အခန်း (၇၉)
Vol. 6 Ch. 79
ကျစ်ယန်တို့၆ယောက်သည် အကြီးအကဲများကို အရိုအသေပြုကာ အစီအရင်အတွင်းကို ခုန်ဝင်သွားခဲ့၏။ မြင့်မြတ်သောသားတော်နယ်မြေသို့ ရောက်တဲ့အခါ အားလုံးသည် တစ်ကွဲတစ်ပြားရောက်ရှိသွားခဲ့သည်။ ကျစ်ယန်သည် ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးနေချိန်တွင် ရေခဲနဂါးတစ်ကောင်သည် မြေအောက်အတွင်းမှ ထိုးဖောက်ကာ ထွက်လာခဲ့၏။
နတ်ဝိဇ္ဇာအဆင့်၅စွမ်းအင်ရှိသော ရေခဲနဂါးကြီးသည် လျှပ်စီးအလျင်နှုန်းဖြင့် ကျစ်ယန်ကို တိုက်ခိုက်ရန် တစ်ရှိန်ထိုး ပြေးဝင်လာခဲ့သည်။ ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာဖြင့် "သေချင်နေတာပဲ " လို့ ရေရွတ်ကာ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ရဲ့ ပထမအဆင့်အား အသက်သွင်းလိုက်၏။
ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ရဲ့ ပထမအဆင့်စွမ်းအားသည် ဝိညဥ်စွမ်းအင်ပုံတူကူးခြင်းစွမ်းအားပင် ဖြစ်သည်။ ဝိညဥ်စွမ်းအင်ပုံတူကူးခြင်းစွမ်းအားသည် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညဥ်စွမ်းအင်ကို
တစ်ပုံစံထဲတူအောင်ဖန်တီးပေးသည့် စွမ်းအင်ပင် ဖြစ်၏။
ရေခဲနဂါးကြီးသည် ကျစ်ယန်ရှေ့သို့ ရောက်ခန်းနီးချိန်တွင် သူ့နဲ့တစ်ပုံစံထဲတူပြီး အရောင်သာကွဲသော ရေခဲနဂါးဝိညဥ်ကြီးကို တွေ့လိုက်ရတဲ့အခါ ရပ်တန့်သွားခဲ့သည်။ စက္ကန့်ပိုင်အတွင်းမှာပဲ ရေခဲနဂါး၂ကောင်သည် သူတို့ရဲ့ စွမ်းအင်ဖြစ်သော ရေခဲစွမ်းအင်လှိုင်းဖြင့် အပြန်အလှန်တိုက်ခိုက်ကြ၏။
ကျစ်ယန်သည် ဝိညဥ်စွမ်းအင်ပုံတူကူးခြင်းစွမ်းအားကို အသုံးပြုရာ၌ သူ့ရဲ့စွမ်းအင်များမှာ ခဏလေးအတွင်းတရှိန်ထိုးကုန်ဆုံးလာသဖြင့် ရေခဲနဂါးကြီးအား သူကိုယ်တိုင် ဝင်ရောက်သတ်ဖြတ်လိုက်သည်။
ကျစ်ယန်သည် ရေခဲနဂါးရဲ့ ခန္ဓာကိုယ်ကြီးအားဖျက်ဆီးမယ့်ချိန်တွင် လုံရှန်းရဲ့ အသံကို ကြားလိုက်၏။
လုံရှန်းသည် သေဆုံးသွားသော ရေခဲနဂါးခန္ဓာကိုယ်ကြီးကို သူ့အားပေးရန် တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည် လုံရှန်းရဲ့ တောင်းဆိုမူကို သဘောတူလိုက်၏။ ကျစ်ယန်သည် သူတော်စင်ဆေးမီးဖိုနဲ့ ဧကရာဇ်တံဆိပ်တော်ကို ရှာဖွေရန် လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံသန်းသွားခဲ့သည်။
