← Chapters

ကမ္ဘာပေါ်က ဘယ်သူမှ သူ့ကို မရှာတွေ့နိုင်ဘူး

Vol. 120 Ch. 1793

ကမ္ဘာပေါ်က ဘယ်သူမှ သူ့ကို မရှာတွေ့နိုင်ဘူး

Vol. 120 Ch. 1793

“ မင်း အခုပြောတော့မှပဲ ငါလည်း ထူးဆန်းတာ တစ်ခုကို ပြန်တွေးမိတယ်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ရှေ့ရက်တုန်းက ဒါရိုက်တာချီ ဟွာရှ ပြန်လာတော့ ဟော်ယွမ်ယွမ်နဲ့ ငါ သူ့ဆီ သွားတွေ့တာ သူ့ အတွင်းရေးမူး ဝမ်နန်နဲ့ တွေ့တယ်… အဲ့မှာ သူပြောတာ လင်းကော ပနားမားကို လူရှစ်ယောက်နဲ့ အတူ ရောက်လာတယ်ဆိုပဲ … သူ ပြောပြတဲ့ ပုံစံအတိုင်းဆိုရင် အဲ့လူ ရှစ်ယောက်က ငါတို့နဲ့ အဲ့နေ့က ထမင်းအတူ စားခဲ့တဲ့ လူတွေနဲ့ တူတယ်…”

“ အမှန်ပဲ … သူတို့တွေ အတူသွားကြတာ …” လျန်ကျင်းမင် ပြောလိုက်ပြီး “ ပြီးတော့ မင်းတို့ကောင်တွေ သတိထားမိကြလား … ငါတို့ ထမင်းအတူစားတုန်းက အဲ့လူတွေ လင်းကြီးကို အစ်ကိုရီ ဒါမှမဟုတ် အစ်ကိုကြီးလို့ ခေါ်ကြတာကိုလေ…. သူတို့တွေက လင်းကြီးရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နိုင်တယ်… “

( လောင်တ = အစ်ကိုကြီး = ခေါင်းဆောင် = ဘော့စ်

Soul land မှာ တိုက်မုပိုင်ကို ထန်စန်းတို့က တိုက်လောင်တလို့ ခေါ်တာ သိကြမှာပါ )

“ ဒါဆိုရင်တော့ မင်းပြောတာ မှန်လောက်တယ်…” ချင်းဟန် ပြောလိုက်ပြီး “ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် လင်းကြီးက ဒီကိစ္စမှာ သားကောင် မဟုတ်ဘူး … ပါဝင်နေတဲ့ ကစားသမားပဲ …”

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ တုန်ယင်သွားခဲ့ကြသည်။

အကယ်၍ လင်းကြီးကသာ ဤကိစ္စတွင် ကစားသမားတစ်ယောက်အဖြစ် ပါဝင်နေသည် ဆိုပါက ….

လက်ရှိ အခြေအနေက မည်သို့ ဖြစ်နေမလဲဆိုတာကို ခန့်မှန်းရ ခက်ပြီ ဖြစ်၏။

ထို့ပြင် သူ၏ ဉာဏ်ရည်အစွမ်းအစဖြင့် အန္တရာယ်တောထဲမှ လျင်မြန်စွာ ထွက်ပြီး သူတို့နှင့် ဆက်သွယ်သင့်လေသည်။ သို့သော် ယခု သတင်းတစ်ခုမှလည်း မကြားရသလို မက်ဆေ့ချ် တစ်စောင်ပင် ရောက်မလာချေ။ ဆိုလိုသည်က လင်းရီသည် အန္တရာယ်တောထဲမှ ထွက်မလာနိုင်သေးဘူး ဟူ၍ပင်။

ရှည်ကြာသည့် တိတ်ဆိတ်မှုတစ်ခု ကြီးစိုးပြီးသည့်နောက်တွင် လင်းရီသည် သူတို့ထံသို့ မက်ဆေ့ချ်တစ်ခုပင် မပို့နိုင်ရလောက်အောင် မည်သည့်အရာများ ပြုလုပ်နေလဲဆိုတာ စိတ်ကူးမယဉ်နိုင်ဘဲ ရှိနေကြတော့၏။

