အခန်း (၈၀)
Vol. 6 Ch. 80
သူတော်စင်ဆေးမီးဖိုသည် ကျစ်ယန်ခန္ဓာကိုယ်အတွင်းကို ဖြည်းညှင်းစွာ တိုးဝင်နေခဲ့သည်။ဧရာမနတ်ဆိုးဘီလူးသည် သူတော်စင်ဆေးမီးဖိုကို စောင့်ရှောက်ဖို့ ဒဏ်ခတ်ထားခြင်းခံရပြီး သူတော်စင်ဆေးမီးဖိုတွင် သခင်ရှိလာလျှင် သူတော်စင်ဆေးမီးဖိုနဲ့အတူ သခင်ကို လိုက်လံကာကွယ်ရမည် ဖြစ်၏။
၁နာရီကြာပြီးနောက် သူတော်စင်ဆေးမီးဖိုသည် ကျစ်ယန်နဲ့တစ်ထပ်ထဲကျသွားပြီးတဲ့နောက် ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၁၀ထိပင် ရောက်ရှိသွားခဲ့သည်။ကျစ်ယန်သည် အဆင့်တက်သွားသည့်အချိန်တွင် မိန်းကလေးတစ်ယောက်သည် လူတစ်ယောက်ရဲ့လက်ပေါ်တွင် သေနေသည့် မှုန်ဝါးဝါးပုံရိပ်လေးတစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုမြင်ကွင်းသည် သူ့ရင်ထဲကို ဗြောင်းဆန်သွားခဲ့သည်။ ကျစ်ယန်သည် အချိန်မနှောင်းခင် ဧကရာဇ်တံဆိပ်တော်ကိုပါ ရှာဖွေရန်အတွက် နေရာတစ်ခုကို ပျံသန်းလာခဲ့၏။ ကျစ်ယန်ထွက်သွားပြီးတဲ့နောက်
လူ၄ယောက်သည် မီးတောင်ချော်ရည်ရဲ့ အပေါ်ဘက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
သူတို့၄ယောက်လုံးလက်ထဲတွင် မြေပုံတစ်ခု ရှိနေခဲ့၏။ မြေပုံအမှတ်အသားထဲတွင် ပါသော သူတော်စင်ဆေးမီးဖိုသည် ပျောက်ကွယ်သွားသဖြင့် ကြောင်အနေခဲ့ကြလေသည်။ ကျစ်ယန် ပျံသန်းနေစဥ်အတွင်းတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် အမှောင်ထုဖုံးလွှမ်းသွားခဲ့၏။
ကျစ်ယန်သည် ရပ်တန့်လိုက်ပြီး ယန်နတ်ဘုရားမျက်လုံးဖြင့် ကြည့်ရှု့လိုက်သည်။ ကျစ်ယန်သည်ဘေးပတ်ပတ်လည်တွင် ထူးခြားမှုမရှိသဖြင့် အပေါ်ဘက်ကို မော့ကြည့်လိုက်တဲ့အခါ သူ့ခေါင်းပေါ်သို့ ရောက်ရှိလာတော့မည့် ဧရာမနတ်ဆိုးနတ်ဘုရားကြီးရဲ့ညာလက်ဝါးကြီးကို မြင်တွေ့လိုက်ရ၏။ ကျစ်ယန်သည် လက်ဝါးကြီးလက်အောက်မှ လျင်မြန်စွာ ရှောင်းရှားလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ဧရာမနတ်ဆိုးနတ်ဘုရားကြီးသည် ဂျိုနှစ်ဖက်ပင် ပါရှိနေပြီး မျက်လုံးကြီးများမှာ မဲနက်နေခဲ့၏။
