အခန်း (၂၁)
Vol. 2 Ch. 21
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဘုရားကျောင်းစောင့်များသည် မည်သို့လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ခန်းမတစ်ခုလုံးကို ဂါထာတစ်ပုဒ်တည်းဖြင့် ပြိုကျစေခဲ့သော နက်ခရိုမန်ဆာသည် ပေါ့ပေါ့တန်တန် သဘောထား၍မရသူဖြစ်သည်မှာ ထင်ရှားသည်။ ဤကိစ္စတွင် ဘုရားကျောင်း၌ အမှားရှိနေပြီး၊ မှော်ဆရာနှင့် လျော်ကြေးအတွက် မချေမချွတ် သဘောတူညီမှု ရခဲ့ပြီးနောက် ပြဿနာကို အဆုံးသတ်တော့မည့်ဆဲဆဲတွင် ထိုလူငယ်က တစ်ဖက်လူ၏ ဦးခေါင်းခွံကိုမှ ရွေးပြီး စောဒကတက်နေခဲ့သည်။
သူ ရူးများရူးနေသလား။
လူငယ်ဘုန်းတော်ကြီး ဂျွန်သည် ပါးစပ်ဟပြီး သူ့လက်နှစ်ဖက်ကို အလျင်အမြန်မြှောက်ကာ ပိတ်လိုက်သည်။ “ဝူးဝူး” ဟူသော အသံပျော့ပျော့လေး ထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်ရှိ မှဲ့ခြောက်များပင် ပုံပျက်နေသည်မှာ ပြူးထွက်လုနီးပါးပင်။ လှံကိုင်စစ်သည် ရေမွန်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ဒိုင်းကိုင်စစ်သည် ဗေလီမှာ မျက်လုံးများ ပြူးကျယ်နေကာ မီးနီရောင်ဆံပင်ပိုင်ရှင် လေးသမားတွမ်မှာ မီးလောင်တော့မတတ်ပင်။
“ဂါရက် သတိထားဦး”
“ဒါ နက်ခရိုမန်ဆာ နက်ခရိုမန်ဆာကွ ဦးခေါင်းခွံကို ဘာတွေစိတ်ပူနေတာလဲ။ အားလုံးက ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားတဲ့ ကလေးတစ်ယောက်ကို သဘာဝနတ်ဘုရားရဲ့ အလင်းရောင်လေးနည်းနည်းရတာနဲ့ ဘာလို့ ဒီလောက်ထူးဆန်းသွားရတာလဲ”
ဘုန်းတော်ကြီး ဒေါ်နယ်လ်မှာ ကြောင်ကြီးတစ်ကောင်၏ အောက်တွင် မှောက်လျက်လဲနေပြီး လှုပ်ရှားရဲခြင်းပင်မရှိပေ။ သို့သော် သူ့ပေါ်တွင်ရှိသော ကြောင်ကတော့ ခေါင်းထောင်လိုက်ပြီး ရွှေရောင်မျက်လုံးများ လည်နေကာ ဂါရက်ကိုတစ်လှည့်၊ ရွှေရောင်ဦးခေါင်းခွံကိုတစ်လှည့် ကြည့်လိုက်သည်။ အမြီးကိုလည်း နံ့၍ စပ်စုချင်စိတ်များဖြင့် ပြည့်လျှံနေသည်။
