ထူးဆန်းသောမြင်ကွင်း
Vol. 6 Ch. 77
ချောင်ဂိုဖန်ရှင်းပြပြီးတဲ့နောက် ချောင်မျိူးနွယ်စုရဲ့ အခြေအနေသည် ယိုယွင်းပျက်စီးနေမှန်း ကျစ်ယန်သည် သိလိုက်ရ၏။ ကျစ်ယန်သည် သူ့ရရှိထားသော ကြောက်မက်ဖွယ်စရာကောင်းတဲ့ နိတ္တစွမ်းအင်လုံးများမှာ ချောင်မျိုးနွယ်မှ ရရှိလာကြောင်း သိထားသဖြင့် တခြားသော တန်ဖိုးကြီး ရတနာများစွာလဲ ရှိနိုင်မယ်လို့ ခန့်မှန်းလိုက်သည်။
ချောင်မျိုးနွယ်စုထဲရှိ ရှေးဟောင်းအမွေအနှစ်များသည် လူတစ်ချို့လက်ထဲကို ရောက်ရှိသွားလျှင်
ချောင်မျိူးနွယ်စု တစ်ခုလုံး ပျက်သုဥ်းသွားရလိမ့်မည်ဖြစ်၏။ သို့ဖြစ်၍ ကျစ်ယန်သည် ထိုအမွေအနှစ်များကိုသာ ရယူနိုင်မည်ဆိုရင် ချောင်မျိုးနွယ်စုသည် မျှော်လင့်ချက်တစ်ခုကို စောင့်နိုင်အုံးမည် ဖြစ်သည်။
လော့ကျန်းတိုင်းပြည်ထဲသို့ ရောက်ရှိလာသော ချောင်မျိုးနွယ်စုသည် ပါးမွှားမျိုးနွယ်စုလေးတစ်ခုပင် ဖြစ်၏။ တုံဟောနယ်မြေထဲတွင် ကျန်ခဲ့သော ချောင်မျိုးနွယ်စုအစစ်အမှန်သည် ဖုန်းတောက်ဂိုဏ်းဟုသော အမည်ဖြင့် ကြောက်စရာကောင်းသောအရှိန်အဝါကို ပိုင်ဆိုင်နေထားဆဲပင် ဖြစ်သည်။
ချောင်ဂိုဟန်သည် အင်အားကြီးမားသော ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း မွေးရာပါ ပါရမီညံဖျင်းသော သူ့ရဲ့ညီ ချောင်ဂိုဖန်ကြောင့် ဖုန်းတောက်ဂိုဏ်း၏ အကြီးအကဲရာထူးကို စွန့်လွှတ်၍ သူ့ရဲ့ ညီ
နဲ့သာ ချောင်မျိုးနွယ်စုကို တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။
ဖုန်းတောက်ဂိုဏ်းရှိ အကြီးအကဲများသည် သူတို့နဲ့ သဘောထားကွဲထွက်နေသော ချောင်မျိုးနွယ်စုကို
ဥပေက္ခာပြုထားခဲ့ခြင်းမှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်၏။ ချောင်ဂိုဖန်သည် လက်ရှိအခြေအနေကို ကူညီပေးဖို့ တုံဟောနယ်မြေထဲရှိ ဖုန်းတောက်ဂိုဏ်းထံသို့ သွားရောက်အကူအညီတောင်းထားပြီးပြီ ဖြစ်သည်။
ကျစ်ယန်သည် ရတနာများကို စိတ်ဝင်စားသဖြင့်
မြင့်မြတ်သောသားတော်စမ်းသပ်ခြင်းပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ဖို့ သဘောတူလိုက်၏။ မြင့်မြတ်သောသားတော်စမ်းသပ်ခြင်းပြိုင်ပွဲသည် ချောင်မျိုးနွယ်စုမျိူးဆက်တွေသာ စမ်းသပ်ခွင့်ရသော ပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။
ချောင်မျိုးနွယ်စုရှိလူများအားလုံးသည် မီးအမှတ်အသားပါသော အမှတ်အသားတံဆိပ်တစ်ခု ရေးထိုးထားရ၏။ ထိုတံဆိပ်သားသည် လက်ဖမိုးပေါ်တွင် ရေးထိုးထားရခြင်းဖြစ်ပြီး မျိုးနွယ်စုဖြစ်ကြောင်း ဂတိသက်သေတစ်ခုပင် ဖြစ်သည်။ ချောင်ဂိုဖန်သည် ထိုအမှတ်အသားတံဆိပ်တော့ ရေးထိုးဖို့ လိုအပ်ကြောင်း ကျစ်ယန်အား ပြောပြလိုက်သည်။
