← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

လီရွှမ်းနဲ့အဖွဲ့ဝင်များအား သတ်ပစ်ခြင်း

ကျစ်ယန်သည် သူ့ရဲ့စွမ်းအားအရှိန်အဝါကို ဖုံးကွယ်၍ ဝိညဥ်လှေကြီးနားကို ထပ်ကြပ်မကွာ လိုက်နေခဲ့၏။ ထိုစဥ် ရုတ်တရက် ခရမ်းရောင်အစီအရင်စက်ဝန်းကြီး ထွက်ပေါ်လာခဲ့ပြီး ဝိညဥ်လှေကြီးသည် ထိုအစီအရင်စက်ဝန်းထဲသို့ ဝင်ပြီးနောက် အစီအရင်ကြီးနဲ့အတူ ဝိညဥ်လှေကြီးမှာ ပျောက်ကွယ်သွားလေသည်။

ကျစ်ယန်သည် ကောင်းကင်ယံရဲ့ ထောင့်တစ်နေရာတွင် ထွက်ပေါ်လာခဲ့ပြီး "ကြည့်ရတာ ဖုန်းတောက်ဂိုဏ်းကို သွားဖို့ ကိုယ့်အားကိုယ်ကိုးရတော့မယ်ထင်တယ် " လို့ ရေရွတ်လိုက်၏။ ကျစ်ယန်သည် အောက်ခြေတွင် မြို့တစ်ခုကို တွေ့သည့်မတွက် ဆင်းသက်လိုက်သည်။

ကျစ်ယန်သည် အေးဆေးစွာလမ်းလျှောက်နေစဥ်အတွင်း မိန်းကလေးတစ်ယောက်သည် နောက်ကွယ်မှ ကျစ်ယန်လက်အား အတင်းဆုပ်ကိုင်ကာ "ကျေးဇူးပြုပြီး ကျွန်မကို ဒီနေရာက ခေါ်ထုတ်သွားပေးပါ "လို့ အားပျော့စွာအသံဖြင့် တောင်းဆိုလိုက်၏။

ကျစ်ယန်သည် စိတ်စွမ်းအားဖြင့် မိန်းမပျိုအားစစ်ဆေးလိုက်တဲ့အခါ ကျင့်ကြံရေးစွမ်းအားများ ကုန်ခမ်းနေသောသူမှန်း သိလိုက်ရသည်။ ထိုစဥ် လူအယောက်၃၀ကျော်သည် လျင်မြန်သော အ

ရှိန်နှုန်းဖြင့် ကျစ်ယန်သို့ အနားရောက်ရှိလာခဲ့၏။

မိန်းမပျိုလေးသည် စိတ်အားငယ်စွာအသံဖြင့် "ငါဒီနေ့တကယ်ပဲ သေရတော့မှာလား...."လို့ ပြောကာ ခေါင်းစိုက်သွားခဲ့သည်။

အနက်ရောင်သံယပ်တောင် ကိုင်ဆောင်ထားသော လီရွမ်းလို့ခေါ်သောသူသည် ကျစ်ယန်ရဲ့ ဘေးနားကို ရောက်ရှိလာခဲ့ပြီး "ကောင်စုတ်လေး.......မင်းမသေချင်ရင် ငါကို ဖိုးဖိုးလို့ သုံးကြိမ်ကန်တော့ပြီး ခုချက်ချင်းထွက်သွားစမ်း မဟုတ်ရင်တော့ မင်းလဲ ဒီခွေးမနဲ့တူတူ သေရမယ် " လို့ ကြိမ်းးဝါးလိုက်သည်။

အဝေးတွင် ရှိနေသော လူတချိူ့သည် ကျစ်ယန်တို့အား ကြည့်ကာ "ဟူး.....အဲ့၂ယောက်ကတော့ ထန်တောက်ဂိုဏ်းနဲ့တွေ့တာ ကံဆိုးတာပဲ " လို့ ရေရွတ်လိုက်ကြ၏။ ကျစ်ယန်သည် သူ့ရောက်ရှိသော အရပ်မှာ ပြသာနာမဖြစ်ချင်သော်လည်း ရှောင်လွဲလို့ မရတော့ပေ။

ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာ အသံဖြင့် "မင်းတို့က သေဖို့တောင်းဆိုမှတော့ ငါက ​ဖြည့်ဆည်းပေးရတာပေါ့ " လို့ ရေရွတ်လိုက်၏။

ထိုအခါ လီရွမ်းသည် "ဟားဟားဟား......မင်းတို့ကြားလိုက်ကြလား ၊ ဒီဆောက်ရူးကောင်က ငါတို့အားလုံးကို သတ်ပစ်မယ်ဆိုလားပဲ " လို့ ပြောလိုက်တဲ့အခါ ကျန်အယောက်၃၀သည်လည်း လီရွမ်းနဲ့အတူ အော်ဟစ်ရယ်မောကြလေသည်။

ကျစ်ယန်ရဲ့လက်အား ဆုပ်ကိုင်ထားသော မိန်းမပျိုလေးသည် "သခင်လေး......နင့်မှာအစွမ်းအစရှိရင် သူတို့အားလုံးကို နင်သတ်နိုင်မှာမဟုတ်ဘူး ၊ အထူးသဖြင့် သူတို့ခေါင်းဆောင်ပဲ သူက နတ်ဝိ္ဇ္ဇာအဆင့်၂ကို ရောက်နေပြီ " လို့ သတိပေး​၍ ထွက်ပြေးသွားဖို့ အကြံပေးလိုက်၏။

ထန်တောက်ဂိုဏ်း၏ အဖွဲ့ဝင်ထဲမှ လူတစ်ယောက်သည် ကျစ်ယန်အားကြည့်ကာ "အကြီးအကဲလီရွမ်းလို လူမျိုးကို သတ်ပစ်မယ်လို့ ပြောရဲတယ်လား....အဲ့ဘဝင်မြင့်နေတဲ့ကောင်စုတ်ကတော့ ဘယ်လိုသေရမလဲ ငါမြင်ချင်နေလှပြီ " လို့ ရေရွတ်လိုက်သည်။

လီရွမ်းသည်လည်း စိတ်မရှည်စွာဖြင့် သူ့ရဲ့နတ်ဝိဇ္ဇာစွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုကိပြီး "ခွေးကောင်စုတ်.....သွားသေလိုက်ကြတော့......"လို့ အော်ဟစ်ကာ သူ့ရဲ့အနက်ရောင် သံယပ်တောင်ဖြင့် အနီးကပ် တိုက်ခိုက်လိုက်လေသည်။ သို့သော် လီရွမ်းရဲ့ သံယပ်တောင်သည် ကျစ်ယန်ရဲ့ မျက်နှာတည့်တည့်တွင် ရပ်တန့်သွားခဲ့၏။

လီရွမ်းသည် နောက်ထပ်တစ်ကြိမ် သူ့စွမ်းအားများအကုန်ထုတ်သုံးတော့လဲ တစ်စုံတစ်ရာက ကားဆီးထားသလို ဖြစ်နေ၍ ထိုးဖောက်၍ မရနိုင်ခဲ့ပေ။

ထန်တောက်ဂိုဏ်းရဲ့အဖွဲ့ဝင်များသည် သူတို့အကြီးအကဲမှာ တမင်မသတ်ဖြတ်သေးတာလားလို့ ထင်နေကြ၏။

လီရွမ်းသည် တုန်လှုပ်စွာဖြင့် "မဖြစ်နိုင်တာ......ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ငါရဲ့တိုက်ကွက်ကို ခုခံနိုင်မှာလဲ "လို့ တီတိုးရေရွတ်လိုက်သည်။

အားလုံးကြည့်နေစဥ်အတွင်းမှာပဲ ကျစ်ယန်သည် လီရွမ်းရဲ့နောက်ကို လျှပ်တစ်ပြက်ရောက်ရှိသွားခဲ့ပြီးနောက်တွင် လီရွမ်းသည် အကောင်းပကတိမှ ​မီးလောင်ကျွမ်းကာ ပြာမှုန့်များအဖြစ်ပြောင်းလဲကာ သေဆုံးသွားခဲ့၏။

