← Chapters

ရန်လန်းအား သတ်ဖြတ်ခြင်း

Vol. 6 Ch. 72

ရန်လန်းအား သတ်ဖြတ်ခြင်း

Vol. 6 Ch. 72

ထိုလူရဲ့ ကျင့်စဥ်သည် နတ်သူငယ်အဆင့်၄ကိုပင် ရောက်ရှိနေလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။ ရန်လန်းလို့ ခေါ်သောအဖိုးအိုသည် သူ့ရဲ့လက်ဖဝါးကို ဖြန့်လိုက်တဲ့အခါ ရေခဲမှုန်များစွာထွက်ပေါ်လာခဲ့၏။

ရန်လန်းသည် ချက်ချင်းပင် သူ့ရေခဲမှုန်များအား ကျစ်ယန်ဆီသို့ စေလွှတ်လိုက်သည်။ ကျစ်ယန်သည် သူ့ထံသို့ တရှိန်ထိုး ရောက်ရှိလာသော ရေခဲမှုန်များအား နတ်မီးတောက်စွမ်းအားဖြင့် အလွယ်တကူပင် ဖယ်ရှားလိုက်၏။ ရန်လန်းသည် ကျစ်ယန်ထံမှခရမ်းရောင်မီးတောက်ကို တွေ့လိုက်သဖြင့် "မင်းသုံးလိုက်တာနတ်မီးတောက်မလား....." လို့ မေးလိုက်သည်။

ကျစ်ယန်သည် ဘာမှမဖြေကြားသော်လည်း ရန်လန်းသည် လက်နောက်ပစ်၍ လမ်းလျှောက်ကာ "

ဟုတ်တယ်.....အဲ့တာနတ်မီးတောက်ပဲဖြစ်ရမယ် ၊ မဟုတ်ရင် ငါရဲ့ သူတော်စင်ရေခဲချီကို နိုင်စရာအကြောင်းမရှိဘူး "လို့ ​ရေရွတ်လိုက်၏။ သူတော်စင်ရေခဲချီဆိုသည်မှာ ရေခဲနဲ့ပက်သက်သောစွမ်းအားများကို ဝါးမျိုးနိုင်သော ရတနာစွမ်းအင်တစ်မျိုးပင် ဖြစ်သည်။

ရန်လန်းသည် သူတော်စင်ရေခဲချီကို ရရှိပြီးနောက် များစွာသောရေခဲစွမ်းအင်များကို ဝါးမျိုး၍ သူတော်စင်ရေခဲချီရဲ့စွမ်းအားကို တိုးမြှင့်ခဲ့၏။ ယခုရန်လန်းလက်ထဲရှိ သူတော်စင်ရေခဲချီမှာ အလွန်ပင်

အစွမ်းထက်သော လက်နက်စွမ်းအင်မျိုး ဖြစ်နေပြီဖြစ်၍ သာမန်မီးတောက်လေးတစ်ခုမှ သူ့စွမ်းအားကို ကာဆီးနိုင်မည် မဟုတ်ချေ။

ရန်လန်းသည် ကျစ်ယန်ကို သတ်ပစ်ပြီး နတ်မီးတောက်ကို ရယူဖို့ ဆုံးဖြတ်လိုက်၏။ လုံရှန်းသည် အန္တရာယ်ကို သတိထားမိသဖြင့် ကျစ်ယန် စေခိုင်းမှာကို စောင့်နေခဲ့သည်။ ရန်လန်းသည် အော်ရယ်စွာဖြင့် လေပေါ်သို့ ပျံတက်လိုက်ပြီး "ရေခဲအရှင်ရဲ့ မကုန်ဆုံးနိုင်သော ရေခဲလွှာများ " လို့ ရေရွတ်လိုက်၏။

ရန်လန်းရေရွတ်ပြီးတဲ့နောက် ရန်လန်းခေါင်းပေါ်ရှိ အစီအရင် စက်ဝိုင်းအတွင်း သန်မာအားကောင်းသော ရေခဲလွှာများ ထွက်ပေါ်လာခဲ့သည်။ ရန်လန်းသည် သူ့လက်ချောင်းဖြင့် ကျစ်ယန်ထံသို့ ညွှန်လိုက်တဲ့အခါ အင်မတန်များသော ရေခဲလွှာများသည် ကျစ်ယန်ရှိသို့ တချိန်ထဲကျရောက်လာခဲ့၏။

ကျစ်ယန်သည် ရုပ်သေးရုပ်အား ထုတ်လိုက်ပြီး ရေခဲလွှာများအား ခုခံခိုင်းလိုက်သည်။ ရန်လန်းသည် ကျစ်ယန်ရှေ့တွင် ထွက်ပေါ်လာသော ရုပ်သေးရုပ်ကို မြင်တဲ့အခါ သူ့စွမ်းအားများကို ချက်ချင်းပင် ရုတ်သိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ သက်ဆင်းလိုက်၏။

