← Chapters

သေခြင်း ရှင်ခြင်း အခိုက်အတန့်

Vol. 120 Ch. 1796

သေခြင်း ရှင်ခြင်း အခိုက်အတန့်

Vol. 120 Ch. 1796

စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းရီသည် လက်နောက်ပစ်၍ ကျိုးလျန်အား အချက်ပြလိုက်သည်။

တစ်ဖက်သူမှာ ချက်ချင်း နားလည်သွားပြီး ရေဆိုးပိုက်ထဲမှ တွားသွားတက်လာသည်။

လင်းရီ၏ ခန္ဓာကိုယ်မှာ လမ်းဆုံ၏ အခြားတစ်ဖက်ခြမ်းသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။

နှစ်ယောက်မှာ အချင်းချင်း တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်တွင် ရပ်တန့်နေခဲ့ကြသည်။

အပြင်ဘက်တွင် စောင့်ကြပ်နေသည့် လူနှစ်ယောက်ကို လင်းရီ လက်ညှိုးညွှန်ပြလိုက်ပြီး လည်ပင်းသို့ လက်ဟန်ပြလိုက်၏။

ကျိုးလျန် ခေါင်းညိမ့်လိုက်ကာ လင်းရီ ပေးချင်သည့် မက်ဆေ့ချ်အား သဘောပေါက်ကြောင်း ဖော်ပြလိုက်သည်။

ဘေးပတ်ဝန်းကျင်သို့ ကြည့်ရှုရင်း လင်းရီသည် မြေပြင်တွင် ရှိနေသည့် ကျောက်တုံး အသေးလေး တစ်ခုကို ရှာတွေ့သွားခဲ့ပြီး ကောက်ယူ၍ ဘေးသို့ လှမ်းပစ်၏။

အသံမှာ မကျယ်လောင်သော်ငြား အစောင့်နှစ်ယောက်၏ အာရုံကိုတော့ ဆွဲဆောင်သွားခဲ့လေသည်။

“ နောက်မှာ အသံကြားလိုက်သလိုပဲ …” သူတို့ထဲ တစ်ယောက်က ပြောလိုက်သည်။

“ မင်းနားကြားမှားတာ နေမှာပါ … ညသန်းခေါင် ကျော်နေပြီကို တစ်နေ့လုံး မတ်တပ်ရပ်နေရတော့ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်ပြီ ထင်တယ်…”

“ ငါတော့ တစ်ချက် သွားကြည့်တယ်ထင်တာပဲ … အဲ့ဒီ ဟွာရှန့် နှစ်ယောက် ဖြစ်နေရင် ဘယ်လိုလုပ်မှာ …”

“ မဖြစ်နိုင်တာ … ငါတို့ရှာနေတာ သုံးရက်တောင် ရှိပြီ ခြေရာအစအနလေးတောင် မတွေ့ရတာ ဒီ ဟွာရှန့် နှစ်ကောင် အစောကြီးကတည်းက ထွက်ပြေးသွားပြီလို့တော့ ငါထင်တယ်… “

“ အဲ့လိုဆိုရင်တောင် သွားကြည့်သင့်တယ် ထင်တာပဲ … တစ်ခုခု ဖြစ်နေရင် ဘယ်လိုလုပ်မှာ … ပြီးတော့ ငါ ငိုက်လည်း ငိုက်နေပြီ … လှုပ်လှုပ်ရှားရှားလေး ဖြစ်တာပေါ့ …”

“ ဒါဆိုလည်း သွားကွာ … ငါ လိုက်ခဲ့ပေးမယ်…”

နှစ်ယောက်သား နောက်သို့ လှည့်လာပြိး လက်ထဲတွင် သေနတ်များဖြင့် လမ်းကြားလေးထဲသို့ ရောက်လာခဲ့ကြသည်။

အတွင်းတွင် စောင့်ဆိုင်းနေသည့် လင်းရီနှင့် ကျိုးလျန်တို့မှာတော့ လေးလေးနက်နက် အမူအရာများ ဖြစ်နေပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လို့နေသည်။

ခြေလှမ်းသံများက ဖြည်းဖြည်းချင်း နီးကပ်လာနေပြီး လူနှစ်ယောက် စကားပြောရင်း ရယ်မောနေသည့် အသံများကိုလည်း ကြားနေရသည်။

