← Chapters

အနက်ဝတ်နဲ့လူ ပေါ်လာပြီ

Vol. 120 Ch. 1797

အနက်ဝတ်နဲ့လူ ပေါ်လာပြီ

Vol. 120 Ch. 1797

“ အိုကေ အိုကေ အိုကေ … ငါ လုံးဝ မင်းတို့နဲ့ ပူးပေါင်းပေးမယ်…”

လင်းရီနှင့် ကျိုးလျန်၏ ပူးပေါင်းခြိမ်းခြောက်မှုအောက်တွင် ဒရိုင်ဘာမှာ အသံတစ်သံပင် မထွက်ဝံ့တော့ဘဲ ကားကိုသာ ဂရုတစိုက်နှင့် မောင်းနေလျက် ရှိသည်။

ကားက အရမ်း အမြန်ကြီး ရွေ့လျားနေသည် မဟုတ်ပေ။ လင်းရီ၏ အကြည့်က မြို့၏ ထောင့်နေရာတိုင်းသို့ စကန် ဖတ်နေလျက် ရှိပြီး လူတိုင်း၏ လှုပ်ရှားမှုအား စူးစမ်း လေ့လာနေလျက် ရှိလေသည်။

ကံကောင်းစွာဖြင့် သူတို့နှစ်ယောက် ရှိနေသည့် ကားမှာ မည်သည့် အာရုံစူးစိုက်ခြင်းကိုမျှ ခံရခြင်း မရှိခဲ့ချေ။ ၎င်းတို့ အားလုံး တွေးနေခဲ့ကြသည်မှာ ကားထဲတွင် ရှိနေသည့် လူက ၎င်းတို့၏ တစ်ဖွဲ့တည်းသားချင်း ဟူ၍ပင်။

မိနစ် အနည်းငယ် ကြာပြီးသည့်နောက် ကားမှာ မီတာ ၂၀၀ ခန့်မျှ မောင်းနှင်လာခဲ့ပြီး လမ်းပေါ်ရှိ မီတာ ဒါဇင်တိုင်း၌ လူအုပ်စု အသေးစားလေးများကို မြင်တွေ့နေရသည်။

ဤမြင်ကွင်းက လင်းရီအား အတော်လေး ထိတ်လန့်စရာကောင်းသည့် ကြောက်ရွံ့မှုကို ခံစားဖြစ်ပေါ်စေသည်။

၎င်းတို့ကြည့်ရသည်မှာ မြို့အတွင်း ရှာဖွေနေသည့် လုပ်ငန်းစဉ်အား လက်လျော့လိုက်သေးပုံ မရချေ။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ ပုန်းနေသည့် ဧရိယာလေးတစ်ခုသာ စောင့်ကြပ်မှုအား လျော့ပေါ့နေခဲ့ဟန်ပင်။

မသိစိတ်အလျောက် လင်းရီသည် သူ့မျက်နှာအား စည်းထားသည့် လည်စည်းပုဝါကို ပိုပြီး ခပ်မြင့်မြင့် တင်လျက် မိမိကိုယ်ကို သေချာ လုံခြုံစွာ ဖုံးကွယ်ထားလိုက်သည်။

သူတို့တွေ စန်တာ ကလယ်ရာ မြို့ထဲမှ ထွက်နိုင်သည်နှင့် ယခုလောက် အန္တရာယ်များတော့မှာ မဟုတ်ချေ။

ထိုအချိန်တွင် နှစ်ယောက်မှာ ရှေ့မလှမ်းမကမ်း နေရာမှ တောက်ပသည့် မီးအလင်းရောင်များအား မြင်တွေ့လိုက်ရ၏။

လင်းရီ လှမ်းကြည့်လိုက်တော့ အမေရိကန် စစ်သားများက မီတာ ဒါဇင်လောက်အကွာတွင် လမ်းပိတ်ဆို့ထားသည်ကို သတိမူမိလိုက်သည်။

သို့သော် ပင်ပမ်းနေသောကြောင့်လားတော့ မသိ။ ၎င်းတို့ အနက် နှစ်ဦးမှာ ထိုင်ခုံပေါ်တွင် လဲလျောင်း အနားယူနေသည်။

