← Chapters

ရန်လန်းနဲ့ တွေ့ဆုံခြင်း

Vol. 6 Ch. 71

ရန်လန်းနဲ့ တွေ့ဆုံခြင်း

Vol. 6 Ch. 71

ကျစ်ယန်ရဲ့ ဆေးလုံးကို သောက်သုံးပြီးတဲ့နောက် နတ်ဆိုး၆ယောက်လုံးသည် ဒဏ်ရာများ သက်သာသွားတဲ့အပြင် စွမ်းအင်များ ပြန်လည်ပြည့်ဝလာသဖြင့် ကျစ်ယန်အား ကျေးဇူးတင်လိုက်ကြ၏။ မိန်းကလေးတစ်ယောက်သည် လင်ရှို့ဟွာအနားသို့ ကပ်လိုက်ပြီး သတင်းတစ်ခုအား ပြောပြလိုက်သည်။

ထိုသတင်းကတော့ ရီချင်းမော်အသတ်ခံလိုက်ရသဖြင့် ဘုံသုံးဆင့်ဧကရာနန်းတော်ဂိုဏ်းရှိ ဂိုဏ်းအကြီးအကဲကြီးတချို့သည် ကျုံးအဆိပ်ဘုံကုန်းမြေထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခြင်းပင် ဖြစ်၏။

လင်ရှို့ဟွာသည် ကျစ်ယန်သာ ကြားနိုင်သောအသံဖြင့် ရီချင်းမော်အား သတ်မသတ် မေးလိုက်သည်။

ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လင်ရှို့ဟွာသည် လက်ရှိနေရာမှ အမြန်ဆုံးထွက်ခွာသွားဖို့ ပြောလိုက်၏။ ရီချင်းမော်သည် သူမသေဆုံးမီ ပို့လွှတ်ခဲ့သော ပုံရိပ်များကြောင့် ဂိုဏ်းအကြီးအကဲများသည် ကျစ်ယန်၏ သရုပ်မှန်ကို သိရှိပြီးသွားပြီ ဖြစ်သည်။

ကျစ်ယန်သည် အခြေအနေကို သိရှိသွားပြီး လင်ရှို့ဟွာနဲ့ တခြားလူတွေကို နှုတ်ဆက်ကာ ချက်ချင်းပင် ပျံသန်း ထွက်ခွာသွားခဲ့၏။ ကျစ်ယန်ထွက်ခွာသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် အသက်၇၀ကျော်ရှိသည့် နတ်သူငယ်အဆင့်လူ၁ယောက်နဲ့ နတ်ဝိဇ္ဇာအဆင့်၉ရှိသော လူ၂ယောက်သည် လင်ရှို့ဟွာတို့ အနားတွင် ပေါ်လာခဲ့သည်။

ထိုလူသုံးယောက်နာမည်ကတော့ ဟိုင်းတန် ၊ အိုဟော နဲ့ ဖူချုန်း တို့ပင် ဖြစ်ပြီး ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း၏ အကြီးအကဲများပင် ဖြစ်၏။ ထိုလူသုံးယောက်ရောက်လာတဲ့အခါ လင်ရှို့ဟွာနဲ့ အခြား၃ယောက်သည် အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ ဖူချုန်းသည် အနားတွင် ရှိနေသော လူများရဲ့ မျက်နှာများကို စစ်ဆေးပြီးတဲ့နောက် ထိုနေရာကနေ ချက်ချင်းထွက်ခွာသွားခဲ့၏။

ကျစ်ယန်သည် နေရာတစ်ခုသို့ ရောက်တဲ့အခါ ဆင်းသက်လိုက်ပြီး သူ့ရရှိထားသော ရတနာတစ်ချို့ကို ထုတ်လိုက်၏။ ကျစ်ယန်သည် ထိုရတနာများကို

စွမ်းအားဖြင့် ရွေ့လျားလိုက်ပြီး လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ လျှပ်တစ်ပြက်အတွင်းမှာပဲ ကျစ်ယန်ရပ်နေသော ကောင်းကင်ယံပေါ်တွင် လူ၃ယောက်ရောက်ရှိလာခဲ့သည်။

ကျစ်ယန်ကို တွေ့သည့်အခါ ဖူချုန်းသည် တည်ငြိမ်အေးစက်စွာဖြင့် "ကောင်စုတ်လေး......မင်းက

သခင်လေးရီချင်းမော်ကို သတ်ဖြတ်ရဲတဲ့အတွက် မင်းရဲ့ ဘဝက ဒီနေ့မှာ ဇာတ်သိမ်းမယ်ဆိုတာ မရိပ်မိခဲ့ဘူးလား " လို့ ပြောလိုက်၏။