ဧရာမနတ်ဆိုးနတ်ဘုရားကြီးသည် သူ့ရဲ့လက်ဖဝါးအတွင်းတွင် ဧရာမဓားတစ်လက်ကို ဖန်တီးလိုက်ပြီး ကျစ်ယန်အား ခုတ်ချလိုက်၏။ ကျစ်ယန်သည် အချိန်ဆွဲမနေဘဲ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ရဲ့ ဒုတိယအဆင့်စွမ်းအားကို ပုံဖော်အသက်သွင်းလိုက်သည်။ ပြောင်းလဲခြင်းနိတ္တကျင့်စဥ်ရဲ့ ဒုတိယအဆင့်စွမ်းအားမှာ သဏ္ဍာန်မဲ့စုပ်ယူဝါးမျိုခြင်းစွမ်းအားပင် ဖြစ်၏။
သဏ္ဍာန်မဲ့ဝါးမျိူခြင်းစွမ်းအားသည် ၁၀၀ပတ်လည်အတွင်းကို ရောက်လာသော တိုက်ခိုက်ရေးစွမ်းအားများ၏ ပင်မအရင်းအမြစ်စွမ်းအားကိုပင် ဝါးမျိုနိုင်သော စွမ်းအားပင် ရှိနေသည်။ ဧရာမနတ်ဆိုးနတ်ဘုရားကြီးတိုက်ခိုက်လိုက်သော ဓားကြီးသည် ကျစ်ယန်အနားကို ရောက်ရှိလာတဲ့အခါ နိတ္တစွမ်းအင်လုံး၃လုံးသည် အနက်ရောင်စက်ကွင်းအဖြစ်သို့ပြောင်းလဲကာ စတင်စုပ်ယူဝါးမျိုပါတော့၏။
စက္ကန့်ပိုင်းအတွင်းမှာပဲ အလွန်ပင်ကြီးမားသော ဧရာမနတ်ဆိုးနတ်ဘုရားဝိညဥ်ခန္ဓာကိုယ်ကြီးပါမကျန် နိတ္တစွမ်းအင်လုံးများရဲ့စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ နတ်ဆိုးနတ်ဘုရားဝိညဥ်ကြီး ပျောက်ကွယ်သွားတဲ့အခါ ပတ်ဝန်းကျင်မှာ ပြန်လင်းထိန်လာခဲ့ပြီး အနီရောင်စာလုံးများစွာပါဝင်သော ဧကရာဇ်တံဆိပ်တော်ကြီး ထွက်ပေါ်လာခဲ့၏။
ဧကရာဇ်တံဆိပ်တော်သည် ချက်ချင်းပင် အနီရောင်စွမ်းအင်အလင်းတန်းအဖြစ်သို့ပြောင်းလဲကာ ကျစ်ယန်၏ ညာဖက်လက်ဖမိုးပေါ်ရှိ မီးအမှတ်အသားအတွင်းကို ဝင်ရောက်သွားခဲ့သည်။ ထိုချိန်မှာပဲ အလင်းတန်းတစ်ခုသည် ကျစ်ယန်တို့၆ယောက်လုံးပေါ်ကျရောက်လာခဲ့ပြီး ၆ယောက်လုံး ပြင်ပနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ချောင်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်သော ရှန်ဇုန်သည် ကျစ်ယန်ရဲ့ အခြေအနေကို သိချင်နေခဲ့တဲ့အတွက် အနားသို့ သွားလိုက်သည်။ ကျစ်ယန်အနားသို့ ရောက်တဲ့အခါ ရှန်ဇုန်သည် ပုခုံးအား ပုတ်လိုက်ပြီး "အငယ်လေး......မင်းအဆင်ပြေရဲ့လား......" လို့ မေးလိုက်၏။
ထိုချိန် ရှန်ဇုန်သည် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးရှော့ရိုက်ဒဏ်ကို ခံလိုက်ရသည်။ ရှန်ဇုန်သည် မတ်တပ်တောင်မရပ်နိုင်တော့တဲ့အတွက် ဒူးတစ်ဖက်ထောက်ကာ လဲမကျသွားအောင် အားတင်းထားလိုက်၏။ အားလုံးလည်း ရှန်ဇုန်ကို ကြည့်ကာ ဆွံအသွားကြသည်။
