← Chapters

သတ်ဖြတ်ခြင်း

Vol. 016 Ch. 1559

သတ်ဖြတ်ခြင်း

Vol. 016 Ch. 1559

ကိုက်ရှီ၏ စကားသံ ထွက်လာသည့်အခါ သူ့အနီးမှ ဖျက်ဆီးခြင်းစွမ်းအားများက ရီဖူရှင်းကို လွှမ်းခြုံလာသည်။

ကိုက်ရှီကို ခေါင်းဆောင်အဖြစ်နှင့် အားပေးအားမြှောက်ပြုခဲ့ကြသော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ လမ်းစဉ်သစ်သီးသာ ဖြစ်ပြီး ရီဖူရှင်းကို သတ်ဖြတ်ရန် မဟုတ်ပေ။ သူက အသတ်ခံခဲ့ရလျှင် နောက်ပိုင်း တာဝန်မှာ ကိုက်ရှီသာ ယူရလိမ့်မည် ဖြစ်သည်။

လူအများသည် ရီဖူရှင်းက အရှင်ထိုက်ရွှမ်၏ လျှို့ဝှက်တပည့်ဟု ခန့်မှန်းထားကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့က သူ့အား ဒုက္ခမပေးလိုကြပေ။

ထိုလူများအကြားတွင် သူ့ကို သတ်ဖြတ်လိုသော ရှီလင်နတ်တောင်မှ တန်ခိုးရှင်များလည်း ရှိနေကြသည်။ လော့ယို့မင်သည် ယခင်ပ ရီဖူရှင်းကြောင့် အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့သည်။ အားကောင်းသည့် သေဆုံးခြင်းစွမ်းအားလှိုင်းများက လော့ယို့မင်အနီးတွင် ရစ်ပတ်နေခဲ့၏။ လော့ယို့မင်၏ ခန္ဓာကိုယ်ကို ရစ်ပတ် စုစည်းလာနေသည့် သေဆုံးခြင်းစွမ်းအားများမှာ အလွန် အားကောင်းလှပြီး အန္တရာယ်များသည့် အရှိန်အဝါနှင့် သေဆုံးခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူ၏ တစ္ဆေဆန်သော မျက်လုံးများက အောက်ဘက်ရှိ ရီဖူရှင်းကို ကြည့်နေခဲ့ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို လွှတ်ထုတ်နေသည်။

ထိုက်ရွှမ်တောင်မှ ဤလူ၏ ခွန်အားက အလွန် အားကောင်းလှသည့်အတွက် သူက အနည်းငယ် နိုးနိုးကြားကြားနှင့် သတိထားရန် လိုပေသည်။ ကိုက်ရှီသည်ပင် သူ၏ နတ်ဘုရားလှံကို အသုံးပြုခဲ့သော်လည်း ထိုသူ့ကို မသတ်ဖြတ်နိုင်ခဲ့ပေ။

ရီဖူရှင်းက ထိုနေရာမှ အားလုံးသော တန်ခိုးရှင်များကို ကြည့်လိုက်သည်။ ရှန့်ထိုအဆင့်မှ လူများ၏ စိတ်အခြေအနေမှာ တည်ငြိမ်သည့် အနေအထားတွင် ရှိကြပြီး ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားစွာ ပြုမူကြသည်ကို ယခုချိန်တွင် ပြသနေသည်။ သူတို့က ဤကဲ့သို့ ကြီးမားသည့် အန္တရာယ်အောက်၌ သူတို့၏ အသက်ကို စိုးရိမ်နေလျှင်ပင် ဤလူတို့သည် လက်လျှော့ရန် ငြင်းဆန်နေပြီး လမ်းစဉ်သစ်သီးကို ယူဆောင်လိုနေကြသည်။

ဤစိတ်အခြေအနေသည် ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားသည်ကို ပြသနေသည်။ သူက သူတို့ထဲမှ တစ်ယောက်ကို သတ်ပစ်ခဲ့လျှင်ပင် သူတို့အတွက် ဥပမာပြုစရာ မဖြစ်သေးပေ။

“ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ အခု မတိုက်ခိုက်တဲ့လူတွေကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျုပ် လက်လွှတ်ပေးလိုက်မယ်။ အစပြန်မဖော်တော့ဘူး” ရီဖူရှင်း၏ အသံက ပုံမှန်ပင် ဖြစ်သော်လည်း အလွန်လွှမ်းမိုးနိုင်သော ဝိညာဉ်စွမ်းအားတို့ ပါဝင်နေသည်။ ကြည့်ရသည်မှာ အားလုံးသော တန်ခိုးရှင်များက ပူးပေါင်း၍ သူ့ကို ဆန့်ကျင်လျှင်ပင် သူက ပြိုင်ဘက်ကင်းသည်ဟု ယုံကြည်ချက် ရှိနေဆဲပင် ဖြစ်သည်။

“ဒီလိုရဲရင့်မှုမျိုးက ဘယ်လောက် ပြိုင်ဘက်ကင်းပြီး ခမ်းနားကြီးကျယ်လိုက်သလဲ” လင်းရှောင်မြို့မှ လူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် အတော်ေ ထိတ်လန့်နေကြသည်။ ထိုက်ရွှမ်တောင်မှ ဓားသမားတစ်ဦးက အခြားသူများ သူ့အသက်ကို ရန်ရှာနေသည့် အချိန်၌ပင် ဝံ့ကြွားသည့် မျက်နှာထားနှင့် အထက်စီးဆန်ဆန် နေနိုင်လိမ့်မည်ဟု မည်သူက တွေးမိခဲ့လိမ့်မည်နည်း။ သူက တည်ငြိမ်ကာ ယုံကြည်မှုအပြည့်ရှိသည်။ ကြည့်ရသည်မှာ သူ့အနီးမှ လူများ နောက်ကျန်ရစ်ခဲ့ခြင်းက ထိုမျှ အားကောင်းသည့် ရန်သူများကို သူတစ်ဦးတည်း ရင်ဆိုင်နိုင်၍ ဖြစ်ပေလိမ့်မည်။

တစ်ယောက်တည်းက အများနှင့် ရင်ဆိုင်ခြင်း။ သူက မည်မျှထိ သန်မာသည့် ခွန်အားကို ပိုင်ဆိုင်ထားသနည်း။

အရေးကြီးသည်မှာ သူ့ကို ဝိုင်းရံထားကြသူများက အလွန် ထိတ်လန့်ဖွယ် အားကောင်းသော သူများဖြစ်ကာ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီကဲ့သို့ ထိပ်သီးပါရမီရှင်များပင် ပါဝင်ပေသည်။

သို့ဆိုလျှင်ပင် သူ၏ မောက်မာဝံ့ကြွားမှုကို သက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ရီဖူရှင်း၏ စကားလုံးများက ပျောက်ကွယ်သွားသော်လည်း မည်သူကမှ လှုပ်ရှားခဲ့ခြင်း မရှိပေ။ သူ့ကို ဝိုင်းရံထားသူများမှာ ပြန်လည်မွေးဖွားခြင်းအဆင့်မှ တန်ခိုးရှင်များ ဖြစ်သော်လည်း သူတို့သည် စကားများဖြင့်ပင် ခြိမ်းခြောက်ခံထားရသည်။ အလွန် အစွမ်းထက်သည့် ဖျက်ဆီးခြင်းလမ်းစဉ်စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ အတွေးတစ်ချက်ဖြင့်ပင် တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ပုံရလေသည်။

ရီဖူရှင်း၏ မျက်လုံးများက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ မည်သူကမှ နောက်ဆုတ်မည့် အရိပ်အယောင် မပြသည့်အတွက် ဤတိုက်ပွဲက သွေးလွှမ်းမှသာ ပြီးဆုံးမည်ဖြစ်ကြောင်း သူ သိလိုက်သည်။

