← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

ကျစ်ယန်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်မှာ နတ်သူငယ်အဆင့်ကို ဝင်ရောက်နိုင်ဖို့ ခြေလှမ်းတစ်လှမ်းသာ လိုတော့၏။ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့် သူ့ရဲ့စွမ်းအင်များအားလုံးမှာ ကြောက်စရာ​ကောင်းသောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲနေကြောင်း ကျစ်ယန်သည် ခံစားလိုက်ရသည်။

ကျစ်ယန်သည် ကြာနတ်ငရဲပင်လယ်မျှော်စင်တွင် သူ့စွမ်းအားများကို တည်ငြိမ်အောင် ကျင့်ကြံနေခဲ့၏။ အချိန် ၅ရက်ကြာပြီးနောက် တောက်ပစွာရှိနေသော ကျစ်ယန်ရဲ့ မျက်လုံးတစ်စုံမှာ ပွင့်လာခဲ့သည်။ကျစ်ယန်ရဲ့ ရုပ်ရည်အသွင်အပြင်မှာလဲ နဂိုထက် ခန့်ညား ချောမောလာခဲ့သည်။

ကျစ်ယန်သည် ကြာနတ်ငရဲပင်လယ်မျှော်စင်မှ ဓားပျံဖြင့် ပျံသန်းထွက်ခွာလာခဲ့၏။ ကျစ်ယန်သည် တောင်ထိပ်တစ်ခုပေါ်တွင် လူများစွာရဲ့ ဆူညံသံကို ကြားလိုက်ရသဖြင့် ထိုနေရာအား ပျံသန်းသွားလိုက်သည်။ တောင်ထိပ်၏ ကောင်ကင်ယံပေါ်တွင် အနည်းငယ်ကြီးမားသော ဝိညဥ်လှေကြီးတစ်ခုအား ကျစ်ယန်သည် တွေ့လိုက်ရ၏။

ထိုဝိညဥ်လှေပေါ်တွင် အနီရောင်ဝတ်စုံများ ဆင်တူ ဝတ်ဆင်ထားသော မိန်းမပျိုတစ်သိုက်အား ကျစ်ယန်သည် တွေ့လိုက်ရသည်။ သူ့တို့ရဲ့ လက်မောင်းတွင် ဖုန်းတောက်ဟု ရေးထိုးထားသော တံဆိပ်ရှိနေခဲ့၏။ ထိုစဥ် ရှန်ဇုန်သည် ဝိညဥ်လှေကြီးအနားတွင် ပေါ်လာခဲ့သည်။

ရှန်ဇုန်ကို မြင်သည့်အခါ ဝိညဥ်လှေပေါ်ရှိ ယပ်တောင်ကိုင်ဆောင်ထားသော မိန်းမပျိူသည် "ရှင်က ချောင်မျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင်လား " လို့ လေသံခပ်တင်းတင်းပင် ပြောလိုက်၏။ ရှန်ဇုန်သည် သူ့အား မလေးမစား ဆက်ဆံသော မိန်းမပျိုလေးကို သတ်ပစ်ချင်စိတ်ထွက်ပေါ်လာသော်လည်း ဖုန်းတောက်ဂိုဏ်းဝင် ဖြစ်နေသည့်အတွက် ကောင်းကောင်းမွန်မွန်ပင် ပြန်ဖြေလိုက်သည်။

မိန်းမပျိုသည် စက်ဝိုင်းအစီအရင်ကိရိယာတစ်မျိုးအား လေပေါ်သို့ မြှောက်တင်လိုက်ပြီး လက်ချောင်းများကို အဆက်မပြတ်လှုပ်ရှားလိုက်၏ ။ ထိုအစီအရင်ကိရိယာမှာ ကွဲပြားခြားနားသော