ရှန်ဇုန်သည် သူ့ပါးစပ်ထောင့်မှ စီးကျလာသော သွေးစများကို သုတ်လိုက်ပြီး ကျစ်ယန်အား မော့ကြည့်ကာ "ဧကရာဇ်တံဆိပ်တော်ရဲ့ ပြစ်ဒဏ်လား ၊ ဒါဆို ဒီကောင်လေးက မြင့်မြတ်သောသားတော် ရာထူးကို ဆက်ခံသွားပြီးပြီပေါ့ " လို့ ကြောက်လန့် တုန်လှုပ်စွာ ရေရွတ်လိုက်၏။
ဧကရာဇ်တံဆိပ်တော် ပိုင်ဆိုင်ထားသော သူသည် မျိူးနွယ်စုရဲ့ အာဏာအရှိဆုံး လူ၁ယောက်ဖြစ်ကြောင်း သတ်မှတ်ထားသည့် မျိုးနွယ်စုခေါင်းဆောင်ကပင် ရိုရိုသေသေ ဆက်ဆံရမည်ဖြစ်ပေသည်။ မလေးမစားဆက်ဆံသောသူသည် ရှန်ဇုန်ကဲ့သို့ လျှပ်စီးရှော့ရိုက်ခြင်းကို ခံရမည် ဖြစ်ပေသည်။
နတ်သူငယ်အဆင့်၄ ရောက်ရှိနေသော ရှန်ဇုန်တောင်ပင် လျှပ်စီးပြစ်ဒဏ်အား ခံနိုင်ရည်မရှိပေ။
ရှန်ဇုန်သည် ကျစ်ယန်အနားမှ နောက်နည်းနည်းသို့ ဆုတ်လိုက်ပြီး လက်၂ဖက်ဆုပ်ကာ "မြင့်မြတ်သောသားတော်ထွက်ပေါ်လာတဲ့အတွက် ကျွန်တော်မျိုးရှန်ဇုန် အင်မတန်ဝမ်းသာလှပါတယ် " လို့ ပြောလိုက်၏။
ရှန်ဇုန် ဆိုလိုက်သော အသံကို ကြားလိုက်တဲ့အခါ အနားတွင် ရှိနေသော လူများ ကြောင်အသွားကြလေသည်။ ရှန်ဇုန်သည် အားလုံးကို ကြည့်လိုက်ပြီး
ဒေါသလေသံဖြင့် "မင်းတို့အားလုံးက မြင့်မြတ်သောသားတော်ကို အရိုအသေမပေးဘဲ ဘာလုပ်နေကြတာလဲ " လို့ အော်ဟစ်ဆူဟောက်လိုက်၏။
ထိုအခါမှသာ အားလုံးလည်း လက်နှစ်ဖက် ဆုပ်လိုက်ကြပြီး "မြင့်မြတ်တော်သားတော်ကို အရိုအသေပေးပါတယ် " လို့ ပြိုင်တူရေရွတ်လိုက်ကြသည်။ ထိုစဥ် သတင်းပေး အသံတစ်ခုအား ရှန်ဇုန်သည် ကြားလိုက်ရ၏။ ကျစ်ယန်သည် အားလုံးအား ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အတွက် ကျင့်ကြံဖို့ နေရာတစ်ခုအား တောင်းလိုက်သည်။
ရှန်ဇုန်သည် သူ့နားတွင် ရှိသော အကြီးအကဲများအား ကျစ်ယန်လိုအပ်သော အရာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ အမိန့်ပေးလိုက်၏။ ချောင်လုရန်ဟု ခေါ်သော အကြီးအကဲတစ်ယောက်သည် ကြာနတ်ငရဲပင်လယ်လို့ ခေါ်သည် ကျင့်ကြံရေး မျှော်စင်အတွင်းကို ခေါ်ဆောင်လာခဲ့သည်။
ကြာနတ်ငရဲပင်လယ်မျှော်စင်သည် ရေထဲတွင် တည်ဆောက်ထားသော မျှော်စင်တစ်ခုပင် ဖြစ်ပြီး
ကျင့်ကြံရေးကို များစွာ အထောက်အကူ ပြုသောနေရာပင် ဖြစ်၏။ ကျစ်ယန်သည် သူ့အား ရှင်းပြသော ချောင်လုရန်အား ကျေးဇူးတင်လိုက်ပြီး အခန်းတစ်ခန်းထဲတွင် ဝင်ထိုင်လိုက်သည်။