“မဟာလမ်းစဉ်ကို ကျင့်ကြံဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး။ ပြန်လည်မွေးဖွားခြင်းအဆင့်က လမ်းစဉ်ဖော်ဆောင်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ လမ်းစဉ်သစ်သီးတွေက အဲဒါကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာ မဟုတ်ဘူး” ရီဖူရှင်းက ပြောလိုက်သည်။ “ဒါက လိုအပ်လို့လား”

သူ၏ အသံ ထွက်ပေါ်လာပြီးနောက် နတ်ဆင်၏ စူးရှစွာ အော်မြည်သံက ကောင်းကင်နှင့်မြေကြီးအကြား ထွက်ပေါ်လာခဲ့သည်။ တောက်ပသည့် ရွှေရောင်နတ်ဆင်က ကောင်းကင်နှင့်မြေကြီးအကြားမှ လမ်းစဉ်စွမ်းအားတို့ကို ဝါးမျိုလိုက်သည်။ သူ၏ ကြီးမားထည်ဝါသော ကိုယ်လုံးကိုယ်ထည်က ပို၍ ကြီးမားလာနေပြီး လောကအတွင်း မားမတ်စွာ ရပ်တည်နေပေသည်။

ဘန်း…

နတ်ဆင်သည် လေထဲတွင် ခြေလှမ်းလိုက်ပြီး နတ်ဆင်ကောင်းကင်ချနင်းကို ထုတ်ဖော်လိုက်သည်။ ထိုအချိန်၌ လင်ရှောင်မြို့မှ မရေတွက်နိုင်သော တန်ခိုးရှင်များသည် မပီမသငြီးငြူလိုက်ကြသည်။ သူတို့နှလုံးသားနှင့် စိတ်ဝိညာဉ်တို့က တုန်ခါသွားကာ သူတို့၏ သွေးများက လည်ချောင်းမှတဆင့် ဆန်တက်လာနေသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ဖွင့်ဟပြောဆို၍ မရနိုင်သော ဖိနှိပ်ခြင်းစွမ်းအားကို အစွမ်းကုန် တောင့်ခံနေကြရသည်။  လောကအတွင်းရှိ မဟာလမ်းစဉ်စွမ်းအားများက သူတို့ကို ဖိနှိပ်ကာ သူတို့ရှိနေရာ၌ပင် ချုပ်ကိုင်ခံထားရသကဲ့သို့ ဖြစ်နေပေသည်။

သူတို့သည် လှုပ်ရှားချင်သော်လည်း ခြေထောက်ကိုပင် မ ရန် ခက်ခဲနေသည်အား တွေ့လိုက်ရကာ သူတို့၏ လက်များက တုန်ယင်နေသည်။

သူတို့၏ နှလုံးသားများက လျင်မြန်စွာ ခုန်ပေါက်နေပြီး သူတို့က လေထဲရှိ ရီဖူရှင်းရှိရာသို့ ကြည့်လိုက်ကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်အလင်းတို့ဖြင့် တောက်ပနေကာ သူ့နောက်မှ နတ်ဝိညာအရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သူက နတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားပုံရပေသည်။ နတ်ဆင်ကောင်းကင်ချနင်းသည် သူတို့အား တိုက်ရိုက်နင်းချေနေသကဲ့သို့ ခံစားနေရကာ သူတို့၏ အသွေးအသားနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးက ပြင်းထန်စွာ ဖိနှိပ်ခံနေရသည်။

တစ်ချိန်တည်းမှာပင် လေဟာနယ်လမ်းစဉ်စွမ်းအားတို့က အဆုံးမဲ့လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။

ယခုအခိုက်အတန့်တွင် လောကတစ်ခွင်လုံးက ဖမ်းချုပ်ဖိနှိပ်ထားခြင်းကို ခံရကာ အရာအားလုံးက ရပ်တန့်သွားသည်ဟု ထင်မှတ်ရသည်။

အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံ၌ စူးစိုက်နေကြသည်။ လူတိုင်း၏ အမူအရာက အလွန် မည်းမှောင်နေခဲ့၏။ ခြေတစ်လှမ်းက လေဟာနယ်ကို ဖိနှိပ်နိုင်သည်။ ထိုသည်က လေဟာနယ်လမ်းစဉ်စွမ်းအားကို သာလွန်သည့် မဟာလမ်းစဉ်ပင် ဖြစ်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ သူက လေထဲသို့ ခြေတစ်လှမ်းတည်းနှင့် ဖြတ်သန်းကာ လူတစ်ယောက်ထံသို့ လျှောက်လာသည်။ ထိုသူ၏ မျက်လုံးများက သူ့ရှေ့သို့ ချက်ချင်းရောက်လာသည့် ရီဖူရှင်းကို ကြည့်နေခဲ့သည်။ ထိုမျှ ဝေးသည့် အကွာအဝေးမီ တခဏအတွင်း ရောက်ရှိလာနိုင်သည်။

သူ၏ တစ်ကိုယ်လုံးက စတင် လောင်ကျွမ်းလာကာ မီးလျှံစစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွားသည်။  ၎င်းက ဖိနှိပ်ထားသည့် စွမ်းအားများကို ချိုးဖျက်လိုက်သည်။ ရန်ဟောင်အဆင့် မီးတောက်များက စီးဆင်းနေပြီး ရီဖူရှင်းထံ ရွေ့လျားသွားကာ သူ့ကို ဝါးမျိုပစ်ရန် ကြိုးစားနေသည်။

ရီဖူရှင်းက လက်သီးတစ်ချက် ဆန့်ထုတ်လိုက်သည်။ ထိုသည်မှာ နတ်ဆင်လေဟာနယ်ခွဲလက်သီး ဖြစ်ကာ ၎င်း၏ ဖျက်ဆီးခြင်းမဟာလမ်းစဉ်စွမ်းအားက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ နတ်ဝိညာဉ်ဆွဲဆောင်ခြင်း၏ လမ်းညွှန်မှုအောက်တွင် အားလုံးသော စိတ်ဝိညာဉ်များက ဖိနှိပ်၍ ဖျက်ဆီးခံလိုက်ရသည်။

ဘုန်း…

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် မီးဘောလုံးတစ်လုံး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရ၏။ ထိုသည်မှာ ရန်ဟောင်အဆင့် နတ်လက်နက် ဖြစ်သည်။ ၎င်းက ကောင်းကင်မှ ကျဆင်းလာသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်သည် သူ၏ စိတ်နှင့် ဝိညာဉ်က အပြီးတိုင် ဖျက်ဆီးခံလိုက်ရကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

လက်သီးတစ်ချက်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ကာ အစအနပင် မကြွင်းကျန်ရစ်ပေ။

အောက်ဘက်မှ ထိုလက်သီးချက်ကို ကြည့်နေသူများမှာ ပြင်းပြင်းထန်ထန် ကြောက်ရွံ့သွားကြသည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သည့် စွမ်းအားနည်း။

အခြားသော တန်ခိုးရှင်များက ထိုအချင်းအရာကို မြင်သည့်အခါ သူတို့၏ အမူအရာတို့က ပြောင်းလဲသွားကာ သူတို့၏ နှလုံးက ပြင်းထန်စွာခုန်ပေါက်လာသည်။ သူတို့အားလုံးသည် မဟာလမ်းစဉ်၏ ချုပ်နှောင်ခြင်းမှ ရုန်းထွက်ကာ ရီဖူရှင်းကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။

များစွာသော ဖျက်ဆီးခြင်းစွမ်းအားများက ရီဖူရှင်းထံ တိုးဝင်လာပြီး သူ့ကို မြေမြှုပ်ပစ်ရန် ကြိုးစားလေသည်။ သို့သော် သူတို့သည် ရီဖူရှင်းကို တိုက်ခိုက်နိုင်ပြီ ထင်ခဲ့သော်လည်း သူ့ကို ထိပင် မထိနိုင်ခဲ့ကြပေ။ ထိုအခိုက်တွင် လူတိုင်းသည် ပုံရိပ်ယောင်အတွင်းသို့ ကျရောက်သွားခဲ့ကြ၏။