ကျစ်ယန်သည် ထိုတံဆိပ်ရေးထိုးခြင်းကို သဘောတူလိုက်ပြီး ရတနာရပြီးနောက်ပိုင်းမှသာပြန်လည်ဖယ်ရှားဖို့ နည်းလမ်းရှာမယ်လို့ ဆုံးဖြတ်လိုက်၏။ ချောင်ဖန်ဂိုသည် သူ့ရဲ့သိုလှောင်ကွင်းထဲမှ မီးအမှတ်အသားတံဆိပ်ပါသောရတနာ တစ်ခုအားထုတ်ကာ သူ့စွမ်းအင်ဖြင့် အသက်သွင်းလိုက်ပြီး ကျစ်ယန်ရဲ့ ညာဖက်လက်ဖမိုးပေါ်သို့ ထည့်သွင်းလိုက်သည်။
သို့သော် မီးအမှတ်အသားတံဆိပ်ပါသောရတနာလေးသည် ကျစ်ယန်ရဲ့ လက်ဖမိုးအတွင်းသားထဲကို ဝင်ရောက်နိုင်စွမ်းမရှိပဲ အပေါ်ယံတွင်သာရပ်တန့်နေခဲ့၏။ ချောင်ဂိုဖန်သည် အံ့အားသင့်စွာဖြင့် သူ့ရဲ့ရတနာလေးအား ပြန်စုပ်ယူကာ သိမ်းလိုက်ပြီး "ဘယ်လိုဖြစ်တာလဲ.....ငါသက်တမ်းတစ်လျှောက်မှာ တစ်ခါမှ ဒီလိုမကြုံဖူးဘူး " လို့ ပြောလိုက်သည်။
ချောင်ဂိုဖန်သည် တွေးတောနေရင်း တစ်စုံတစ်ရာကို စဥ်းစားမိသွားပြီး သူ့ရဲ့ ညာဖက်လက်ဖမိုးအား ကျစ်ယန်ရဲ့ လက်ဖမိုးပေါ်သို့ တင်လိုက်၏။ ထိုအခါ ကျစ်ယန်ရဲ့ ညာဘက်လက်ဖမိုးပေါ်တွင် မီးအမှတ်အသားပါသော တံဆိပ်တစ်ခုသည် မိုးပြာရောင် လျှပ်စီးသဖွယ်တလပ်လပ် ထွက်ပေါ်လာလေသည်။
ချောင်ဂိုဖန်သည် ထိုမီးအမှတ်တံဆိပ်ပြားကို မြင်တဲ့အခါ ကြောက်လန့်သွားခဲ့ပြီး "ဖုန်းတောက်ဂိုဏ်းကလား....." လို့ ရေရွတ်လိုက်၏။ကျစ်ယန်သည် သူ့လက်ဖမိုးပေါ်မှ ထွက်ပေါ်လာသော မီးအမှတ်အသားတံဆိပ်ကို ကြည့်ပြီး ချောင်ဂိုဖန်ပြောလိုက်သော စကားကြောင့် ကြောင်အသွားခဲ့၏။
ကျစ်ယန်သည် သူ့နားလည်အောင် ရှင်းပြဖို့ ပြောလိုက်သည်။ ချောင်ဂိုဖန်သည် သူသိထားသည်များကို အမှန်အတိုင်းပြောပြလိုက်၏။ ချောင်မျိူးနွယ်စုနဲ့ ဖုန်းတောက်ဂိုဏ်းသည် နဂိုက တစ်စုတစ်စည်းထဲပင် ဖြစ်ပေသည်။ သို့သော် နောက်ပိုင်းတွင် မျိုးနွယ်စုထဲရှိ လူတစ်ချိူ့သည် သူ့တို့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်ဖို့အတွက် ရတနာရှာဖွေရေးအဖွဲ့ သို့မဟုတ် ဖုန်းတောက်ဟုသောအဖွဲ့ကို တည်ထောင်လိုက်ကြ၏။
အချိန်ကြာမြင့်လာတဲ့အခါ ဖုန်းတောက်အဖွဲ့ဝင်များသည် လျှပ်စီးပြာရောင်မီးအမှတ်တံဆိပ်ကို ရေးထိုးရပြီး သာမန်မျိုးနွယ်စုတွေကတော့ ငွေရောင်မီးအမှတ်တံဆိပ်ကိုသာ ရေးထိုးကြရသည်။
နောက်ပိုင်းမှာတော့ အဖွဲ့၂ခုကြား ပဋိပက္ခဖြစ်ကာ ချောင်မျိုးနွယ်စုနဲ့ဖုန်းတောက်ဂိုဏ်းဟု၍ ကွဲထွက်သွားခဲ့ခြင်း ဖြစ်၏။
ကျစ်ယန်သည် သူ့ရဲ့လက်ဖမိုးအား ကြည့်ကာ စိတ်ထဲတွင် ဝမ်းသာနေခဲ့သည်။သူ့ရဲ့မိဘများကို ပြန်လည်တွေ့ရှိနိုင်ဖို့သည် ကျစ်ယန်ရဲ့အိပ်မက်တစ်ခုပင် ဖြစ်၏။ ကျစ်ယန်သည် လက်ဖမိုးရှိ မီးအမှတ်တံဆိပ်ကို ပွတ်ကြည့်လိုက်ပြီး "ဒါဆိုငါက ဇစ်မြစ်က ဖုန်းတောက်ဂိုဏ်းကလာပြီး ငါ့မိဘတွေကလဲ ဖုန်းတောက်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေလား "လို့ စိတ်ကူးထဲတွင် တွေးတောလိုက်သည်။
