← Chapters

မီးလျှံဂိုဏ်း

Vol. 6 Ch. 83

မီးလျှံဂိုဏ်း

Vol. 6 Ch. 83

ကျစ်ယန်သည် သူ့သိုလှောင်ကွင်းထဲမှ အဆင့်၎ဆေးလုံးဖြစ်သော ဆေးလုံး၁လုံးကို ကျူးအာကို ပေးလိုက်ပြီး "တည်းခိုခန်းတစ်ခုရှာပြီး မင်းရဲ့စွမ်းအားပြန်ပြည့်မှ မင်းရဲ့ဂိုဏ်းကို သွားကြတာပေါ့ " လို့ ပြောလိုက်၏။

ကျူးအာသည် ကျစ်ယန်ရဲ့ဆေးလုံးကို ယူပြီးတဲ့အချိန်မှာပဲ အားမရှိတော့ပဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ ကျစ်ယန်သည် မထူးတဲ့အဆုံး ကျူးအာကို ပွေ့ချီလိုက်ပြီး တည်းခိုခန်းကို ကိုယ်တိုင်ရှာဖွေလိုက်၏။

ကျူးအာသည် ပြန်နိုးလာတဲ့အခါ မူးဝေဝေဖြင့် အခန်းအတွင်းကို ပတ်ကြည့်လိုက်ပြီး "ငါဘယ်ရောက်နေတာလဲ....." လို့ ရေရွတ်လိုက်သည်။ ကျူးအာသည် ရေရွတ်နေရင်း ကျစ်ယန်ပေးသော ဆေးလုံးကို ယူလိုက်သည်ကို တွေးတောနေစဉ် သူ့အဝတ်အစားများကို ကြည့်လိုက် မိ၏။

ကျူးအာတစ်ယောက် ခေါင်းမီးတောက်သလို ဖြစ်သွားလေသည်။ သူ့ဝတ်ထားသည်မှာ သူ့အဝတ်အစားများမဟုတ်တော့ပေ။ သူ့စိတ်ထဲတွင် ကျစ်ယန်သည် နေရာတစ်ခုအား ခေါ်ဆောင်လာကာ သူ့အားအဝတ်လဲပေးလိုက်တာလားဟု တွေးထင်သွားကြခြင်း ဖြစ်၏။

ထိုစဉ် အခန်းအပြင်ဘက် မှ ကျစ်ယန်ရောက်ရှိလာပြီး ကျူးအာကိုကြည့်ကာ "မင်းနိုးလာပြီလား......ကြည့်ရတာ မင်းစွမ်းအင်၃ပုံ၁ပုံ ပြန်ရနေပြီပဲ " လို့ ပြောလိုက်သည်။ ကျူးအာသည် သူ့စွမ်းအင်များမှာ ပြန်လည်ပြည့်ဝလာခဲ့တဲ့အတွက် စိတ်ချမ်းမြေ့သွား၏။

ကျူးအာသည် သူ့အဝတ်အစားတွေကို ကိုင်လိုက်ပြီး အသံမပီမသဖြင့် "သခင်လေး.....ကျူးအာရဲ့အဝတ်အစားတွေက "လို့ ပြောလိုက်သည်။ ထိုစဉ်အသက်ကြီးကြီး မိန်းမတစ်ယောက်ရောက်ရှိလာခဲ့ပြီး "သခင်မလေး..... နင်သတိရလာပြီပဲ" လို့ ပြုံးစွာဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် ထိုမိန်းမအား ရွေတုံးတစ်တုံးပေးလိုက်ပြီး "ဒီအမျိုးသမီးက မင်းသတိမေ့နေတဲ့ သုံးရက်လုံးမှာ မင်းကိုပြုစုဂရုစိုက်ပေးနေတဲ့ တစ်ယောက်ပဲ " လို့ ပြောလိုက်သည်။ ထိုအခါမှသာ ကျူးအာလဲ ရှက်ရှက်နဲ့ ခေါင်းသာငြိမ့်ပြလိုက်၏။

ကျူးအာသည် သူ့မေ့​မြောသွားသည်မှာ ၃ရက်တောင်ကြာမည်လို့ မထင်ထားပေ။ လက်ရှိတွင် သူ့အဖေနဲ့အမေ စိတ်ပူနေမှာကို တွေးမိသွား၍ "သခင်လေး..... ကျူးအာတို့ ခုပဲ ထွက်ခွာကြရအောင်" လို့ ပြောလိုက်သည်။

