← Chapters

ဟေးလုံမျှော်စင်မှ ထွက်ခွာလာခြင်း

Vol. 6 Ch. 74

ဟေးလုံမျှော်စင်မှ ထွက်ခွာလာခြင်း

Vol. 6 Ch. 74

ကျစ်ယန်သည် ရတနာပစ္စည်းများကို လိုက်လံရှာဖွေနေချိန်တွင် ယွီရှန်လို့ခေါ်သော မိန်းကလေးတစ်ဦး ရောက်ရှိလာခဲ့၏။ ယွီရှန်သည် ဟေးလုံမျှော်စင်တွင်

အရောင်းဌာနမှ ဝန်ထန်းတစ်ဦးပင် ဖြစ်သည်။ ယွီရှန်သည် ဖော်ရွေသော မျက်နှာထားဖြင့် "မင်္ဂလာပါအကြီးအကဲ.......ဘာများလိုအပ်လဲ ယွီရှန်ကို ပြောလို့ရပါတယ်ရှင့် " လို့ ပြုံးကာ မေးလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပင် "မင်းတို့ဟေးလုံမျှော်စင်မှာ ဆေးမီးဖိုအိုး ရှိလား " လို့ မေးလိုက်သည်။ ယွီရှန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး "အကြီးအကဲ.....ယွီရှန်နောက်လိုက်ခဲ့ပါ " လို့ ပြောလိုက်၏။ ယွီရှန်သည် ကျစ်ယန်အား ဟေးလုံမျှော်စင်ရဲ့ ဒုတိယအထပ်အား ခေါ်ဆောင်လာခဲ့သည်။

ယွီရှန်သည် နှုတ်ခမ်းမွှေးကြီးအားဆွဲနေသော ခပ်ဝဝလူတစ်ယောက်ထံသို့ သွားလိုက်ပြီး အရိုအသေပေးကာ "အကြီးအကဲယင်းလုံ.....ဒီကအကြီးအကဲက ဆေးမီးဖိုအိုးလေးလိုချင်လို့ပါ " လို့ ပြောလိုက်၏။ယင်းလုံဟုခေါ်သောလူသည် လက်ဖျောက်တီးလိုက်တဲ့အခါ ဆေးမီးဖိုအိုးများစွာသည် သေတ္တာအံဆွဲများထဲမှ ထွက်ပေါ်လာကြသည်။

ထိုချိန်မှာပဲ လူ၃ယောက်သည် ကျစ်ယန်ဘေးကို ရောက်ရှိလာခဲ့ပြီး ချောင်ရှစ်ထန်ဟု ခေါ်သောလူသည် "အကြီးအကဲယင်းလုံ.......ကျွန်တော် လူတစ်ယောက်ကို လက်ဆောင်ပေးချင်တဲ့အတွက် ဆေးမီးဖိုးလေးတစ်လုံးလောက်ရွေးပေးပါအုံး " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဆေးမီးဖိုအိုများလိုက်လံကြည့်ရှုပြီးနောက် "အကြီးအကဲ.....ဒီဟေးလုံမျှော်စင်မှာ နတ်ဝိညဥ်အဆင့်ရှိတဲ့ ဆေးမီးဖိုအိုးမျိုးမရှိဘူးလား " လို့ မေးလိုက်သည်။

နတ်ဝိညဥ်အဆင့်ဆေးမီးဖိုအိုးဆိုသည်မှာ အဆင့်၅အထက်ဆေးလုံးများ ဖော်စပ်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားသော ဆေးမီးဖိုအိုးမျိူးဖြစ်၏။ လော့ကျန်းတိုင်းပြည်ရဲ့ ထိပ်တန်းဆေးဖော်စပ်သူများမှာပင် နတ်ဝိညဥ်အဆင့် ဆေးမီးဖိုအိုးမျိုးမရှိပေ။ နတ်ဝိညဥ်အဆင့် ဆေးမီးဖိုအိုးသည် တခြားဆေးမီးဖိုအိုးများထက် ထိန်းချုပ်ရ ခက်သဖြင့် အဂ္ဂိရတ်ပညာရှင်အများစုမှာ သာမာန်ဆေးမီးဖိုအိုးများသာ အသုံးပြုကြခြင်းပင် ဖြစ်သည်။

ယင်းလုံသည် ဆေးမီးဖိုအိုးရွေးပေးနေချိန်တွင် ကျစ်ယန်စကားကို ကြားလိုက်တဲ့အခါ စိတ်ထင့်သွားခဲ့၏။ ယင်းလုံသည် နဂါးမီးပင်လယ်ဆေးမီဖိုအိုးအား

