← Chapters

ကံကြမ္မာနန်းစွယ်လေလံခန်းမ

Vol. 6 Ch. 84

ကံကြမ္မာနန်းစွယ်လေလံခန်းမ

Vol. 6 Ch. 84

မီးလျှံဂိုဏ်းရှိ မိန်းကလေးတပည့်များသည် ကျစ်ယန်အား နှစ်လိုဖွယ်မျက်လုံးများဖြင့် ကြည့်ကာ "အဲ့စီနီယာအကိုက ဘယ်ကရောက်လာတာလဲ ၊ အရမ်းချောတာပဲ " လို့

တီးတိုး ပြောဆိုနေကြလေသည်။ ယောကျာ်းလေး တပည့်သားများက ကျစ်ယန်အား မကျေနပ်သော အကြည့်ဖြင့် ကြည့်နေကြခြင်းပင် ဖြစ်၏။

ကျစ်ယန်သည် မီးလျှံဂိုဏ်းရဲ့ ကျယ်ဝန်းသော ခန်းမထဲကို ရောက်လာတဲ့အခါ ကျူးအာနဲ့အတူ လူတစ်စုကို တွေ့လိုက်ရသည်။ ထိုလူများကတော့ ကျူးအာရဲ့ မိဘများနဲ့ အကြီးအကဲကြီးများပင် ဖြစ်၏။

ကျူးအာရဲ့ အဖေဖြစ်သော ကျူးလုယွင်သည် ချူးယန်နောက်တွင် ပါလာသော ကျစ်ယန်ကို မြင်တဲ့အခါ "ကျူးအာ.....နင်ရဲ့အသက်ကျေးဇူးရှင်ဆိုတာ အဲ့တစ်ယောက်လား " လို့ မေးလိုက်သည်။ ကျူးအာသည် ခေါင်းငြိမ့်ပြလိုက်၏။

ချူးယန်သည် လက်နှစ်ဖက်ဆုပ်၍ ကျူးလုယွင်နဲ့ အကြီးအကဲကြီးများကို နှုတ်ဆက်လိုက်သည်။ ကျစ်ယန်သည်လည်း ချူးယန်အတိုင်း အားလုံးကို နှုတ်ဆက်လိုက်၏။

ကျူးလုယွင်သည် ပြုံးလိုက်ပြီး "အငယ်လေး......ကျူးအာ​ငါ့ကိုအကုန်ပြောပြပြီးပြီဖြစ်တဲ့အတွက် ဖုန်တောက်ဂိုဏ်းကို သွားဖို့ မင်းစိတ်ပူစရာမလိုတော့ပါဘူး " လို့ ပွင့်လင်းစွာပင် ပြောလိုက်သည်။

ကျစ်ယန်သည် ဖုန်တောက်ဂိုဏ်းကို လျင်မြန်စွာသွားချင်နေပြီ ဖြစ်၍ သံမဏိနဂါးဗိမ္မာန်အဖွဲ့ထွက်ခွာမည့်အချိန်ကို မေးမြန်းလိုက်၏။ ကျူးလုယွင်သည် အချိန်တစ်ပတ်ခန့် လိုသေးကြောင်း ပြောလိုက်သည်။

ကျစ်ယန်သည် ဖုန်းတောက်ဂိုဏ်းကို သွားဖို့ တခြားနည်းလမ်း မရှိ၍ စောင့်ဆိုင်းနေဖို့သာ တက်နိုင်တော့၏။ ထိုချိန်လူတစ်ယောက် ရောက်ရှိလာခဲ့ပြီး အနီရောင်စာလိပ်အား ကျူးလုယွင်ကို ပေးလိုက်သည်။

ကျူးလုယွင်စာလိပ်ကို ဖတ်လိုက်ပြီး "ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ ဖိတ်ကြားလွှာ " လို့ ရေရွတ်လိုက်၏။ ကံကြမ္မာနန်းစွယ်လေလံခန်းမသည် ရှေးဟောင်းနတ်ဘုရားများရဲ့ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့သော အင်အားစု တစ်ခုဖြစ်သည်။