အိမ်မွေးတိရစ္ဆာန်များ ထိုသို့ဖြစ်နေသည်ကို နက်ခရိုမန်ဆာက စိတ်ဝင်စားသွားသည်မှာ သဘာဝပင်။ သူတစ်လှမ်းတိုးလာပြီး ဦးခေါင်းခွံကို မော့ကြည့်လိုက်သည်။ ထို့နောက် ခါးကိုင်းကာ တင်ပဆုံရိုးကို စစ်ဆေးသည်။ ဘယ်ညာ ကြည့်သော်လည်း နားမလည်နိုင်ဖြစ်ကာ ဂါရက်ဘက်သို့ လှည့်၍ မေးလိုက်သည်။
“...မင်း ဒါကို ဘယ်လိုလုပ်ဖတ်လိုက်တာလဲ”
“လွယ်ပါတယ်”
ဂါရက်က တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေသည်။
“ကြည့်ပါဦး ဒီဦးခေါင်းခွံက…”
ရွှေရောင်ဦးခေါင်းခွံသည် အတော်လေးမြင့်သဖြင့် ဂါရက်ပင် အနည်းငယ်ဆန့်တန်းရသည်။ ဦးခေါင်းခွံက သူ့ကို ကြည့်ရန် လှည့်လိုက်ပြီး ရုတ်တရက် သူ့ကိုယ်ပိုင်ခေါင်းကို မော့ကာ ဦးခေါင်းခွံကို ကိုင်၍ ဂါရက်အား ကမ်းပေးလိုက်သည်။ ၎င်း၏ မျက်လုံးပေါက်မှ မီးလျှံများ တဖျတ်ဖျတ်လင်းနေပြီး ဦးခေါင်းခွံ၏ လက်ဖဝါးအတွင်းမှ ထူးဆန်းစွာ စူးစူးစိုက်စိုက် စိုက်ကြည့်နေခဲ့သည်။
ဂါရက်: "..."
လခွမ်း ဒီလောက်ကြီးထိမလိုဘူးလေ။
ဒီလိုတော့ မဖြစ်ပါစေနဲ့။ ဒါက သူ့ကို အလက်ဇန္ဒားနဲ့တူတယ်လို့ ခံစားရစေတယ်။
သူ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်သည်။ ဦးခေါင်းခွံက သူ့ဘာသာသူ လိင်ပြောင်းလဲလို့မရသရွေ့တော့ ပြောစရာအချက်တစ်ခုရှိနေတုန်းပဲ။
တခြားကမ္ဘာတွေမှာ ခန္ဓာဗေဒဆိုင်ရာ အင်္ဂါရပ်တွေ ကွဲပြားနိုင်တာပဲဟာ။ ဒါက နောက်ထပ် ကိစ္စတစ်ခုပေါ့။
သူ လက်လှမ်းမမီဘဲ ဘေးဘက်သို့ တိမ်းရှောင်ကာ ဦးခေါင်းခွံဘက်သို့ လက်ညှိုးထိုးပြရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"နဖူးရိုးနဲ့ ထိပ်ကို ကြည့်ပါ။ ဒီနေရာမှာ ကွေးနေတယ်။ အမျိုးသမီးတွေမှာဆိုရင် နဖူးက ဒေါင်လိုက်ဖြစ်ပြီး ထိပ်က ပြားနေတယ်။ ပြီးတော့ မျက်ခုံးရိုး၊ ဒါက ထင်းရှားပြီး သေးငယ်တဲ့ အပေါက်လေးတွေ အများကြီးရှိတယ် မြင်လား။ အမျိုးသမီးတွေမှာ မျက်ခုံးရိုးက ထင်းရှားမှုမရှိသလောက်ပဲ၊ အပေါက်တွေလည်း သိပ်မရှိဘူး။ ပြီးတော့ နှာခေါင်းရင်း..."