ထန်တောက်ဂိုဏ်းသည် သူ့တို့လူများအသတ်ခံထားရသဖြင့် ကျစ်ယန်နဲ့ကျူးအာကို ဖမ်းဆီးရန် အပြင်းအထန်လှုပ်ရှား၍ ထောက်လှမ်းနေကြ၏။ ကျစ်ယန်သည် အချိန်ကြာနှောင်းမည်ကို မလိုလား၍ လှည်းလုံးလေးငှားကာ ကျုးအာနဲ့ အတူ ထွက်ခွာလာခဲ့သည်။

ကျူးအာသည် လမ်းတစ်လျှောက်တွင် သူတို့ဂိုဏ်းအကြောင်း ပြောပြနေခဲ့၏။ သူတို့ရဲ့ဂိုဏ်းအမည်မှာ မီးလျှံဂိုဏ်းပင် ဖြစ်ပြီး နတ်သူငယ်အဆင့် ကျင့်ကြံသူ ၅ယောက်ပင် ရှိသည်။ ထိုအဆင့်အတန်းရှိသော ဂိုဏ်းမျိုးသည် သာမာန်ဂိုဏ်းတစ်ခု မဖြစ်နိုင်ကြောင်း ကျစ်ယန်သည် သိလိုက်ရ၏။

ထိုစဉ် လှည်းလုံးသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး "အထဲမှာရှိတဲ့လူတွေ ထွက်ခဲ့စမ်း ...." ဟုသော အသံကို ကျစ်ယန်တို့သည် ကြားလိုက်ရသည်။ ကျူးအာသည် သူ့ရဲ့ဓားအား ထုတ်လိုက်ပြီး တိုက်ခိုက်ဖို့ အဆင်သင့် ဟန်ပြင်လိုက်၏။

ရုတ်တရက် လှည်းလုံးပြင်ပတွင် တိုက်ခိုက်သံများ ကြားလိုက်ရတဲ့အခါ ကျူးအာသည် အပေါက်ထဲမှ ချောင်းကြည့်လိုက်သည်။ လူတစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ ကျူးအာသည် ဝမ်းသာအားရဖြင့် "ဉီးလေးချူးယန်လား...."လို့​ပြောလိုက်၏။

ကျူးအာသည် လှည်းလုံးထဲမှ ထွက်လိုက်ပြီး "ဉီးလေးချူးယန်......ကျူးအာ ဒီမှာ " လို့ အော်ဟစ်လိုက်၏။ ကျစ်ယန်သည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး " ဘယ်လောက်တောင်ရူးသွပ်တဲ့ မိန်းကလေးလဲ " လို့ ရေရွတ်လိုက်သည်။

ကျူးအာကို မြင်သွားတဲ့အခါ ထန်တောက်ဂိုဏ်းရဲ့ ဂိုဏ်းတပည့်သားများသည် လှည်းလုံးရှိကိုသာ ပြေးလွှားလာကြ၏။ ချူးယန်လို့ ခေါ်သောသူသည် ကျူးအာကို မြင်တဲ့အခါ ဝမ်းသာ၍ သွားပြီး "သခင်မလေးကျူးအာကို ဝိုင်းကာကွယ်ကြ " လို့ သူ့နဲ့အတူလိုက်ပါလာသော သူများအား အမိန့်ပေးလိုက်သည်။

ရေခဲဓားကိုင်ဆောင်ထားသော အဖွဲ့သည် လျင်မြန်သောအရှိန်နဲ့ ပြေးလွှားကာ လှည်းလုံးနားကို ပြေးကပ်နေသော ထန်တောက်ဂိုဏ်းသားများကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းလိုက်၏။ ချူးယန်သည် ကျန်ရှိသေးသော ထန်တောက်ဂိုဏ်းသားများကို လျင်မြန်စွာ သတ်ပစ်လိုက်ပြီး ကျူးအာအနားကို ရောက်ရှိလာခဲ့သည်။