မီးလျှံဂိုဏ်းလို အင်အားကြီးမားသော ဂိုဏ်းကပင် ကံကြမ္မာနန်းစွယ်လေလံခန်းမကို မလေးမစားမလုပ်ရဲပေ။

ကျူးလုယွင်သည် အကြံတစ်ခုရသွားပြီး "အငယ်လေး.....ငါထင်တာမမှားရင် ဒီတစ်ခေါက်ကံကြမ္မာနန်းစွယ်လေလံခန်းမမှာ တန်ဖိုးကြီးတဲ့ရတနာတစ်ခု ထွက်ပေါ်လာနိုင်တယ် ၊ မင်းဘယ်လိုသဘောရလဲ " လို့ ကျစ်ယန်အား မေးလိုက်၏။

ကျစ်ယန်သည်လည်း ဖုန်တောက်ဂိုဏ်းကို သွားရန် အချိန်လိုသေးသဖြင့် ကံကြမ္မာနန်းစွယ် လေလံစံအိမ်ကို သွားရန် သဘောတူလိုက်သည်။ ကျူးလုယွင်သည်မီးလျှံဂိုဏ်းရဲ့ အမိန့်တံဆိပ်ပြားအား ကျစ်ယန်ပေးလိုက်၏။

ကံကြမ္မာနန်းစွယ်လေလံခန်းမသည် ဖိတ်ကြားထားသော ဂိုဏ်းများမှအပ အပြင်လူဝင်ခွင့်မရှိသည့် ကန့်သတ်ချက် ရှိနေခြင်းဖြစ်သည်။ ကျစ်ယန်သည် အမိန့်ပြားကို သိမ်းကာ အားလုံးကို နှုတ်ဆက်ပြီး ဂိုဏ်းပြင်ပကို ထွက်ခွာပျံသန်းလာခဲ့၏။

ကျစ်ယန်သည် ကျူးလုယွင် ပြောလိုက်သော တည်နေရာကို လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ကျစ်ယန်သည် လူတစ်ယောက်အား တွေ့လိုက်တဲ့အခါ လေပေါ်တွင် ရပ်တန့်လိုက်၏။

မိန်းမပျိုလေးသည်

လမ်းလျှောက်နေရင်း ရပ်တန့်သွားသည့်အခါ သူ့အားစောင့်ရှောက်ပေးနေသော လူ၂ယောက်သည် ဒူးထောက်လိုက်ပြီး "သူတော်စင်မိန်းမပျို......ဘာများအမိန့်ပေးစရာရှိလို့လဲ " လို့ မေးလိုက်လေသည်။

အဖြူရောင်ဝတ်စုံ ဆင်းမြန်းထားသော မိန်းမပျိူသည် ခေါင်းခါလိုက်ပြီး "ရှေ့မှာ ကံကြမ္မာနန်းစွယ်လေလံခန်းမပဲ ၊ ဆရာသခင်မှာလိုက်တာကိုပဲ အာရုံစိုက်ကြ " လို့ အေးစက်ပြတ်သားစွာပင် ပြောလိုက်၏။

ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ ဝင်ပေါက်ဝတွင် အသက်၆၀နီးပါရှိသော အဖိုးအိုတစ်ယောက်နဲ့ လူလတ်ပိုင်း၅ယောက်ပင် ရှိနေခဲ့

သည်။ လူသုံးယောက်ရောက်ရှိလာတဲ့အခါ အဖိုးအိုသည် တည်ငြိမ်သောအသံဖြင့် "မင်းတို့က ဘယ်ဂိုဏ်းကလဲ ဖိတ်ကြားလွှာမရှိတဲ့ဂိုဏ်းဆိုရင် ဒီနေရာက လှည့်ပြန်ထွက်သွားလိုက်ပါ " လို့ ပြောလိုက်သည်။

သူတော်စင်မိန်းမပျိုသည် ဂိုဏ်းတံဆိပ်ပြားကို ပြလိုက်တဲ့အခါ အဖိုးအိုသည် သူ့နောက်ရှိ လူများအား အစီအရင်တံခါးဖွင့်ပေးဖို့ အချက်ပြလိုက်၏။ လူ၅ယောက်သည် သူတို့လက်ချောင်းများကို ပြိုင်တူလှုပ်ရှားလိုက်တဲ့အခါ တံခါးပေါ်တွင် အစီအရင်ကွက်ပေါ်လာပြီး ခန်းမတံခါးမှာ ပွင့်သွားခဲ့သည်။

