← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

ကျစ်ယန်သည် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်း၌ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုစွမ်းအားကို တွေ့လိုက်ရ၏။ ထိုလူသည် သူ့ရဲ့ကျင့်ကြံမှုစွမ်းအားတစ်ဝက်ကို အဆုံးရှုံးခံကာ သက်တမ်းစုပ်ယူခြင်းအစီအရင်ရဲ့စွမ်းအားဒဏ်ကို တားဆီးထားခြင်းပင် ဖြစ်သည်။

ကျစ်ယန်သည် လေဟာနယ်တွင် စကားလုံးများစွာပါသော အစီအရင်စက်ဝိုင်းတစ်ခုအား ရေးဆွဲလိုက်ပြီး အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းကို ထည့်သွင်းလိုက်၏။ ပျက်သုဥ်ခြင်းအစီအရင်သည် အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းကို ရောက်ရှိသွားသည်နှင့် သက်တမ်းစုပ်ယူခြင်းအစီအရင်အား စတင်တိုက်ခိုက်ကာ ဖျက်ဆီးလေသည်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် အမျိူးသမီးရဲ့ ခြေဖဝါးရှိ အနက်ရောင်မျဥ်းကြောင်းနဲ့ နားရွက်နောက်တို့ရှိ အမဲစက်ကြီးများမှာ တဖြည်းဖြည်း စတင် ပျောက်ကွယ်လာခဲ့၏။ သက်တမ်းစုပ်ယူခြင်းအစီအရင်ကြီး ပျက်စီးသွားတဲ့အခါ နတ်သူငယ်အဆင့်ကျင့်ကြံမှုစွမ်းအား တစ်ဝက်သည် အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ကိုယ့်သဘောဆန္ဒအလျောက်ထုတ်ပေးထားသော ကျင့်ကြံမှုစွမ်းအားနဲ့ သတ်ဖြတ်၍ ရလာသော ကျင့်ကြံမှုစွမ်းအားမှာ အလွန်ပင် ကွာခြားလှ၏။ ကျစ်ယန်သည် အမျိုးသမီး ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ကျင့်ကြံမှုစွမ်းအားကို သူ့ရဲ့စွမ်းအင်ဖြင့် ထိန်းချုပ်ကာ သိမ်းဆည်းထားလိုက်သည်။

အမျိုးသမီးကြီးသည် မျက်လုံးများ ပြန်ပွင့်လာတဲ့အခါ အခန်းအတွင်းကို ကြည့်လိုက်၏။ ချောင်ရှစ်ထန်သည် သူ့အမေသတိရလာသည်ကို မြင်တဲ့အခါ ပြေးဖက်လိုက်ပြီး "အမေ.....ပြန်သတိရလာပြီးလား ၊ ရှစ်ထန်ကိုရော မှတ်မိသေးရဲ့လား " လို့ ငိုစွာဖြင့် မေးလိုက်သည်။ တန်ရီလို့ ခေါ်သည့် အမျိုးသမီးသည် ချောင်ရှစ်ထန်ရဲ့ ပါးလေးကို ကိုင်လိုက်ပြီး "အမေ့သားလေး.......ဒီနှစ်အတောအတွင်းမှာ အဆင်ရောပြေရဲ့လား " လို့ မေးလိုက်၏။

ချောင်ရှစ်ထန်သည် သူ့အမေရဲ့ လက်ကို ကိုင်လိုက်ပြီး "အမေ.....ခနစောင့်နော် ၊ အဖေကို ဒီကိစ္စအမြန်သတင်းပို့ရမယ် " လို့ ပြောလိုက်သည်။ ချောင်ရှစ်ထန်သည် အပြင်ဘက်သို့ ထွက်လိုက်ပြီး အစောင့်၂ယောက်အား တီတိုးစွာ စေခိုင်းလိုက်၏။

အပြင်ဘက်တွင် ရှိသော အစောင့်၂ယောက်သည် သူတို့သခင်မ သတိရလာသည်ကို သိသော်အခါ ပြုံးရွင်သောမျက်နှာထားသို့ ပြောင်းလဲသွားကြပြီး "စိတ်ချပါသခင်လေးရှစ်ထန်......ငါတို့သခင်ကြီးကို အမြန်ဆုံးသတင်းပို့လိုက်ပါ့မယ် " လို့ ပြောကာ ထွက်ခွာသွားကြသည်။