ဤသည်က လင်းရီနှင့် ကျိုးလျန်ကို အဆုံးစွန်သို့တိုင် သတိကပ်သွားစေခဲ့၏။ တစ်ဖက်သူက မြို့အား ဤမျှ တင်းကြပ်စွာ လော့ဒေါင်းချထားလိမ့်မည်လို့ သူတို့တွေ မျှော်လင့်မထားခဲ့ကြချေ။

“ ခေါင်းဆောင် …” ကျိုးလျန် တီးတိုးဆိုလာခဲ့သည်။

“ မလန့်နဲ့ …”

လင်းရီသည် လက်ထဲတွင် စကေဘာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ဒရိုင်ဘာအား မေးလိုက်သည်။

“ မင်း ထွက်သွားနိုင်ဖို့ သေချာလား …”

“ သူတို့တွေ ငါတို့ရဲ့ အထောက်အထားကို အတည်ပြုပြီး မသွားခင် စစ်ဆေးကြမှာဆိုတော့ … ငါ … ငါမသိဘူး …”

“ ငါတို့ရဲ့ အထောက်အထားတွေကို အတည်ပြုမယ်… ဘာ အတည်ပြုစရာ ရှိလို့ …”

“ သူတို့က ငါတို့ ကိုယ်ပေါ်မှာ သတ္တုရိုင်းတွေ ရှိလား စစ်ဆေးချင်တာ … မဟုတ်ရင် ဘယ်သူ့ကိုမှ ပေးမထွက်ဘူး …”

ဒရိုင်ဘာမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေလျက် ရှိသည်။ အကယ်၍ ရှေ့ရှိ အမေရိကန် စစ်သားများသာ သူ့ကားထဲရှိ လူနှစ်ယောက်ကို မြင်တွေ့သွားခဲ့ပါက သူ့ကိုလည်း ကြံရာပါ အဖြစ် ယူဆသွားနိုင်သည်။

လင်းရီသည် သူ့ခြေထောက်အောက်သို့ လက်ဆန့်လိုုက်ပြီး ကြမ်းပြင်မှ ဖုန်မှုန့်များအား မျက်နှာသို့ လိမ်းကျံလိုက်၏။

၎င်းကို မြင်တော့ ကျိုးလျန်လည်း လင်းရီအတိုင်း လိုက်လုပ်ကာ သူ့ကိုယ်သူ မထင်မရှား ဖြစ်အောင် ပြုလုပ်လိုက်သည်။

“ အခုတော့ သူတို့ ဂိမ်းအတိုင်း ကစားပေးရုံပဲ .. တကယ်လို့ အခြေအနေမဟန်ရင်တော့ ချက်ချင်း ပစ်လိုက် …” လင်းရီ အသံနိမ့်ပြီး သတိပေးလိုက်သည်။

“ ဟုတ်ကဲ့ …”

ကျိုးလျန်အား သတိပေးပြီးနောက် လင်းရီ သမ်းဝေလိုက်ပြီး ပြောလိုက်၏။

“ ဆက်မောင်း …”

“ အိုကေ အိုကေ ….”

၎င်းတို့ နှစ်ဖက်ကြားရှိ မီတာဒါဇင် အကွာအဝေးက အလှမ်းဝေးသည်ဟူ၍ သတ်မှတ်မရပေ။ ကားက လျင်မြန်စွာဖြင့် လမ်းပိတ်ထားသည့် နေရာရှေ့မှောက်၌ ရပ်တန့်လာသည်။

သုံးယောက်လုံး မည်သူကမျှ မရွေ့လျားကြချေ။ ဒရိုင်ဘာမှ တစ်ဖက်ခြမ်းရှိ လူအား အကြည့်တစ်ချက် ပေးလိုက်သည်။ တစ်ဖက်လူမှာ လက်ထဲတွင် သေနတ်တစ်လက်ဖြင့် ပြတင်းပေါက်သို့ ချဉ်းကပ်လာပြီး ကားထဲရှိ လူသုံးယောက်အား သိမ်းကျုံးကြည့်လိုက်၏။

“ ကားရပ်လိုက် .. ငါတို့ စစ်ဆေးဖို့လိုတယ်… အခုက ဘယ်ကို သွားကြမှာ …”