ချူးယန်သည် ကျူးအာ ခန္ဓာကိုယ်အား ဒဏ်ရာ ရှိမရှိ စစ်ဆေးလိုက်ပြီးနောက် "သခင်မလေး.....နင်ဘာလို့အဲ့လောက် မိုက်ရူးရဲဆန်ရတာလဲ ၊ နင်ခုချက်ချင်း ငါနဲ့ဂိုဏ်းကို ပြန်လိုက်ခဲ့ရမယ် " လို့ လေသံခပ်မာမာဖြင့် ပြောလိုက်၏။

ကျူးအာသည် ပြုံးလိုက်ပြီး "ကျူးအာဂိုဏ်းကို ပြန်လိုက် မှာပါ ၊ နောက်ပြီး ကျူးအာရဲ့ အသက်ကျေးဇူးရှင်ရောပဲ " လို့ ​ပြောလိုက်သည်။ ချူးယန်သည် လှည်းလုံးပေါ်ရှိ လူအား သူ့စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်၏။ ချူးယန်ရဲ့ ကျင့်ကြံမှုအဆင့်မှာ နတ်ဝိ္ဇ္ဇာအဆင့်၈ပင် ဖြစ်ပြီး မီးလျှံဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်သည်။

ချူးယန်သည် လှည်းပေါ်ရှိလူရဲ့စွမ်းအားအငွေ့အသက်ကို ခံစားလို့ မရသဖြင့် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရ၏။ ကျစ်ယန်သည် လှည်းလုံးပေါ်က ဆင်းလာခဲ့ပြီး "မင်္ဂလာပါ.....အကြီးအကဲ" လို့ မိတ်ဆက်လိုက်သည်။

ချူးယန်သည် ခေါင်းငြိမ့်လိုက်ပြီး "ဒီကသခင်လေးက ငါတို့ကျူးအာရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ဂိုဏ်းကိုယ်စား ငါကျေးဇူးအများကြီးတင်ပါတယ် " လို့ ပြောလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပင် "အကြီးအကဲ.....ကျေးဇူးတင်ဖို့ မလိုပါဘူး ၊

မိန်းကလေးကျူးအာနဲ့ ကျွန်တော်ကြားမှာ အပေးအယူတစ်ခုလုပ်ပြီးသားပါ " လို့ ပြောလိုက်သည်။

ချူးယန်သည် ဘာမှဆက်ပြောမနေဘဲ "ကောင်းပြီလေ...... ငါတို့ဂိုဏ်းကို အရင်ပြန်ကြတာပေါ့ "လို့ ပြောကာ ဝိညဥ်လှေတစ်ခုအား ထုတ်လိုက်၏။ ချူးယန်သည် သူ့တပည့်များအား အလောင်းကောင်များကို လက်စဖျောက်ဖို့ အမိန့်ပေးလိုက်သည်။

နှင်းများ ဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုပေါ်ရဲ့ မြေကွက်လပ်တစ်နေရာသို့ ဝိညဥ်လှေတစ်စင်း ဆင်းသက်လာခဲ့၏။ ကျူးအာသည် သူ့တို့ရဲ့ မီးလျှံဂိုဏ်းကို ရောက်တဲ့အခါ ပျော်ရွင်ဝမ်းသာအားရဖြင့် အထဲသို့ ပြေးဝင်သွားခဲ့သည်။

ကျစ်ယန်သည် ပတ်ဝန်းကျင်အခြေအနေကို ကြည့်၍ တစ်စုံတစ်ရာ ထူးဆန်းသလို ခံစားနေရ၏။ ဂိုဏ်းအမည်မှာ မီးလျှံဂိုဏ်းဖြစ်ပြီး နေသောနေရာနဲ့ ကျင့်စဥ်မှာ ရေခဲဂူဏ်သတ္တိများပင် ဖြစ်နေလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ချူးယန်သည် သူ့နဲ့အတူ ဂိုဏ်းချုပ်ကို လိုက်တွေ့​ဖို့ ပြောကာ ရှေ့မှ ထွက်သွားခဲ့၏။ ကျစ်ယန်လည်း ချူးယန်နောက်သို့ လိုက်သွားခဲ့သည်။ ဂိုဏ်းထဲရှိ လူအများစုရဲ့ မျက်လုံးများသည် ကျစ်ယန်ပေါ်သို့ ကျရောက်နေခဲ့၏။

S6 end (84)

All Chapters