သူ တတိယနှစ်တုန်းက သင်ယူခဲ့ရသော မှုခင်းဆေးပညာ ဘာသာရပ်က အကြောင်းအရာများ ဘာတစ်ခုမှ မကျန်အောင်ကို စီစီရီရီ ထွက်ပေါ်လာ၏။
ပုံမှန်ဆိုရင် သူ ထိုအကြောင်းအရာများကို မေ့နေလောက်ပြီပင်။
ငါက စာမေးပွဲပြီးတာနဲ့ မေ့ပစ်လိုက်တာ။
ဘာပဲဖြစ်ဖြစ် သူက လက်တွေ့ဆေးပညာ ကို သင်ယူခဲ့တာ၊ မှုခင်းဆေးပညာမဟုတ်ဘူး။ မရှိမဖြစ် မဟုတ်တဲ့ ဘာသာရပ်တစ်ခု၊ မှတ်ဉာဏ်ထဲမှာ သိမ်းထားဖို့တောင် တန်ဖိုးမရှိဘူးလို့ သူ ယူဆခဲ့တာ။
ဒါပေမဲ့ အခုတော့ စာအုပ်ထဲက စာမျက်နှာတိုင်း၊ စာကြောင်းတိုင်း၊ ပုံတိုင်းကိုပါ အသေးစိတ် မှတ်မိနေတယ်။
ဂါရက်က စာမျက်နှာထောင့်မှာ သူဆွဲခဲ့တဲ့ ရုပ်ပြောင်ရုပ်ကြီးကိုတောင် မှတ်မိနေသေးတယ်။
ဒီခရီးစဉ်နဲ့အတူ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေပါ ပါလာတာ ဖြစ်နိုင်ပါတယ်...
နည်းနည်းလေး ပျော်ရွှင်နေမိတယ် ^_^
ဒီဘက်ရောက်ပြီး ချောချောမွေ့မွေ့ရှင်သန်ဖို့ မျှော်လင့်ချက်လေး နည်းနည်း ပိုတိုးလာပြီ ဟေးဟေးးး…
ကောင်းသောသတင်းများက စိတ်ဓာတ်ကို အမြဲမြှင့်တင်ပေးသည်။ ဂါရက်သည် မသိစိတ်ဖြင့် သူ့နှုတ်ခမ်းကို ကွေးလိုက်ကာ နက်ခရိုမန်ဆာနှင့် ရွှေရောင်အရိုးစုအား ရှင်းပြနေသည့် အရှိန်ကို မြှင့်တင်လိုက်ပြီး၊ သူ့လေသံမှာ ပိုမိုနူးညံ့လာသည်။ မသိစိတ်ဖြင့်ပင် ဆေးတက္ကသိုလ်တွင် ကျောင်းသားများကို သင်ကြားနေသော သက်ကြီးဆရာဝန်တစ်ဦး၏ အမူအရာကို အသုံးပြုလိုက်သည်။
ဤသို့ အရှိန်မြှင့်လိုက်သောအခါ ဦးခေါင်းခွံမှာမူ ဘာအမူအရာမှမရှိပေ (အမူအရာ ပြုလုပ်၍မရခြင်းလည်း ဖြစ်နိုင်သည်)။ ယခင်က တဖျတ်ဖျတ် လင်းနေခဲ့သော မီးတောက်များသာ အခုအခါ လုံးဝငြိမ်သက်သွားသည်။ ၎င်းသည် မိမိကိုယ်ကို အဖြစ်မရှိသော ပြခန်းပြစင်တစ်ခုအဖြစ် လုံးဝလက်လျှော့လိုက်ဟန်တူသည်။
တစ်ချိန်တည်းမှာပင် နက်ခရိုမန်ဆာ၏ မျက်လုံးများတွင် လှိုင်းထနေပြီး သူ့ခြေထောက်များ တုန်ရီနေသည်မှာ လဲကျတော့မတတ်ပင်။
"အာ ဦးခေါင်းခွံပြီးပြီဆိုတော့ တင်ပဆုံရိုးကို ဆန်းစစ်ကြရအောင်..."