သွေးမျိုးဆက်များကို ခွဲခြားပေးနိုင်သည့် အရာဖြစ်သည်။

ယောင်ဖူးဟန်ဟု ခေါ်သော မိန်းကလေးသည် သူ့ရဲ့ အစီအရင်ကိရိယာကို ပြန်သိမ်းလိုက်ပြီး "ချောင်မျိုးနွယ်စုရဲ့ အစစ်အမှန်သွေးမျိူးရိုးပိုင်ရှင်တွေက တကယ်ပဲ အင်အားလျော့နည်းနေပြီပဲ" လို့ စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ချောင်မျိုးနွယ်စုတွင် ချောင်မျိုးရိုးသွေးဆက်အမှန်ရှိသော လူသည် အလွန်နည်းပါးသွားပြီ ဖြစ်၏။ ယောင်ဖူးဟန်သည် လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး "ခေါင်းဆောင်ရှန်ဇုန်.....ကျွန်မဒီကိုလာတာ ဆရာတူဦလေး​​ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဖုန်းတောက်ဂိုဏ်းက စေလွှတ်လိုက်လို့ပဲ " ဟု ပြောလိုက်သည်။

ယောင်ဖူးဟန်သည် ဝိညဥ်လှေပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး သူ့ရဲ့လူများနဲ့အတူ လက်ချောင်းများကို တူညီစွာ လှုပ်ရှားလိုက်၏။ ထို့နောက် မီးဌက်တောင်ပံသခင်အစီအရင်လို့ ရေရွတ်လိုက်ကြတဲ့အခါ အနီရောင်မီးတောက်အစီအရင် စက်ဝန်းတစ်ခုသည် ဝိညဥ်လှေပေါ်တွင် ထွက်ပေါ်လာခဲ့၏။

ယောင်ဖူးဟန်သည် အားလုံးကြားနိုင်သော အသံဖြင့် အော်ဟစ်ကာ ပြောလိုက်သည်။ ချောင်မျိုးနွယ်စုရှိ မျိုးနွယ်ဝင်များအားလုံးအား အရင်းအမြစ်များ ထောက်ပံဖို့ ဂိုဏ်းက အမိန့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ​ရှင်းပြလိုက်၏။ အင်အားကြီးသော

ဂိုဏ်းကြီးမှ စွမ်းအားအရင်းအမြစ်များ ထောက်ပံမည် ဖြစ်သောကြောင့် အားလုံးသည် ပျော်ရွင်အော်ဟစ်နေကြလေသည်။

ယောင်ဖူးဟန်သည် အစီအရင်စက်ဝန်းထဲသို့ ဝင်ပြီး

အရင်းအမြစ်များ စတင်ထုတ်ယူနိုင်ပြီ​ဖြစ်ကြောင်း ပြောလိုက်၏။ ထိုအခါ အားလုံးသည် အလုအယက် အစီအရင်စက်ဝန်းအတွင်းကို ခုန်ဝင်ကုန်ကြလေသည်။ ယောင်ဖူးဟန်ရဲ့ အပြုံးကို လျှပ်တစ်ပြက်မြင်လိုက်ရတဲ့အတွက် ကျစ်ယန်သည် တစ်ခုခု ထူးခြားတာ ရှိမည်ဟု ခန့်မှန်းလိုက်၏။

အစီအရင်စက်ဝန်းသည် အမှန်တကယ်ပင် ထူးခြားချက်တစ်ခု ရှိနေခဲ့သည်။ အစီအရင်စက်ဝန်းသည်

သွေးမျိူးဆက်မတူညီသော လူများအား အထောက်အပံနည်းသော နေရာကိုသာ ပို့ဆောင်ပေးပြီး ချောင်သွေးမျိူးဆက် စစ်မှန်သော သူများကတော့

