← Chapters

အလစ်ချောင်းတိုက်ခိုက်ခြင်း

Vol. 016 Ch. 1560

အလစ်ချောင်းတိုက်ခိုက်ခြင်း

Vol. 016 Ch. 1560

ရီဖူရှင်း၏ခန္ဓာကိုယ်တွင် ဓားအလင်းများ တောက်ပလာခဲ့၏။ ထို့အတူ ဓားအရိပ်များစွာလည်း ဖြစ်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ဓားမြစ်ပြင်၊ သူ၏သွေးကြောများသည် ဓားသွေးကြောများဖြစ်လာခဲ့၏။ သူ့ခန္ဓာကိုယ်သည် ဓားများအားလုံး၏ကြီးစိုးရာအချုပ်အချာဖြစ်လာခဲ့၏။

“မဟာလမ်းစဉ်ရဲ့ဓားခန္ဓာ…”

လူအများအပြားမှာ စိတ်လှုပ်ရှားသွားကြ၏။ ဤအသွင်အပြင်က မဟာလမ်းစဉ်ဓားခန္ဓာဖြစ်လာတော့မည့် အရိပ်အယောင်များလား။

ထောင်ပေါင်းများစွာသော ဓားများသည် ရီဖူရှင်းထံသို့ စီးဝင်နေကြ၏။

ဤအဆင့်ကား လမ်းစဉ်ဝိညာဉ်ကို ဖန်တီးနိုင်သူများသာ ပြုလုပ်နိုင်သော်လည်း ရီဖူရှင်းသည် ထိုအဆင့်ကို မရောက်သေးသည်မှာ ထင်ရှား၏။ ဆိုလိုသည်က သူ၏စိတ်ဝိညာဉ်စွမ်းအားသည် တခြားလူများထက် အဆမတန် အားကောင်း၏။

မရေမတွက်နိုင်သော နတ်ဓားများသည် ကောင်းကင်ကို ဆန်ကာ တက်နေကြသည်။ ကျင့်ကြံသူများအားလုံး၏ မာန်သွင်းသံများနှင့်အတူ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ အချို့က လက်များကို မြှောက်ကာ တိုက်ခိုက်ကြပြီး တခြားလူများက လေထဲကို တက်ကာ ပစ်မှတ်ထံသို့ ဦးတည်လာကြသည်။

သူသည် ပိုမိုများပြားသော ဓားများကို မြင်လာရသည်။ ဘယ်နှင့်ညာ၊အပေါ်နှင့်အောက် နေရာတိုင်းတွင် ဓားများရှိသည်။ ထိုအဖြစ်က ရီဖူရှင်း၏နှလုံးသားကို ရှုပ်ထွေးစေသည်။ သူသည် ရန်ဟောင်နတ်ဓားဝင်ရိုး၏ပုံရိပ်ယောင်ကမ္ဘာထဲ၌ ပိတ်မိနေသည့်အလား…။

ဓားတစ်လက်က သတ်ဖြတ်နိုင်စွမ်းမရှိသည့်တိုင် … ဓားအများအပြားဆိုလျှင်ကော…။

ထို့အပြင် ဓားများသည် ပိုမိုအားကောင်းလာခဲ့ကာ မဟာလမ်းစဉ်၏ဓားမုန်တိုင်းအသွင်သို့ပင် ဆောင်လာခဲ့၏။

သူတစ်ယောက်တည်းသာမဟု်တ၊ အားလုံးသည်လည်း ဓား၏အချုပ်အနှောင်ထဲ၌ ပိတ်မိနေကြ၏။ အရပ်မျက်နှာမျိုးစုံမှ ဓားများသည် အဆက်မပြတ် ဖြစ်ပေါ်လာနေခဲ့ကာ ဧရာမမုန်တိုင်းအသွင်ဆောင်လာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးတော့မည့်ပုံစံဖြစ်လာသည်။