ကျစ်ယန်သည် ချောင်ရှစ်ထန်နားသို့ သွားလိုက်ပြီး

ဟွမ်ဖူကျောက်အား ပေးရန် ပြောလိုက်၏။ တန်ရီသည် ကုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး "ရှစ်ထန်......ဒီကအကြီးအကဲက အမေရဲ့အသက်ကို ကယ်တဲ့ကျေးဇူးရှင်လား " လို့ မေးလိုက်သည်။ ရှစ်ထန်သည် သူ့အမေကို ခေါင်းငြိမ့်ပြလိုက်ပြီး ဟွမ်ဖူကျောက်သွားယူရန်အတွက် ကျစ်ယန်အား ခနစောင့်ခိုင်းလိုက်၏။

တန်ရီသည် ကျစ်ယန်အား ရင်းနှီးသလို ခံစားနေရသဖြင့် "အကြီးအကဲက......ချောင်မျိုးနွယ်စုကပဲလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး ချောင်ရှစ်ထန်နဲ့ အပေးအယူလုပ်၍ ချောင်မျိူးနွယ်စုကိုရောက်ရှိလာကြောင်း ပြောလိုက်၏။ ထိုချိန်မှာ လူတစ်ယောက်သည် အတင်းပြေးဝင်လာခဲ့ပြီး တန်ရီအား ပြေးဖက်လိုက်သည်။

ထိုလူကတော့ ချောင်ဂိုဖိန်ဖြစ်ပြီး ချောင်ရှစ်ထန်ရဲ့ အဖေပင် ဖြစ်၏။ ချောင်ဂိုဖိန်သည် မျက်ရည်များစီးကျကာ "တန်ရီ.....ဒီတစ်သက်ကိုယ်မင်းကို မကယ်နိုင်တော့ဘူးလို့ ထင်နေတာ " လို့ ပြောလိုက်သည်။ တန်ရီသည် ချောင်ဂိုဖိန်ကို ပြန်ဖက်ထားလိုက်ပြီး "အကိုဖိန်.......ရှင်တော်တော်အရွယ်ကျသွားတာပဲ " လို့ ပြောလိုက်သည်။

ချောင်ဂိုဖိန်သည် ဘေးရှိကျစ်ယန်ကို ကြည့်လိုက်ပြီး "တန်ရီ......သူကဘယ်သူလဲ " လို့ မေးလိုက်၏။

ထိုချိန်တွင် ချောင်ရှစ်ထန်ရောက်ရှိလာခဲ့ပြီး ကျစ်ယန်သည် တန်ရီရဲ့ ရောဂါကို ပျောက်အောင်ကုသပေးသူဖြစ်ကြောင်း ပြောလိုက်သည်။ ချောင်ဂိုဖိန်သည် မယုံနိုင်စွာပင် အံ့အားသင့်သွား၏။

ကျစ်ယန်ရဲ့ အသက်မှာ အလွန်ငယ်ရွယ်သေးသော်လည်း ထိပ်တန်းအစီအရင်ကြီးတစ်ခုကို လွယ်ကူစွာ ဖျက်စီးပစ်နိုင်မယ်လို့ မထင်ထားခဲ့ပေ။

တန်ရီသည် ကုသမရနိုင်သော ရောဂါတစ်မျိူးရှိနေသည်ဟု အားလုံးသည်ထင်နေသော်လည်း အမှန်တကယ်မှာ ကြောက်စရာကောင်းသော အစီအရင်ကြီးတစ်ခု ထည့်သွင်းခံထားရခြင်းပင် ဖြစ်၏။

ချောင်ဂိုဖိန်နဲ့ လူတစ်ချို့မှ လွဲ၍ ထိုကိစ္စကို မသိကြပေ။ ကျစ်ယန်သည် တန်ရီထံမှ ရရှိထားသောကျင့်ကြံမှုစွမ်းအားကို ချောင်ဂိုဖိန်ထံသို့ ပေးလိုက်ပြီး "ဒီကျင့်ကြံမှုစွမ်းအားက အကြီးအကဲကြီးနဲ့ သက်ဆိုင်မယ်ထင်တယ် " လို့ ပြောလိုက်၏။ ချောင်ဂိုဖိန်သည်တန်ရီအား ဖက်ထားလိုက်ပြီး "မင်းကငါ့မိန်းမရဲ့ အသက်ကို ကယ်နိုင်မှာတော့ ဒီကျင့်ကြံမှုစွမ်းအားကို မင်းအပိုင်ယူနိုင်ပါတယ် "လို့ ပြောလိုက်သည်။