ကျစ်ယန်ပျံသန်းနေစဥ်အတွင်း များစွာသော ဓားချီအလင်းတန်းများစွာသည် ကျစ်ယန်ရှေ့တည့်တည့်ကို တရှိန်ထိုးအဆက်မပြတ် ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် လျှပ်စီးအလျင်နှုန်းဖြင့် ရှောင်ရှားကာ ရှေ့သို့ ဆက်တိုးလာခဲ့သည်။ များစွာသော ဓားချီအလင်းတန်းများစွာသည် ဧရာမနတ်ဘုရားရုပ်ထုကြီးရဲ့ လက်ဝါးအတွင်းမှ ထွက်လာလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။
ကျစ်ယန်သည် သူ့ရဲ့ဓားအားထုတ်လိုက်ပြီး တစ်ချက်ထဲပင် ခုတ်ချလိုက်တဲ့အခါ နတ်ဘုရားရုပ်ထုကြီးမှာ တစ်စစီပျက်စီးသွားခဲ့၏။ ပျက်စီးသွားသော နတ်ဘုရားရုပ်ထုအတွင်းမှ စကားလုံးအမှတ်အသားတစ်ခု ထွက်ကျလာခဲ့သည်။
ကျစ်ယန်သည် သိမ်းဆည်းထားလိုက်ပြီး ရှေ့သို့ ဆက်လက်ပျံသန်းလာသည့်အချိန်တွင် ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းညချမ်းအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံမှ အလွန်ပင်ချောမောလှပသော နတ်သမီးခြောက်ယောက်ပင် ကျဆင်းလာခဲ့သည်။ထိုနတ်သမီးခြောက်ယောက်သည် ကျစ်ယန်ခန္ဓာကိုယ်အား ပွတ်သပ်နေခဲ့ပြီး ဆွဲမက်စရာအပြုံးလေးများဖြင့် ရယ်မောနေကြသည်။
ကျစ်ယန်သည် တည်ငြိမ်ပြတ်သားစွာ အသံဖြင့် "နတ်သမီးပုံရိပ်ယောင်အစီအရင်လောက်နဲ့ ငါ့ကိုလှည့်စားလို့ ရမယ်ထင်နေတာလား " လို့ ရေရွတ်လိုက်၏။ ထိုချိန် "ဟားဟားဟား......မင်းက အတော်မောက်မာနေတဲ့ကောင်လေးပဲ ၊ ဒီပုံရိပ်ယောင်အစီအရင်ကို မင်းသိသွားရင်တောင် မင်းလွယ်လွယ်နဲ့ ထွက်လို့ရမယ်ထင်နေတာလား " ဟုသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် ယန်နတ်ဘုရားမျက်လုံးအား အသက်သွင်းလိုက်ပြီး နတ်သမီးပုံရိပ်ယောင်အစီအရင်ရဲ့ လို့ဝှက်ချက်ကို စစ်ဆေးလိုက်၏။ ကျစ်ယန်သည် သူ့ရဲ့ဓားဖြင့် နတ်သမီးခြောက်ယောက်အား
သတ်ဖြတ်လိုက်တဲ့အခါ ချက်ချင်းပင် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။ ကျစ်ယန်သည် သူ့ရဲ့အစီအရင်ရဲ့ အဖြေအား အလွယ်တကူ ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
စိတ်ဝိညဥ်ခန္ဓာကိုယ် အဖြစ်သာရှိသော လူတစ်ယောက်သည် လေဟာနယ်တွင် ထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်းအား အမှတ်အသားစကားလုံးတစ်ခုအား ပေးခဲ့ပြီး ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် ရှေ့သို့ဆက်လက်ပျံသန်းလာခဲ့ပြီးနောက် တောင်ချိုင့်အတွင်းတွင် မီးတောင်ချော်ရည်အလယ်တွင် ရှိနေသော သူတော်စင်ဆေးမီးဖိုအား တွေ့လိုက်ရသည် ။