လင်းရှောင်မြို့မှ လူများအားလုံး ကောင်းကင်ကို မော့ကြည့်နေကြသည်။ သည်တစ်ကြိမ်ကား မရေမတွက်နိုင်သော နတ်ဓားများ…။ ရီဖူရှင်းကား ထိုဓားမုန်တိုင်းအလယ်တွင် ရပ်နေခဲ့၏။ နတ်ဓားများအားလုံးသည် သူနှင့် ဆက်နွယ်နေဟန်ရသည်။

“အရမ်းသန်မာတာပဲ” အားလုံးက တုန်လှုပ်နေကြ၏။ သူသည် နတ်နန်းတော်၌ မည်သည့်အရာများကို ရရှိခဲ့သနည်း။

ကိုက်ရှီသည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူ့အနီးတွင် လှည့်ပတ်နေသော လှံရှည်များက ရီဖူရှင်း၏ဓားများနှင့် ရင်ဆိုင်တိုက်ခိုက်၏။ နတ်ဘုရားအလား သူကား မည်သည့်အရာနှင့်မှ တုန်လှုပ်နိုင်စွမ်းရှိဟန်မတူ။ ရီဖူရှင်း၏ဓားပညာမျှက သူ့အား မည်သို့မှ ဖိအားမဖြစ်စေနိုင်သည့်အလား ရှေ့ကို ဆက်တက်လာခဲ့၏။

ရွှေရောင်နတ်လှံက မြောက်တက်လာခဲ့လျှင် စူးရှသော အလင်းများ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအချိန်တွင် ရီဖူရှင်း၏မျက်လုံးများ ပွင့်လာခဲ့ပြီး ပြင်းထန်သော အရှိန်အဝါတစ်ခု ရိုက်ခတ်လာသည်။ ရှေ့ကို တက်ဝါးပုံရိပ်တစ်ခု ရိုက်ခတ်လာခဲ့ပြီး သူက ဘာလုပ်လိုသည်ကိုတော့ မည်သူမှ နားမလည်။

သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီးသည်နှင့် ဆက်တိုက်ပင် ရှေ့ကို ဆက်လှမ်းလာခဲ့သည်။ သူသည် သူ့အား တိုက်ခိုက်နေသော ဓားသမားတစ်ဦး၏ရှေ့တွင် ပေါ်လာ၏။ နတ်လှံကား လေထုကို ခွင်းကာ ရှေ့ကို ဦးတည်နေခဲ့၏။

ဘုန်း…

တွန့်ဆုတ်ခြင်း အလျဉ်းမရှိ…။ ပြင်းထန်သော နတ်ဆင်ခြေလှမ်းအောက်တွင် ထောင်ပေါင်းများစွာသော နတ်ဆင်များဖြစ်ပေါ်လာပြီး မဟာလမ်းစဉ်ပြိုလဲသည်။ ထိုလူကား ဝိညာဉ်များ ပြိုကွဲလွင့်စင်သွားကာ အဝေးသို့ အသက်မဲ့စွာ လွင့်စင်သွား၏။

“ပြင်းထန်လိုက်တာ…” အားလုံးက တုန်ယင်သွားကြသည်။ နတ်ဓားတိုက်ခိုက်မှု၊ နတ်ဆင်၏ခွန်အားတို့အောက်တွင် သူကား ပြိုင်ဘက်ကင်း၏။

ရီဖူရှင်းက ရှေ့ကို ဆက်တက်လာခဲ့သည်။ သူသည် နောက်တစ်နေရာတွင် ပေါ်လာ၏။ ရန်ဟောင်လက်နက်များပိုင်သူများသာ ရီဖူရှင်းနှင့် ရင်ဆိုင်ရဲကြပေသည်။ ထို့ကြောင့် ရီဖူရှင်း၏ဓားသည် သူတို့ကို တားဆီးနိုင်သည့်တိုင် အပြတ်ဖြတ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း နတ်ဆင်အင်ပါယာ၏အရိုးကို ပိုင်ဆိုင်သော ရီဖူရှင်းကား ရန်သူများအားလုံးကို အနီးကပ်တိုက်ခိုက်ခြေမှုန်းနိုင်၏။

ဘန်း..