တစ်ခါထပ်ကာ လမ်းစဉ်လေဟာနယ်စွမ်းအားများအတွင်း ကျရောက်သွားကြပေသည်။

လေဟာနယ်နတ်အလင်းတို့က တောက်ပနေပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်က သူ ရပ်နေရာဆီမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုသူတို့၏ တိုက်ခိုက်မှု နည်းစနစ်မှ စွမ်းအားများ တပြိုင်တည်း ပေါက်ကွဲထွက်လာသည့်အခါ ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ ထွက်ပေါ်လာသော်လည်း ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းပြီးဖြစ်ကာ ထိုတိုက်ခိုက်မှုများနှင့် လွတ်ကင်းရာ၌ ပြန်လည်ထွက်ပေါ်လာသည်။

သို့သော် ထိုအခိုက်၌ ကောင်းကင်မှ ရွှေရောင်နတ်အလင်းတန်းတစ်ခု ထိုးဆင်းလာကာ အားလုံးကြားထဲ၌ အားအကောင်းဆုံးလူက သူ့ထံ ချဉ်းကပ်တိုက်ခိုက်လာသည်။ ထိုသူမှာ ကိုက်ရှီ ဖြစ်သည်။ ရွှေရောင်နတ်လှံက လေဟာနယ်ကို ထိုးဖောက်ကာ အဆုံးမဲ့ ရွှေရောင်နတ်အလင်းတို့က ရီဖူရှင်း၏ ဦးခေါင်းကို ရည်ရွယ်၍ တည့်မတ်စွာ ကျဆင်းလာသည်။

ရီဖူရှင်းသည် ကောင်းကင်တွင် လမ်းလျှောက်သွားလိုက်လျှင် မြေကြီးက တုန်ခါ၍ ကောင်းကင်က အော်မြည်လာကာ သူ၏ လက်သီးနှစ်ဖက်က တစ်ချိန်တည်းတွင် လေကို ထိုးခွင်းထွက်ပေါ်လာ၍ လက်သီး၏ အဆုံးမဲ့အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ လက်သီးစွမ်းအားက လေဟာနယ်ကို ဖြတ်သန်းလာကာ သူ့ထံ လာနေသည့် ရွှေရောင်နတ်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ရီဖူရှင်းနှင့် ကိုက်ရှီတို့ အချင်းချင်းထိပ်တိုက်တွေ့ကြသည့် အချိန်၌ ရုတ်တရက် သေဆုံးခြင်းစွမ်းအားတို့ ကျူးကျော်ဝင်ရောက်လာသည်။  အဆုံးမဲ့ အမှောင်စွမ်းအားတို့က ရီဖူရှင်း၏ အနီးတွင် ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ ၎င်းစွမ်းအားတို့က သူ၏ စိတ်ဝိညာဉ်ကို ဖမ်းချုပ်ထားနိုင်စွမ်းရှိပြီး သူ့ထံသို့ ရွေ့လျားရောက်ရှိလာကာ သူ့ကို သတ်ဖြတ်ရန် ကြိုးစားလာသည်။ မျက်စိတစ်မှိတ်အတွင်း အဆုံးမဲ့ အမှောင်ထုက ဤလေဟာနယ်ကို ဖုံးလွှမ်းသွား၏။

အဆုံးမဲ့ သေဆုံးခြင်းအမှောင် စွမ်းအားလှိုင်းတို့က မရေတွက်နိုင်သည့် လက်သည်းများကဲ့သို့ တိုက်ခိုက်လာပြီး သူ၏ နတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ ကြည့်ရသည်မှာ ၎င်းက လေဟာနယ်ကို ချုပ်ကိုင်ထားသကဲ့သို့ပင် ဖြစ်သည်။ မရေတွက်နိုင်သည့် သေဆုံးခြင်းစွမ်းအင်လှိုင်းတို့က သတ်ဖြတ်ရန် တစ်ချိန်တည်းတွင် ရှေ့တိုးလာပြီး မရေတွက်နိုင်သည့် လက်သည်းများကဲ့သို့ အဆက်မပြတ်ကျဆင်းလာပေသည်။