နှစ်ယောက်မှာ ထူးဆန်းသည့် အသံအား အလေးအနက် မထားသည်မှာ သိသာသည်။ မဟုတ်ပါက ယခုလို လမ်းလျှောက်လာစဉ်တွင် ရယ်မောပြောဆိုနေမှာ မဟုတ်ဘဲ လက်ထဲရှိ သေနတ်အား အသင့်ပြင်ကာ ဂရုတစိုက်နှင့် ချဉ်းကပ်နေရမှာ ဖြစ်သည်။

ဤနေရာ၌ သုံးရက်တိုင်အောင် စောင့်ကြပ်ပြီးသည့်နောက်တွင် သူတို့စိတ်ထဲ၌ လင်းရီနှင့် ကျိုးလျန်တို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဟူ၍ မသိစိတ် တစ်နေရာက လက်ခံထားခဲ့ကြ၏။

ထင်မှတ်မထားစွာဖြင့် သူတို့နှစ်ယောက်မှာ ရေဆိုးပိုက်အတွင်းထဲ၌ သုံးရက်ကြာအောင် ပုန်းအောင် နေခဲ့ကြလေသည်။

အစောင့်နှစ်ယောက် ... ဖြည်းဖြည်းချင်း နီးကပ်လာသည်နှင့်အမျှ ကျိုးလျန်၏ နှလုံးခုန်သံမှာ ပိုပိုပြီး မြန်ဆန်လာနေသည်။ ချွေးအေးတို့က နဖူးထက်မှနေ၍ စီးကျလာနေပြီး နောက်ကျောတစ်ပြင်လုံးပင် ချွေးအေးတို့ဖြင့် စိုရွှဲနေလျက် ရှိတော့သည်။

သူ့အဖို့ … သေခြင်း ရှင်ခြင်းက ချက်ချင်း ဆုံးဖြတ်ပေးသွားနိုင်သည့် အရာပင်။

ထိုအချိန်တွင် နှစ်ယောက်မှာ လမ်းဆုံနေရာသို့ ရောက်လာခဲ့ပြီး လင်းရီနှင့် ကျိုးလျန်မှာ နောက်မှ နေ၍ ပြေးတက်လာခဲ့ကြ၏။ နှစ်ယောက်မှာ ပြိုင်တူ လှုပ်ရှားလိုက်ကြပြီး တစ်ဖက်လူ၏ လည်ပင်းကို ဆွဲညစ်ကာ နေရာ၌ ချက်ချင်း လည်လိမ်ချိုးလိုက်ကြသည်။

လင်းရီတို့ နှစ်ယောက်လုံးမှ ကျစ်လျစ် သွက်လက်စွာ လှုပ်ရှားသွားခဲ့ကြပြီး တစ်ဖက် နှစ်ယောက်အား အသက်ရှူ တစ်ရှိုက်စာပင် တုံ့ပြန်ရန် အချိန်မပေးခဲ့ချေ။ သေသွားသည့်တိုင် အသံတစ်သံလေးပင် မထွက်လိုက်နိုင်ခဲ့ကြချေ။

ထိုအခါမှပဲ ၎င်းတို့၏ လက်မောင်းတံဆိပ်များ၌ အနက်ရောင် မြွေဟောက် တံဆိပ်တို့ ရိုက်နှိပ်ခတ်ထားသည်ကို လင်းရီ သတိပြုလိုက်လေသည်။

သံသယ ရှိနေရန် မလိုချေ။ ဤလူများက သူတို့အား အရင်ဦးဆုံး တိုက်ခိုက်လာခဲ့သည့် မြွေဟောက်အဖွဲ့ဖြစ်၏။

“ မြန်မြန် … အဝတ်လဲကြစို့ …”

နှစ်ယောက်အား ရှင်းလင်းပြီးနောက် လင်းရီသည် ၎င်းတို့ထဲက တစ်ယောက်၏ အဝတ်များအား ချွတ်ကာ ကျိုးလျန်သည်လည်း အလားတူ ပြုလုပ်လိုက်သည်။

ငါးမိနစ် အတွင်းမှာပဲ သူတို့နှစ်ယောက်လုံး အဝတ်လဲပြီးသွားခဲ့ကြ၏။

ယခု ….. စတီးခေါင်းဆောင်း၊ ဖုန်တက်နေသည့် လည်စည်းပုဝါ၊ ညအမှောင်၏ ဖုံးလွှမ်းထားပေးမှုဖြင့် အကယ်၍ တစ်စုံတစ်ယောက်မှနေပြီး ဂရုတစိုက်နှင့် မကြည့်ရှုဘူးဆိုပါက ၎င်းတို့နှစ်ယောက်နှင့် စပ်လျဉ်းပြီး မူမမှန်သည့် အရာကို သတိပြုမိဖို့ အတော်လေး ခဲယဉ်းမည် ဖြစ်၏။