လူသုံးယောက် ဝင်သွားပြီးနောက် ကျစ်ယန်သည် လေပေါ်မှ ဆင်းသက်လိုက်ပြီး အဖိုးအိုရှေ့ကို ချက်ချင်းပင် ရောက်လာခဲ့၏။ အဖိုးအိုသည် ကျစ်ယန်အား သေချာကြည့်လိုက်ပြီး "လူငယ်လေး......မင်းကရော ဘယ်ဂိုဏ်းကလဲ " လို့ မေးလိုက်သည်။ ကျစ်ယန်သည် မီးလျှံဂိုဏ်းရဲ့ အမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက်၏။

အဖိုးသည် မီးလျှံဂိုဏ်းမှန်း သိသွားသည့်အခါ ကျစ်ယန် နောက်ဘက်ကို လှမ်းစစ်ဆေးလိုက်ပြီး "မင်းတစ်ယောက်ထဲပဲလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် အေးဆေးပင် ခေါင်းငြိမ့်လိုက်၏။ အဖိုးအိုသည် တံခါးဖွင့်ပေးဖို့ စေခိုင်းလိုက်ပြီး "မီးလျှံဂိုဏ်းက ဘာရည်ရွယ်ချက်နဲ့ ဒီကောင်လေးကို ၁ယောက်ထဲ လွှတ်လိုက်တာလဲ " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် တံခါးပေါက်က ဝင်လာပြီးနောက် အလွန်ခမ်းနားထည်ဝါသော ခန်းမကြီး တစ်ခုနဲ့အတူ ကိုယ်စီထိုင်ခုံများနဲ့ ထိုင်နေသော လူများစွာကိုလဲ တွေ့လိုက်ရ၏။

ထိုင်ခုံများရဲ့နောက်တွင် ဂိုဏ်းတံဆိပ်များကို ရေးထိုးထားသဖြင့် ကျစ်ယန်သည် မီးလျှံဂိုဏ်းတံဆိပ်ရှိသော ခုံနေရာသို့ ဝင်ထိုင်လိုက်သည်။

ဂိုဏ်းအများစုသည် အနည်းဆုံးလူ၃ယောက်ပင် ရှိသဖြင့် ၁ယောက်ထဲထိုင်နေသော ကျစ်ယန်ကို ထူးဆန်းသလို ကြည့်နေကြ၏။ သူတော်စင်မိန်းမပျိုလေးသည် ကျစ်ယန်ကို တွေ့သွားသည့်အခါ "သူ့တကယ်ပဲ အသက်ရှင်နေခဲ့တာပဲ " လို့ ဝမ်းသာစွာဖြင့် စိတ်ထဲတွင် ရေရွတ်လိုက်၏။

ကျစ်ယန်သည် သူတော်စင်မိန်းမပျိုလေးအား ကြည့်ကာ "ကိုယ်ပြသာနာအားလုံးဖြေရှင်းပြီးရင် မင်းကိုယ်လာရှာပါ့မယ် "လို့ ဝမ်းနည်းစွာဖြင့် တစ်ယောက်ထဲ ရေရွတ်လိုက်သည်။သူတော်စင်မိန်းမပျိုဆိုသည်မှာ တခြားလူမဟုတ်ဘဲ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ အမွေခံတပည့် လင်ရှို့ဟွာပင် ဖြစ်သည်။

နဖူးတွင် အပြာရောင်ဆေးမီးဖိုအိုးတက်တူးရှိသော လူတစ်ယောက်သည် လက်သည်းများဖြင့် ခုံကို ကုတ်လိုက်ပြီး "အကြီးအကဲစွင်းကျန်း.....မီးလျှံဂိုဏ်းရဲ့ အင်အားက ကျွန်တော်တို့ဂိုဏ်းထက် အင်အားပိုကြီးလား "'လို့ မေးလိုက်၏။

All Chapters