ရန်လန်းသည် တည်ငြိမ်ပြတ်သားသောအသံသို့ပြောင်းလဲသွားပြီး "မင်းကဘယ်သူလဲ....ဆရာတူအကို မသေခင် ဖန်တီးခဲ့တဲ့ ရုပ်သေးရုပ်က မင်းရှိမှာရှိနေတဲ့အပြင် မင်းကဘယ်လိုလုပ်ပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်တက်နေတာလဲ " လို့ မေးလိုက်၏။ ကျစ်ယန်သည် စာလိပ်တစ်ခုအား ရန်လန်းကို ပေးလိုက်ပြီး ရုပ်သေးရုပ်ရရှိလာတဲ့နေရာအား ပြောပြလိုက်သည်။

ရန်လန်းသည် စာလိပ်ကို သေချာဖတ်လိုက်ပြီး ဖျက်ဆီးပစ်လိုက်ကာ"ဒါသစ္စာဖောက်ကောင်ရဲ့ လက်ချက်ပဲဖြစ်ရမယ် "လို့ ပြောလိုက်ပြီး ကျစ်ယန်အား သတ်ပစ်ဖို့သာ ကြံရွယ်လိုက်၏။ ကျစ်ယန်ထံတွင် ရှိနေသော နတ်မီးတောက်နဲ့ ရုပ်သေးရုပ်သည် သူ့အား ဆွဲဆောင်နေခြင်းပင် ဖြစ်သည်။

ရန်လန်းသည် သူ့ရေခဲစွမ်းအားကို စုစည်းလိုက်ပြီး

"ငါမင်းကို အသက်ရှင်ခွင့်ပေးလို့ မရဘူး " လို့ အော်ဟစ်ကာ ရေခဲစွမ်းအင်လှိုင်းကြီးဖြင့် တိုက်ခိုက်လိုက်၏။ ကျစ်ယန်သည် ရန်လန်းအား သတ်ပစ်ဖို့ အစီအစဥ်မရှိပေ။ သို့သော် ရန်လန်းသည် သူ့အား သတ်ပစ်ဖို့ ကြံရွယ်လာပြီ ဖြစ်၍ အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ကျစ်ယန်သည် ရုပ်သေးရုပ်အား တိုက်ခိုက်ဖို့ စေခိုင်းလိုက်ပြီး အသူရာနတ်ဘုရားလက်ညိုးကျင့်စဥ်အား အသက်သွင်းလိုက်သည်။ ကျစ်ယန်နောက်ကွယ်တွင်ရှိသော နတ်ဘုရားဝိညဥ်ကြီးကို တွေ့တဲ့အခါ ရန်လန်းသည် သူ့မျက်နှာတွင် အပြုံးများထွက်ပေါ်လာခဲ့ပြီး "မင်းကို သတ်ပြီးရင် ငါ့အရင်ကထက် စွမ်းအားတွေ တိုးလာမှာ ကျိန်းသေတယ် " လို့ ရေရွတ်လိုက်၏။

ရန်လန်းသည်လည်း သူ့လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဧရာမရေခဲဓားဝိညဥ်ကြီးအား အသက်သွင်းလိုက်သည်။ ကျစ်ယန်သည် ရုပ်သေးရုပ်အား ပြန်သိမ်းလိုက်ပြီး သတ်ဖြတ်မည့်အကြည့်ဖြင့် "သေလိုက်တော့......" လို့ အေးစက်စွာအသံနဲ့ပင် ပြောလိုက်ပြီး အသူရာနတ်ဘုရားလက်ညိုးကျင့်စဥ်ဖြင့် တိုက်ခိုက်လိုက်၏။

ရန်လန်းသည် သူ့ရဲ့ ဧရာမရေခဲဓားဝိညဥ်ကြီးဖြင့်

ဧရာမနတ်ဘုရားလက်ညိုးကြီးအား ခုခံတိုက်ခိုက်လိုက်ပြီး "မင်းရဲ့ကျင့်စဥ်က ငါ့ထက်သာလွန်နေရင်တောင် နတ်ဝိဇ္ဇာအဆင့်၇လောက်နဲ့ ငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်မယ်ထင်နေတာလား..... ဟားဟားဟား" လို့ အော်ဟစ်ရယ်မောစွာပြောလိုက်သည်။