ဘန်း…

ဘန်း…

တစ်ဘုန်းဘုန်းမြည်သံများကား ပြန်လည်မွေးဖွားခြင်းအဆင့်များ၏ကျဆုံးသံများဖြစ်၏။ ထိုအဖြစ်က လူတိုင်းကို ထိတ်လန့်ကြောက်ရွံ့စေသည်။ ထိုလူများအားလုံးမှာ နတ်နန်းတော်ကို ဝင်ရောက်ရန် အရည်အချင်းရှိသူများဖြစ်ကြ၏။ သို့သော်လည်း လက်ရှိတွင် သူတို့သည် မြက်ပင်များအလား ရိပ်သိမ်းခံနေရ၏။

ဘန်း.. ဘန်း… ဘန်း…

သူ၏အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် လူမည်မျှ သေသွားသည်ကို မခန့်မှန်းနိုင်တော့။ ရီဖူရှင်း၏ဓားကို ခုခံနေသူများအားလုံးမှာ နောက်ဆုံးတွင် ကြီးစွာသော အကြောက်တရားအား ခံစားလာကြရသည်။ ရီဖူရှင်းကား ဟာသမပြောပေ။ သူသည် အမှန်တကယ် သတ်ဖြတ်နေခြင်းဖြစ်၏။

ထို့အပြင် ဆက်လက်တိုက်ခိုက်ပါကလည်း အခြေအနေကောင်းမည့်ပုံဟန်မရှိပေ။

“သွားရအောင်…”

လူအများအပြားသည် ထွက်သွားရန်ကိုသာ တွေးတောနေကြတော့၏။ သူတို့အနေဖြင့် လမ်းစဉ်သစ်သီးကို ရရန် အနည်းငဘ် အရဲစွန့်လိုသော်လည်း လက်ရှိအနေအထားက မတူတော့ပေ။ ရီဖူရှင်းကား အမှန်တကယ် သတ်ဖြတ်နေလေပြီ။

မသေသေးသောသူများသည် တိုက်ပွဲနေရာမှ ဆုတ်ခွာရန် ကြိုးစားနေကြသည်။ ရီဖူရှင်းက သူတို့အား ကြည့်လိုက်၏။ သူ၏ဓားစွမ်းအားများသည် ထိုလူများကို အဝေးသို့ ရောက်သွားသည်အထိ ဆက်လက်၍ ဖိအားပေးလိုက်၏။

ရီဖူရှင်းက သူတို့နောက်ကို မလိုက်တော့ပေ။ သူကား ပတ်ပတ်လည်မှ ဝန်းရံတိုက်ခိုက်ခံရရာ တစ်ဘက်လူများကို မတတ်သာဘဲ သတ်ဖြတ်ရခြင်းသာဖြစ်သည်။ အားလုံးကို သတ်ဖြတ်ခြင်းက ကောင်းသောအချက်မဟုတ်သည်ကို သူနားလည်သည်။

သူက တစ်နေရာကို ကြည့်ကာ လေထဲတက်လိုက်သည်။ နတ်ဆင်ခြေလှမ်းက ကောင်းကင်ကို ဖြတ်သန်းသွားလျှင် လေထု တုန်ခါသွား၏။ သူက နောက်ဆုတ်နေသော လူတစ်ယောက်ထံသို့ လှမ်းသွားလိုက်၏။

ထိုသူကား လောယို့မင်ဖြစ်သည်။ ရှီလင်နတ်မြို့မှ မင်းသားကား သူ့ကို ရန်စခြင်းမှာ တစ်ကြိမ်မကတော့။

သူကိုင်ဆောင်ထားသော ရန်ဟောင်လက်နက်သည်လည်း ဝိညာဉ်ကို တိုက်ခိုက်နိုင်စွမ်းရှိဟန်ရသည်။

