်နေကြမှာ မဟုတ်ချေ။

သို့သော် ယခု အဆက်အသွယ် မရဘဲ ရှိနေသည်မှာ သုံးရက်တိုင် ရှိသွားခဲ့ပြီ ဖြစ်၏။

သက်ဆိုင်ရာ ဌာနများသို့ မေးမြန်းစုံစမ်းလျှင်ပင် သတင်းကား မရှိပေ။ ဤသည်က သူတို့၏ ရင်အား ဖုံးလွှမ်းထားသည့် ဧရာမ အရိပ်ကြီး တစ်ခုလိုပါပင်။

“ အစ်မကျီ … အဲ့လောက်ထိလည်း negative ဆန်တဲ့ အတွေးတွေ တွေးမနေနဲ့ … သူဌေးက ဘယ်လိုလူလဲဆိုတာ နင်သိရဲ့သားနဲ့ …” ဟော်ယွမ်ယွမ် ဖြောင်းဖျလိုက်သည်။

“ တစ်ကမ္ဘာလုံးက လူတွေ သေသွားမယ်ဆိုရင်တောင် သူ အဆင်ပြေနေဦးမှာ သေချာတယ်… အသေးအမွှား ကိစ္စလေး ဖြစ်ရင်လည်း ဖြစ်မှာပါ … လိုင်းတွေ ပိတ်ထားလို့သာ ကိုယ့်ဘက်က ဆက်သွယ်လို့မရ ဖြစ်နေတာ …”

ဟော်ယွမ်ယွမ်မှာ အခြားသူများအား ဖြောင်းဖျနှစ်သိမ့်ပေးသည့် နေရာ၌ ကျွမ်းကျင်သည့် လူတစ်ဦး မဟုတ်ချေ။ သူမ၏ စကားလုံးများက ထိရောက်မှု မရှိဘဲ အက်ကြောင်းထပ်နေသည်မှာလည်း ကိုယ့်ကိုယ်ကို သိသည်။ သူမ ကိုယ်တိုင်ပင် ထိုစကားအား ငြီးငွေ့လောက်သည်အထိ အကြိမ်ရေ မည်မျှ ပြောခဲ့မိမှန်း မသိတော့ချေ။

“ ငါ သိတယ်…”

ကျီချင်းရန်သည် ဆံပင်အား လက်ချောင်းများဖြင့် ထိုးဖွလိုက်၏။ ယခင်ရက်များ၌ ကောင်းစွာ အနားယူထားခြင်း မရှိသည်က သူမ၏ စိတ်အခြေအနေအား ပို၍ ဆိုးသွားစေသည်။

အနက်ရောင် အကွင်းကြီးများနှင့် ဖိအားတို့က သူမထံသို့ ပျော်ပျော်ရွှင်ရွှင်ကြီး ဆိုက်ရောက်လာခဲ့တော့သည်။

ဤလူများအနက် လင်းရီအကြောင်းကို သူမကိုယ်တိုင်သာ အသိဆုံးပင်။

လင်းရီက အရမ်း ဉာဏ်ထက်ပြီး တိုက်ခိုက်ရာ၌ ကျွမ်းကျင်လိမ္မာသည်ကိုလည်း သိသည်။ သာမန် အန္တရာယ်လောက်ကတော့ သူ့အား မထိခိုက်စေနိုင်ပေ။

သို့ပေမယ့် သူမ စိတ်အတွင်းပိုင်း တစ်နေရာရှိ အသံတစ်ခုက ပြောပြနေသည်မှာ ထိုအရာက သူမ ဖြစ်ချင်သည့် ဆန္ဒများ သပ်သပ်သာ ဟူ၍ပင်။

အကယ်၍ မတော်တဆမှုများ အားလုံးကသာ ကြိုတင်မျှော်လင့် တွက်ဆ၍ ရနေမည်ဆိုပါက ထိုသို့သော မတော်တဆ ကိစ္စများက ကမ္ဘာကြီးတွင် ဖြစ်ပျက်လာမှာ မဟုတ်ချေ။

“ ငါတို့ စိတ်ကို ပိုဖွင့်ထားပေးဖို့လိုတယ်… စိုးရိမ်နေတယ်ဆိုရင်တောင်မှ ပြဿနာကို ဖြေရှင်းနိုင်တာမှ မဟုတ်တာ….”

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ သူဌေးရဲ့ အထောက်အထားအတွက်ကျတော့ သူက သာမန် စီးပွားရေး တစ်ယောက် ဖြစ်ရုံပဲ မဟုတ်ဘူး … အနောက်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိတယ်… အန္တရာယ် ရှိတယ်ဆိုရင်တောင် အစိုးရ အရာရှိတွေက သူ့ကို ကာကွယ်ပေးဦးမှာ … စိတ်ပူမနေနဲ့ ….”