ထိုအဖြစ်အပျက်ကို မြင်လိုက်သော လူများအားလုံးသည် ဆွံအသွားခဲ့သည်။ သူတို့၏ အကြီးအကဲလီရွမ်းသေဆုံးသွားတဲ့အခါ ကျန်သေးသော အယောက်၃၀သည် တုန်လှုပ်​ချောက်ချားသွားကြ၏။ လီရွမ်းသည် နတ်ဝိဇ္ဇာအဆင့်၂ကို ရောက်ရှိနေသော်လည်း ဘာလှုပ်ရှားမှုမှ မရှိလိုက်သော

ကျစ်ယန်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်လို့ မထင်မှတ်ထားခဲ့ကြပေ။

အနီးအနားတွင်ရှိသော မသက်ဆိုင်သည့် သူများသည် "သွားပြီး......ထန်တောက်ဂိုဏ်းက သူတို့ရဲ့အကြီးအကဲတစ်ယောက်ဆုံးရှုံးရမှန်းသိရင် ငြိမ်နေမှာ မဟုတ်ဘူး ၊ ငါတို့ ဒီနေရာက ဝေးဝေးထွက်သွားကြရအောင် " လို့ ပြောဆိုရင်း ပြေးလွှားသွားကြ၏။

လီရွမ်းလက်အောက်တွင်ရှိသော ထန်တောက်ဂိုဏ်းတပည့်များသည် ဒူးထောက်လိုက်ကြပြီး သူတို့အသက်အား ရှင်သန်ပေးဖို့ တောင်းဆိုကြလိုက်လေသည်။ သို့သော်ကျစ်ယန်သည် အနီရောင်မျက်လုံးများအဖြစ်ပြောင်းလဲသွားပြီး "ရှင်သန်မှုက မင်းတို့နဲ့ တန်ရဲ့လား " လို့ ပြောကာ မျက်တောင်တစ်ချက်ခတ်လိုက်၏။

မိန်းမပျိုလေးသည် ပြာမှုန်များအဖြစ်ပြောင်းလဲသွားသော လူများကို ကြည့်ရင်း ကျစ်ယန်ကို ကြောက်လန့်သွားခဲ့သည်။ ကျစ်ယန်ရဲ့စွမ်းအားသည် သူ့တို့ဂိုဏ်းရှိ အကြီးအကဲများထက်ပင် ကျော်လွန်နေလိမ့်မည် ယူဆလိုက်၏။

မိန်းမပျိုလေးသည် ကျစ်ယန်အား ခေါင်းညွှတ်လိုက်ပြီး "ကျူးအာရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် သခင်လေးလိုအပ်တာရှိရင် ကျူးအာအတက်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး " ဖုန်းတောက်ဂိုဏ်းကို သွားမယ့်မြေပုံ မင်းမှာရှိလား " လို့ မေးလိုက်၏။ ကျူးအာသည် သူ့တွင် မြေပုံမရှိပင်မယ့် ရက်ပိုင်းအတွင်း ဖုန်းတောက်ဂိုဏ်းကို သွားမည့် အဖွဲ့တစ်ဖွဲ့ရှိကြောင်း ပြောပြလိုက်၏။

ကျူးအာတို့ဂိုဏ်းသည် ထိုအဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားသဖြင့် လူတစ်ယောက်ထည့်ပေးလိုက်ဖို့ဆိုသည်မှာ ခက်ခဲသောအရာ မဟုတ်ပေ။ ထိုအဖွဲ့ရဲ့အမည်ကတော့ သံမဏိနဂါးဗိမ္မာန်ပင် ဖြစ်၏။ ကျစ်ယန်သည် ထိုအဖွဲ့ ရဲ့အကြောင်းကို ဇောင်ဟန်ကျင်းတို့ ပြောရာကို နားထောင်ဖူး၍ သိရှိပြီးသားဖြစ်သည်။

All Chapters