လောယို့မင်သည်လည်း နောက်ဆုတ်နေသည်။ သူသည်လည်း အခြေအနေမဟန်မှန်းသိ၏။

သို့သော် ရီဖူရှင်း သူ့ထံသို့ လှမ်းလာသည်ကို မြင်လျှင် လောယို့မင်က မျက်မှောင်ကြုတ်လိုက်သည်။ သည်အကောင်က သူ့နောက်ကို လိုက်လိုနေသည်လား။

ကောင်းကင်ထက်တွင် ဧရာမပုံရိပ်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး လောကကြီးသည် နက်မှေင်သွားခဲ့ကာ သေဆုံခြင်းအငွေ့အသက်များ ပျံ့နှံ့လာ၏။ ရီဖူရှင်းအား မျက်လုံးနက်တစ်စုံက စိုက်ကြည့်နေဟန်ရ၏။ သေဆုံးခြင်းအငွေ့အသက်များသည် ရီဖူရှင်း၏မျက်လုံးများထဲသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့ပြီး သူ၏အသက်ဓာတ်များကို စားသုံးသည်။

သို့သော်လည်း ရီဖူရှင်းကား လမ်းစဉ်သစ်သီးတစ်လုံးကိုသာ သည်အတိုင်း ထုတ်စားလိုက်၏။ အသက်ဓာတ်များသည် သူ့တစ်ကိုယ်လုံး ပြည့်လျှံသွားကာ သေဆုံးခြင်းအငွေ့အသက်များသည် အစအနမကျန်အောင် တိုက်စားခြေဖျက်ခံလိုက်ရတော့သည်။

လောယို့မင် မျက်နှာပျက်သွား၏။ သူက လက်ဝှေ့ယမ်းလိုက်လျှင် မရဏဝင်္ကပါတစ်ခုဖြစ်ပေါ်လာသည်။ များစွာသော အနက်စင်းကြောင်းများ ဝင်္ကပါတွင် စီးဆင်းနေကြ၏။ ထိုအနက်ရောင်စီးကြောင်းများသည် သူ၏စိတ်ဝိညာဉ်တွင် လာရောက်စိုက်ဝင်ကြ၏။

သည်တိုက်ခိုက်မှုကား အလွန်ထူးဆန်းသည်။ စိတ်ဝိညာဉ်သာ မခိုင်မာပါက အသုံးပြုသူကိုပင် ကြီးစွာ ထိခိုက်စေပေသည်။

ရီဖူရှင်း၏ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဆင်သည် မာန်သွင်းကြွေးကျော်လိုက်ကာ လက်ကို မြှောက်လျှက် လေထဲမှ မရဏဝင်္ကပါကို လှမ်းဆွဲဟန်ပြုလိုက်သည်။ ချက်ချင်းပင် လောယို့မင်သည် သူ၏စိတ်ဝိညာဉ်မှာ ပိတ်လှောင်ခံရသည်ဟု ခံစားလိုက်ရပြီး တစ်ဘက်လူသည် သူ့အား ဆင်တူသော ပညာရပ်ကို အသုံးပြုလိုက်ဟန်ရသည်။

ဘုန်း…

ရီဖူရှင်းက ရှေ့ကို ဆက်လက်၍ တက်လာကာ ခြေလှမ်းတိုင်းသည် သူ၏စိတ်ဝိညာဉ်ကို နင်းခြေသလို ခံစားလာရသည်။ လောယို့မင်ကား ကြီးမားသော ဖိအားအောက်တွင် အလွန်အမင်း ကြောက်ရွံ့လာခဲ့၏။

ရီဖူရှင်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လျှင် လောယို့မင်၏ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါက်ကွဲသံများ ကြားလာရပြီး သူသည် တစ်စုံတစ်ခုဖြင့် ထွင်းဖောက်ခံရသည့်အလား နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ပါးစပ်မှ သွေးများ စီးကျလာခဲ့ကာ မျက်နှာမှာ ပြာနှမ်းသွားခဲ့၏။

“အတင့်ရဲတယ်...”

