အခန်းတစ် မစ်ရှင်
Vol. 3 Ch. 35
ခွေးခေါင်းလူသားများသည် ပင့်ကူဂူ၏ဝင်ပေါက်တွင် ပေါ်ထွက်လာခဲ့ပြီး ဂိမ်းမာများကို တိုက်ခိုက်ကာ ဒန်ဂျင်ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်လေ၏။ ဤအံ့အားသင့်ဖွယ်ဖြစ်ရပ်သည် ဖိုရမ်တွင် ဆက်တိုက်ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မွန်းစတားများ၏ ကျူးကျော်မှုနှင့်ပတ်သက်၍ ထင်ကြေးအမျိုးမျိုး ပေါ်ထွက်ခဲ့၏။
ဘောင်းဘီမဝတ်သူ၏ [မွန်းစတားကျူးကျော်မှုမစ်ရှင်နှင့်ပတ်သက်သည့် ထင်မြင်ချက်များ] ပိုစ့်တွင် သူက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြပြီး [မွန်းစတားကျူးကျော်မှု၊ ထာဝရတိုင်းပြည်ဒန်ဂျင်ကို ကာကွယ်ပါ] ပိုစ့်၌ အသေးစိတ်အချက်အလက်များကို တင်ထားခဲ့သည်။ ဂိမ်းမာများသည် ဖိုရမ်တွင် ဤအကြောင်းအရာကို စိတ်လှုပ်ရှားစွာ ဆွေးနွေးကြကုန်၏။
[ကာရန်: ဒီဂိမ်းရဲ့ ချို့ယွင်းချက်က ဂိမ်းကုဒ်ရေးသမားရဲ့ အမှားပဲဖြစ်ရမယ်။ ဂိမ်းကို မထုတ်ခင် သေချာမစမ်းသပ်ခဲ့ဘူး။ နတ်ဘုရားတွေ စိတ်ကျေနပ်အောင် ဂိမ်းကုဒ်ရေးသမားကို သတ်ကြစို့။]
[ဂိမ်းကုဒ်ရေးသမား: Σ(°△°|||)_]
[အပူအပင်မဲ့ပျံသန်းသူ: ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဂိမ်းက အချိန်ပြည့်ဂိမ်းမာတွေအတွက် မွန်းစတားကျူးကျော်မှုနဲ့ပတ်သက်တဲ့ မစ်ရှင်တွေ ထုတ်ပေးထားပြီလေ။ နောက်ဆက်တွဲမစ်ရှင်တစ်ခုတော့ ရှိရမှာပေါ့။ ဒါက လျှို့ဝှက်မစ်ရှင်တစ်ခု ပွင့်သွားလို့ ဖြစ်ဖို့များတယ်။ တစ်နည်းအားဖြင့် ဒီနေ့အတွက် မွန်းစတားကျူးကျော်မှုကို ဂိမ်းက ကြိုစီစဉ်ထားတာလည်း ဖြစ်နိုင်တယ်။]
[ရှေးဦးဘုရားများ၏အထွတ်အထိပ်: ဒီလိုဖြစ်နိုင်ခြေတစ်ခုတော့ ရှိတယ်: ဂိမ်းမာတွေက သတ္တဝါတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အတွက် ဒါက ချို့ယွင်းချက်တစ်ခုလို့ ငါခံစားရတယ်။ ယုတ္တိလည်းမရှိဘူး၊ ပြီးတော့ ကျူးကျော်မှုအတွက် ဘာသတိပေးချက်မှလည်း မရှိခဲ့ဘူး။ တခြားဂိမ်းတွေမှာဆို အသိပေးချက်တွေ ရှိတတ်တာ။]
[ဆင်းရဲသားအိုတာကု: "ဒန်ဂျင်: ထာဝရတိုင်းပြည်"က တခြားဂိမ်းတွေနဲ့မတူဘူး။ ဒါက လှဲလျောင်းထိန်းချုပ်ခန်းကို အသုံးပြုထားတဲ့ ပထမဆုံး ပုံရိပ်ယောင်အွန်လိုင်းဂိမ်းပဲ။ လက်တွေ့ဘဝအတိုင်း ပုံဖော်ထားတာ။ နာကျင်မှုခံစားချက်တောင်မှ လက်တွေ့လိုပဲ ပုံဖော်ထားတယ်။ ဂိမ်းမာတွေက ကိုယ့်ကိုယ်ကို ညှဉ်းဆဲဖို့ ဖွင့်ထားကြတာမှ မဟုတ်တာ။ ရုတ်တရက်ကျူးကျော်မှုက လက်တွေ့နဲ့ ကိုက်ညီပါတယ်။]
[ချစ်စဖွယ်စားစရာ: ခေါင်းတွေပူအောင် ဆွေးနွေးနေလည်း အပိုပဲ။ တို့တွေ ဆော့လို့ရသေးရဲ့လား။ o( ヘ̄o#)]
...