ထို့ပြင် တူညီသည့် အတွေးတစ်ခုကလည်း လူတိုင်း၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။

သို့သော် ထိုရလဒ်ကိုတော့ သူတို့ မမြင်ချင်ဆုံးဖြစ်၏။

“ ဒါဆို ငါတို့ကောင်တွေက အခု ဘာလဲလုပ်ကြမှာ … စောက်ရူးတွေလို ဒီတိုင်းထိုင်ပြီး စောင့်နေကြမှာလား …”

လျန်ကျင်းမင်သည် နောက်ထပ် စီးကရက်တစ်လိပ်အား မီးညှိလိုက်ရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။

“ ငါတော့ ငါတို့ကောင်တွေက သောက်ရူးတွေလို့ ခံစားရတယ်… ဒီမှာထိုင် စိတ်ပူနေပြီး ဘာတစ်ခုမှလည်း မကူညီပေးနိုင်ဘူး …”

“ ငါတို့ကောင်တွေ အတွင်းရေးမှူးလျန်ကို သွားမေးကြည့်ကြမလား …” ကောင်းကျုံးယွမ် စကားစလိုက်၏။

“ လင်းကော ကြည့်ရတာ သူနဲ့ ပတ်သက်မှုကောင်းတွေ ရှိထားတဲ့ ပုံပဲ … သူက အစိုးရ အရာရှိလည်း ဖြစ်တယ်ဆိုတော့ ငါတို့ထက်တော့ ပိုသိလောက်တယ်…”

“ အဲ့ဒါဆို ဘာတွေစောင့်နေတာ … အခု သွားကြစို့လေ…”

ချင်းဟန် သူ့စီးကရက်တိုအား အဝေးသို့ လွင့်ပစ်လိုက်ပြီး သုံးယောက်သားမှာ ကားထဲသို့ အတူဝင်ကာ ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့ကြသည်။

သူတို့တွေ အဆောက်အဦးရှေ့ကို ရောက်တော့ ချင်းဟန်နှင့် ကျန်နှစ်ယောက်မှ အထောက်အထားများအား အသီးသီး ဖော်ထုတ်လိုက်ကြသည်။

အစောင့်ကလည်း သူတို့ကို မဟန့်တားခဲ့ပေ။

သူတို့အကုန်လုံးက ကျိုးဟိုင်ရှိ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သဖြင့် ဟန်တားဖို့လည်း မလိုပေ။

ချင်းဟန်တို့ သုံးဦးသား အဆောက်အဦးထဲ ရောက်တော့ လျန်ရူရွှယ်မှာ ရန်ကျင်းသို့ အစည်းအဝေး သွားတက်နေပြီး ကျိုးဟိုင်၌ မရှိကြောင်းကို သိရှိလိုက်ရသည်။

ဘယ်အချိန်မှ ပြန်လာမည်ကိုလည်း သူတို့မသိပေ။ ယင်းက သူတို့၏ ရင်ဘက်ထဲ၌ နောက်ထပ် အရိပ်မည်းကြီး တစ်ခု အဖြစ် ကြီးစိုးသွားခဲ့တော့သည်။

……………….

ဟွာရန် အုပ်စု၏ ဝင်ပေါက်ဝ၌ အော်ဒီ A4 တစ်စင်း ထိုးရပ်ထားသည်။

“ ငါ့ကို ဒီမှာ ခဏစောင့်နေ …”

ဒရိုင်ဘာက ချိန်ရန်ပင်။ လျန်ရူရွှယ် ပြန်လာသည်ကို သိတော့ သူမအား ကြိုဆိုရန် လေဆိပ်သို့ အပြေးလာခဲ့ခြင်းဖြစ်သည်။

“ ဟုတ်ကဲ့ရှင့် ..”

