← Chapters

မြင့်မြတ်သောသားတော်နယ်မြေ

Vol. 6 Ch. 78

မြင့်မြတ်သောသားတော်နယ်မြေ

Vol. 6 Ch. 78

မိနစ်ပိုင်းအတွင်းမှာပဲ ငမန်းရိုးဓား ၊ ဖူဟွမ်ကျောက်နဲ့ ထျန်းသတ္တုကျောက်တို့သည် အရည်ပျော်သွားခဲ့ပြီး တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့တဲ့အခါ ငွေရောင်အရည်လေးများ ထွက်ပေါ်လာခဲ့သည်။ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ငွေရောင်အရည်လေးများသည် ရွှေရောင်လျှပ်စီးဓားပေါ်သို့ ကျရောက်သွားခဲ့၏။

ကျစ်ယန်သည် နတ်မီးတောက်စွမ်းအားကို တိုးမြှင့်လိုက်ပြီး ဓားရဲ့အရည်အသွေး ပိုကောင်းမွန်အောင်

သန့်စင်နေခဲ့သည်။ ကျစ်ယန်သည် နတ်မီးတောက်စွမ်းအားကို ရပ်တန့်လိုက်ပြီး "ဒီလောက်ဆို ငါရဲ့ဓားက ဒဏ္ဍာရီအဆင့်ဓါးတစ်လက်နဲ့ ယှဥ်နိုင်လောက်ပြီ " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် သူ့ရဲ့ဓားအား ပြန်သိမ်းထားလိုက်ပြီး

ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေခဲ့သည်။ မနက်မိုးလင်းသည့်အခါ ချောင်ရှစ်ထန်သည် ပြိုင်ပွဲဝင်အဖြစ် သူ့နဲ့အတူ လိုက်ခဲ့ဖို့ ကျစ်ယန်အား ရိုသေစွာပင် ပြောလိုက်၏။

ကျစ်ယန်နဲ့ ချောင်ရှစ်ထန်သည် အလွန်ပင် ဆူညံနေသော နေရာတစ်ခုကို ရောက်ရှိလာခဲ့သည်။ ထိုနေရာကတော့ ချောင်မျိူးနွယ်စုရဲ့ ခန်းမတစ်ခုပင် ဖြစ်၏။ ချောင်မျိူးနွယ်စုမှ လူများစွာသည် ကျစ်ယန်ကို မမြင်ဖူးသဖြင့် ထူးဆန်းစွာကြည့်နေခဲ့ကြသည်။

ချောင်မျိုးနွယ်စုခေါင်းဆောင် ရှန်းဇုန်သည် ချောင်ရှစ်ထန်နဲ့အတူ ပါလာသော ကျစ်ယန်ကို ကြည့်လိုက်ပြီး "အကြီးအကဲဂိုဖန်.... သူကဘယ်သူလဲ ငါဘာလို့ သူ့ကို တခါမှ မမြင်ဖူးတာလဲ " လို့ မေးလိုက်၏။ ချောင်ဂိုဖန်သည် ပြုံးစွာဖြင့် ပျောက်ဆုံးနေတဲ့ သူ့ရဲ့တူတစ်ယောက်ဖြစ်ကြောင်း လိမ်ညာပြောလိုက်သည်။

ရှန်ဇုန်သည် ညကပင်တွေ့လိုက်သော အဂ္ဂိရတ်ပညာရှင်မှာ ကျစ်ယန်ဖြစ်နေမလားဟု တွေးတောလိုက်၏။ ထိုချိန်တွင် ချောင်မျိုးနွယ်စုရဲ့ ပါရမီရှင်များဖြစ်သော ဟန်ယွီ ၊ ရွီးအာ ၊ ချွမ်းထန် နဲ့ ရှန်ချင်းအာတို့သည် တစ်ပြိုင်နက်ရောက်ရှိလာခဲ့သည်။

လေးယောက်လုံးသည် အကြီးအကဲများနဲ့ရှန်ဇုန်းအား အရိုအသေပေးလိုက်သည်။

ရှန်ဇုန်သည် ကျစ်ယန်အား နာမည်မေးမြန်းပြီးနောက် တံဆိပ်ပြား၆ခုအား ထုတ်ဝေလိုက်ပြီး

ပြိုင်ပွဲအတွင်းအန္တရာယ်ကြုံခဲ့ရင် အသက်စွန့်စားဖို့မလိုအပ်ကြောင်း ရှင်းပြလိုက်၏။ ကျစ်ယန်တို့သည် အမိန့်ပြားအပေါ်သို့ သူတို့ရဲ့ သွေးစက်များကို ချကာ ချိတ်ဆက်လိုက်လေသည်။ ကျစ်ယန်လက်ထဲရှိတံဆိပ်ပြားသည် တခြားသူများကဲ့သို့ တည်ငြိမ်မှု ရှိနေသဖြင့် ရှန်ဇုန်သည် အနည်းငယ်စိတ်ပျက်သွားခဲ့၏။

