← Chapters

ချောင်မျိုးနွယ်စုသို့ ရောက်ရှိခြင်း

Vol. 6 Ch. 75

ချောင်မျိုးနွယ်စုသို့ ရောက်ရှိခြင်း

Vol. 6 Ch. 75

ကျစ်ယန်သည် သူ့ရဲ့နောက်သို့ လူတစ်ချိူ့ လိုက်ရှိလာမှန်းသိသဖြင့် ဟေးလုံမျှော်စင်မှ အဝေးတစ်နေရာကို ပျံသန်းလာခဲ့ပြီးနောက် ရပ်တန့်လိုက်၏။ ကျစ်ယန်ရပ်တန့်သွားတဲ့အခါ လူတစ်ချို့သည် ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် သူ့နောက်သို့ အဖွဲ့၃ဖွဲ့တောင် လိုက်လာလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ ချင်းယွီဆိုသော လူကြီးပိုင်းတစ်ယောက်သည် "မင်းရဲ့သိုလှောင်ကွင်းပေးမယ်ဆိုရင်တော့ မင်းကိုနှောက်ယှက်မယ့်သူတွေကို ငါကာကွယ်ပေးမယ် " လို့ ကျစ်ယန်အား ပြောလိုက်၏။ ချင်းယွီဆိုသူမှာ သိန်းဌက်ဖြူဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပင် ဖြစ်ပြီး နတ်ဝိဇ္ဇာအဆင့်၅ ကျင့်ကြံသူပင် ဖြစ်သည်။

ကျစ်ယန်သည် သူ့ရဲ့အပေါ်ထပ်ဝတ်ရုံအား ဖယ်ရှားလိုက်ပြီး လျှပ်တစ်ပြက်အတွင်းပျောက်ကွယ်၍ သွား၏။ အားလုံးသည် ကျစ်ယန်ရဲ့ ရုပ်ရည်ကို မြင်ပြီးနောက် ကျစ်ယန်မှာ ချက်ချင်းပျောက်ကွယ်သွားသဖြင့် ကြောင်အသွားကြလေသည်။ ကျစ်ယန်သည် အလွန်ပင်ငယ်သေးသော လူငယ်တစ်ယောက်ဖြစ်နေလိမ့်မည်လို့ မထင်ထားကြပေ။

စက္ကန့်ပိုင်းအတွင်းမှာပဲ ကျစ်ယန်သည် ချင်းယွီရဲ့နောက်ကျောမှ ပြန်ထွက်ပေါ်လာခဲ့ပြီး ချင်းယွီအား တစ်ချက်ထဲနဲ့ပင် တိုက်ခိုက်ကာ သတ်ပစ်လိုက်လေ၏။ ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၇ စွမ်းအားကိုသာ အသုံးပြု၍ သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

နတ်ဝိဇ္ဇာအဆင့်၅ ချင်းယွီသည် ကျစ်ယန်ရဲ့လက်အောက်တွင် တစ်ချက်လေးနဲ့ပင် သေဆုံးသွားတဲ့အခါ အားလုံးသည် ​ကြောက်လန့်သွားကြ၏။ ကျစ်ယန်သည် ခုလောက်ထိ စွမ်းအားကြီးမားနေလိမ့်မည်လို့ ဘယ်သူမှ မထင်ထားကြပေ။ကျစ်ယန်သည် အေးစက်စွာအသံဖြင့် "မသေချင်သေးရင် ဒီနေရာက အမြန်ဆုံးထွက်ခွာသွားကြ " လို့ ပြောလိုက်၏။

ထိုအခါ ချင်းယွီရဲ့ နောက်လိုက်များနဲ့ အဖွဲ့တစ်ဖွဲ့သည် ကျစ်ယန်အား အရိုအသေပေးကာ ချက်ချင်းပင် လှည့်ထွက် ပျံသန်းသွားကြလေသည်။ သို့သော် အဖွဲ့တစ်ဖွဲ့သည် ကျန်ရှိနေခဲ့သေး၏။ ထိုအဖွဲ့ထဲမှ လူတစ်ယောက်သည် ထွက်ရှိလာပြီး "အကြီးအကဲ....ကျွန်တော်ကို မှတ်မိလား " လို့ မေးလိုက်သည်။

ထိုလူကတော့ ချောင်ရှစ်ထန်ပင် ဖြစ်၏။ ချောင်ရှစ်ထန်ကို မြင်တဲ့အခါ ကျစ်ယန်သည် ခေါင်းငြိမ့်သာ ပြလိုက်သည် ။ ချောင်ရှစ်ထန်သည် ကျစ်ယန်အား

ရိုသေစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ ကိစ္စတစ်ခုအား တောင်းဆိုလိုက်၏။ ချောင်ရှစ်ထန်သည် သူ့တို့အား ကူညီမယ်ဆိုရင် ဖူဟွမ်ကျောက်အပြင် တခြားရတနာတချို့ပါ လက်ဆောင်အဖြစ် ပေးမည်လို့ ဂတိပေးလိုက်သည်။