ရှားလော့ခ်သည် ခွေးခေါင်းလူသားများကို သွားရောက်စစ်ဆေးပြီးနောက် ဒန်ဂျင်သို့ ပြန်လာခဲ့၏။ သူသည် တရားဝင်ဖိုရမ်ကို ကြည့်ရှုရင်း စွဲလမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် ဖိုရမ်ကြည့်ခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ပိုစ့်ကို စတင်ပြင်ဆင်ရေးသားလေတော့၏။
"ထာဝရတိုင်းပြည်ဆိုတာ အသစ်စက်စက်တည်ထောင်ထားတဲ့ ဒန်ဂျင်တစ်ခု ဖြစ်ပါတယ်။ အရှင်ရှားလော့ခ်ရဲ့ ဆိုးယုတ် ရက်စက် ကောက်ကျစ် လောဘကြီးပြီး ကြမ်းကြုတ်တဲ့ ဦးဆောင်မှုအောက်မှာ ဒီဒန်ဂျင်ဟာ အခုအချိန်အထိ အလွန်ပဲ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလှပတဲ့ဒန်ဂျင်လေးဟာ အခုတော့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။ မြေအောက်မှာ ပုန်းအောင်းနေတဲ့ ခွေးခေါင်းလူသားတွေက ထာဝရတိုင်းပြည်ကို ဘာသတိပေးချက်မှမရှိဘဲ တိုက်ခိုက်လာခဲ့ကြပြီ။ ထာဝရတိုင်းပြည်ရဲ့ ပြည်သူတို့၊ လက်နက်ကိုယ်စီ ဆွဲကိုင်ကြလော့။ ထာဝရတိုင်းပြည်ရဲ့ အနာဂတ်နဲ့ လွတ်လပ်မှုအတွက် ငါတို့တိုက်ပွဲဝင်ကြမည်။ ဆိုးယုတ် ရက်စက် ကောက်ကျစ် လောဘကြီးပြီး ကြမ်းကြုတ်တဲ့ အရှင်ရှားလော့ခ်အတွက် တိုက်ပွဲဝင်ကြမည်။"
"အရှင်ရှားလော့ခ်၊ ကျွန်တော်မျိုး သဘောထားလေးတစ်ခုလောက် ပြောခွင့်ရှိမလား။"
ရှားလော့ခ်က အကြောင်းအရာကို ပြင်ဆင်ပြီးချိန် ဘရုက တုံ့ဆိုင်းစွာဖြင့် ဆိုလိုက်၏။ "အရှင်သုံးထားတဲ့ နာမဝိသေသနတွေကို နည်းနည်းလောက်များ ချုံ့လိုက်လို့ရမလားဟင်။ 'ဆိုးယုတ် ရက်စက် ကောက်ကျစ် လောဘကြီးပြီး ကြမ်းကြုတ်တဲ့' ဆိုတာကို 'ထက်မြက်ပြီး ရဲရင့်တဲ့ အရှင်ရှားလော့ခ်' လို့ ပြောင်းလိုက်ရင်ရော။"
ရှားလော့ခ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါ ကိုယ့်ကိုယ်ကို အရမ်းမြှောက်ပင့်နေမိပြီလား။"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အရှင်က ဘယ်လိုလုပ် မြှောက်ပင့်စရာဖြစ်ရမှာလဲ။ ဒါတွေက အမှန်တရားတွေချည်းပါပဲ။ ဒါပေမဲ့ တခြားလောကရဲ့ ယဉ်ကျေးမှုကို ထည့်စဉ်းစားကြည့်ရင် သူတို့က ဒီလောက်များတဲ့ နာမဝိသေသနတွေကို သိပ်ပြီးအသားကျဦးမှာ မဟုတ်သေးဘူး။ 'ထက်မြက်ပြီး ရဲရင့်တဲ့' ဆိုတာက အရှင့်ကို ဖော်ပြဖို့ အသင့်တော်ဆုံး စကားလုံးတွေပါပဲ။"