သူတို့ ရှင်းထားသည့် လူနှစ်ယောက်ကိုတော့ မည်သူမျှ သတိမပြုမိသေးသည့် အချိန်၌ ရေဆိုးပိုက်အတွင်းသို့ စွန့်ပစ်လိုက်၏။

သပ်ရပ်အောင် ပြုပြင်ပြီးနောက် နှစ်ယောက်မှာ လမ်းကြား ဝင်ပေါက်ဝသို့ ရောက်ရှိလာသည်။

“ သက်တောင့်သက်သာနေ … ဘယ်သူကမှ သတိမထားမိခင် မင်းကိုယ်မင်း ဖော်ထုတ်နေသလို ဖြစ်သွားလိမ့်မယ်…”

ကျိုးလျန် အသက်ပြင်းပြင်း ရှူသွင်း၍ တည်ငြိမ်ရန် ကြိုးစားလိုက်၏။ “ နားလည်ပြီ … ကျုပ်ကိုယ်ကျုပ် ထိန်းချုပ်နိုင်အောင် အကောင်းကြိုးစားမယ်…”

ကျုံးဝေ့ တပ်ဖွဲ့၏ အခြေခံ လေ့ကျင့်ရေး၌ လေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့ရသော်လည်း တကယ့်လက်တွေ့ တိုက်ပွဲ အတွေ့အကြုံတော့ ကင်းမဲ့နေသေးသည်။

သို့သော် ယခု သူ့ဘက်က ဂရုမစိုက်ဘဲ နေလို့ မဖြစ်ချေ။ သူ့ဘက်က နေသားမကျလျင်ပင် အတင်းကြိတ်မှိတ် သည်းခံရုံသာ ရှိ၏။

ဘဝဇာတ်ခုံတွင် ရီဟာဇယ်(အစမ်းလေ့ကျင့်မှု) လုပ်နိုင်သည့်အရာကား များပြားစွာ မရှိချေ။

လင်းရီသည် ရှေ့မှ တည်ငြိမ်စွာ လျှောက်လှမ်းနေသည်။ အခြားသူများလည်း သူတို့နှင့် တူညီဝတ်စုံများ ဝတ်ထားလျက် အခြား လမ်းတစ်ဖက်တွင် စောင့်ကြပ်နေကြသည်။ ၎င်းတို့ နှစ်ယောက်ကို မြင်တော့ လက်ယမ်းပြ နှုတ်ဆက်သူများပင် ရှိလေသည်။

လင်းရီသည် သူ၏ ထက်ရှသည့် အမြင်အာရုံအား အသုံးပြု၍ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာကြည့်လိုက်သည်။

၂၀ မီတာ အကျော်၌ စစ်သုံး SUV တစ်စင်း ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။

၎င်းတွင် မျက်လုံးတစ်လုံးနှင့် မြွေတစ်ကောင်ပုံ သင်္ကေတ ရှိနေပြီး ၎င်းတို့နှင့် တူညီသည့် အုပ်စုမှ ဖြစ်သည်ကို ညွှန်ပြနေလျက်ရှိလေသည်။

“ လာခဲ့ … ငါ့နောက်လိုက်ခဲ့ …”

“ ဟုတ် .. ဟုတ်ကဲ့ …”

ကျိုးလျန် သက်တောင့်သက်သာ ကိုယ်ဟန်အား ရရှိရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ကိုယ်သူ အပြည့်အဝ သက်တောင့်သက်သာ မဖြစ်နိုင်ကြောင်းကို သတိပြုမိလိုက်လေသည်။

မီတာ တစ်ရာ အကွာအဝေးအတွင်း လူတို့က နေရာက အနှံ့ ဖြစ်နေပြီး တစ်လမ်းတည်း၌ပင် လူက အနည်းဆုံး အယောက် ၃၀ ၊ ၄၀ မက ရှိနေသည်။

ဗြုန်းစားကြီး ဖြစ်ပျက်လာသည့် စန်တာ ကလယ်ရာ၌ အခြေအနေအား စိတ်ထဲတွင် ကောင်းစွာ မြင်ယောင်ကြည့်နိုင်ပြီး ဤအချင်းအရာက လင်းရီကိုလည်း ရှော့ခ်ရသွားစေခဲ့၏။