လျန်ရူရွှယ်သည် မာ့စ် တစ်ခုအား ထုတ်၍ ခေါင်းငုံ့ပြီး အဆောက်အဦးအတွင်းသို့ ဝင်လာသည်။ ထို့နောက် ဓာတ်လှေကားဖြင့် ရှန်းရှုရီ၏ ရုံးခန်းထဲသို့ တန်းမတ်စွာ ဦးတည်လာခဲ့၏။

စာရွက်စာတမ်းများအား ဖတ်ရှုနေသည့် ရှန်းရှုရီသည် သူ့သမီး ရောက်လာသည်အား အံ့အားသင့်ဟန် မပြပေ။ သူမ ခန့်မှန်းထားပြီး ဖြစ်၏။

“ ဟိုက အခြေအနေ ဘယ်လို ရှိလဲ …”

ရုံးခန်းထဲသို့ ဝင်ပြီးသည့်နှင့် သိလိုသည်အား ချက်ချင်း မေးမြန်းလိုက်သည်။

“ ကိုယ့်အမေဆီ ပြန်မလာတာ ကြာပြီကို အရင်ဆုံး ပြောတဲ့စကားက သူ့အခြေအနေတဲ့လား … ငါနင့်ကို ဒီတစ်လျှောက်လုံး ပြုစုပျိုးထောင်လာပေးခဲ့တာတွေ အကုန် အလကားပဲ …” ရှန်းရှုရီ ပြောလိုက်သည်။

“ အဲ့တာ အမေ ဖုန်းထဲမှာ ဝေ့လည်ကြောင်ပတ် လုပ်နေလို့လေ … ဘယ်တော့မှ တိုက်ရိုက်မပြောဘူး … မဟုတ်ရင် သမီးလည်း ဒီကို လာစရာတောင် မလိုဘူး …”

လျန်ရူရွှယ်မှာ လက်ထဲ အလုပ်များဖြင့် ကျိုးဟိုင်တွင် အတော်လေး အလုပ်များနေသည်။ မတော်တဆမှု ဖြစ်ပျက်ပြီးကတည်းက အိမ်သို့ ဆက်တိုက်ဆိုသလို ဖုန်းခေါ်နေပြီး အခြေအနေအား မေးမြန်းစုံစမ်းနေလျက် ရှိ၏။

သို့သော် သူမ ရရှိလိုက်သည့် သတင်းက အမြဲတမ်း ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီး အထောက်အကူဖြစ်သည့် ဘာတစ်ခုမှလည်း မရှိပေ။

ယနေ့ မနက်တွင်တော့ သူမ၏ အလုပ်ကိစ္စများ အားလုံးအား ရွေ့ဆိုင်းကာ ရန်ကျင်းသို့ လေယာဉ်ဖြင့် ပျံသန်းလာခဲ့၏။

“ ငါ နင့်ကို လိမ်နေတာ မဟုတ်ဘူး … ငါ တကယ်ကြီး လင်းရီရဲ့ အခြေအနေကို မသိတာ …”

“ ဘာလို့ မသိရမှာပဲ … အဘိုးနဲ့ အဖေက အမေ့ကို ဘာတစ်ခုမှ မပြောပြဘူးဆိုတာ သမီး မယုံဘူး …”

“ စိတ်ကို ငြိမ်ငြိမ်ထားစမ်း…” ရှန်းရှုရီ ပြောလိုက်ပြီး “ နင် ဒီလို စိတ်ဆတ်တဲ့ စရိုက်နဲ့ နောင်ကျ ဘာမှဖြစ်မြောက်လာမှာ မဟုတ်ဘူး …”

ရှန်းရှုရီ၏ ဆူငေါက်ခြင်းကို ခံလိုက်ရပြီးနောက် လျန်ရူရွယ်သည် ထိုင်ခုံသို့ ထိုင်ချလိုက်၏။

“ အမေလည်း လင်းရီရဲ့ အစွမ်းအစနဲ့ နည်းစနစ်တွေကို သိတာပဲ … သာမန် ကိစ္စရပ်တွေက သူ့အတွက် ပြဿနာ မရှိနိုင်ဘူး … ဒါပေမယ့် လေးရက်ရှိပြီကို ဘာသတင်းမှ မကြားရသေးတာ သမီးက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်မှာလဲ …”