ရှားလော့ခ်သည် စကားလုံးအချို့ကို ဖြုတ်လိုက်ပြီး ဆက်လက်ပြင်ဆင်ရေးသားခဲ့၏။
ရှားလော့ခ်သည် ဘရု၏အကူအညီဖြင့် အဓိကဇာတ်လမ်းဇာတ်အိမ်ကို အပြီးသတ်ရေးသားခဲ့သည်။ စစ်ဆေးပြီးနောက် သူသည် ထိုပိုစ့်ကို တရားဝင်ဝက်ဘ်ဆိုက်နှင့် ဖိုရမ်တွင် တင်လိုက်လေ၏။
"အမှောင်ကျပြီး လူသူမသိသော မြေအောက်လောကတွင် ထာဝရတိုင်းပြည်သည် အသစ်စက်စက်တည်ထောင်ထားသည့် ဒန်ဂျင်တစ်ခု ဖြစ်ပေသည်။ အရှင်ရှားလော့ခ်၏ ထက်မြက်ပြီး ရဲရင့်သော ဦးဆောင်မှုအောက်တွင် ဤဒန်ဂျင်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ သို့သော်ငြားလည်း ဒန်ဂျင်သည် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရလေပြီ။
ပင့်ကူဂူ၏အတွင်းပိုင်း၌ နက်ရှိုင်းစွာ ပုန်းအောင်းနေသော ခွေးခေါင်းလူသားမျိုးနွယ်စုသည် ထာဝရတိုင်းပြည်ကို ကြိုတင်သတိပေးခြင်းမရှိဘဲ တိုက်ခိုက်လာခဲ့သည်။ ထာဝရတိုင်းပြည်သည် ပြင်းထန်စွာ ခြိမ်းခြောက်ခံနေရ၏။ အကြောင်းရင်းကို ရှာဖွေစူးစမ်းရန် အချိန်မရှိတော့ချေ။
ထာဝရတိုင်းပြည်၏ ပြည်သူအပေါင်းတို့၊ သင်တို့၏ လက်နက်များကို ဆွဲကိုင်ကြလော့။ ထာဝရတိုင်းပြည်၏ အနာဂတ်နှင့် လွတ်လပ်မှုအတွက် ငါတို့တိုက်ပွဲဝင်ကြမည်။ ထက်မြက်ပြီး ရဲရင့်လှသော အရှင်ရှားလော့ခ်အတွက် ဖြစ်၏။"
[မစ်ရှင်ခေါင်းစဉ်: အခန်း (၁)၊ ထာဝရတိုင်းပြည်ဒန်ဂျင်၊ ခွေးခေါင်းလူသားများ၏ ခေါင်းဆောင် ခရေမာ
မစ်ရှင်ရည်ရွယ်ချက်: သင်တို့၏ လက်နက်များကို ဆွဲကိုင်ကြပါ။ အရှင်ရှားလော့ခ်နှင့် ထာဝရတိုင်းပြည်အတွက် ခွေးခေါင်းလူသားမျိုးနွယ်စုကို ချေမှုန်းပြီး သူတို့၏ခေါင်းဆောင် ခရေမာ၏ ဦးခေါင်းကို ရယူပါ။