သူတော်စင်ဆေးမီးဖိုသည် ကျင့်ကြံမှုအဆင့်ပေါ်မူတည်၍ တိုက်ခိုက်ရေးစွမ်းအားကုန်ခမ်းမှုကို လျော့ချပေးနိုင်ခြင်းဖြစ်၍ ကျင့်ကြံသူအားလုံးရဲ့ နတ်ဘုရားရတနာတစ်ခုဖြစ်နေခဲ့၏။ သို့သော် သူတောင်စင်ဆေးမီးဖိုတစ်ခုကို ရှာတွေ့နိုင်ရန်မှာ အလွန်ပင် ခက်ခဲလေသည်။ ကျစ်ယန်သည် သူ့ရဲ့ဓားပျံအား ထုတ်လိုက်ပြီး တောင်ချိုင့်အတွင်းကို စေလွှတ်လိုက်၏။
မီးတောင်ချော်ရည်များအတွင်းမှ မျက်လုံးအနီရောင်ရှိသော ဧရာမနတ်ဆိုးဘီလူးတစ်ကောင်ထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်ရဲ့ ရွှေရောင်လျှပ်စီးဓားအား လက်ဝါးကြီးဖြင့် ဖမ်းအုပ်ဖို့ ကြိုးစားလိုက်သည်။
ကျစ်ယန်သည် ဓားအပေါ်အာရုံရောက်နေသော ဧရာမနတ်ဆိုးဘီလူးကြီးရဲ့အလစ်တွင် လျှပ်စီးအလျင်နှုန်းဖြင့် ပျံသန်းကာ သူတော်စင်ဆေးမီးဖိုကို ရအောင်ယူနိုင်သွားခဲ့၏။
ကျစ်ယန်ရဲ့ အလျင်နှုန်းသည် အလွန်ပင်မြန်ဆန်လွန်းနေသဖြင့် နတ်ဆိုးဘီလူးကြီးမှာ လှုပ်ရှားချိန်တောင်မရလိုက်ပေ။
ကျစ်ယန်သည် မီးတောင်ရဲ့ အဝေးတစ်နေရာကို ပျံထွက်သွားပြီးနောက် စိတ်ဝိညဥ်စွမ်းအားမျှင်နဲ့သွေးတစ်စက်အား သူတော်စင်ဆေးမီးဖိုထဲသို့ ထည့်သွင်းလိုက်လေသည်။ ဧရာမနတ်ဆိုးဘီလူးကြီးသည် သူတော်စင်ဆေးမီးဖိုအား ကျစ်ယန်ပိုင်ဆိုင်သွားသည်ကို သိတဲ့အခါ ချက်ချင်းပင် မီးတောက်ချော်ရည်အတွင်းကို ထွက်ပြေးဖို့ ကြိုးစားလိုက်၏။
ဧရာမနတ်ဆိုးဘီလူးမှာ သူ့နောက်မလိုက်သည့်အပြင် အကြောင်းမဲ့ထွက်ပြေးသွားလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။ ထိုစဥ်ကျစ်ယန်ရရှိထားသော စကားလုံးအမှတ်အသား၂ခုသည် အလိုအလျောက်ထွက်ပေါ်လာကာ ပေါင်းစပ်သွားခဲ့ပြီး အပြာရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ဧရာမနတ်ဆိုးဘီလူးနောက်ကို လိုက်ကာ ခန္ဓာကိုယ်အတွင်းကို ထိုးဖောက်ဝင်သွားခဲ့သည်။
အပြာရောင်အလင်းတန်း ကျရောက်လာတဲ့အခါ ဧရာမနတ်ဆိုးဘီလူးသည် "မလုပ်နဲ့.....မလုပ်နဲ့" လို့ အော်ဟစ်ရင်း ရွှေမှုန်ကလေးများအဖြစ်သို့ ပြောင်းလဲကာ သူတော်စင်ဆေးမီးဖိုအတွင်းကို ရောက်ရှိသွားခဲ့၏။