← Chapters

ဟေးလုံမျှော်စင်

Vol. 6 Ch. 73

ဟေးလုံမျှော်စင်

Vol. 6 Ch. 73

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲမှ ပြန်ထွက်လာချိန်တွင် ဒိုင်ဗားရှင်းအစီအရင်စက်ဝိုင်းကွင်းတစ်ခုအား တွေ့လိုက်ရ၏။ ကျစ်ယန်သည် နတ်ဆိုးအဖွဲ့ဝင်မျက်နှာဖုံးအား ပြန်တပ်လိုက်ပြီး ဒိုင်ဗားရှင်းအစီအရင်စက်ဝိုင်းကွင်းထဲသို့ ဝင်လိုက်သည်။

ကျစ်ယန်သည် အစီအရင်စက်ဝိုင်းကွင်းရဲ့ အခြားတစ်ဖက်ကို ရောက်တဲ့အခါ အကြီးအကဲချန်အာနဲ့ တခြားသော အကြီးအကဲများကို တွေ့လိုက်ရပြီး

ဒဏ်ရာများစွာ ရရှိထားသော နတ်ဆိုးအဖွဲ့ဝင် ၅ယောက်ကိုသာ တွေ့လိုက်ရ၏။ ကျစ်ယန်သည် ကျုံးဧကရာဇ်နန်းတော်ပျက်ထဲတွင် ရန်လန်းကဲ့သို့ မိစ္ဆာအိုကြီးများ ရှိနေသေးမည်လို့ ယူဆလိုက်သည်။

ချန်အာသည် သူ့ရဲ့ဝိညဥ်လှေကြီးအား ထုတ်လိုက်ပြီး အမြန်ထွက်ခွာဖို့ စီစဥ်လိုက်၏။ အခန်းတစ်ခန်းထဲတွင် လူတစ်ယောက်သည် ဒေါသထွက်စွာဖြင့် ပေါက်ကွဲနေခဲ့သည်။ ထိုလူကတော့ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖန်ရှီးယောင်ပင် ဖြစ်၏။

ဂိုဏ်းအကြီးအကဲများအပါအဝင် ဂိုဏ်းရဲ့ ပါရမီရှင်များ သတ်ခံလိုက်ရတဲ့အတွက် ဖန်ရှီးယောင်သည် မြူခိုးနီကျောင်းတော်ကို အမြန်ဆုံးရှင်းပစ်ဖို့ ကြံစည်နေလေသည်။ ချန်အာ၏ ဝိညဥ်လှေကြီးသည် မြူခိုးနီကျောင်းတော်သို့ ရောက်ရှိလာတဲ့အခါ ကျောင်းသားအားလုံးသည် စုပြုံးသွားခဲ့ပြီး ဝိုင်းဝန်း၍ ကြိုဆိုကာ အော်ဟစ်နေကြ၏။

သို့သော် ဝိညဥ်လှေပေါ်မှ ဒဏ်ရာကိုယ်စီဖြင့် ခုန်ဆင်းလာသော နတ်ဆိုးအဖွဲ့ဝင်များကို တွေ့လိုက်ရတဲ့အခါ အားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ နတ်ဆိုး၁၀ယောက်တွင် ၄ယောက်မှာ ပြန်ပါမလာတဲ့အပြင် ကျန်ရှိသော လူတွေမှာလဲ ဒဏ်ရာများတွေ့လိုက်ရတဲ့အတွက် ကျုံးအဆိပ်ဘုံကုန်းမြေသည်

ကြောက်စရာကောင်းသောနေရာတစ်ခုဖြစ်ကြောင်း အားလုံးသည် သိလိုက်ရ၏။

မျက်နှာဖုံးများတပ်ဆင်ထားသည့်အတွက် သေဆုံးသော၄ယောက်မှာ ဘယ်သူဘယ်ဝါမှန်း မသိကြသေးပေ။ အကြီးအကဲချန်အာသည် အားလုံးကို မျက်နှာဖုံးများ ချွတ်ခိုင်းလိုက်ပြီး ဘေးတွင် ရှိနေသော အကြီးအကဲတစ်ယောက်အား ဆေးပုလင်းများ ထုတ်ပေးခိုင်းလိုက်၏။

အားလုံးသည် မျက်နှာဖုံးချွတ်လိုက်သော ကျစ်ယန်ကို တွေ့လိုက်တဲ့အခါ "သူက ကျုံးအဆိပ်ဘုံကုန်းမြေထဲကနေ ပြန်ထွက်လာနိုင်တယ်ဆိုတော့ ငါတို့ထင်ထားသလို ကံကောင်းပြီး နတ်ဆိုးချောင်ဝူးကန်းကို အနိုင်ရရှိထားတာမဟုတ်ဘူးပဲ " လို့ ရေရွတ်လိုက်ကြသည်။ လူ၂ယောက်ကတော့ ကျစ်ယန်ကို တွေ့လိုက်ရတဲ့အခါ ပျော်ရွင်သောအပြုံးဖြင့်

အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြ၏။

အကြီးအကဲချန်အာသည် အားလုံးအား လူစုခွဲခိုင်းလိုက်ပြီး နတ်ဆိုး၆ယောက်အား အနားယူဖို့ ပြန်ခိုင်းလိုက်သည်။ ကျစ်ယန်သည် ထိုနေရာမှ လှည့်ထွက်မည့်ချိန်တွင် လူ၃ယောက်သည် ကျစ်ယန်ရှေ့မှ ကာဆီးလိုက်၏။ အကြီးအကဲချန်အာသည်

ဒေါသထွက်စွာလေသံဖြင့် "မင်းတို့၃ယောက်က ဘာသဘောလဲ " လို့ ပြောလိုက်သည်။

ဇောင်ထန်သည် ပြုံးစွာဖြင့် "အကြီးအကဲချန်အာ.....ဒီကိစ္စကို ဝင်မပါရင် ပိုကောင်းလိမ့်မယ် " လို့ ပြောလိုက်၏။ ထိုချိန်တွင် "ငါဆိုရင်ရော ဝင်ပါလို့ရလား....." လို့ အသံနဲ့ လူတစ်ယောက်သည် ကျစ်ယန်တို့ ဘေးတွင် ပေါ်လာခဲ့သည်။ ထိုအခါ အကြီးအကဲများသည် "ခေါင်းဆောင်ရန်...."ဟု တညီတညွတ်ထဲ အရိုအသေပေးလိုက်ကြ၏။

ရန်လျောင်သည် တည်ငြိမ်သော မျက်နှာထားဖြင့်" ဇောင်ထန်......မင်းတို့ ချောင်မျိုးနွယ်စုက ငါ့ကိုမျက်စိထဲ ထည့်မထားတော့ဘူးပဲ "လို့ ပြောလိုက်သည်။ ဇောင်ထန် ၊ ယန်ဝူ နဲ့ ဖူးခုန်တို့ ၃ယောက်သည် ချက်ချင်းပင် ဒူးထောက်ကြလိုက်ပြီး "ကျွန်တော်တို့ အတင့်ရဲမိတဲ့အတွက် ခေါင်းဆောင်ရန်ကို တောင်းပန်ပါတယ် " လို့ ​လျင်မြန်စွာ ပြောလိုက်ကြ၏။

ရန်လျောင်သည် အားလုံးကို ပြန်ထခိုင်းလိုက်ပြီး

"ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ၊ မဟုတ်ရင်တော့

ငါရန်လျောင်က အကြင်နာမဲ့တယ် မပြောကြနဲ့ "လို့ ပြောကာ ပျောက်ကွယ်သွားလေသည်။ အကြီးအကဲချန်အာသည် ကျစ်ယန်အား သွားဖို့ မျက်စပြုလိုက်၏။ ကျစ်ယန်သည် သူ့နေသော အခန်းရှိရာကို ချက်ချင်းထွက်ခွာသွားခဲ့သည်။

ကျစ်ယန်သည် သွားနေစဥ်တွင် ရွဲ့ထောင်ဆီမှ အ​ရေးကြီးသတင်းတစ်ခုအား ရလိုက်၏။ ထိုသတင်းကတော့ ဟေးလုံမျှော်စင်တိုက်နဲ့ ပက်သက်သော သတင်းပင် ဖြစ်သည်။ ဟေးလုံမျှော်စင်တိုက်တွင် ထူးဆန်းသော ရတနာတစ်မျိုး ရောက်ရှိနေခြင်းပင် ဖြစ်၏။

ဟေးလုံမျှော်စင်သည် လော့ကျန်းတိုင်းပြည်၏ အထွပ်အမြတ်ရတနာနေရာဆိုလည်း မမှားပေ။ မှော်အဂ္ဂိရတ်ဆေးဆရာ ၊ မှော်အဂ္ဂိရတ်လက်နက်သန့်စင်ခြင်းဆရာ ၊ အစီအရင်ဆရာ နဲ့ အဆင့်မြင့်ကျင့်ကြံသူများစွာ ပူးပေါင်း၍ တည်ထောင်ထားသော ရတနာမျှော်စင်ကြီး တစ်ခုပင် ဖြစ်၏။

ဟေးလုံမျှော်စင်တွင် ရတနာလက်နက် ၊ အဆင့်မြင့်ဆေးလုံး နဲ့ ရှားပါးသောကျင့်စဥ်များစွာ ရှိနေသဖြင့် တိုင်းပြည်အရပ်ရပ်မှ ကျင့်ကြံသူများအား ဆွဲဆောင်နေလေသည်။ ယခုအခါ ဟေးလုံမျှော်စင်တွင် ဧကရာဇ်ဆေးကျမ်းနဲ့ ထျန်းသတ္တုကျောက် ရောက်ရှိလာခြင်းပင် ဖြစ်၏။