ဤတိုက်ခိုက်မှု အားလုံးက မမြင်ရသော တိုက်ခိုက်မှုဖြစ်ပြီး ခုခံခြင်း တိုက်ခိုက်ခြင်း စွမ်းအားတို့နှင့် မသက်ဆိုင်ပေ။ ၎င်းတို့က စိတ်ဝိညာဉ်ကိုသာ ရည်ရွယ်တိုက်ခိုက်လေသည်။

ရီဖူရှင်း၏ နောက်မှ နတ်ဝိညာဉ်က တုန်ခါလာပြီး  အမှောင်စွမ်းအားတို့က နတ်ဝိညာဉ်ကို လွှမ်းခြုံထားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင် စီးဝင်နေသည်။

သူ၏ မျက်လုံးများက တစ်နေရာသို့ ကြည့်လိုက်ပြီး သူက ရှီလင်နတ်မြို့တော်မှ မင်းသား လော့ယို့မင်ကို မြင်တွေ့ခဲ့သည်။ ထိုအချိန်တွင် သူ၏ နတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်မှ အဝေးသို့ ဖယ်ခွာ၍ သေဆုံးခြင်းနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသလိုပင် ဖြစ်သည်။ ဤတိုက်ခိုက်မှုက အတိအကျပင် ထိုနေရာမှ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဘုန်း! ရီဖူရှင်း၏ နတ်ဝိညာဉ်က တုန်ခါသွားပြီး တောက်ပသည့် နတ်အလင်းတို့ ထွက်ပေါ်လာသည်။ နတ်ဝိညာဉ်မှ မရေတွက်နိုင်သည့် ဓားစွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာပြီး  နတ်ဝိညာဉ်ဆွဲဆောင်ခြင်းသည် နတ်ဝိညာဉ်တိုက်ခိုက်မှုအတွင်း ဓားစွမ်းရည်ကို ပေါင်းထည့်လိုက်သည်။ ထို့နောက် အဆုံးမဲ့ ဝိညာဉ်ဓားများ ထွက်ပေါ်လာပြီး ထိုသေဆုံးခြင်းစွမ်းအင်လှိုင်းတို့ကို ဖျက်ဆီးပစ်လိုက်သည်။

ဆက်တိုက်ဆိုသလိုပင် ကိုက်ရှီ၏ တိုက်ခိုက်မှုက တစ်ဖန်ကျဆင်းလာပြန်ကာ လူကိုယ်တိုင် နတ်လှံကို ကိုင်ဆောင်လျက် နတ်ဘုရားတို့၏ စွမ်းအားဖြင့် အနီးကပ် တိုက်ခိုက်လိုက်သည်။ ၎င်းစွမ်းအားက မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှပေသည်။

နတ်ဆင်ကောင်းကင်ချနင်း။ ရီဖူရှင်းက မျက်ခုံးပင့်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ ခြေတစ်လှမ်းတွင် ထောင်ချီသည့် ဆင်များက လေဟာနယ်ကို တစ်ဟုန်ထိုး ဖြတ်သန်းပြေးဝင်သွားသည်။ ၎င်းတို့က ကိုက်ရှီ၏ လှံဆီသို့ ရိုက်ခတ်လိုက်ကြသည်။ ရီဖူရှင်းက အလင်းများတောက်ပနေသည့် ဓားကဲ့သို့ ပျောက်ကွယ်သွားကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

လေထဲတွင် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးအကြား၌ မရေတွက်နိုင်သည့် ဓားများ မွေးဖွားလာသည်။

လူအများက သူ့ကို မော့ကြည့်လိုက်ပြီး ထိုဓားအလင်းတို့က မျက်စိကျိန်းလောက်အောင် တောက်ပနေသည်ကို မြင်လိုက်ရသည်။ မဟာလမ်းစဉ် ဓားမြစ်တစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်နှင့်မြေကြီးအကြား စီးဆင်းနေသကဲ့သို့ပင် ဖြစ်သည်။

သူ၏ ပုံရိပ်က တစ်ဖန်ပျောက်ကွယ်သွားပြီး အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ သူ့ကို တိုက်ခိုက်လိုက်သည့် တန်ခိုးရှင်ရှိရာနေရာပင် ဖြစ်၏။

ထိုတန်ခိုးရှင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရီဖူရှင်း ပြသခဲ့သည့် ခွန်အားက ကြောက်စရာအကောင်းဆုံးဖြစ်သည်ဟု သူ ခံစားမိပေသည်။

ချပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဖော်ပြ၍ မရအောင် ကြီးမားသည့် ဖိအားတို့ ပေါက်ကွဲထွက်လာသည်။ သူက မဟာလမ်းစဉ် စစ်နတ်ဘုရားတစ်ပါးသဖွယ် လျှောက်လှမ်းလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရန်ဟောင်တစ်ပါးကဲ့သို့ တိုက်ပွဲသဏ္ဌာန် ဖြစ်ပေါ်လာသည်။ အစွမ်းထက် နတ်လက်နက်များထက် ရန်ဟောင်တစ်ပါး၏ တိုက်ပွဲသဏ္ဌာန်က အားနည်းလိမ့်မည် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်အလင်းများ ဖြာထွက်လာသည်။

ဘန်း! လက်သီးနှစ်ဖက်က လေဟာနယ်ကို ဖြတ်သန်းထွက်ပေါ်လာပြီး အနီးသို့ တိုးကပ်လာနေသော ရီဖူရှင်းထံသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။ လေထုက လက်သီးချက် ဖြတ်သန်းသွားမှုကြောင့် ပြိုကွဲပျက်စီးသွားပြီဟု ထင်မှတ်ရမလောက် ထိုခွန်အားက တိုင်းတာ၍ မရနိုင်အောင် ဖြစ်သည်။ သို့သော် ၎င်းသည် ရီဖူရှင်းကို ရှောင်တိမ်းမှု ပြုလုပ်စေရန်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ထို့အစား သူ၏ ဓားကဲ့သို့ ပုံရိပ်က အောက်သို့ တိုက်ရိုက် ထိုးဆင်းလာပေသည်။

ကောင်းကင်နှင့် မြေကြီးအကြားတွင် ထောင်ချီသည့် ဓားများက ကြောက်မက်ဖွယ် ဆင်အော်မြည်သံများနှင့်အတူ ပေါင်းစည်းနေသည်။ မဟာလမ်းစဉ်က တသားတည်း ဖြစ်လာ၏။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် ဓားစွမ်းအားတို့ကို ခံစားမိကာ သူ၏ ခန္ဓာက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဘန်း!

လက်သီးက ထိုးဖောက်ကာ ဖျက်ဆီးလိုက်သည်။ ဓားတစ်လက်၏ အလင်းက လေထုကို ဖြတ်သန်းပြီး ထိုပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ကို အပြီးတိုင် ပျောက်ကွယ်သွားစေသည်။ နောက်ထပ် ရန်ဟောင်အဆင့် နတ်လက်နက်တစ်ခုက ရီဖူရှင်း၏ ဆောင်ယူခြင်းကို ခံလိုက်ရသည်။

“အမဲလိုက်သတ်ဖြတ်တာလား”

လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေသည်။ တန်ခိုးရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ရီဖူရှင်း၏ အမဲလိုက်ခြင်းကို ခံနေရသည်။ သူက ကိုက်ရှီ ကဲ့သို့ အားအကောင်းဆုံးသူများ၏ တိုက်ခိုက်မှုမှ ခဏတာ ရှောင်ရှားနေခဲ့သည်။ သူက ကိုက်ရှီကို ချက်ချင်း မရှုံးနိမ့်စေနိုင်သော်လည်း အခြားသူများကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ပေသည်။

ကိုက်ရှီ၏ တိုက်ခိုက်မှုက ရီဖူရှင်းအား မသက်ရောက်စေနိုင်သလို အခြားမည်သူမှလည်း မလုပ်ဆောင်နိုင်ကြပေ။

လူအများသည် လေထဲမှ ပုံရိပ်ကို ကြည့်လိုက်ပြီး ထိုက်ရွှမ်တောင်က အမှန်တကယ် ထူးချွန်သည့် ပါရမီရှင်ကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု တွေးနေကြသည်။ သူက အားလုံးသော အစွမ်းထက် တန်ခိုးရှင်များကို ရင်ဆိုင်ရန် ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ သူက အရေးသာနေရုံမျှမက အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် အမဲလိုက်သတ်ဖြတ်နေသေး၏။

ဤကဲ့သို့သော လူမျိုးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုအချိန်တွင် ရီဖူရှင်းက တစ်နေရာ၌ ရပ်လိုက်ကာ သူ၏ လက်များကို ချိပ်စည်းသဏ္ဌာန် ဖော်ဆောင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရှေးဟောင်းသစ်ပင်က ယိမ်းထိုးလာသည်။ သူ့ ခန္ဓာအတွင်းမှ သွေးများက အော်မြည်နေပြီး လမ်းစဉ်စွမ်းအားတို့က လူးလွန့်လှုပ်ရှားလာကာ ပြင်းထန်လှသည့် အသက်ဓာတ်က ပေါက်ကွဲထွက်ပေါ်လာလေ၏။ ရီဖူရှင်း၏ နောက်တွင် နတ်ဘုရားကဲ့သို့ ခမ်းနားထည်ဝါသည့် ပုံရိပ်များ မပီဝိုးတဝါး ပေါ်ပေါက်လာခဲ့သည်။

များပြားလှသည့် နတ်ဆင်များက သူ့ကို ဝန်းရံထားကာ ကောင်းကင်နှင့် မြေကြီးအကြား၌ ပြင်းထန်စွာ ခြေဆောင့်နင်းလိုက်ပြီး ပြင်ပမှ တိုက်ခိုက်မှုတို့အား တားဆီးထားလိုက်သည်။ သူက မျက်လုံးများကို မှိတ်ထားလိုက်ကာ စိတ်ဝိညာဉ်စွမ်းအားတို့က အပြင်သို့ ထိုးထွက်လာကာ ပတ်ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအချိန်၌ လင်းရှောင်မြို့မှ လူများ၏ ဓားများက တုန်ခါလာသည်။ အချို့မှာ ဓားအိမ်များအတွင်းမှပင် ထွက်ကာ ပျံသန်းသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ဓားစွမ်းအားများကလည်း အထိန်းအချုပ်မဲ့ကာ အပြင်သို့ စီးဆင်းထွက်သွားချင်နေကြသည်။ ကောင်းကင်ထက်တွင် မရေတွက်နိုင်သည့် နတ်ဓားများ ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ရစ်ပတ်နေကာ ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်တစ်ခုလုံးကို ဓားများနှင့် လွှမ်းခြုံလိုက်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က ဓားများအားလုံး၏ အရှင်သခင်ဖြစ်လာသည်ဟု ထင်မှတ်ရပြီး အဆုံးမဲ့နတ်ဓားများက သူ့ကြောင့် ပေါင်းစည်းလာသည်။ နတ်ဓားများသည် တစ်လက်ပြီးတစ်လက် ကြယ်ပျံများကဲ့သို့ လေဟာနယ်ကို ဖြတ်သန်းပြေးထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးအကြား၌ ဓားအမှတ်အသားများ ချန်ရစ်ခဲ့သည်။

“သူက သူတို့ကို အစုလိုက်အပြုံလိုက် သတ်တော့မလို့လား”

လူတိုင်း၏ ရင်က အဆမတန် ခုန်လှုပ်လာခဲ့သည်။ ဝမ်ရှိုးရီသည် အဝေးမှ မြင်ကွင်းကို မျက်တောင်မခတ်တမ်းပင် စူးစိုက်ကာ ကြည့်ရှုနေခဲ့၏။

သူက တစ်ဒင်္ဂဓား၏ စွမ်းအားအစစ်အမှန်ကို ခံစားမိခဲ့ပေသည်။

***

All Chapters