ချောင်ရှစ်ထန်တောင်းဆိုသည်မှာ ခက်ခက်ခဲခဲ မဟုတ်သည်ဖြစ်၍ ကျစ်ယန်သည် သဘောတူလိုက်ပြီး ချောင်ရှစ်ထန်တို့ အဖွဲ့အတူ ချောင်မျိူးနွယ်စုထံသို့ လိုက်ပါသွားခဲ့၏။ ကျစ်ယန်သည် ချောင်မျိုးနွယ်စုနဲ့ပြသနာရှိသဖြင့် သူ့ရဲ့ အပေါ်ထပ်ဝတ်ရုံကို လုံခြုံစွာ ပြန်ဝတ်ထားလိုက်သည်။

ကျစ်ယန်ရောက်ရှိလာတဲ့အခါ ချောင်မျိုးနွယ်စုတွင်

ပွဲတော်တစ်ခု ကျင်းပနေသည်ကို တွေ့လိုက်ရ၏။

ထိုပွဲတော်ကတော့ ချောင်မျိုးနွယ်စုအကြီးအကဲတစ်ဦး၏ မြေးဖြစ်သူမှာ ​နတ်ဝိဇ္ဇာအဆင့် တက်လှမ်းသွားသောကြောင့်ပင် ဖြစ်သည်။ ချောင်ရှစ်ထန်သည် ပွဲတော်ခန်းမသို့ ရောက်တဲ့အခါ ဆေးမီးဖိုးအိုးတစ်လုံးအား မိန်းကလေးတစ်ယောက်အား ထုတ်ပေးကာ "ဂုဏ်ယူပါတယ်....အမရှန်ချင်းအာ" လို့ ပြောလိုက်၏။

ရှန်ချင်းအာသည် နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူဖြစ်တဲ့အပြင် အဂ္ဂိရတ်ပညာရပ်မှာလဲ ကျွမ်းကျင်နေသူဖြစ်တဲ့အတွက် ချောင်မျိူးနွယ်စုရဲ့ အဖိုးတန် ရတနာတစ်ယောက်ပင် ဖြစ်နေခဲ့၏။ ရှန်ချင်းအာသည် ချောင်ရှစ်ထန်ရဲ့ ဆေးမီးဖိုအိုးအား ယူမလိုလိုနဲ့ လက်ဖြင့် ရိုက်ပုတ်လိုက်ပြီး "ငါထင်တာမမှားရင် ဒီနေ့ကျင်းပတဲ့ပွဲတော်မှာ နင့်ကိုငါမဖိတ်ထားမိပါဘူး " လို့ ပြောလိုက်၏။

အားလုံးသည် တိတ်ဆိတ်သွားကြပြီး ပြသာနာဖြစ်နေသော ချောင်ရှစ်ထန်တို့ နေရာအား ကြည့်လိုက်ကြလေသည်။ ချောင်ရှစ်ထန်သည် သူ့အား လူအများရှေ့တွင် အရှက်ခွဲခံလိုက်ရသော်လည်း ဘာမှပြန်လုပ်နိုင်စွမ်းမရှိပေ။ သူ့ရဲ့ဆေးမီးဖိုအိုးကိုသာ ပြန်ကောက်ယူကာ ထည့်သိမ်း၍ ပြန်လှည့်ထွက်ဖို့ လုပ်လိုက်၏။

ထိုချိန်မှာ ရှန်ချင်းအာရဲ့ အဖိုးဖြစ်သူရှန်ဇုန်းသည် ကျစ်ယန်တို့ ရှေ့တွင်ကာဆီးလိုက်ပြီး "တူတော်ရှစ်ထန်.....မင်းဒီနေရာက ထွက်သွားစရာမလိုပါဘူး " လို့ ညင်သာစွာဖြင့် ပြောလိုက်သည်။ ထို့နောက် ရှန်ဇုန်းသည် ဒေါသထွက်စွာအကြည့်ဖြင့် သူ့ရဲ့မြေးမအား ကြည့်ကာ "ချင်းအာ.....နင်ကတနေ့တခြား နင်ရဲ့အဖေနဲ့ တူတူလာပါလား ၊ ခုချက်ချင်း တူတော်ရှစ်ထန်ကို တောင်းပန်လိုက်စမ်း " လို့ ပြောလိုက်၏။

ရှန်ချင်းအာသည် သူ့အဖိုးအား ကြောက်ရွံသဖြင့် ချောင်ရှစ်ထန်အား တောင်းပန်စကားအမြန်ပြောကာ ထွက်ခွာသွားခဲ့သည်။ ရှန်ဇုန်းသည် စိတ်ပျက်စွာ ခေါင်းခါလိုက်ပြီး "တူတော်ရှစ်ထန်.....မင်းစိတ်ထဲမထားပါနဲ့ " လို့ ပြောကာ မျက်နှာဖုံးကွယ်ထားသော ကျစ်ယန်ကို သတိထားမိသွားသဖြင့် ဘယ်သူလဲဟု မေးလိုက်၏။