ရန်လန်းရဲ့စွမ်းအားသည် ကျစ်ယန်ထက်သာလွန်နေသဖြင့် ဧရာမနတ်ဘုရားလက်ညိုးကြီးတွင် စတင်၍ အက်ကွဲကြောင်းရာ ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် ရန်လန်းမှာ သူ့ကို အထင်သေးလှောင်ပြောင်နေသည့်ချိန်တွင် "ဒီအချိန်ပဲ......" လို့ ရေရွတ်ကာ ယန်နတ်ဘုရားမျက်လုံးစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်၏။

ရန်လန်းသည် သူ့မျက်နှာရှေ့တွင် လျှပ်တစ်ပြက်ထွက်ပေါ်လာသော အစိမ်းရောင်လျှပ်စီးမျှင်လေးအား မြင်လိုက်ရတဲ့အခါ ​ ထိပ်လန့်စွာဖြင့် သူ့ရဲ့ရေခဲလက်ဖဝါးဖြင့် တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော် လျှပ်စီးမျှင်လေးသည် ရန်လန်း၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်အတွင်းကို ရောက်ရှိသွားခဲ့၏။

ရန်လန်းရဲ့ ခန္ဓာကိုယ်သည် စက္ကန့်ပိုင်းအတွင်းမှာပဲ ပေါက်ကွဲသွားခဲ့သည်။ ရန်လန်းသည် နတ်သူငယ်အဆင့်၄ကို ရောက်ရှိနေသော်လည်း စိတ်ဝိညဥ်စွမ်းအင်အဖြစ် မခွဲထွက်နိုင်ခဲ့ပဲ သေဆုံးသွားခဲ့၏။

ရန်လန်းသေဆုံးသွားတဲ့အခါ ကျင့်ကြံရေးစွမ်းအားများသည် ကျစ်ယန်ထံသို့ တရှိန်ထိုး တိုးဝင်လာခဲ့သည်။

ကျစ်ယန်သည် တစ်ပြိုင်နက်အင်အားကြီးမားသော စွမ်းအင်၂ခုထုတ်သုံးလိုက်ရတဲ့အတွက် သွေးအနည်းငယ်ပင် အန်လိုက်ရ၏။ကျစ်ယန်သည် ဆေးလုံး၁လုံးအား လျင်မြန်စွာ ထုတ်သောက်လိုက်ပြီး စွမ်းအားများကို ပြန်တည်ငြိမ်အောင် လုပ်လိုက်သည်။

ရန်လန်းပေါက်ကွဲသွားသောနေရာတွင် သူတော်စင်ရေခဲချီဟုခေါ်သော ရတနာစွမ်းအင်တစ်မျိုးသည် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် သူတော်စင်ရေခဲချီအား စုပ်ယူလိုက်ပြီး "ဒီသူတော်စင်ရေခဲချီစွမ်းအင်နဲ့ဆို ​နောက်ဆုံးကျန်တဲ့ နိတ္တစွမ်းအင်လုံးကို

အသက်သွင်းလို့ရပြီ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ထိုနေရာ၌ပင် ထိုင်ချလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဝင်ကာ သူတော်စင်ရေခဲချီအား သန့်စင်စုပ်ယူနေခဲ့၏။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ကျစ်ယန်ရဲ့ ဘယ်ဘက်လက်ဖဝါးပေါ်တွင် ရေခဲငွေ့များထွက်နေသော သလင်းကျောက်သဏ္ဍာန်ရေခဲစွမ်းအင် ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် နိတ္တစွမ်းအင်သုံးလုံးအား ချက်ချင်းထုတ်လိုက်ပြီး စွမ်းအားမဲ့နေသေးသော နိတ္တစွမ်းအင်လုံးအား ရေခဲစွမ်းအင်ကို ထည့်သွင်းနေခဲ့၏။ အချိန်သည် အတော်ကြာပြီးနောက် နိတ္တစွမ်းအင်လုံး သုံးလုံးမှာ စွမ်းအားတစ်ခုချင်းစီအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်အတွင်းမှ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်စာလိပ်အား ထုတ်လိုက်၏။ စာလိပ်သည် ချက်ချင်းပင် လေပေါ်သို့ ပျံဝဲတက်သွားပြီး ပျောက်ကွယ်သွားကာ ရွေရောင်စကားလုံးများအဖြစ် ပြောင်းလဲသွား၍ ကျစ်ယန်၏ အသိဉာဏ်ပင်လယ်အတွင်းကို ဒလဟောစီဆင်းလာလေသည်။

ကျစ်ယန်သည် မိနစ်ပိုင်းအတွင်းမှာပဲ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်၏ သဘောတရားများအားလုံးကို ချက်ချင်းပင် တက်မြောက်သွားခဲ့၏။

All Chapters