“ ရှာနေတာ ဘယ်သူ့မှလည်း မတွေ့လို့ ဒီက ထွက်သွားတော့မလို့ ပြင်နေတာ …” လင်းရီသည် ထိုင်ခုံအား မှီရင်း သာမန် ပြောနေကျ အင်္ဂလိပ် စကားဖြင့် ပြောလိုက်သည်။ ထို့နောက် သမ်းဝေလိုက်ပြီး ကိုယ်နေဟန်ထားအား ပြောင်းလဲလိုက်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲ၍ လောလိုက်၏။

“ မြန်မြန် … လမ်းဖယ်ပေးစမ်း … ငါ အိပ်ချင်နေပြီ…”

စစ်ဆေးရန် တာဝန်ကျသည့် အမေရိကန် စစ်သားမှာ လင်းရီ၏ အထောက်အထားအား သံသယ ဝင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် လင်းရီ၏ လေသံက အမေရိကန် လေသံ စစ်စစ် ဖြစ်ပြီး အမေရိကန် လူမျိုး စစ်စစ်ဖြစ်ကြောင်း သိသာကာ စေ့စေ့စပ်စပ် လေ့လာအကဲခတ်ရန်လည်း မထိုက်တန်နေချေ။ အဘယ်ကြောင့် ကိုယ့်အချင်းချင်း သင်္ကာမကင်း ဖြစ်နေရမည်နည်း။

“ သွားတော့ …”

ကျိုးလျန် စိတ်သက်သာရစွာဖြင့် သက်ပြင်းမောကြီး ချလိုက်သည်။

ခေါင်းဆောင်က ဒီလိုမျိုး အေးအေးဆေးဆေး ဖြစ်နေအောင် ဘယ်လိုများ လေ့ကျင့်ခဲ့တာပါလိမ့်….

လမ်းပိတ်ထားသည့် အတားအဆီးမှ အပေါ်သို့ မြှောက်တက်သွားပြီး ၎င်းတို့၏ ယာဉ်ကလည်း စန်တာကလယ်ရာမြို့ထဲမှ နှောင့်ယှက်တိုက်ခိုက်ခြင်း မခံရပါဘဲ လုံလုံခြုံခြုံနှင့် ထွက်ခွာလာနိုင်ခဲ့လေသည်။

“ ဖက်ခ်ပဲ … နောက်ဆုံးတော့ အပြင်ထွက်လာနိုင်ခဲ့ပြီ…”

ကျိုးလျန်မှာ နောက်ခုံတွင် ထိုင်နေရင်း ရေနစ်ထားသည့် လူတစ်ယောက်ကဲ့သို့ အသက်အား အငမ်းမရ ရှူရှိုက်လို့နေသည်။

မြို့ထဲက ထွက်လာခဲ့ပြီးနောက် ကားကို အရှိန်မြင့်လိုက်ပြီး မကြာမီ အချိန်အတွင်း ကီလို ဒါဇင်ခန့်မျှ ခရီးနှင်လာခဲ့၏။

ဒရိုင်ဘာမှာ စတီယာရင် ဘီးအား တင်းကြပ်စွာ ကိုင်ထားရင်း တုန်ယင်နေသည့် အသံဖြင့် " ငါ ... ငါ မင်းတို့ကို လိုက်ပို့ပြီးပြီ... အခု သွားလို့ ရပြီမလား.... "

" မင်းသာ မပြောဘူးဆို ဒီက မေ့တောင် မေ့တော့မလို့.... "လင်းရီ ပြောလိုက်ပြီး " ကား အရင် ရပ်လိုက်... "

ဒရိုင်ဘာမှာ အပျော်လွန်သွားခဲ့သည်။ ဘရိတ်နင်း၍ ကားအား ဘေးတစ်နေရာတွင် ထိုးရပ်လိုက်လေသည်။

“ ငါတို့ကို အပြင် ခေါ်ထုတ်လာပေးလို့ ကျေးဇူးပဲ ကိုယ့်လူ … ငါ့ရဲ့ ကျေးဇူးတင်မှုကို ပြဖို့ မင်းကို အလကား တင်ဆောင်ပေးသွားချင်တယ်…”