“ တကယ်လို့ သူသာ အန္တရာယ်ထဲက ထွက်လာနိုင်တယ်ဆိုရင် ငါ့ကို ချက်ချင်း ဆက်သွယ်မှာပေါ့ … ဒါပေမယ့် အခု ဘာသတင်းမှလဲ မကြားရဘူး … ငါက ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ နေနိုင်မှာလဲ …”

“ မရီး … ငါ စုံစမ်းဖို့ လူလွှတ်ထားတယ်… ခဏနေ သတင်းရလာတော့မှာ … ငါတို့တွေ ကြောက်စိတ်မွှန်နေလို့ မဖြစ်ဘူး … လင်းကောက ဒီလောက် အံ့ဩဖို့ကောင်းတာ သူ အဆင်ပြေမှာပါ ….” လျန်ကျင်းမင် ပြောလိုက်သည်။

“ နင့်ကို အလုပ်ရှုပ်စေမိပြီ…”

“ အဲ့စကားတွေ မလိုပါဘူး … အကုန်လုံးက မိသားစုတွေပဲဟာ လင်းကော ရုတ်ချည်း အဆက်အသွယ်ပြတ်သွားတော့ ငါတို့လည်း ငြိမ်ငြိမ် ထိုင်မနေနိုင်ဘူး …”

ကျီချင်းရန် ဘာမျှ မပြောချေ။ သူမ၏ နဖူးကို လက်တစ်ဖက်ဖြင့် ထောကထားရင်း ဆိုဖာဘေးကို မှီကာ စကားပြောဆိုရန်ပင် အားအင်ကုန်ခမ်းနေသည့် ပုံစံ ဖြစ်နေသည်။

ချင်းဟန် စိတ်မကောင်း ဖြစ်သွားခဲ့ပြီး လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ သုံးယောက်သား ဗီလာထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး ခြံဝန်းထဲ၌ စီးကရက် မီးညှိလိုက်ကြ၏။

“ မင်းတို့နှစ်ကောင် ဒီကိစ္စ စုံစမ်းဖို့ လူလွှတ်ထားတယ်မလား … ဘာသတင်း သိရပြီလဲ …”

ချင်းဟန် မေးလိုက်သည်။

“ ချင်မိသားစုရဲ့ အဆက်အသွယ်တွေနဲ့ မင်းတောင် ဘာမှ မသိရတာကို ငါတို့က ဘာတွေ သိနိုင်မှာမို့လို့ …” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ခုလောလောဆယ်တော့ တကယ်ကို ဘာသတင်းမှ မရသေးတာ … ကြည့်ရတာ အာဏာပိုင်တွေကလည်း ဒီကိစ္စကို နှုတ်ပိတ်ထားကြတယ် တူတယ်… စကားတစ်လုံးလေးတောင် မပေါက်ကြားလာဘူး …”

“ တိတ်ဆိတ်လွန်းတယ်… ဒါကြီးက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး …” ချင်းဟန် ပြောလိုက်ပြီး “ ငါ သတင်း တစ်ချို့ တွေ့ထားတယ်ဆိုပဲ တစ်ခုကမှ လင်းကြီးနဲ့တော့ ဆက်စပ်မနေဘူး …”

“ အဲ့တာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ ဖြစ်မယ်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ဒီသတင်းသာ အပြင်ပေါက်ကြားသွားခဲ့ရင် လင်းယွင်အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီ ရှယ်ယာတွေ ထိုးဆင်းကုန်မှာပဲ … A ရှယ်ယာ မားကတ်ထဲမှာ ကသောင်းကနင်းတွေတောင် ဖြစ်သွားနိုင်တယ်… သူတို့တွေ လင်းကောနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ပိတ်ဆို့ထားတာ ပုံမှန်ပါပဲ …”

“ ဒါပေမယ့် တကယ်လို့ သူသာ တကယ် အဆင်ပြေတယ်ဆိုရင် ငါ လခွီးမို့လို့ သတင်းတွေကို ကန့်သတ်ထားဖို့လိုမှာလား …” ချင်းဟန် ကျိန်ဆဲလိုက်သည်။

သူ့ဘေးရှိ လျန်ကျင်းမင်မှ စီးကရက် လေးငါးကြိမ်ခန့် ဖွာလိုက်ပြီး “ တစ်ခုခုတော့ ဖြစ်ကို ဖြစ်နေပြီ…”

နှစ်ယောက်လုံးမှ လျန်ကျင်းမင်အား ပြိုင်တူ စိုက်ကြည့်လိုက်ကြ၏။

“ မင်းရဲ့ ခွေးပါးစပ်က ဘာစကားအကောင်းမှကို ထွက်လာတယ်ရယ် မရှိဘူး … မင်း ဘာတွေ လျှောက်ပြောနေတာ …” ကောင်းကျုံးယွမ် ငေါက်ငမ်းလိုက်၏။