ထိုအခိုက်တွင် အေးစက်သော အသံနှင့်အတူ ပြင်းထန်သော ဖိအားများ ကျဆင်းလာခဲ့၏။ များစွာသော အစွမ်းထက်ပုဂ္ဂိုလ်များ ကောင်းကင်မှ ကျဆင်းလာခဲ့၏။ သူတို့ကား ရန်ဟောင်များ ဖြစ်ကြသည်။

ရီဖူရှင်းကို ဝန်းရံတိုက်ခိုက်ခဲ့သောသူများအားလုံးမှာ နောက်ခံအင်အားတောင့်သူများဖြစ်ကြ၏။ အထူးသဖြင့် ကိုက်ရှီနှင့် လောယို့မင်တို့ပင်။ ကိုက်ရှီသည် ရွှေရောင်နတ်ပြည်ထောင်၏မင်းသားဖြစ်သလို လောယို့မင်သည်လည်း ရှီလင်နတ်မြို့၏မင်းသားဖြစ်၏။ ထို့ကြောင့် သူတို့၏ခရီးတွင် တိတ်တဆိတ် ကာကွယ်နေသူများ ရှိပေသည်။

ရီဖူရှင်းကို လူအများက ဝန်းရံတိုက်ခိုက်သောအခါ ထိုကိစ္စများက သူတို့နှင့် မသက်ဆိုင်သော်လည်း သူတို့ ကာကွယ်ရမည့်သူများ အသက်အန္တရာယ်နှင့် ကြုံလာသောအခါ သည်အတိုင်း လက်ပိုက်မကြည့်နိုင်တော့ပေ။

ရီဖူရှင်းကား စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ် နှစ်ခုလုံးအား ပြင်းထန်စွာ ဖိနှိပ်ခံထားရ၏။ သေခြင်းတရား ရောက်လာသည့်အလား သူ၏စိတ်မှာ မွမ်းကျပ်နေခဲ့ကာ ခန္ဓာကိုယ်က တောင့်တင်းနေ၏။

ထိုအခိုက်တွင်ပင် ရီဖူရှင်း၏နောက်မှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခု ပေါ်လာခဲ့၏။ ကိုက်ရှီကား တိုက်ခိုက်ခြင်းမရှိသေးပေ။ အကြောင်းမှာ သူသည် အခွင့်အရေးအား စောင့်ဆိုင်းနေသောကြောင့်ဖြစ်၏။ ယခု ရှီလင်နတ်မြို့မှ ရန်ဟောင်များ ရီဖူရှင်းကို ဖိနှိပ်ထားသောအခါ သူ့အခွင့်အရေး ရောက်လာခဲ့၏။

“သတိထား…”

ရာရာ၏အမူအရာက ပြောင်းလဲသွားကာ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။ ဝမ်ရှိုးရီ၊ လော့ယွဲ့နှင့် တခြားလူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန်စိုးရိမ်သွားကြ၏။ ကိုက်ရှီကား နာမည်ကျော် ပါရမီရှင်တစ်ဦးဖြစ်ကာ ကြီးမားသော အသိုင်းအဝိုင်းကို ပိုင်ဆိုင်၏။ ထိုသို့သောသူက ဤသို့ အရှက်မဲ့လုပ်ရပ်အား ကျူးလွန်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

“အရှက်မရှိဘူး…”

ထိုက်ရွှမ်တောင်မှ တပည့်များအားလုံး အလွန်အမင်း ဒေါသထွက်ကြ၏။ ရီဖူရှင်းအား ယခင်က သူတို့ အထင်မကြီးခဲ့သော်လည်း နောက်ပိုင်း လမ်းစဉ်သက်သေပြခြင်းနယ်မြေတွင် ရီဖူရှင်း၏သဘောထားကြီးမှုက သူတို့အားလုံး၏အမြင်ကို ပြောင်းလဲစေခဲ့ပြီးဖြစ်သည်။ ယခုတွင် ရီဖူရှင်းအား သူတို့အားလုံး လေးစားကြ၏။

ယခု ကိုက်ရှီ၏နိမ့်ကျသော အပြုအမူကို မြင်သောအခါ သူတို့အားလုံး ဒေါသထွက်ကြ၏။

***

All Chapters