ကျစ်ယန်သည် သူ့စွမ်းအင်ဖြင့် ထိန်းချုပ်ကာ ချောင်ဂိုဖိန်ရဲ့ ကျင့်ကြံမှုစွမ်းအားကို ပြန်လည်ထည့်သွင်းပေးလိုက်ပြီး "ဒီကျင့်ကြံမှုစွမ်းအားသာ ပြန်မရရှိရင် အကြီးအကဲကျင့်ကြံမှုဘဝလမ်းကြောင်းက ထာဝရ ရပ်တန့်သွားလိမ့်မယ် " လို့ ပြောလိုက်၏။ ချောင်ဂိုဖိန်သည် သူ့ရဲ့ကျင့်ကြံမှုစွမ်းအားများ ပြန်လည်ရရှိသွားတဲ့အခါ နတ်ဝိဇ္ဇာအဆင့်၉ထိသာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် ချောင်ရှစ်ထန်လက်ထဲမှ ဟွမ်ဖူကျောက်နဲ့ရတနာသိုလှောင်ကွင်းလက်စွပ်တစ်ခုအား သိမ်းဆည်းလိုက်ပြီး ထွက်ခွာဖို့အတွက် နှုတ်ဆက်လိုက်၏။ ထိုချိန် ချောင်ဂိုဖိန်သည် အတင့်ရဲစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ ကျစ်ယန်အား ရတနာရရှိနိုင်မည့်နည်းလမ်းတစ်ခုအား ပြောပြလိုက်သည်။

ကျစ်ယန်သည် နောက်ထပ်ရတနာများ ရရှိနိုင်မည်ကို ကြားတဲ့အခါ စိတ်ဝင်စားသွားပြီး အခန်းအတွင်းကို ပြန်လည်ဝင်လိုက်ပြီး ခုံပေါ်တွင် ထိုင်ချလိုက်၏။ ချောင်ဂိုဖန်သည် အရင်တစ်ချိန်တွင် ချောင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့လေသည်။

သို့သော် တနေ့သောနေ့မှာ အမည်မသိဂိုဏ်းတစ်ဖွဲ့၏ လုပ်ကြံခံရမှုကြောင့် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးယိုးယွင်းသွားခဲ့သည်။ သို့ဖြစ်၍ ချောင်ဂိုဖန်

သည် ခေါင်းဆောင်ရာထူးမှ အကြီအကဲရာထူးသို့ လျော့ချခံလိုက်ရ၏။ ချောင်ဂိုဖန်တွင် ချောင်ဂိုဟန်လို့ခေါ်သော အကိုအရင်းတစ်ယောက်ပင် ရှိသည်။

ချောင်ဂိုဖန်သည် ချောင်ဂိုဟန်ကြောင့်သာ ချောင်မျိူးနွယ်စုတွင် အဆင့်အတန်းတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်၏။ သို့သော် ချောင်ဂိုဟန်သည် ချောင်မျိူးနွယ်စုမှ ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက်

ချောင်မျိုးနွယ်စုတစ်ခုလုံးမှာ တဖြည်းဖြည်း အင်အားလျော့နည်းလာခဲ့ပြီး လော့ကျန်းတိုင်းပြည်ကို ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

ချောင်ဂိုဟန်သည် သူမပ​ျောက်ကွယ်ခင်တွင် ချောင်မျိုးနွယ်စုတွင် သူ့ရဲ့နေရာကို ဆက်ခံမည့် မြင့်မြတ်သောသားတော်တစ်ပါး ထွက်ပေါ်လာဖို့ မျှော်လင့်နေခဲ့၏။ ထိုပါရမီရှင်သည် သူ့ထားခဲ့သော အမွေအနှစ်များကို ဆက်ခံနိုင်မည်ဖြစ်ပြီး ချောင်မျိူးနွယ်ကို မူလနေရာပြန်ရောက်အောင် ဆောင်ရွက်ပေးနိုင်လျှင် သူ့အသေဖျောင့်မည်ဖြစ်ကြောင်း သူ့ညီချောင်ဂိုဖန်ကိုသာ ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချောင်မျိုးနွယ်စုသည် စွမ်းအားကြီးမားသော တုံဟောနယ်မြေတွင်သာ နေထိုင်ခဲ့ကြခြင်း ဖြစ်၏။ ယခုအခါမှတော့ ချောင်မျိုးနွယ်စုထဲတွင် တခြားသောမျိုးနွယ်စုများ ရောက်ရှိလာတဲ့အပြင် ချောင်ဂိုဟန်ထားခဲ့သော ရတနာများကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေကြခြင်းပင် ဖြစ်ပေသည်။

All Chapters