“ ကားကို မောင်းသွားချင်တာလား … ရတယ် မောင်း … ငါ့ဘာငါ လမ်းလျှောက်ပြန်လိုက်မယ်… လိုက်ပို့ပေးစရာ မလိုပါဘူး …”

ဒရိုင်ဘာမှာ ကားတံခါးဖွင့်ပြီး ထွက်သွားရန် ဟန်ပြင်သည်။

“ မဟုတ်ဘူး မဟုတ်ဘူး … မင်းဘာမင်းဆို လမ်းရှာတွေ့မှာ မဟုတ်ဘူး … ဒါကြောင့်မို့ မင်းကို လိုက်ပို့ပေးမလို့ …”

“ ဟင် .. ခေါင်းဆောင် … ခင်များ သူ့ကို လိုက်ပို့မလို့လား …”

“ အင်း … ဘုရားသခင်ဆီကိုလေ…”

လင်းရီသည် စကေဘာအား ကိုင်၍ ဒရိုင်ဘာ၏ နှလုံးနေရာ တည့်တည့်သို့ ထိုးစိုက်လိုက်သည်။ တစ်ချိန်တည်းတွင် တစ်ဖက်သူ၏ နှုတ်အား လက်ဖြင့် အုပ်ထားလိုက်၏။

တစ်မိနစ် အတွင်းမှာပဲ ဒရိုင်ဘာသည် အသံတစ်သံပင် မထွက်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့တော့သည်။

ရန်သူအား ကိုင်တွယ်ပြီးနောက် ကျိုးလျန်သည် ၎င်းကိုယ်ပေါ်ရှိ အသုံးဝင်မည့် ပစ္စည်းများအား ဖွေရှာကာ လမ်းဘေး မြက်တောထဲသို့ လွင့်ပစ်ခဲ့လိုက်၏။ ထို့နောက် ကားအား မောင်းထွက်လာခဲ့လိုက်သည်။

“ ခေါင်းဆောင် .. မနက် အရုဏ်တက်တော့မယ်.. ကျုပ်တို့ ဘယ်လဲ သွားကြမှာ …”

“ ငါလည်း ဒီနေရာနဲ့ မရင်းနှီးတော့ မသိသေးဘူး … လမ်းအတိုင်း မောင်းကြတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ အခုက အန္တရာယ်ကင်းပြီဆိုတော့ များများစားစား တွေးပူမနေနဲ့ … အရင်ဆုံး ငါတို့ ဗိုက်ကို ဖြည့်နိုင်မယ့်နည်းလမ်း စဉ်းစားကြတာပေါ့ … မဟုတ်ရင် အစာလွန်ပြီး သေတော့မယ်…”

“ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် တစ်ယောက် ရှိတယ်ဆိုတော့ ကျုပ်တို့ အခြေစိုက် စခန်းဆီ ဆက်သွယ်ကြဦးမှာလား …”

“ ဒါပေါ့ ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီတစ်ခေါက်တော့ လိပ်စာ အမှန် ပေးလို့ မဖြစ်ဘူး … လိပ်စာ အတုပေးမှ ပိုပြီး အန္တရာယ်ကင်းမှာ …”

လင်းရီ ဆိုလိုချင်သည်အား ကျိုးလျန် ချက်ချင်း နားလည်သွားခဲ့သည်။

ကျုံးဝေ့တပ်ဖွဲ့ထဲတွင် ရန်သူဘက်မှ သတင်းပေးတစ်ယောက် ရှိနေသဖြင့် အကယ်၍ သူတို့သာ ယခု ရောက်နေသည့် နေရာအတိအကျအား ပြောပြလိုက်မည်ဆိုပါက မိမိကိုယ်ကို စဉ်းနှီတုံးထက် လည်စင်းပေးလိုက်သည်နှင့် ခြားနားလိမ့်မည် မဟုတ်ချေ။

သို့သော် သူတို့ဘက်က လုပ်ကြံဖန်တီးထားသည့် လိပ်စာအား ပြောပြလိုက်မည်ဆိုပါက အတိုင်းအတာတစ်ခုအထိ အန္တရာယ်ကင်းပြီး မည်သည်ကိုမျှ စိုးရိမ်နေလည်း မလိုချေ။