ရှန်းရှုရီ၏ အမြင်များ မှောင်မိုက်သွားခဲ့ရသည်။ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် “ အမှန်အတိုင်း ပြောရရင် အမေနင့်ကို ဖုန်းထဲ ပြောခဲ့တာက ဝေ့လည်ကြောင်ပတ် လုပ်နေတာ မဟုတ်ဘူး … တကယ်ကြီး သူ့အခြေအနေကို အမေ တကယ် မသိတာ … ပြီးတော့ အမေတစ်ယောက်တည်းတင် မဟုတ်ဘူး … ဒီကမ္ဘာထဲ ဘယ်သူကမှလည်း သူ အခု ဘယ်ရောက်နေလဲ မသိဘူး …”

လျန်ရူရွှယ်၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။

“ တစ်ကမ္ဘာလုံး သူ ဘယ်မှာ ရှိနေလဲ မသိဘူး … မဖြစ်နိုင်တာ …”

“ အမေနင့်ကို အခု ပြောမယ့် ကိစ္စက အထိအခိုက် မခံဆုံး လျှို့ဝှက်ချက်ပဲ … နင်တစ်ယောက်တည်းပဲ သိပါစေ … ဒီကိစ္စ ပေါက်ကြားခဲ့ရင် လျန်မိသားစုအပေါ် သက်ရောက်လာမယ့် အကျိုးဆက်တွေက နဂိုအတိုင်း ပြန်ဖြစ်နိုင်မှာ မဟုတ်ဘူး …”

လျန်ရူရွှယ်သည် သူမအမေ ယခုလို လေသံမျိုးဖြင့် စကားပြောလာမည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ဆိုလိုသည်က ဤကိစ္စသည် အမြင့်ဆုံး လယ်ဗယ်သို့တိုင် ပြန့်ကားသွားခဲ့ပြီဟူ၍ပင်။

“ သမီးသဘောပေါက်တယ်…”

“ လင်းရီနဲ့ တခြားလူတွေက ဘရာဇီးကနေ ဟွာရှဆီ သစ်တွေ သွင်းဖို့ လုပ်နေတာ နင်လည်း သိတယ်ဟုတ်…”

လျန်ရူရွှယ် ခေါင်းညိမ့်ပြလိုက်သည်။ “ အင်း သိတယ်…”

“ အဲ့ဒီ သစ်တွေထဲမှာ ပြဿနာ တစ်ခု ရှိနေတယ်… မှောင်ခို ပစ္စည်းထင်ပြီး စစ်ဆေးလိုက်တာ သူတို့ အထဲမှာ ဘက်စ်သတ္တုရိုင်းတွေ တွေ့သွားတယ်…”

“ ဘက်စ် သတ္တု …”

လျန်ရူရွှယ်သည် ကျုံးဝေ့တပ်ဖွဲ့အကြောင်း သိသော်လည်း ဘက်စ်သတ္တုနှင့်တော့ မရင်းနှီးချေ။ သူမပင် ထိုအကြောင်းအား အကြီးအကဲများ ပြောသည့် စကားဝိုင်း၌ ရံဖန်ရံခါလောက်သာ ကြားဖူးသည်။

ယင်းက အလွန်အရေးပါသည့် စွမ်းအင် အရင်းအမြစ် တစ်ခု ဖြစ်သည်ကိုတော့ သိ၏။ ကျုံးဝေ့တပ်ဖွဲ့၏ မစ်ရှင်ကလည်း အဆိုပါ အရင်းအမြစ်အား ရှာဖွေထောက်လှမ်းဖို့ပင်။

ထိုအရာက မည်သည်အတွက် အသုံးချသည်ကိုတော့ သူမလည်း မသေချာပေ။

သို့သော် အတော်လေး အရေးကြီးပြီး နိုင်ငံတိုင်းက ၎င်းအတွက် တိုက်ခိုက်နေကြသည်ကိုတော့ သိ၏။

“ ဘာလို့ အဲ့ပစ္စည်းက သင်္ဘောထဲ ရှိနေတာလဲ … လင်းရီရဲ့ စရိုက်နဲ့ဆို ဖုံးကွယ်ထားတာက မဖြစ်နိုင်ဘူးလေ …”