တံဆိပ်ပြားအတွင်းတွင် အသက်ကန့်သတ်ချက်နဲ့ ချောင်းမျိုးနွယ်စု ဟုတ်မဟုတ်စစ်ဆေးပေးသော အစီအရင်တစ်ခု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။ စည်းကမ်းချက်နဲ့ မကိုက်ညီလျှင် တံဆိပ်ပြားမှာ ကွဲကြေ၍ သွားမည်ဖြစ်၏။

ရှန်ဇုန်သည် နတ်သူငယ်အဆင့်၄ကို ရောက်နေသော်လည်း ကျစ်ယန်ရဲ့ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်စွာ ကြည့်မရသဖြင့် သူ့မြေးအတွက် စိတ်ပူသွားခဲ့သည်။ ပြိုင်ပွဲအချိန်သည် ၃ရက်တောင် လိုနေသေးသဖြင့် ကျစ်ယန်သည် သူနေသောစံအိမ်အတွင်းမှာပဲ ဆေးလုံးအချို့ကို သန့်စင်နေခဲ့၏။

၂ရက်ကြာပြီးနောက် ညရောက်လာသည့်အခါ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် သူ့စွမ်းအားများစစ်ဆေးနေခဲ့သည်။ ကျစ်ယန်သည် ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ရဲ့ စွမ်းအား အတိမ်အနက်ကို လေ့လာနေခဲ့သည်။ ထိုချိန်တွင် အပြင်ဘက်မှ လှုပ်ရှားသံတစ်ချို့အား ကျစ်ယန်သည် ကြားလိုက်ရ၏။

ကျစ်ယန်သည် သူ့လက်ချောင်းများကို ဆုပ်လိုက်ပြီး "လာတာအတော်ပဲ......" လို့ ရေရွတ်လိုက်၏။ မျက်နှာဖုံးတပ်ဆင်ထားသော နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ လူ၃ယောက်သည် ကျစ်ယန်နေသော အခန်းအတွင်းသို့ လျင်မြန်သော အရှိန်နှုန်းဖြင့် ရောက်ရှိလာခဲ့သည်။ ထိုလူသုံးယောက်သည် အထဲရောက်သည့်အခါ ကျစ်ယန်ကို မတွေ့ရှိတော့သဖြင့် ကြောင်အစွာဖြင့် "လူဘယ်ရောက်သွားတာလဲ " လို့ ဒေါသထွက်စွာပြောလိုက်၏။

ခေါင်မိုးထပ်မှ "မင်းတို့ငါ့ကိုရှာနေကြတာလား......."လို့ အသံတစ်ခုထွက်ပေါ်လာခဲ့တဲ့အခါ လူသုံးယောက်သည် တံခါးအပြင်သို့ ပြန်ထွက်လိုက်ပြီး ခေါင်မိုးထပ်သို့ ခုန်တက်လိုက်ကြသည်။ ကျစ်ယန်သည် သူ့ရှေ့ရှိလူ၃ယောက်မှာ နတ်ဝိဇ္ဇာအဆင့်၆ လူ၂ယောက်နဲ့ နတ်ဝိဇ္ဇာအဆင့်၅ လူ၁ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။

ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာအသံဖြင့် "မင်းတို့ကို မျိုးနွယ်စုခေါင်းဆောင်က စေလွှတ်လိုက်တာမလား " လို့ မေးလိုက်သည်။ လူသုံးယောက်သည် မျက်နှာဖုံးနောက်ကွယ်တွင် မျက်နှာပျက်သွားကြ၏။

ထို့နောက် သူတို့ရဲ့နတ်ဝိဇ္ဇာအဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး ၃ယောက်ထဲမှ ချန်လွင်လို့ ခေါ်သောလူသည် "ကောင်စုတ်လေး......မင်းက ငါတို့လာမှန်းသိတာတောင် မထွက်ပြေးဘူးဆိုတော့ ငါတို့၃ယောက်ကို ယှဥ်နိုင်မယ်လို့ ထင်နေတာလား " လို့ ပြောလိုက်သည်။