ဂါရက်က ဦးခေါင်းခွံကို ခေါင်းပေါ်သို့ တစ်ချက် ထပ်ပြီး တစ်ချက် တို့လိုက်သည်။ ဦးခေါင်းခွံ တုံ့ပြန်ရန် အချိန်အနည်းငယ်ယူရပြီးနောက် အလျင်အမြန် ပြန်လည် နေရာယူလိုက်သည်။ ဂါရက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် တင်ပဆုံရိုးကို စစ်ဆေးရန် ကုန်းလိုက်သည်။
"ဒါက တင်ပဆုံရိုးပဲ။ pubic symphysis က ဒီလောက်ကျယ်တယ်၊ ဒီလောက်ပြားတယ်။ ထောင့်က ၉၀ ဒီဂရီထက် ကျော်လွန်နေတာ သေချာတယ်၊ ဒါ အမျိုးသမီးပဲ။ လှည့်ကြည့်ရအောင်၊ နောက်ကျောမှာ အစအနတွေ ရှိမရှိကြည့်မယ်... အာ၊ ဒီအမျိုးသမီး ကလေးမွေးဖူးတာပဲ"
သူကုန်းလိုက်သည်နှင့် နက်ခရိုမန်ဆာလည်း ကုန်းလိုက်သည်။ သူ ပို၍ကုန်းလိုက်သည်နှင့် နက်ခရိုမန်ဆာလည်း ထပ်ကုန်းလိုက်သည်။ သူက ကုန်းပြီးနောက် သူ့လည်ပင်းကို လှည့်ကာ မော့ကြည့်လိုက်သည်။
နက်ခရိုမန်ဆာ...
နက်ခရိုမန်ဆာသည် ခါးမတ်လိုက်ပြီး သူ့ဘယ်ဘက်လက်ကို မြှောက်ကာ သူ့လက်ချောင်းများကို ဖြတ်ရိုက်လိုက်သည်။
"ခလောက်ခလောက်"
လွန်ခဲ့သည့် ခဏလေးကပင် မတ်မတ်ရပ်နေသော ရွှေရောင်အရိုးစုသည် ဂါရက်၏ မျက်စိရှေ့တွင်ပင် တစ်စစီပြိုကျသွားသည်။
ဂါရက် လန့်ပြီး နောက်သို့ ဆုတ်လိုက်သည်။
ဒီကောင် ဘာလို့ပြိုလဲသွားတာလဲ။ မှော်အစွမ်းကုန်သွားတာလား။ ဒါပေမဲ့ ပြီးတော့လည်း ဒီအရိုးတွေမှာ အဆစ်တွေ၊ အရွတ်တွေ၊ ကြွက်သားတွေမရှိဘူး။ ဒါဆို သူက ပြိုလဲသင့်တာ၊ မတ်တပ်ရပ်နေသင့်တာ မဟုတ်ဘူး...
သူ တွေးတောနေစဉ် လက်ဖဝါးရိုး၊ လက်မောင်းရိုး၊ ကျောရိုးဆစ်၊ နံရိုးများက ကာတွန်းတစ်ခုမှ နှေးကွေးသော လှုပ်ရှားမှုတစ်ခုလို သူ့အလိုလို ပြန်လည်စုစည်းနေသည်ကို တွေ့လိုက်ရသည်။ ကျောရိုးဆစ်များ တစ်ခုပေါ်တစ်ခု ထပ်ကာ နံရိုးများ ရှေ့နှင့်နောက် ချိတ်ဆက်နေပြီး ပခုံးရိုးများ ဘေးနှစ်ဖက်တွင် ကပ်ကာ လက်မောင်းနှင့် လက်ချောင်းများ ဆန့်တန်းထွက်လာသည်။
နောက်ဆုံးတွင် ခေါင်းတစ်ခြမ်းပါသော ဦးခေါင်းခွံတစ်ခုသည် မြေပြင်ပေါ်တွင် တည့်တည့်လဲလျောင်းနေသည်။ လက်တစ်ဖက်က ကြမ်းပြင်ပေါ်တွင်ရှိပြီး ကျန်တစ်ဖက်က ဟိုသည်စမ်းကာ သူ့ကိုယ်ပိုင်တင်ပဆုံရိုးကို ရှာဖွေပြီး တုန်ယင်စွာ မြှောက်တင်လိုက်သည်။
ဂါရက်: "..."