အပြင်ဘက်ရှိ အစောင့်တစ်ယောက်သည် အခန်းအတွင်းကို ဝင်လာခဲ့ပြီး "မင်္ဂလာပါသခင်ကြီး......အကြီးအကဲရှန်ဇုန်းက ရက်ပိုင်းအတွင်း ကျင်းပမယ့် မြင့်မြတ်သောသားတော်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် " လို့ ချောင်ဂိုဖန်အား ပြောလိုက်၏။
ချောင်ဂိုဖန်သည် အစောင့်အား ထွက်သွားခိုင်းလိုက်ပြီး "ရှစ်ထန်......ဒီကအကြီးအကဲနေဖို့အတွက် ငါသီးသန့်စီစဥ်ထားတဲ့ စံအိမ်ကို နေဖို့ ခေါ်သွားလိုက် " လို့ ပြောကာ အခန်းအပြင်ကို ထွက်ခွာသွားခဲ့သည်။ချောင်ရှစ်ထန်သည် ကျစ်ယန်နေဖို့အတွက် ခြံဝန်းအတွင်းရှိ စံအိမ်လေးတစ်ခုအား ခေါ်ဆောင်သွားခဲ့သည်။
ချောင်ရှစ်ထန်သည် ကျစ်ယန်နေဖို့ စံအိမ်ရှေ့အားလိုက်ပို့ပြီးတဲ့နောက် "အကြီးအကဲလိုအပ်တာရှိရင်
ဒီအစီအရင်စာရွက်ကို အသက်သွင်းပြီး ကျွန်တော်ကို ခေါ်နိုင်ပါတယ် " လို့ ပြောကာ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် အခန်းထဲသို့ ဝင်ရောက်ပြီးတာနဲ့ စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဝင်လိုက်သည်။ ကျစ်ယန်သည် သူ့ရရှိသော နတ်သူငယ်အဆင့်၄ ရန်လန်း၏ ကျင့်ကြံမှုစွမ်းအားနဲ့ နတ်ဝိဇ္ဇာအဆင့်၅ ချင်းယွီတို့ရဲ့ ကျင့်ကြံမှုစွမ်းအားကို သန့်စင်စုပ်ယူနေခဲ့၏။ နာရီပိုင်းအနည်းငယ်ကြာသည့်အခါ ကျစ်ယန်ရဲ့ စွမ်းအားများသည် အဆက်မပြတ်တိုးတက်လာခဲ့ပြီး နတ်ဝိဇ္ဇာအဆင့်၉ထိပင် ထိုးဖောက်သွားနိုင်ခဲ့သည်။
ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၉ကို ရောက်တဲ့အခါ ထူးဆန်းသော မြင်ကွင်းတစ်ခုအား မြင်လိုက်ရ၏။
ထိုမြင်ကွင်းကတော့ များစွာသော နတ်ဘုရားမတစ်ယောက်သည် အမှောင်ထုဖုံးလွှမ်းနေသော လူတစ်ယောက်အား တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ကျစ်ယန်သည် ထူးဆန်းသော မြင်ကွင်းကို စက္ကန့်ပိုင်းအတွင်း မြင်တွေ့ရလိုက်တဲ့အခါ အနည်းငယ် ကြောင်အ၍ သွားခဲ့၏။ ကျစ်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ရဲ့ဓားကို သန့်စင်ဖို့သာ ပြင်ဆင်လိုက်သည်။ ကျစ်ယန်သည် သူ့ဓားနဲ့အတူ ငမန်းရိုးဓား ၊ ဖူဟွမ်ကျောက်နဲ့ ထျန်းသတ္တုကျောက်တို့ကို ထုတ်လိုက်၏။
ကျစ်ယန်သည် သူ့ရဲ့လက်ဖဝါးမှ ခရမ်းရောင်မီးတောက်ကို ထုတ်လိုက်ပြီး လေထဲတွင် ရှိနေသော ငမန်းရိုးဓား ၊ ဖူဟွမ်ကျောက်နဲ့ ထျန်းသတ္တုကျောက် သုံးခုတို့အား တချိန်ထဲမှာပဲ အပူပေးလိုက်၏။