ဆုလာဘ်: တိုက်ပွဲများတွင် ပါဝင်ခဲ့သော ဂိမ်းမာများကို တိုက်ပွဲစွမ်းဆောင်ရည်အပေါ်မူတည်၍ ဆုလာဘ်အဆင့် သုံးမျိုးထဲမှ တစ်ခုကို ချီးမြှင့်မည်ဖြစ်သည်။
ကြေးအဆင့်ဆုလာဘ်: သာမန်ပါဝင်ကူညီမှုရှိသော ဂိမ်းမာများသည် ကြေးဒင်္ဂါး ၁၀၀ နှင့် ဂုဏ်သတင်းရမှတ် ၁၀၀ ကို လက်ခံရရှိမည်။
ငွေအဆင့်ဆုလာဘ်: ထူးချွန်သောပါဝင်ကူညီမှုရှိသော ဂိမ်းမာများသည် ကြေးဒင်္ဂါး ၃၀၀ နှင့် ဂုဏ်သတင်းရမှတ် ၃၀၀ ကို လက်ခံရရှိမည်။
ရွှေအဆင့်ဆုလာဘ်: အထူးထူးကဲသောပါဝင်ကူညီမှုရှိသော ဂိမ်းမာများသည် ငွေဒင်္ဂါးတစ်ပြားနှင့် ဂုဏ်သတင်းရမှတ် ၁၀၀၀ ကို လက်ခံရရှိမည်။ (ဂိုဘလင် ၁၀ ဦးအတွက်သာ ကန့်သတ်ထားသည်။)
မစ်ရှင်အရိပ်အမြွက်: ခရေမာသည် ခွေးခေါင်းလူသားများ၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ခေါင်းဆောင်ဖြစ်ပြီး မြေအောက်လောကသားများ၏ အမှတ်တရဆိုးများထဲမှ နတ်ဆိုးတစ်ကောင်လည်း ဖြစ်၏။ သူသည် အလွန်အင်အားကြီးမားပြီး ခွေးခေါင်းလူသားမျိုးနွယ်စု၏ အကာအကွယ်ကိုလည်း ရရှိထားသည်။ စူးစမ်းရှာဖွေရေးအဖွဲ့ မဖွဲ့စည်းမီ အပြည့်အဝပြင်ဆင်ထားရန် လိုအပ်သည်။ ခရေမာသည် အရှင်ရှားလော့ခ်၏ စွမ်းအားကို ကြောက်ရွံ့သောကြောင့် ထာဝရတိုင်းပြည်အနီးသို့ ချဉ်းကပ်လာလိမ့်မည်မဟုတ်။ ဂိမ်းမာများသည် ထာဝရတိုင်းပြည်မှတစ်ဆင့် လုံခြုံသောနေရာအထိ ဝင်ရောက်နိုင်သည်။ ခရေမာသည် ဂိုဘလင်များကို မြင်လျှင်မြင်ချင်း တိုက်ခိုက်လိမ့်မည်။]
[မွန်းစတားမှတ်တမ်း]
[မွန်းစတားအမည်: ခွေးခေါင်းလူသား]
(ပုံ)
မွန်းစတားဆိုင်ရာဖော်ပြချက်: မြေအောက်လောကတွင် အများအားဖြင့်တွေ့မြင်ရသော သတ္တဝါတစ်မျိုးဖြစ်ပြီး ဉာဏ်ရည်နိမ့်ပါးကာ အလင်းရောင်ကို ကြောက်ရွံ့၏။ ၎င်းတို့သည် အကြောင်းမဲ့တိုက်ခိုက်တတ်ကြပြီး ပင့်ကူဂူထဲတွင် များသောအားဖြင့် နေထိုင်လေ့ရှိကြသည်။
အဆင့်: ၀-၅
ရရှိနိုင်သောပစ္စည်းများ: ပျက်စီးနေသော ပစ္စည်းကိရိယာများ
မှတ်ချက်: ရရှိသောပစ္စည်းအများစုကို ဒန်ဂျင်အမြုတေခန်းမဆောင်တွင် ဒင်္ဂါးများဖြင့် လဲလှယ်နိုင်၏။
[မွန်းစတားအမည်: ခရေမာ (ဘော့စ်)]