ကျစ်ယန်သည် လေပေါ်သို့ တချက်ပြန်တက်လိုက်ပြီး "အကြီးအကဲတို့သုံးယောက်ထဲနဲ့ ကျွန်တော်ကို သတ်နိုင်မှာ သေချာလို့လား" လို့ တည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။ ကျစ်ယန်သည် သူတို့၃ယောက်ကို တွေ့တာတောင် တုန်လှုပ်မှုအနည်းငယ်တောင် မရှိဘဲ ထူးဆန်းနေသေယကြောင့် ဟိုင်းတန်နဲ့အိုဟောသည် အနည်းငယ် တွေဝေနေခဲ့၏။

ဖူချုန်းသည် ဒေါသထွက်စွာဖြင့် "မင်းတို့နှစ်ယောက်က ဒီကောင်စုတ်ကို ကြောက်နေကြတာလား " လို့ ဟိုင်းတန်နဲ့ အိုဟောအား ဆူဟောက်လိုက်သည်။ ဟိုင်းတန်နဲ့အိုဟောသည် သူတို့ရဲ့လက်နက်ဖြစ်သော ကြာပွတ်အား ထုတ်လိုက်၏။

၂ယောက်လုံးသည် ကြာပွတ်အား စွမ်းအားအသက်သွင်းလိုက်တဲ့အခါ အနီရောင်ကြာပွတ်နဲ့ အပြာရောင်ကြာပွတ်သို့ ပြောင်းလဲသွားသည်။ ဟိုင်းတန်နဲ့ အိုဟောသည် လျှပ်စီးအလျင်နှုန်းဖြင့် ကျစ်ယန်၏ ဘေးနှစ်ဖက်အား ပျံသန်းသွားလိုက်ပြီး "တုန်ခါချုပ်နှောင်ခြင်းဘုရင်ကျင့်စဥ် " လို့ ရေရွတ်လိုက်ပြီး ကြာပွတ်ဖြင့် ရိုက်ချလိုက်၏။

ကြာပွတ်နှစ်ချောင်းလုံးသည် ကျစ်ယန်အနားသို့ မရောက်ခင်မှာပဲ ရပ်တန့်သွားကြသည်။ သူတို့၂ယောက်လုံးရဲ့ ကြာပွတ်များသည် အမည်မသိစွမ်းအင်တစ်စုံတစ်ရာနဲ့ ထိခိုက်မိကာ ရပ်တန့်သွားသည့်အတွက် ဟိုင်းတန်နဲ့အိုဟောသည် အံ့အားသင့်သွားကြ၏။

ကျစ်ယန်နဲ့ ဘေးနှစ်ဖက်တွင် နတ်သူငယ်အဆင့်ရုပ်သေးရုပ်နဲ့ ဧရာမနဂါးကြီးထွက်ပေါ်လာတဲ့အခါ ဖူချုန်းတို့ ၃ယောက်လုံးသည် ကြောက်လန့်သွားလေသည်။ ဖူချုန်းသည် အခြေအနေမဟန်သည့်အတွက် ဟိုင်းတန်နဲ့အိုဟောအား နောက်ဆုတ်ခိုင်းလိုက်၏။

သို့သော်၂ယောက်လုံးသည် ထွက်ပြေးခွင့်တောင်မရလိုက်ချေ။

နတ်ဝိဇ္ဇာအဆင့်၉ရှိသော ဟိုင်းတန်နဲ့အိုဟောသည် စက္ကန့်ပိုင်းအတွင်းမှာပဲ သေဆုံးသွားသည်ကို မြင်လိုက်ရသော ဖူချုန်းသည် ကြောက်လန့်စွာဖြင့် ချက်ချင်းပင် လှည့်ပြန်ဖို့ ကြံစည်ပါတော့၏။ သို့သော် ကျစ်ယန်သည် ပိတ်လှောင်ခြင်းအစီအရင်အား အသက်သွင်းလိုက်တဲ့အခါ ဖူချုန်းသည် ပြေးပေါက်ပျောက်သွားသည်။

ဖူချုန်းသည် သူ့ရဲ့စွမ်းအားဖြင့် ဖောက်ထွက်ဖို့ ကြိုးစားပင်မယ့် အစီအရင်ပေါ်တွင် အက်ကွဲရာအနည်းငယ်မျှ မပေါ်ခဲ့ပေ။ ဖူချုန်းသည် ဒူးထောက်ကာ တောင်းပန်တော့မည့်အချိန်တွင် ကျစ်ယန်သည် ယန်နတ်ဘုရားမျက်လုံးစွမ်းအားကို အသက်သွင်းကာ ဖူချုန်းထံသို့ ပစ်လွှတ်လိုက်၏။