ရှန်ဇုန်းသည် ကျစ်ယန်ရဲ့ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်ကြည့်၍ မရသဖြင့် ထူးဆန်းသဖွယ် ခံစားနေရသည်။ချောင်ရှစ်ထန်သည် ပြုံးစွာဖြင့် သူ့ခေါ်လာသော အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပြောလိုက်၏။ ချောင်ရှစ်ထန်သည် ဟေးလုံမျှော်စင်၏ တံခါးစောင့်စူးဟောက်ထံမှ ကျစ်ယန်အကြောင်းကို စုံစမ်းထားခြင်းပင် ဖြစ်သည်။

ကျစ်ယန်သည် အဂ္ဂိရတ်ပညာရှင်မှန်းသိတဲ့အခါ ရှန်ဇုန်းသည် ရိုသေစွာပင် နှုတ်ဆက်လိုက်၏။ ထိုအခါ အကြီးအကဲတစ်ချို့သည် အံ့အားသင့်စွာဖြင့် "အဲ့ကောင်ရှစ်ထန်က ဘယ်သူကို ခေါ်လာတာမလို့ အကြီးအကဲကြီးကတောင် အရိုအသေပြုနေတာလဲ " လို့ ပြောလိုက်သည်။

ချောင်ရှစ်ထန်သည် တခြားကိစ္စရှိသေးသဖြင့် "အကြီးအကဲရှန်ဇုန်း......ရှစ်ထန် ကို ခွင့်ပြုပါအုံး "

လို့ ပြောကာ ပွဲတော်မှ ချက်ချင်းထွက်ခွာသွားခဲ့၏။

ချောင်ရှစ်ထန်သည် ကျစ်ယန်အား နေအိမ်လေးတစ်ခုစီသို့ ခေါ်ဆောင်လာခဲ့သည်။

အိမ်အဝတွင် ရှိနသော အစောင့်နှစ်ယောက်သည် ချောင်ရှစ်ထန်ကို မြင်တဲ့အခါ ဒူးတစ်ဖက်ထောက်လိုက်ကြပြီး "သခင်လေးရှစ်ထန်ကို အရိုအသေပြုပါတယ် " လို့ ပြောလိုက်ကြ၏။ ချောင်ရှစ်ထန်သည် ၂ယောက်လုံးအား ထခိုင်းလိုက်ပြီး ကျစ်ယန်ကို ခေါ်ကာ အခန်းထဲသို့ ဝင်လာခဲ့လေသည်။

ကုတင်ပေါ်တွင် အသက်၅၀ကျော်နီးပါးရှိသော မိန်းမကြီးတစ်ယောက် လဲနေကြောင်း ကျစ်ယန်သည် တွေ့လိုက်ရ၏။ ချောင်ရှစ်ထန်သည် ကျစ်ယန်အား ဒူးထောက်လိုက်ပြီး "အကြီးအကဲ.....ကျွန်တော်အမေရဲ့ အသက်ကို ကယ်ပေးပါ " လို့ မျက်ရည်များကျကာ ပြောလိုက်သည်။

ကျစ်ယန်သည် ကုတင်နားကို လှမ်းလိုက်ပြီး "မင်းငါ့ကို ဒူးထောက်ဖို့မလိုပါဘူး ၊ ငါတို့သဘောတူညီချက်ကိုသာ မင်းမမေ့ဖို့ အရေးကြီးတယ် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် အခန်းအတွင်းသို့ ရောက်တဲ့အခါ သူ့ရဲ့ဝတ်ရုံနက်အားပြန်သိမ်းထားလိုက်ပြီး သူ့ရဲ့စွမ်းအားဖြင့် အမျိုးသမီးကြီးအား စစ်ဆေးလိုက်တဲ့အခါ ခြေဖဝါးထဲတွင် အနက်ရောင်မျဥ်းကြောင်းတစ်ခုအား တွေ့လိုက်ရသည်။

ကျစ်ယန်သည် နားရွက်နောက်အား ဆက်ကြည့်လိုက်တဲ့အခါ အမဲစက်တစ်ခုအား ထပ်တွေ့လိုက်ရ၏။ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "သက်တမ်းစုပ်ယူခြင်းအစီအရင်လား ၊ ဒါဆိုဘာလို့ ဒီအမျိုးသမီးက အသက်ဆက်ရှင်နေသေးတာလဲ " လို့ ပြောလိုက်သည်။ သက်တမ်းစုပ်ယူခြင်းအစီအရင်သည် အလွန်ကြောက်စရာကောင်းသောအစီအရင်တစ်ခုပင် ဖြစ်သည်။

သက်တမ်းစုပ်ယူခြင်းအစီအရင်သည် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းကို ထည့်သွင်းလိုက်ပြီးနောက် လူရဲ့သက်တမ်းကို ရက်ပိုင်းအတွင်းနှုတ်ယူသွားခြင်းပင် ဖြစ်၏။ ချောင်ရှစ်ထန်သည် သူ့အမေ၌ ထိုရောဂါဖြစ်နေသည်မှာ နှစ်ချီနေပြီပြောသဖြင့် ကျစ်ယန်သည် အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။

All Chapters