(ပုံ)
မွန်းစတားဆိုင်ရာဖော်ပြချက်: ခွေးခေါင်းလူသားများ၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ခေါင်းဆောင် ခရေမာသည် မြေအောက်လောကသားများ၏ အိပ်မက်ဆိုးပင် ဖြစ်သည်။
အဆင့်: ဘော့စ်
ရရှိနိုင်သောပစ္စည်းများ: တန်ဖိုးဖြတ်ရန်လိုအပ်သော ပစ္စည်းကိရိယာများ
မှတ်ချက်: ခရေမာထံမှ ရရှိသောပစ္စည်းများသည် တန်ဖိုးဖြတ်ရန် ဒင်္ဂါးအချို့ ကုန်ကျမည်ဖြစ်သည်။ ၎င်းတို့ကို ကိုင်စွဲနိုင်ရန် လိုအပ်သော ဂုဏ်သတင်းရမှတ် ရှိရမည်။
စစ်ဆေးပြီးနောက် ရှားလော့ခ်သည် အသိပေးကြေညာချက်ကို ထုတ်ပြန်လိုက်၏။ ဘရုက ခွေးခေါင်းလူသားခေါင်းဆောင် ခရေမာအတွက် ဆုကြေးကို ဂိမ်းစနစ်သတိပေးချက်မှတစ်ဆင့် ဂိမ်းမာအားလုံးထံ ကြေညာပေးခဲ့သည်။ မွန်းစတားမှတ်တမ်းကိုမူ တရားဝင်ဖိုရမ်နှင့် ဝက်ဘ်ဆိုက်တွင်သာ ကြည့်ရှုနိုင်မည် ဖြစ်၏။
ခွေးခေါင်းလူသားများ ဘယ်ကလာကြသလဲ၊ လျှို့ဝှက်မစ်ရှင်များ ရှိလာဦးမည်လားဟု ဂိမ်းမာများ ဆွေးနွေးနေကြစဉ်မှာပင် ဘရုထံမှ မစ်ရှင်ကို လက်ခံရရှိခဲ့ကြသည်။
"နောက်ဆုံးတော့ ထွက်လာပြီဟေ့။ ဒီမစ်ရှင်ဖော်ပြချက်က... ကွင်းဆက်မစ်ရှင်များလား။"
"နောက်ဆုံးတော့ ဒါ အဓိကဇာတ်လမ်းမစ်ရှင်လား။"
"အခန်းတစ်တဲ့။ ဒါ အဓိကဇာတ်လမ်းမစ်ရှင်ပဲ ဖြစ်ရမယ်။"
"ပထမဆုံး အဓိကဇာတ်လမ်းမစ်ရှင်က ခက်လိုက်တာ။ ပုံမှန်အားဖြင့် အခန်းတစ် အဓိကဇာတ်လမ်းမစ်ရှင်ဆိုတာ အခြေခံမစ်ရှင်လောက်ပဲ မဟုတ်ဘူးလား။"
"ဒီဂိမ်းက နှစ်ရက်ကျော်ကျော် ခက်ခဲနေခဲ့တာကို မင်းကအခုမှ ခက်တယ်လို့ လာညည်းနေတာလား။"
"ဘယ်လိုလုပ်ကြမလဲ။ စူးစမ်းရှာဖွေရေးအဖွဲ့တွေ ဖွဲ့ကြမလား။"
"ငါတို့ ခုလေးတင် အပြတ်ရှင်းခံထားရတာ၊ ပစ္စည်းကိရိယာတွေလည်း မစုံသေးဘူး။ အုတ်ခဲပဲ ဆက်သယ်ပြီး ပစ္စည်းတွေ အရင်ပြင်ဆင်ကြရအောင်။"
"ငါလည်း လိုက်ချင်တယ်။ ငါ့ကိုပါ ခေါ်သွားကြပါဦး။"
"မြန်မြန်လုပ်ကြဟေ့။ ဘယ်လိုတိုက်ကြမလဲ ဆွေးနွေးကြရအောင်။"