အထောက်အပံများသော နေရာကို ပို့ဆောင်ပေးခြင်းပင် ဖြစ်၏။

ထိုစဥ် ကောင်းကင်ယံထိပ်သို့ ထိုးဖောက်နေသော အနီရောင်အလင်းတန်းကြီးကို ဝန်းရံထားသည့် သက်တံရောင်စုံနဂါးဝိညဥ်ကြီးကို အားလုံးသည် တွေ့လိုက်ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် လော့ကျန်းတိုင်းပြည်တစ်ခုလုံး အုံအုံကြွကြွ ဖြစ်သွားကြ၏။

ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ရှိ ရဲတိုက်၏ ပြတင်းပေါက် မှ ကောင်းကင်ယံကို ကြည့်နေသော ဖန်ရှီးယောင်သည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "သားရဲကပ်ဘေးအစီအရင်ကြီးပျက်စီးသွားပြီပဲ " လို့ ရေရွတ်လိုက်သည်။ ဖန်ရှီးယောင်သည် မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အခါ လူ၂ယောက်ထွက်ပေါ်လာခဲ့၏။

ဖန်ရှီးယောင်သည် ပြတင်းပေါက်ကိုသာ ကြည့်နေရင်း "သူ့အခြေအနေ ဘယ်လိုရှိလဲ " လို့ မေးလိုက်သည်။ ချွမ်းမုန့်လို့ ခေါ်သောသူသည် ခေါင်းငုံစွာဖြင့် "ခေါင်းဆောင်.....သူခုချိန်ထိ ထွက် မလာသေးပါဘူး " လို့ ပြန်ဖြေလိုက်၏။ ဖန်ရှီးယောင်သည် နောက်သို့ ​ပြန်လှမ်းလိုက်ပြီး "သူ့ကို မျက်ခြေမပျက်စေနဲ့ " လို့ အမိန့်ပေးလိုက်သည်။

ထိုအခါ ချွမ်းမုန့်နဲ့ ချွမ်းကမ်ဟု ခေါ်သော အမွှာညီကို၂ယောက်သည် "ခေါင်းဆောင်အမိန့်ကို နာခံလျှက်ပါ " လို့ ရေရွတ်ရင်း ပျောက်ကွယ်သွားခဲ့၏။

ယောင်ဖူးဟန်သည် ကောင်းကင်ယံကို ကြည့်နေချိန်တွင် သူ့ခါးတွင် ချိတ်ဆွဲထားသော အမိန့်တံဆိပ်ပြားဟာ တုန်ခါလာခဲ့၏။ ယောင်ဖူးဟန်သည် တံဆိပ်ပြားကို ထိလိုက်တဲ့ အခါ "ဖူးဟန်.....နင်တို့အားလုံးခုချက်ချင်း ပြန်လာခဲ့ကြတော့ .... " .ဟုသော အသံမှာ ထွက်ပေါ်လာခဲ့သည်။

ယောင်ဖူးဟန်သည် အနည်းငယ် တုန်လှုပ်စွာ အသံဖြင့် "ငါတို့အမြန်ဆုံးဂိုဏ်းကို ပြန်ရမယ် " လို့ သူ့အဖွဲ့ဝင်များအားလုံးကြားအောင် ပြောလိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ ယောင်ဖူးဟန်တို့အဖွဲ့သည် ဝိညဥ်လှေကြီးနဲ့အတူ ပျံသန်းထွက်ခွာသွားလေသည်။

ကျစ်ယန်သည် သူ့ရဲ့ လျင်မြန်သော အရှိန်နှုန်းဖြင့် ယောင်ဖူးဟန်တို့ အဖွဲ့နောက်အား ချက်ချင်းပင် လိုက်သွားခဲ့၏။

ဝိညဥ်လှေကြီး၏ ပျံသန်းနှုန်းသည် အလွန်လျင်မြန်သော်လည်း ဖုန်းတောက်ဂိုဏ်းမှာ အလွန်ဝေးကွာသော နေရာတွင် တည်ရှိသဖြင့် ယောင်ဖူးဟန်တို့သည် ဂိုဏ်းကို အမြန်ရောက်ဖို့ မျှော်လင့်နေခဲ့သည်။

All Chapters