ငါတို့ ကုန်းပြီးကြည့်ရတာ ပင်ပန်းမှာစိုးလို့ သူက ကိုယ့်ဘာသာကိုယ် ဖြုတ်ချပြီး ပြပေးတာလား။
"ဒါပေမဲ့ ဒီအမြင့်က မလုံလောက်ဘူး"
ဂါရက်က နက်ခရိုမန်ဆာ ကို တစ်ချက်ကြည့်လိုက်သည်။ နက်ခရိုမန်ဆာလည်း ပြန်ကြည့်နေသည်။ ခဏတာ စိုက်ကြည့်ပြီးနောက် နက်ခရိုမန်ဆာက လက်ချောင်းများကို ထပ်၍ ဖြတ်ရိုက်လိုက်ရာ ဦးခေါင်းခွံ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ ခြေချောင်းအရိုးများ၊ ခြေသလုံးအရိုးများနှင့် ပေါင်ရိုးများ စတင်ချိတ်ဆက်လာသည်။
ခန္ဓာကိုယ်အောက်ပိုင်းက မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေသည်။ အပေါ်ပိုင်းမှာ ခေါင်းမပါဘဲ လက်တစ်ဖက်ဆန့်တန်းကာ ပေါင်ရိုးကို ဆွဲကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲတင်လိုက်သည်။ ပြီးနောက် ပြန်ချလိုက်သည်။ အရိုးစုလက်တစ်ဖက်က တင်ပဆုံရိုးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က မြေပြင်ကို တူးဆွကာ ဦးခေါင်းခွံကို ရှာဖွေပြီး အရင်အတိုင်း မြှောက်တင်လိုက်သည်။
ထို့နောက် တင်ပဆုံရိုး၏ အထောက်အပံ့မရှိသော အပေါ်ပိုင်းသည် ယိုင်တိုင်တိုင်ဖြစ်ကာ ဘေးသို့ လဲကျသွားသည်။
"ဒုန်း"
"မြောင်... မြောင်... မြောင်... မြောင်... မြောင်... မြောင်... မြောင်... မြောင်"
ကြောင်တစ်ကောင်၏ ကျယ်လောင်သော အော်သံ။ ဂါရက် လှည့်ကြည့်လိုက်ရာ ဘုန်းတော်ကြီး၏ ကိုယ်ပေါ်မှ အဖြူရောင်ခြေထောက်များရှိသော ကြောင်နက်ကြီး ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အမြီးက မြေပြင်ကို ရိုက်ခတ်နေပြီး ဝမ်းသာအားရ လူးလှိမ့်နေကာ သူ့ခြေထောက်များကို လေထဲ မြှောက်ထားသည်။
ဟေး ဒီလို ရယ်မောနေတာတော့ လွန်လွန်းသွားပြီ။ မင်းက ကြောင်တစ်ကောင်ပဲဟာကို…
ခန်းမ၏ အတွင်းပိုင်းသို့
နက်ခရိုမန်ဆာသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူ၏ အရိုးလှံတံကို တို့လိုက်ရာ ရွှေရောင်အရိုးစုသည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် ရှေ့သို့လက်ညှိုးထိုးပြရာ ခန်းမ၏ အနက်ရှိုင်းဆုံးနေရာမှ လမ်းကြောင်းတစ်ခု ပေါ်လာသည်။ သူ၏ မျက်နှာကြွက်သားများကို လှုပ်ရှားလိုက်ပြီး ပြုံးပြလိုက်သည်။
"ကျွန်တော်တို့ ဝင်ကြမလား"
ဂါရက်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ နက်ခရိုမန်ဆာ ရှေ့သို့ တိုးလာသည်။ ကြောင်နက်ကြီးက အမြီးကို ဝှေ့ယမ်းရင်း ရှေ့မှ ဦးဆောင်သွားပြီး ရွှေရောင်အရိုးစုက နောက်မှ "ခလောက်ခလောက်" မြည်ကာ လိုက်ပါလာသည်။ အပြင်သို့ အနည်းငယ်သာ ထွက်ရသေးသည်။ နက်ခရိုမန်ဆာ ရုတ်တရက် ရပ်တန့်လိုက်ပြီး အေးစက်စက် အော်လိုက်သည်။
"မင်းတို့တွေ ဘယ်သူမှ ထွက်ပြေးဖို့ မစဉ်းစားကြနဲ့"