ဝယ်သော ချောင်ရှစ်ထန်ကို ပေးလိုက်ပြီး သူ့ရဲ့စွမ်းအားဖြင့် တစ်စုံတစ်ခုအား စုပ်ယူလိုက်လေသည်။ ထိုအရာကတော့ နတ်ဝိညဥ်အဆင့်ရှိသော ဆေးမီးဖိုအိုးပင် ဖြစ်၏။

မိုးပြာရောင်လျှပ်စီးနဂါး၂ကောင်ရစ်ခွေပုံပါသောအိုးကို တွေ့လိုက်ရတဲ့ ကျစ်ယန်သည် သဘောကျသွား၏။ ချောင်ရှစ်ထန်သည်လည်း ထိုဆေးမီဖိုအိုးကို တွေ့တဲ့အခါ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး "အကြီးအကဲယင်းလုံ...... ကျွန်တော်ကို အဲ့ဆေးမီးဖိုအိုးရောင်းပါ ကျွန်တော်၂ဆပေးပြီး ဝယ်ပါ့မယ် " လို့ ပြောလိုက်သည်။

ယင်းလုံသည် ဆေးမီးဖိုအိုးအား သူ့လက်ဖဝါးပေါ်တွင် လှည့်ပတ်စေလိုက်ပြီး "စိတ်တော့မရှိပါနဲ့.....ဒီဆေးမီးဖိုအိုးကို ရောင်းချပေးလို့ မရပါဘူး "လို့ ကျစ်ယန်နဲ့ချောင်ရှစ်ထန်အား ပြောလိုက်၏။ ဟေးလုံမျှော်စင်ရဲ့ ခေါင်းဆောင်နဲ့ အကြီးအကဲတွေသည် နတ်ဝိညဥ်အဆင့်ရှိသော မိုးပြာလျှပ်စီးနဂါးဆေးမီးဖိုအိုးအား ရွှေဒင်္ဂါးနဲ့ ရောင်းချခွင့် မပေးထားပဲ အဆင့်၅ဆေးလုံးဖော်စပ်နည်း ဆေးကျမ်းတစ်ခုခုနဲ့သာ လဲလှယ်ခွင့် ပြုထားကြောင်း ရှင်းပြလိုက်သည်။

အဆင့်၅ဆေးလုံးဖော်စပ်နည်းဆေးကျမ်း ကြားလိုက်တဲ့အခါ ချောင်ရှစ်ထန်သည် စိတ်ပျက်၍ သွား၏။ သူ့ထံတွင်အဆင့်၄ဆေးလုံးဖော်စပ်နည်းဆေးကျမ်းပင် မရှိပေ။ ကျစ်ယန်သည် သူ့ရဲ့စွမ်းအားဖြင့် ဖော်စပ်နည်းဆေးကျမ်းတစ်ခုအား ယင်းလုံရဲ့ အသိဉာဏ်ထဲသို့ ထည့်သွင်းလိုက်ပြီး "ဒီဆေးမီးဖိုအိုး...... ကျွန်တော်အပိုင်ဖြစ်သွားပြီ " လို့ ပြောကာ ဆေးမီးဖိုအိုးအား ထည့်သိမ်းလိုက်သည်။

ယင်းလုံသည် ဧကရာဇ်ပလ္လင်ဆေးလုံးဖော်စပ်နည်းဆေးကျမ်းကို ရရှိသွားတဲ့အခါ မယုံကြည်နိုင်ပင် ဖြစ်သွား၏။ အဆင့်၅ဆေးလုံးဖော်စပ်နည်းဆေးကျမ်းတောင် ရှိနေတဲ့အတွက် ကျစ်ယန်သည် သာမာန်လူမဟုတ်မှန်းသိရှိသွားတဲ့အတွက် ယင်းလုံသည် "အကြီးအကဲ.....တခြားဘာများလိုအပ်သေးလဲ " လို့ လက်နှစ်ဖက်ပင် ဆုပ်ကာ မေးလိုက်သည်။

ကျစ်ယန်သည် ထျန်းသတ္တုကျောက်အတွက် ရောက်ရှိလာကြောင်း ယင်းလုံအား ပြောလိုက်၏။ ရှကျန်လို့ခေါ်သော လူသည် ကျစ်ယန်ဘေးမှ ဖြတ်သွားရင်း "ထျန်းသတ္တုကျောက်ကို ရသွားတဲ့လူကတော့ နောက်ခံမကောင်းရင် ဇာတ်သိမ်းမလှမှာ စိုးရိမ်ရတယ် " လို့ ပြောကာ ရှေ့ဆက်ထွက်ခွာသွားလေသည်။