“ ဟေ့ ကိုယ့်လူ … မီးခြစ်ငှားစမ်းပါ …”

နှစ်ယောက်သား SUV ရှိသည့် နေရာသို့ လျှောက်လှမ်းလာနေစဉ်မှာပဲ လူမည်း အမျိုးသား တစ်ဦးမှ သူတို့ထံ လျှောက်လှမ်းလာကာ လင်းရီနားမှ မီးခြစ်ငှားချင်နေသည်။

ကျိုးလျန်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့၏။ မျက်နှာသည်လည်း ထိတ်လန့်မှုကြောင့် ဖြူလျော်လာသည်။

အကယ်၍ ထိုလူသာ အနားကပ်လာမည်ဆိုပါက သူ၏ မူမမှန်သည့် အခြေအနေကြောင့် ဖော်ထုတ်ခံရပြီး ဖြစ်သည်။

လင်းရီမှာတော့ တည်ငြိမ်စွာဖြင့် သူ့နောက်ရှိ လူမည်း နောက်တစ်ယောက်ကို ညွှန်ပြကာ အမေရိကန် လေသံ စစ်စစ်ဖြင့် “ ငါ့ဥစ္စာ ဟိုကောင်တွေ ငှားသွားတယ်… ကိုယ့်ထဲ ပါတဲ့ ဆေးလိပ်တောင် ဂုန်းဆင်းခံလိုက်ရသေးတယ်… မင်း အဲ့ကောင်တွေနား သွားမေးလိုက် …”

ပြောနေရင်းဖြင့် လင်းရီသည် ဗန်းစကား အနည်းငယ် ညှပ်၍ တစ်ဖက်လူအား သံသယစိတ် မပွားအောင် ပြုလုပ်လိုက်နိုင်သည်။

“ အိုး ဟုတ်လား … ကျေးဇူးပဲ ကိုယ့်လူ …”

လူမည်း အမျိုးသားမှ သူ့အား နှုတ်ဆက်ပြီး သူ့နောက်ရှိ လူထံသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် ကျိုးလျန်မှာ ကြောက်လန့်လွန်း၍ ဘောင်းဘီထဲ သေးထွက်ကျလုနီးပါးပင်။

“ ခေါင်းဆောင် … ဒါကြီးက စောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်….”

“ စကားမပြောနဲ့ … သွားစရာသာ သွား … ဟိုကောင် ငါတို့ကို ပြန်လာမေးနေရင် နှစ်ကောင်လုံး မသာပေါ်ပြီးသား ဖြစ်သွားမယ်…”

“ ဟုတ်ကဲ့ …”

လင်းရီနှင့် ကျိုးလျန်တို့မှာ မိမိတို့ပင် မသိလိုက်ဘဲ ၎င်းတို့၏ လမ်းလျှောက်နှုန်းအား မြင့်တင်မိလိုက်ကြသည်။

လူမည်း အမျိုးသားမှ သူ့ဘော်ဒါများထံ ရောက်မသွားခင် သူတို့နှစ်ဦးမှာ SUV ကားထံသို့ ရောက်ရှိလာလေသည်။

ကားထဲတွင် ရှိနေသည့် လူမှာ အိပ်ပျော်နေပြီး ကားအနားသို့ တစ်စုံတစ်ယောက် အထဲ၀င်လာသည်ကို မြင်တော့ အိပ်စုံမှုန်မွှားဖြင့် မေးမြန်းလိုက်သည်။

“ ဘာကိစ္စလဲ …”

“ မြို့ပြင်မှာ ပစ်ခတ်မှု ဖြစ်နေတယ်… ငါတို့ အဲ့မှာ လူတွေ လိုနေတယ်.. အဲ့နေရာကို မောင်းသွားပြီး အခြေအနေ သွားစုံစမ်းကြည့်မလို့ …”

“ ဟုတ်လား … အခုသွားကြတာပေါ့ ….”