ဂိမ်းမာများသည် နေ့စဉ်နေ့တိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးကြကုန်၏။ ဘီတာဂိမ်းမာများက အသာစီးရခဲ့ကြပြီး ဘောင်းဘီမဝတ်သူသည် ဖိုရမ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ပြင်းပြင်းထန်ထန်ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် လူတိုင်းက တူညီသောဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြ၏။ ထိုအရာမှာ ရန်သူ့အကြောင်းကို ပိုမိုစုံစမ်းထောက်လှမ်းရန် ဖြစ်သည်။
ခွေးခေါင်းလူသားများကို အနိုင်ယူခြင်းသည် ခက်ခဲသောစိန်ခေါ်မှုတစ်ခု ဖြစ်ပေသည်။ သူတို့၏ခေါင်းဆောင် ခရေမာသည် ကြီးမားသောတူကြီးတစ်လက်ကို ကိုင်စွဲထား၏။ ဂိုဘလင်များက ဒိုင်းများကို အသုံးပြုသည့်တိုင်အောင် ထိုတူ၏ထုနှက်ချက်ကို ခံနိုင်ရည်မရှိခဲ့ကြချေ။ ဒိုင်းမှာ မပျက်စီးကောင်း မပျက်စီးနိုင်သော်လည်း သူတို့၏လက်များမှာမူ ကျိုးကြေသွားနိုင်၏။ ဒုတိယတစ်ချက် ထပ်မံထုနှက်လိုက်သည်နှင့် ဂိုဘလင်များမှာ သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
ခွေးခေါင်းလူသားများ အင်အားကြီးမားသော်လည်း မရှုံးနိမ့်နိုင်သောသူများတော့ မဟုတ်ကြပေ။ ဂိမ်းမာများက ဆက်လက်၍ လေ့လာစောင့်ကြည့်နေသမျှ ကာလပတ်လုံး သင့်လျော်သောနည်းဗျူဟာများကို ရှာတွေ့နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြ၏။
သူတို့ ပင့်ကူများနှင့် ရင်ဆိုင်ခဲ့ကြစဉ်အခါကလည်း ပင့်ကူများသည် မရှုံးနိမ့်နိုင်ဟု ထင်ခဲ့ကြသည် မဟုတ်ပါလော။ အဆုံးတွင် သူတို့သည် ပင့်ကူများကို အောင်နိုင်ခဲ့ကြသည် မဟုတ်လော။
ဂိမ်းတစ်ခုက မစ်ရှင်တစ်ခုကို ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်အောင် ဘယ်လိုလုပ် ဖန်တီးထားနိုင်မည်နည်း။ ဂိမ်းမာများကို မစ်ရှင်မပြီးမြောက်နိုင်အောင် တားဆီးသည့် စနစ်ချို့ယွင်းချက်တစ်ခု မဟုတ်ခဲ့လျှင်ပေါ့။
ဂိမ်းမာများသည် ရန်သူ့အကြောင်း ပိုမိုသိရှိနိုင်ရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းအသီးသီးကို အသုံးပြုခဲ့ကြလေ၏။