ကျစ်ယန်သည် ယင်းလုံအား ဖူဟွမ်ကျောက်ရှိမရှိပါ တခါထဲ မေးမြန်းလိုက်၏။ ယင်းလုံသည် ခေါင်းခါလိုက်ပြီး ချောင်မျိုးနွယ်စုမှ ဝယ်ယူသွားပြီဖြစ်ကြောင်း ပြောပြလိုက်သည်။ ထျန်းသတ္တုကျောက်ကို ရယူဖို့ လူတချို့သည် တတိယထပ်တွင် ရောက်ရှိနေကြပြီဖြစ်ကြောင်း ယင်းလုံသည် ကျစ်ယန်အား လက်နှစ်ပင်ဆုပ်ကာ ပြောလိုက်၏။

ကျစ်ယန်သည် ယင်းလုံအား ခေါင်းငြိမ့်လိုက်ပြီး တတိယထပ်ကို လျင်မြန်စွာ ​တက်လှမ်းလာခဲ့သည်။ ကျစ်ယန်သည် အပေါ်ထပ်သို့ ရောက်လာတဲ့အခါလောင်ကျွမ်းခြင်းအစီအရင်အတွင်းတွင် သုံးမျက်နှာတြိဂံသဏ္ဍာန်ရှိသော ထျန်းသတ္တုကျောက်ကို တွေ့လိုက်ရ၏။ အစီအရင်ရဲ့ အပြင်ဘက်တွင် လူအနည်းငယ်ကို တွေ့လိုက်ရပြီး ထိုလူများမှာ အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်နေမှန်းသိလိုက်ရသည်။

ထိုချိန်မှာပဲ ရွဲ့လောင် ၊ ရှောင်းစန် နဲ့ ယွဲ့ဖုန်းလို့ ခေါ်သောလူ၃ယောက်သည် တူညီသောဝတ်စုံများနဲ့အတူ အားလုံးရှေ့ကို ရောက်ရှိလာခဲ့၏။ သူတို့၃ယောက်လုံးရဲ့ ရင်ဘတ်တွင် ဟေးလုံဆိုသော အမည်တံဆိပ်ကိုလဲ ရေးထိုးထားသေးသည်။ ရှောင်းစန်ဆိုသောလူသည် ထျန်းသတ္တုကျောက်ကို သေချာစိုက်ကြည့်လိုက်ပြီး စကားတချို့ပြောလိုက်၏။

ထိုစကားကတော့ ထျန်းသတ္တုကျောက်ပိုင်ဆိုင်ရန် လိုအပ်မည့် အရာများပင် ဖြစ်သည်။ ထိုအရာတွေကတော့ အဆင့်၆ဆေးလုံးဖော်စပ်နည်းဆေးကျမ်း နဲ့ ပုံရိပ်ယောင်အစီအရင်အမျိုးအစား တို့ပင် ဖြစ်၏။ ဟေးလုံမျှော်စင်ရဲ့ တောင်းဆိုချက်များသည် အလွန်ပင်တန်ဖိုးကြီးသော အရာများဖြစ်နေသဖြင့် အားလုံးရဲ့မျက်နှာမှာ ပျက်သွားကြ၏။

ထိုချိန်မှာ ကျစ်ယန်သည် ရှောင်းစန်တို့ သုံးယောက်ရှေ့သို့ ရပ်လိုက်ပြီး အဆင့်၆ဆေးလုံးဖော်စပ်နည်းဆေးကျမ်းစာလိပ်နဲ့ မဟာပုံရိပ်ယောင်အစီအရင်စာလိပ်အား ပစ်ပေးလိုက်သည်။ ရှောင်းစန်တို့ သုံးယောက်သည် စာလိပ်တွေအား ချက်ချင်းပင် ဖွင့်ကြည့်လိုက်ပြီး အချင်းချင်းအံ့အားသင့်စွာဖြင့် ကြည့်လိုက်ရ၏။

ယွဲ့ဖုန်းသည် စာလိပ်အားကိုင်ဆောင်ရင်း "ဒီကလူကြီးမင်းက တကယ်ပဲ အလဲအလှယ် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား " လို့ မေးလိုက်သည်။ကျစ်ယန်သည် ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ရွဲ့လောင်ဆိုသောလူသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ထျန်းသတ္တုကျောက်အား စုပ်ယူကာ ကျစ်ယန်အား ပေးလိုက်၏။

ကျစ်ယန်သည် ထန်သတ္တုကျောက်အား စစ်ဆေးလိုက်ပြီး သိုလှောင်ကွင်းထဲသို့ ထည့်ကာ ရှောင်စန်းတို့ ၃ယောက်ကို နှုတ်ဆက်ကာ ဟေးလုံမျှော်စင်မှ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ ကျန်ခဲ့သော လူထဲမှ တစ်ချို့သည် အချင်းချင်း မျက်နှာအရိပ်အကဲပြကာ ထိုလူတွေသည် ဟေးလုံမျှော်စင်မှ ထွက်ခွာလာခဲ့၏။

All Chapters