ကားဒရိုင်ဘာမှာ အနည်းငယ် ပို၍ ခွန်အား တက်ကြွလာသည်။ ထို့နောက် ကားအား စက်နှိုး၍ မောင်းထွက်လာခဲ့လိုက်၏။

အနီးနားတွင် စောင့်ကြပ်နေသည့် လူများကလည်း လွဲချော်နေသည့် မည်သည့်အရာကိုမျှ သတိမမူမိကြချေ။ ကားထွက်လာသည်ကို မြင်တော့ လမ်းဖယ်ပေးလိုက်ကြ၏။

သို့သော် မီတာဒါဇင်ခန့် မောင်းနှင်ပြီးနောက် ဒရိုင်ဘာမှာ ရုတ်ချည်း တစ်စုံတစ်ခုကို တွေးတောမိသွားကာ တစ်ခုခု မှားယွင်းနေသည်အား သတိပြုမိသွားခဲ့သည်။ သူ ရုတ်ချည်းဆိုသလို လင်းရီဘက်သို့ လှည့်၍

“ မြို့ပြင်ဘက်က ကိစ္စက ငါတို့နဲ့ မဆိုင်ဘူးလေ… ဘာလို့ . . . . . .”

သို့သော် သူ့ စကားမဆုံးခင်မှာပဲ ကျိုးလျန်သည် သူ့အနောက်မှ နေ၍ ခေါင်းအား သေနတ်ဖြင့် ထုနှက်လိုက်၏။

“ အခုကစပြီး ဘာမှ ပြန်မမေးနဲ့ … ဒီတိုင်း အေးအေးဆေးဆေးပဲမောင်း … မဟုတ်ရင် ဘုရားသခင်နဲ့ တွေ့ဖို့ လွှတ်ပေးလိုက်မယ်…”

လင်းရီသည် ခါးနောက်ကျောမှ စကေဘာအား ထုတ်လိုက်၏။ ဓားအသွား၏ အေးစက်စက် အလင်းရောင်က ဒရိုင်ဘာ၏ မျက်နှာသို့ ရောင်ပြန်ဟပ်လာသည်။

“ ငါ အရင်က ခွဲစိတ်ဆရာဝန် ဖြစ်ခဲ့ဖူးတယ်.. မင်းရဲ့ အသံကြိုးတွေကို အသက် မသေဘဲ ဖျက်စီး ပစ်လိုက်လို့ရတယ်… ဒါကြောင့်မို့ ငါတို့နဲ့ ပူးပေါင်းပေး … မဟုတ်ရင် ငရဲမှာ ရှင်သန်နေရသလို လုပ်ပေးလိုက်မယ်… ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်းတွေကို မင်း သံသယ ရှိလား …”

ဒရိုင်ဘာ၏ နဖူးတစ်ပြင်လုံး ချွေးအေးများ ပြည့်နှက်သွားခဲ့ပြီး မျက်လုံးများက အောက်ကြမ်းပြင်သို့ ပြုတ်ကျလုနီးပါးပင်။

ဤလူနှစ်ယောက်က သူတို့ တစ်ချိန်လုံး ရှာဖွေနေသည့် ဟွာရှန့်နှစ်ယောက် ဖြစ်သည်ကို သူ ယခု မှတ်မိသွားခဲ့လေပြီ။ ရင်ဘက်ကြီးမှာ အဆက်မပြတ် ခုန်ပေါက်နေပြီး သရဲသဘက်အား မြင်တွေ့လိုက်ရသည့်နှယ် ခံစားနေရတော့သည်။

သူတို့ သုံးရက်လုံး မရပ်မနား ရှာဖွေနေသည့် လူနှစ်ယောက်က ယခု သူ့ဘေးတွင် ထိုင်နေသည်။ သို့သော် သူတို့ကတော့ ၎င်းတို့ နှစ်ယောက်၏ ခြေရာလက်ရာလေးပင် ရှာတွေ့ခြင်း မရှိခဲ့ပေ။

ထွက်ပြေးသွားခဲ့ပြီး ဖြစ်ရမည်ဟု တွေးထင်ထားခဲ့သော်လည်း ထင်မှတ်မထားစွာဖြင့် သူ့မျက်စိရှေ့မှောက်၌ ထွက်ပေါ်လာနေသည်။

“ မဟုတ်ဘူး … ငါ့ကို မသတ်ပါနဲ့ … မင်းတို့နဲ့ ပူးပေါင်းပေးပါ့မယ်……”

လင်းရီ၏ နှုတ်ခမ်းတို့ သဘောကျစွာ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်လာခဲ့သည်။

“ ဒါဆို ပေါက်ကရတွေ မပြောဖို့ သတိရ … ကားကိုပဲ သေချာမောင်း … ငါတို့ စန်တာ ကလယ်ရာက ထွက်နိုင်ပြီဆိုရင် မင်း အသက် မသေစေရဘူးလို့ အာမခံတယ်….”

All Chapters