“ ငါလျှောက်ပြောနေတာ မဟုတ်ဘူး ..” လျန်ကျင်းမင် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ငါတို့ မြင်နေရတဲ့ လင်းကြီးရဲ့ အထောက်အထားဆိုတာ တကယ့် အပေါ်ယံလေးပဲ ရှိသေးတယ်…. သူ့မှာ တခြား လျှို့ဝှက် အထောက်အထားတွေ အများကြီး ရှိသေးတယ်…”

လျန်ကျင်းမင်သည် ပြောရင်းဖြင့် ဂျပန်က ဖြစ်ရပ်တစ်ချို့ကို ပြန်တမ်းတမိသွားခဲ့၏။

ထိုစဉ်က လင်းရီမှာ လူအများအပြားကို တစ်ချီတည်း သတ်ဖြတ်ခဲ့၏။ ထို့ပြင် သံရုံးသို့ ရောက်သည့်အခါ၌လည်း နွေးထွေးစွာ ကြိုဆိုခံရသေးသည်။ သာမန်လူဆိုပါက ထိုသို့ ဦးစားပေး ဆက်ဆံခံရမှာ မဟုတ်ချေ။

သူသည်ပင် ထိုသို့ လုပ်ဝံ့သည့် ဇမရှိပေ။

အရေးကြီးဆုံးကတော့ သာမန်လူများက ထိုသို့သော ဖြစ်ရပ်များ၌ ပါဝင်ဖို့ပင် အရည်အချင်း မပြည့်မီပေ။

အဆိုပါ အကြောင်းအရင်းများကြောင့်ပဲ လျန်ကျင်းမင်သည် လင်းရီက ယခု ဖြစ်ရပ်တွင် သားကောင်(ခံရသူ)မဟုတ်ဘဲ ပါဝင်ကစားသည့် ကစားသမားတစ်ယောက် ဖြစ်မည်ဟု ရဲတင်းစွာ မှန်းဆကြည့်လိုက်သည်။

“ ဘာ အထောက်အထားလဲ …”

“ ငါမသိဘူး …” လျန်ကျင်းမင် ပခုံးတွန့်ပြလိုက်ပြီး “ ဒါပေမယ့် တွေးကြည့် … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါတို့တွေ လင်းကောရဲ့ မိတ်ဆွေတွေနဲ့ ထမင်း အတူ မစားခဲ့ဘူးလား … သူတို့တွေကို သာမန်လူတွေလို့ ထင်လား …”

လျန်ကျင်းမင်၏ စကားက သတိပေးသလို ဖြစ်သွာခဲ့ပြီး သူတို့တွေ ထမင်းအတူစားခဲ့ကြသည့် ထိုနေ့အား ပြန်သတိရသွားခဲ့ကြသည်။

ထိုလူများက ချမ်းသာသည့် ဆက်ခံသူများ ဖြစ်ကြသော်လည်း အလွန်အမင်း ပုံမှန်မဟုတ်သည့် အရှိန်အဝါများအား ပိုင်ဆိုင်ထားကြသည်။ အလွန်အမင်း ပွင့်လင်းပြီး ဆိုရှယ်ကျသည့် အပြင် ဖြုံလောက်သည့် တည်ရှိမှုအား ထုတ်လွှတ်သည့် အခိုက်အတန့်မျာလည်း ရှိ၏။

ထိုစဉ်က အဆိုပါ အသေးစိတ်များအား မည်သူကမျှ အာရုံ မထားမိခဲ့ကြဘဲ အပျော်တွေသာ လွန်နေခဲ့မိကြသည်။

ယခု ပြန်တွေးတောကြည့်သည့်အခါမှ ထိုလူများအားလုံးမှာ မြင်ရသည်ထက် ရှုပ်ထွေးနေသည့်ပုံပင်။

“ ငါ … အဲ့ဒီတုန်းက လင်းကြီး ငါ့ဆီ ဖုန်းဆက်ပြီး သူ့ မိတ်ဆွေတစ်ချို့ကို ဧည့်ခံပေးဖို့ ပြင်ဆင်ခိုင်းတုန်းက သူတို့အပေါ် ဘယ်လို မရိုးဖြောင်တဲ့ အကြံတွေ မရှိဖို့ တကူးတက သတိပေးခဲ့တာကို မှတ်မိသေးတယ်… ဖြစ်နိုင်တာ သူတို့ရဲ့ ထူးခြားတဲ့ အထောက်အထားတွေကြောင့် ဖြစ်မယ်…”

All Chapters