လင်းရီသည် ဟိုင်းဝေးလမ်းတစ်လျှောက် မောင်းနှင်နေရင်း ကောင်းကင်သည်လည်း ဖြည်းဖြည်းချင်း လင်းစ ပြုလာခဲ့၏။

နေလုံးကြီးက မိုးကုပ်စက်ဝိုင်းသို့ ကျော်လွန်တော့မည့်နှယ် ရှင်သန်ခြင်း၏ မျှော်လင့်ချက်အား ယူဆောင်လာခဲ့ပေးသည်။

“ ခေါင်းဆောင်လင်း .. ကျုပ်တော့ ကျုပ်တို့နှစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ရုပ်ရှင် ဇာတ်ကား ကောင်းကောင်း တစ်ကား ရိုက်ဖို့ လုံလောက်တယ်လို့ ထင်တယ်… စောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်…”

ကျိုးလျန် ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

“ ရုပ်ရှင်ဇာတ်ကားဆိုရင်တောင် ဘယ်သူက ရေဆိုးပိုက်ထဲ သုံးရက်နေမှာ…”

“ အဲ့တာတော့ အမှန်ပဲ … ဘယ်သူကရော ကျုပ်တို့ နှစ်ယောက် ရေဆိုးပိုက်ထဲမှာ သုံးရက် ၊ သုံးည ရှိနေမယ် ထင်ထားမှာ… ကိုယ့်ကိုယ်တောင် အထင်ကြီးမိသွားပြီ …”

ကျိုးလျန် သက်ပြင်းချလိုက်သလို လင်းရီလည်း လိုက်ပြီး သက်ပြင်းချလိုက်သည်။

တကယ်ကို ထင်မှတ်မထားသည့် ဖြစ်ရပ်ပင်။

စစ်တုရင် ကစားပွဲ၏ နောက်ကွယ်တွင် ကစားနေသည့် လူက ယခုတိုင် ဆန်းကြယ်နေဆဲပင်။ လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်ရှားသွားခဲ့ပြီး သူ တစ်ကိုယ်သာ ကြားနိုင်လောက်သည့် လေသံဖြင့် ရေရွတ်လိုက်၏။

“ ဝမ်ထင်ရှန်း … ခင်များက ဒီကိစ္စ နောက်ကွယ်က လူ ဖြစ်နေမလား …….”

SUV ကားမှာ ဟိုင်းဝေးလမ်းတစ်လျှောက် အရှိန် မြင့်သွားပြီး မနက်ခင်း၏ ရောင်ခြည်သစ်များက အလှမ်းကွာဝေးသည့် အဝေးတစ်နေရာရှိ သစ်ပင်ပန်းမန်များနှင့် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်ကျဆင်းလာကာ အာဟာရပြုပေးသည်။

မျှော်လင့်ချက် နေလုံးကြီးက မြင့်တက်လာသကဲ့သို့ ဤကြီးမားသည့် ထွက်ပြေးလွတ်မြောက်မှုကြီးမှာလည်း နောက်ဆုံး၌ အဆုံးသတ်သွားခဲ့ချေပြီ။

ထိုအခိုက်အတန့်တွင် လင်းရီ၏ မျက်လုံးသူငယ်အိမ်တို့ တင်းကြပ်သွားခဲ့ပြီး တစ်ကိုယ်လုံးရှိ မွေးညှင်းပေါက်များအားလုံး ထောင်ထသွားသည့်နှယ် ခံစားလိုက်ရကာ မျက်နှာသည်လည်း သွေးဆုတ် ဖြူလျော်သွားခဲ့၏။

ဒါဇင် မီတာ အကွာ၌ လင်းရီသည် ကားနှစ်စင်း ရပ်တန့်ထားသည်ကို မြင်တွေ့လိုက်ရပြီး အနီတစ်စင်းနှင့် အနက် တစ်စင်းပင်။

သူ၏ နှလုံးခုန်သံမှာ မိုးကြိုးပစ်ခွင်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းလာနေပြီး မျက်လုံးအစုံက အနီရောင် ကားထံသို့ အပြည့်အဝ အာရုံစူးစိုက်နေလျက် ရှိသည်။

Civic Type-R

ထိုကားက အနက်ဝတ်နှင့်လူ မောင်းသည့်ကားပင်။

All Chapters