ထျန်းသတ္တုကျောက်ဟု ကြားတဲ့အခါ ကျစ်ယန်သည် စိတ်ဝင်စားသွားသည်။ ကျစ်ယန်သည် သူ့ရဲ့ဓားကို အဆင့်မြင့်တင်ရန် ထျန်းသတ္တုကျောက် နဲ့ ဖူဟွမ်ကျောက် ကို ရှာဖွေနေခြင်းပင် ဖြစ်၏။သို့ဖြစ်၍ ကျစ်ယန်သည် ဟေးလုံမျှော်စင်အား သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဟေးလုံမျှော်စင်သည် သာမန်အဆင့်အတန်းရှိသော လူများအား ဝင်ခွင့်မပေးချေ။ အဆင့်မြင့်ကျင့်ကြံသူများအား အစောင့်အကြပ် ချထားသည့်အပြင် မျှော်စင်အတွင်းတွင် အလွန်ပင်သန်မာအားကောင်းသော အစီအရင်ထည့်သွင်းထားသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ရန်မစရဲကြပေ။

ကျစ်ယန်သည် အလွန်ပင် လျင်မြန်သော လျှပ်စီးနှုန်းဖြင့်မြူခိုးနီကျောင်းတော်ထဲမှ ထွက်ခွာလာခဲ့၏။ ဟေးလုံမျှော်စင်သည် မြူခိုးနီကျောင်းတော်နဲ့ မဝေးကွာသဖြင့် ကျစ်ယန်သည် နေ့တစ်ဝက်အတွင်းမှာပဲ ရောက်ရှိလာခဲ့သည်။ မျက်နှာတွင် ဓားချက်ဒဏ်ရာဟောင်းများရှိနေသော လူ၂ယောက်သည် ဟေးလုံမျှော်စင်ရဲ့ အပြင်ဘက်တွင် စောင့်ကြပ်နေ၏။

ထို၂ယောက်လုံးရဲ့ ကျင့်ကြံရေးအဆင့်မှာ နတ်ဝိဇ္ဇာအဆင့်၅ပင် ဖြစ်သည်။ ကျစ်ယန်သည် မျက်နှာပင်ဖုံးကွယ်နိုင်သော ဝတ်ရုံနက်တစ်ခုအား ဝတ်ဆင်ကာ ဟေးလုံမျှော်စင်အတွင်းကို ဝင်ဖို့လုပ်လိုက်၏။ စူးဟောက်လို့ ခေါ်သော လူသည် ကျစ်ယန်ရှေ့မှ ကားဆီးလိုက်ပြီး "ဒီကမိတ်ဆွေမှာ ဟေးလုံမျှော်စင်ရဲ့ ဝင်ခွင့်အမိန့်ပြား မရှိရင် မျှော်စင်ထဲကို ဝင်ခွင့်မရှိပါဘူး " လို့ ပြောလိုက်သည်။

စူးဟောက်သည် ကျစ်ယန်ထံမှ စွမ်းအင်အငွေ့အသက်မခံစားရသဖြင့် ဝင်ခွင့်အမိန့်ပြားရှိမရှိ တိုက်ရိုက်မေးလိုက်ခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် အမိန့်ပြားတစ်ခုအား ထုတ်ပြလိုက်ပြီး "ဒီအမိန့်ပြားနဲ့ဆိုရင်ရော ငါဝင်လို့ရလား " လို့ တည်ငြိမ်စွာပင် ပြောလိုက်သည်။

ကျစ်ယန်လက်ထဲမှ အမိန့်ပြားကို တွေ့တဲ့အခါ စူးဟောက်သည် ချက်ချင်းပင် လေသံပျော့သွားခဲ့ပြီး "ကျွန်တော်မျိုးအဆင့်နဲ့ ဆရာကြီးကို မတားရဲပါဘူး " လို့ ​လက်နှစ်ဖက်ဆုပ်ကာ ခေါင်းငုံ၍ ပြောလိုက်၏။ ကျစ်ယန်သည် မှော်အဂ္ဂိရတ်အသင်းချုပ်ပေးအပ်ထားသော အမိန့်တံဆိပ်ပြားအား ပြန်သိမ်းလိုက်၍ ဟေးလုံမျှော်စင်အတွင်းကို ဝင်လာခဲ့သည်။

ဟေးလုံမျှော်စင်တွင် ရတနာများစွာကို မြင်တွေ့လိုက်ရတဲ့အတွက် ကျစ်ယန်သည် သဘောကျသွား၏။ ရတနာများစွာ၏ တန်ဖိုးများမှာ အလွန်စျေးကြီးပင်မယ့် သူရရှိထားသော ရွှေဒင်္ဂါးများမှာလဲ ရေတွက်မရအောင် များပြားလွန်းနေခဲ့သည်။

ကျစ်ယန်သည် သူ့ထံတွင် ရှိသော ဆေးမီးဖိုအိုးမှာ ပျက်ဆီးတော့မည်ဖြစ်၍ အသစ်တစ်လုံးဝယ်ရန် ရှာဖွေလိုက်သည်။

All Chapters