ကျစ်ယန်ရဲ့ မျက်လုံးများသည် သတ်ဖြတ်တော့မည့် အနီရောင်မျက်လုံးများအဖြစ်ပြောင်းလဲသွားခဲ့၏။ကျစ်ယန်သည် "သေချာတာပေါ့....." လို့ ရေရွတ်လိုက်ပြီး သူ့ဘယ်ဘက်လက်ချောင်းများကို ဆု

ပ်လိုက်တဲ့အခါ နိတ္တစွမ်းအင်လုံး ၃လုံးသည် လက်ကောက်ဝတ်တွင် လည်ပတ်စွာဖြင့် ထွက်ပေါ်လာခဲ့၏။

ချန်လွင်တို့သုံးယောက်သည် နိတ္တစွမ်းအင်လုံးတွေကို မြင်လိုက်ရတဲ့အခါ တစ်ကိုယ်လုံးတုန်လှုပ်ကာ ချွေးစီးများကျလာခဲ့ပြီး ချက်ချင်းပင် ဒူးထောက်လိုက်၍ "မြင့်မြတ်သောသားတော်ကို အရိုအသေပြုပါတယ် " လို့ ပြိုင်တူပြောလိုက်ကြ၏။ ကျစ်ယန်သည် ဒူးထောက်နေသော ချန်လွင်တို့ ၃ယောက်နောက်သို့ လျှပ်တစ်ပြက်ပင် သွားလိုက်ပြီး သူ့အား ဘာကြောင့် မြင့်မြတ်သောသားတော်ဟု ခေါ်လဲမေးမြန်းလိုက်သည်။

ချန်လွင်သည် ခေါင်းငုံနေရင်းပင် ချောင်မျိုးနွယ်စုရဲ့ အကြီးအကဲများသာ သိရသောသတင်းအချက်အလက်တစ်ခုအား ပြောပြလိုက်၏။ ချောင်မျိုးနွယ်စုတွင် ချောင်ဂိုဟန် ရရှိခဲ့သော နိတ္တစွမ်းအင်လုံး ၊ သူတော်စင်ဆေးမီးဖို နဲ့ ဧကရာဇ်တံဆိပ်တော်ဟု ခေါ်သော ဆန်းကြယ်သည့်ရတနာသုံးမျိုးပင် ရှိသည်။

ထိုရတနာများကို လူတစ်ယောက်သာ ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်ပြီး ထိုလူသည် ချောင်မျိုးနွယ်စုရဲ့ မြင့်မြတ်သောသားတော်တစ်ပါးဖြစ်လာမည် ဖြစ်၏။ သို့သော် ရတနာ၃မျိူးတွင် နိတ္တစွမ်းအင်လုံးရတနာသည် မှားယွင်းသောအကြောင်းအရင်းတစ်ခုကြောင့် ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းတို့ ရောက်ရှိသွားသည်။

ကျစ်ယန်သည် အခြေအနေကို သိရှိသွားပြီး လက်ရှိကိစ္စအား ဘယ်သူမှ ပြန်မပြောဖို့ စေခိုင်းလိုက်၏။ တစ်စုံတစ်ယောက်သာ သိသွားခဲ့ရင် အသက်နဲ့ပေးဆပ်ရမည်ဖြစ်ကြောင်း ကြိမ်ဝါးလိုက်လေသည်။

မနက်မိုးလင်းအချိန်သို့ရောက်တဲ့အခါ ကျစ်ယန်တို့ခြောက်ယောက်သည် ချောင်မျိုးနွယ်ရဲ့ လို့ဝှက်အခန်းတစ်ခုထဲကို ရောက်ရှိလာခဲ့၏။ ထိုအခန်းထဲတွင်မျိုးနွယ်စုခေါင်းဆောင်နဲ့ တခြားအကြီးအကဲများလဲ ရှိနေခဲ့သည်။ အကြီးအကဲ​များသည် အချင်းချင်းမျက်စပြုလိုက်ပြီး သူ့တို့လက်ထဲရှိ ရတနာပစ္စည်းများကို စွမ်းအင်အသက်သွင်းလိုက်၏။

ရတနာပစ္စည်းများထဲမှာ သားရဲဝိညဥ်ကောင်များ တစ်ပြိုင်နက် ထွက်လာကြပြီး လေဟာနယ်ထဲရှိ နေရာအသီးသီးတွင် နေရာယူသွားကြသည်။ စက္ကန့်ပိုင်းအတွင်းပဲ လေဟာနယ်ထဲတွင် တြိဂံသဏ္ဍာန်အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters