← Chapters

တိုက်ပွဲ၏ အလှည့်အပြောင်း

Vol. 117 Ch. 1523 (2)

တိုက်ပွဲ၏ အလှည့်အပြောင်း

Vol. 117 Ch. 1523 (2)

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသူပုန်ထသွားပြီး သူ၏ကောင်းကင်တာအိုနယ်ပယ်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။ ကောင်းကင်တာအိုရတနာများက ချင်မူ့လက်ဖဝါးဆီသို့ တရှိန်ထိုး ပျံသန်းသွားကြ၏။

ကောင်းကင်ဝာာအို အထွတ်အမြတ်ရတနာများမှာ ကောင်းကင်နယ်စားမင်း မသေဆုံးခင် ရွှမ်တုကောင်းကင်တာအိုမှ ဖွဲ့တည်ထားခြင်းဖြစ်သည်။ ၎င်းတို့အထဲတွင် ကောင်းကင်နိယာမလက်နက်က အရေးပါဆုံးဖြစ်ပြီး အခြားတာအိုလက်နက်များအတွက် ယေဘုယျအခြေခံ ဖြစ်ချေသည်။။

သို့သော် ကောင်းကင်နိယာမတာအိုလက်နက်က ချင်မူ့လက်ထဲသို့ ကျရောက်သွားပြီး ကျန်တာအိုလက်နက် ၄၈ ခုက ကောင်းကင်နတ်အရှင်ဟုန်၏ လက်ထဲသို့ ရောက်ခဲ့သည်။ အခြားလက်နက်များမှာတော့ နတ်အရှင်မချန်း၏ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကြောင့် စုပ်ယူခံလိုက်ရပြီး နောက်ဆုံး‌သော ကောင်းကင်တာအိုလက်နက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းက စွမ်းအားအကြီးဆုံးလည်း ဖြစ်ပေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နတ်အရှင်ဟုန်အား အလစ် တိုက်ခိုက်သတ်ဖြတ်ခဲ့သောကြောင့် ကောင်းကင်တာအိုလက်နက် ၄၈ ပါးသည် သူ၏ လက်ထဲ ရောက်လာခဲ့လေသည်။

သို့သော် ကောင်းကင်နိယာမ တာအိုလက်နက်သည် ကျန်ကောင်းကင်တာအိုလက်နက်များက ထိန်းချုပ်နိုင်၏။ ရှေးဟောင်းနတ်ဘုရားဘုရင်သာ ပုံမှန်အတိုက်အခိုက်စွမ်းရည် ပိုင်ဆိုင်ထားလျှင် ချင်မူအနေဖြင့် ကပ်ဘေးဓား၏ ဓားရိုးဖြင့် သူ၏ အထွတ်အထိပ် ရတနာများအား လုယူနိုင်ခဲ့မည်မဟုတ်ချေ။ သို့သော် ယခုကား သူ၏ အားအနည်းဆုံးအခြေအနေ ဖြစ်နေသည်။

ကောင်းကင်နိယာမ တာအိုလက်နက် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် တာအိုလက်နက် ၄၈ လုံးက ပျံသန်းသွားပြီး ချင်မူ့လက်ထဲတွင် တာအိုလက်နက် ၄၉ ပါးအား ဖွဲ့တည်လိုက်သည်။

“ငါ့ရဲ့ အထွတ်အမြတ်ရတနာကို ယူပစ်ဖို့ မစဉ်းစားနဲ့’’

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ခုန်ဝင်လာသော်လည်း ချင်မူလက်သီးကြောင့် မြေကြီးတွင် ပြားပြား၀ပ်သွားသည်။ သူ၏ပါးစပ်ထဲတွင် သွားကျိုးများ ပြည့်နှက်သွားတော့သည်။

ချင်မူက ကောင်းကင်နိယာမ တာအိုလက်နက်ကို သူ၏ဘယ်လက်ဖြင့် လွှဲရမ်းလိုက်ရာ အထွတ်အမြတ်ရတနာများသည် အတူတကွ ပေါင်းစည်းသွားပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဦးခေါင်းကို ခုတ်ချလိုက်သော ပုဆိန်ကြီးတစ်လက်အသွင် ဖွဲ့တည်လိုက်၏။

ဝှီး.

ထိုစဉ် ရှစ်ချီလော်နှင့် နတ်အရှင်မယန်က ပြေးဝင်လာပြီး သူ့အား ဝင်တိုက်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ ပို့လွှတ်လိုက်သည်။ ချောက်နက်မှာ ပုဆိန်ကြောင့် ချက်ချင်း နှစ်ခြမ်းကွဲသွားသော်လည်း ချင်မူက ပုဆိန်ကို မြှောက်ကာ နောက်ပြန် ခုတ်လိုက်သည်။ ရှစ်ချီလော်၏ ဦးခေါင်းမှာ လည်တိုင်မှ ပြတ်ထွက်သွားပြီး သူ၏ရုပ်ခန္ဓာသည် ရုတ်ခြည်း ကျောက်သား ဖြစ်သွား၏။ သူ့မှာ ခြေလက်လေးဘက်သာ ရှိပြီး ခေါင်းပြတ်နေသည့် မကောင်းဆိုးဝါးတစ်ကောင်ပမာ ဖြစ်သွားသောကြောင့် နောက်ဆုတ်ထွက်ပြေးသွားတော့သည်။

နတ်အရှင်မယန်မှာလည်း တမုဟုတ်ချင်း နောက်ဆုတ်သွားပြီး ကောင်းကင်နတ်အရှင်ခုနစ်ပါးစလုံး ရုတ်တရက် စုဝေးသွားကြသည်။ ကောင်းကင်နတ်အရှင်ရှုမှာ ဦးချိုကျိုးနေပြီး ရှစ်ချီလော်ကတော့ ဦးခေါင်း မရှိတော့ပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုအထွတ်အမြတ်ရတနာကို ဆုံးရှုံးလိုက်ရပြီး ကောင်းကင်နတ်အရှင်ကုန်းက ရုပ်ဆင်းပျက်နေသည်။ နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာလည်း အခွင့်မသာခဲ့ကြပေ။

“ကောင်းကင်ဘုံကို ယဇ်ပူဇော်စေ”

ကောင်းကင်နတ်အရှင်ခုနစ်ပါးက ရုတ်တရက် အော်ဟစ်လိုက်ကြသည့်အခါ ကောင်းကင်နန်းဆောင်များ သူတို့၏ဦးခေါင်းနောက်မှ ထွက်ပေါ်လာကာ ကောင်းကင်နတ်ဘုံခုနစ်ခုကို ဖော်ဆောင်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်တစ်ပါးစီ၏ နောက်တွင် ကောင်းကင်နန်းဆောင်များ ၃၃ ဆောင်မှ ၃၅ ဆောင်အထိ ရှိနေကြ၏။

ကောင်းကင်နန်းဆောင်များမှာ မှိန်နေကြသော်လည်း ကောင်းကင်နတ်ဘုံများကို ဖွဲ့တည်လိုက်သည့် အခိုက်အတန့်တွင် အလင်းရောင်များ ပြန်ရောက်လာသည့်အလားပင်။ နတ်အလင်းတန်းများက ကောင်းကင်နတ်ဘုံများဆီမှ ကွန့်မြူးတောက်ပလာကာ အတိတ်မှ ခမ်းနားမှုအရိပ်အယောင်များ ပြန်လည်ထွက်ပေါ်လာကြသည်။

မဟာကောင်းကင်နတ်ဘုံခုနစ်ခု ပေါင်းစည်းထားသော မြင်ကွင်းက အလွန်တရာ ခမ်းနားထည်ဝါလှပေသည်။

ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် ဆံပင်များဖြူ၍ အိုမင်းနေကြသော်လည်း ဤအခိုက်အတန့်တွင် သူရဲကောင်းအရှိန်အဝါများဖြင့် ခံ့ညားနေကြသည်။ သူတို့၏မူလဝိညာဉ်များက သက်ဆိုင်ရာ ကောင်းကင်နတ်ဘုံအသီးသီးမှ ထွက်လာပြီး ပြိုင်တူဟိန်းဟောက်ကာ ကြောက်မက်ဖွယ်မှော်စွမ်းအားကို ထုတ်ဖော်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့၏ တစ်ဘ၀လုံး သင်ယူလေ့လာခဲ့သမျှ အရာအားလုံးကား စွမ်းအားအကြီးဆုံး ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။ သူတို့အားလုံး ချင်မူ့အပေါ် တစ်ချိန်တည်း ခုန်အုပ်လိုက်ကြသည်မှာ အလွန်ကြောက်စရာကောင်းလှ၏။

ထိုအခိုက်အတန့်တွင် တစ်ဖက်တစ်ချက်ရှိ ဖရိုဖရဲချီများပင်လျှင် ဘေးသို့ တွန်းပို့ခံလိုက်ရသည်။ ဖရိုဖရဲမြစ်‌ရေပြင်တွင်လည်း လှိုင်းများ ထကုန်ကြသည်။ မြစ်တို့ပင်လျှင် ကောင်းကင်နတ်အရှင်ခုနစ်ပါး ပူးပေါင်းတိုက်ခိုက်သည့် အင်အားကြောင့် အံ့ဩမှင်သက်နေသယောင် ထင်ရ၏။

ချင်မူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး သူ့လက်ထဲရှိ ကပ်ဘေးဓားက ကောင်းကင်နတ်အရှင်ခုနစ်ပါး၏ ပူးပေါင်းတိုက်ကွက်အား ရင်ဆိုင်ထိုးစိုက်လိုက်သည်။

ဓားလမ်းစဉ်၏ ၁၃ ဘုံမြောက် ကောင်းကင်ဘုံ… ကပ်ဘေးခွင်းဓား။

သူ၏ ဓားရောင်က ကောင်းကင်နတ်အရှင်ခုနစ်ပါး၏ ပူးပေါင်းတိုက်ကွက်အား ထိုးစိုက်သွားသော်လည်း ၎င်းတိုက်ကွက်၏ အဆုံးအစမဲ့သော စွမ်းအားတို့က ကျဆင်းလာနေသေးသည်။ ကပ်ဘေးဓားပင်လျှင် ခံနိုင်ရည် မရှိချေရာ သူ၏ရုပ်ခန္ဓာသည်လည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဝုန်း…

ချင်မူ့ရုပ်ခန္ဓာက ပေါက်ကွဲသွားပြီး သွေးမြူမှုန်များအဖြစ် ပြန့်ကြဲသွားသည်။ ထို့နောက် သွေးမြူများက ပြန်လည်သိပ်သည်း၍ အသွေးအသားတို့ကို တည်ဆောက်ဖွဲ့တည်ပေးလိုက်သော်လည်း ထပ်မံ ပေါက်ကွဲသွားပြန်သည်။

လောကသစ်ပင်အောက်တွင် ချင်မူ့မူလဝိညာဉ်မှာ ပေါက်ကွဲပြီး ပြန်လည်ဖွဲ့တည်လာ၏။ ထွန်းလင်းတောက်ပနေသော သွေးနှင့် နတ်အလင်းရောင်များထဲတွင် အလင်းတန်းတစ်တန်းကိုသာ မြင်ရတော့ပြီး ၎င်းက ပေါက်ကွဲ၍ အကြိမ်ကြိမ် ပြန်လည်ဖွဲ့တည်နေသည်။

သူ့ဓားရောင်က ကောင်းကင်နတ်အရှင်ခုနစ်ပါး၏ တိုက်ကွက်အောက်တွင် ဆက်လက်တိုး၀င်နေဆဲပင်

ဝုန်း….

အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးအကြားတွင် ကောင်းကင်နတ်အရှင်ခုနစ်ပါးမှာ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြသည်။ ‌ကောင်းကင်နတ်ဘုံများလည်း ပြိုကွဲ၍ ကောင်းကင်နန်းဆောင်များအဖြစ် ပြန်လည်ကွဲထွက်သွား၏။ ကောင်းကင်နန်းဆောင်များက ပြိုလဲပျက်စီးသွားကြပြီး လေထဲရှိ ကောင်းကင်နတ်အရှင်ခုနစ်ပါးမှာ သွေးအန်လိုက်ရသည်။ မရေမတွက်နိုင်သော ဓားရာများက သူတို့၏ရုပ်ခန္ဓာတွင် ချက်ချင်း ထင်းလာတော့သည်။

ထိုအချိန်တွင် ချင်မူက ကောင်းကင်ပေါ်သို့ ပျံတက်ရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ ‌နတ်အရှင်မယန်မှာ သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွား၏။

ချင်မူက နတ်အရှင်မယန် အစအနမကျန်အောင် သေဆုံးသည်အထိ ထပ်မံ ဦးညွှတ်အရိုအသေပေးတော့မည့်အချိန်တွင် ခေါင်းလောင်းသံတစ်သံ ဟိန်းထွက်လာသည်။ နတ်အရှင်မယန်၏ အနောက်ရှိ ဧရာမခေါင်းလောင်းကြီးက တုန်ခါလျက် သူ့ထံ ပျံသန်းလာချေပြီ။

ထိုအခါ ထိုက်ယီတောင်ဝှေးက ချင်မူ့ကျောမှ ခုန်ထွက်ကာ သူ၏ဘယ်လက်ထဲသို့ ဝင်လာသည်။ သူက ၎င်းဖြင့် နတ်ဘုရားမထိုက်စု၏ ရတနာခေါင်းလောင်းကြီးကို မ,ယူလိုက်ရာ သူ့လက်မောင်းများမှာ ထိတွေ့မှုကြောင့် ထုံကျင်သွား၏။

သို့သော် သူ့လက်ထဲရှိ ဓားရောင်က နတ်အရှင်မယန်ထံ ထိုးစိုက်သွားသေးသည်။ ထိုအခိုက်အတန့်တွင် ထိုက်ကျိသဲခုံက နတ်အရှင်မယန်အရှေ့၌ ‌ဝှစ်ခနဲ ထွက်ပေါ်လာသည်။

ချင်မူ့ရင်ထဲ လေးလံသွားသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ထိုက်ကျိသဲခုံဖြင့် ဓားရောင်ကို ခုခံရင်း သူ့ထံ ပျံသန်းလာနေကြောင်း တွေ့လိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားက ပူးပေါင်းတိုက်ခိုက်ရင်း ရှစ်ချီလော်ကို အစိတ်စိတ်အမွှာမွှာ ချေမွပစ်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားမယင်က လက်နှစ်ဖက်ကို လှုပ်ခါလိုက်ရင်း နတ်အရှင်ယန်၏ သွေးမြူများကို စုပ်ယူလိုက်သည်။ ရှေးဟောင်းနတ်ဘုရားယန်က ရှစ်ချီလော်၏ မူလဝိညာဉ်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မု၊ မင်းတို့အခွင့်အရေး ရောက်လာခဲ့ပြီ… ဒီနေ့ပြီးရင် မင်းတို့ တာအိုဖြစ်လာလိမ့်မယ်”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက နတ်အရှင်မယန်နှင့် ရှစ်ချီလော်ကို သဲခုံထဲ ထည့်လိုက်ပြီး သဲခုံနှင့်အတူ ပျံသန်းသွားသည်။ ရှေးဟောင်းနတ်ဘုရားမယင်၏ အကြည့်က ချင်မူ့ဆီသို့ ကျရောက်လာ၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့က နင့်ရန်သူ မဟုတ်ဘူး”

ချင်မူက အနည်းငယ် ကြောင်အသွားပြီး အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးကား ကျောက်စိမ်းမြို့တော်အပျက်အစီးမျာအထဲ ပျံသန်းသွားကြပြီးနောက် သူတို့၏ အမြှီးများက တစ်ခုနှင့် တစ်ခု ရောယှက်သွား၏။ တောင်တန်းများ တစ်ခုပြီး တစ်ခု ပေါ်လာကြကား သူတို့မှာ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်ရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှုနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့ မြေပြင်ပေါ် ပြုတ်ကျလာကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကုန်းရုန်းထသော်လည်း မြေပေါ် ပြန်လဲကျသွားပြီး မထနိုင်ပေ။

ချင်မူက ကောင်းကင်နတ်အရှင်ဟွေ့ဆီ လျှောက်သွားသည်။ သူ့လက်ထဲရှိ ကပ်ဘေးဓားမှ သွေးတို့ စက်လက်စက်လက် စီးကျနေပြီး ကျောက်စိမ်းမြို့တော်၏ အပျက်အစီးများအပေါ် ကျရောက်သွား၏။

ရုတ်တရက် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

တာအိုသစ်ပင်အထက်၌ ကောင်းကင်နတ်အရှင်ဟောင်က အပြုံးမဟုတ်သော အပြုံးတစ်ခုအား ဖော်ပြလိုက်လေသည်။ “ငါ နိုင်သွားပြီ...”

သူက ဟားတိုက်ရယ်လိုက်သည်။ “နောက်ဆုံးတော့ ငါ နိုင်သွားပြီ... နတ်အရှင်မယန် မရှိတော့ရင်၊ ရှစ်ချီလော် မရှိတော့ရင်... ထိုက်ကျိရှေးဟောင်းနတ်ဘုရားတွေ မရှိတော့ရင် ဒီတိုက်ပွဲကို ငါ နိုင်ပြီ”

သူ၏ ကျယ်‌လောင်စွာ ရယ်မောသံကြီးက ပဲ့တင်နေသည်။ သူ့အနောက်ရှိ ရောင်ခြည်တော်စက်ဝန်းထဲတွင် ကောင်ကးင်နန်းဆောင် ၃၅ ဆောင် ပေါ်လာ၏။ သူ့အနောက်၌ ထိုက်စုက နူးညံ့သော လက်ကို မြှောက်ကာ ခေါင်းလောင်းအပေါ် အသာအယာ ခေါက်လိုက်သည်။ ခေါင်းလောင်းသံ မြည်ဟည်းသွားသည့်အခါ ကောင်ကင်နတ်အရှင်ဟောင်၏ အနောက်၌ ၃၆ ဆောင်မြောက် ကောင်းကင်နန်းဆောင် ပေါ်ထွက်လာချေပြီ။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကြောက်လန့်တုန်လှုပ်ဖွယ်‌ကောင်းသော စွမ်းအားက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ကောင်းကင်နတ်အရှင်ဟောင်၏ အိုမင်းရွတ်တွနေသော ရုပ်ခန္ဓာကား အသက်ဓာတ်ပြန်ပြည့်လာသည့်အလား အချိန်နောက်ပြန်စီးဆင်သွားသကဲ့သို့ နုပျိုလာတော့သည်။

ချင်မူက မျက်မှောင်ကြုတ်၍ ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်ကား တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအား ဖြစ်ချေသည်။

All Chapters