“ သတ္တုရိုင်း တွေ့ပြီးတဲ့နောက်မှာ နိုင်ငံခြား အဖွဲ့အစည်းတွေက ဒေသတွင်းကို ထိုးဖောက်လာပြီး လင်းရီနဲ့ တခြားသူတွေကို တိုက်ခိုက်ပြီးမှ ပစ္စည်းကို ခိုးချင်တယ်… ဒါကြောင့်မို့ အခု လင်းရီက သူတို့နဲ့ ပြဿနာတက်ရင်း အဲ့ထဲမှာ ပိတ်မိနေတာပဲ … အမေ အသေးစိတ် မရှင်းပြတော့ဘူး … နင့်ဘာနင်ပဲ မြင်ယောင်ကြည့်လိုက် …”

လျန်ရူရွှယ် လက်သီးအား တင်းကြပ်စွာ ဆုပ်ထားမိရင်း မျက်နှာမှာ ဖြူလျော်သွားခဲ့၏။

ထိုကဲ့သို့သော ပုံပြင်များအား နားထောင်ရင်း ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျောက် ဤကိစ္စက မည်မျှ အန္တရာယ်များကြောင်း သူမ ကောင်းစွာ သိနေခဲ့သည်။

“ ဒါပေမယ့် လင်းရီရဲ့ အစွမ်းအစနဲ့ဆို အန္တရာယ်တောထဲက ထွက်ပြေးပြီး နိုင်ငံဆီ လုံလုံခြုံခြုံနဲ့ ဆက်သွယ်နိုင်ဖို့ နေရာတစ်နေရာ ရှာနိုင်မယ် မဟုတ်ဘူးလား …”

“ ဒါလည်း ပြဿနာရဲ့ အခရာပဲ …” ရှန်းရှုရီ ပြောလိုက်ပြီး “ အမေ နင့်အဖိုးဆီက ကြားတာတော့ လင်းရီ ကျုံးဝေ့တပ်ဖွဲ့ဆီ ဆက်သွယ်ခဲ့တယ်တဲ့ … ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဆက်အသွယ် ပြန်ပြတ်သွားခဲ့တယ်… အခုချိန်ထိ ဘာသတင်းမှ မသိရသေးဘူး … ဒါကြောင့်မို့ ဒီကမ္ဘာထဲမှာ သူ ဘယ်မှာ ရှိလဲ သိတဲ့လူ မရှိဘူးလို့ ပြောတာ ….”

ရှန်းရှုရီသည် ဆံပင်အား နားအနောက်သို့ သပ်တင်လိုက်ပြီး “ ဒါပမေယ့် နင် ဒီကိစ္စ စိုးရိမ်နေစရာ မလိုဘူးလို့တော့ အမေထင်တယ်…”

“ အမေရိကန်တွေက ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ဆို တဲ့ ခေါင်းစဉ်နဲ့ သူ့စစ်သားတွေကို ပနားမားဆီ လွှတ်ထားတယ်… တကယ်လို့ လင်းရီသာ သေသွားခဲ့တယ်ဆိုရင် သတင်း တစ်ခုခုတော့ ကြားရမှာပဲ … အခုထိ ငြိမ်သက်နေသေးတယ်ဆိုတော့ ဆိုလိုသာ လင်းရီ တစ်နေရာမှာ ပုန်းအောင်းနေတယ်ဆိုတဲ့ သဘောပဲ … တခြား ပြင်ပ အခြေအနေက သူ့ကို ဟွာရှနဲ့ ဆက်သွယ်လို့ မရအောင် ကန့်သတ်ထားတာ ဖြစ်မယ်… ဒေသတွင်း လိုင်းဆင်ဂနယ်တွေ ပိတ်ဆို့ခံထားရတာကိုပါ ထောက်ရင် သူ ဆက်သွယ်လို့ မရတာလည်း ဖြစ်နိုင်တာပဲလေ… မပူနဲ့ … ကိစ္စတွေက နင်အခု ထင်နေသလောက်လည်း ဆိုးချင်မှ ဆိုးမှာ …”

All Chapters