အစိမ်းရောင်လျှပ်စီးမျှင်စလေးတစ်ခုသည် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတဲ့အခါ ဖူချုန်းသည် ၁စက္ကန့်အတွင်း သေလူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျစ်ယန်သည် များစွာသောကျင့်ကြံမှုစွမ်းအားများ ရရှိသွားတဲ့အတွက်" ငါဒီနေရာမှာပဲ စွမ်းအားတွေကို စုပ်ယူပြောင်းလဲရမယ် " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် ကမ္ဘာမဲ့ဂုံးခွံအား ထုတ်လိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဝင်၍ ကျင့်ကြံမှုအဆင့်အား မြင့်တင်နေခဲ့သည်။ အချိန်သည် ၁ရက်မကြာခင်မှာပဲ ကျစ်ယန်သည် အပြင်ဘက်သို့ ပြန်ထွက်လာခဲ့၏။ ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၈ကိုပင် ထိုးဖောက်နိုင်မည်လို့ မမျှော်လင့်ထားခဲ့ပေ။

ကျစ်ယန်သည် မြေပုံစာလိပ်ကို ထုတ်လိုက်ပြီး ကျုံးဧကရာဇ်နယ်မြေထံသို့ ပျံသန်းလာခဲ့၏။ ပျက်စီးနေသော ဧကရာဇ်နန်းတော်အဟောင်ကြီးကို ကျစ်ယန်သည် တွေ့လိုက်ရသည်။ ကျစ်ယန်သည် နန်းတော်တံခါးပေါက်မှတဆင့် အတွင်းဘက်ခြမ်းကို ဝင်ရောက်လာခဲ့၏။

ကျစ်ယန်ခြေလှမ်းအနည်းငယ်လျှောက်လှမ်းနေချိန်တွင် အလွန်ပင်အေးစက်သော ရေခဲအခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် နောက်သို့လျင်မြန်စွာ ပြန်ဆုတ်လိုက်ပြီး ယန်နတ်ဘုရားမျက်လုံးစွမ်းအားဖြင့် စစ်ဆေးလိုက်၏။ ရေခဲအခိုးအငွေ့များသည် မြေအောက်တစ်နေရာမှ ထွက်ပေါ်လာကြောင်း ကျစ်ယန်သည် သိရှိသွားခဲ့သည်။

ကျစ်ယန်သည် နတ်မီးတောက်အား ခန္ဓာကိုယ်တစ်ခုလုံးသို့ လည်ပတ်စေလိုက်ပြီး အအေးဒဏ်ကို ခုခံကာ ရှေ့သို့ ဆက်လှမ်းလာခဲ့၏။ ကျုံးဧကရာဇ်နန်းတော်တွင် အခန်းပေါင်းမြောက်များစွာ ရှိနေခဲ့သည်။ ကျစ်ယန်သည် ရေခဲငွေ့များ ထွက်ပေါ်လာသော နေရာသို့ ရောက်တဲ့အခါ သူ့စွမ်းအားသုံးကာ မြေကြီးအား ထိုးချလိုက်၏။

ကျစ်ယန်ထိုးချလိုက်သောနေရာတွင် မြေအောက်လှိုင်ဂူကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် အောက်သို့ ခုန်ချလိုက်ပြီး ရေခဲငွေ့ထွက်ရာ လမ်းကြောင်းတစ်လျှောက်ကို ရှာဖွေကြည့်လိုက်၏။ ရေခဲငွေ့ထွက်လာရာ လမ်းကြောင်းကို လိုက်ရင်း နောက်ဆုံးမှတော့ ကျစ်ယန်သည် မြေအောက်လှိုင်ဂူထဲမှ အခန်းတစ်ခန်းကို ရောက်ရှိသွားခဲ့သည်။

အခန်းထဲတွင် ရေခဲနေသော လူပေါင်းများစွာကို ကျစ်ယန်သည် တွေ့လိုက်ရ၏။ ကျစ်ယန်ရောက်ရှိလာတဲ့အခါ ရေခဲနေသည့် လူသားများကြားတွင် ရှိနေသော ဆံပင်ဖြူဖြူ အဖိုးအိုတစ်ယောက်သည် "ဟားဟား....ငါ့ရဲ့ ဆန္ဒဖြည့်ဆည်းပေးဖို့ လူတစ်ယောက်ထပ်ရောက်လာပြီပဲ " လို့ ပျော်ရွင်စွာဖြင့် ရယ်မောလိုက်၏။

All Chapters