← Chapters

ရက်စက်သည့်ဧကရီ

Vol. 016 Ch. 1562

ရက်စက်သည့်ဧကရီ

Vol. 016 Ch. 1562

ရွှေရောင်ချပ်ဝတ်များနှင့် ရန်ဟောင်တန်ခိုးရှင်တို့သည် နတ်ဘုရားများကဲ့သို့ပင် ဖြစ်သည်။ ၎င်းမှ ဖြာထွက်နေသော တောက်ပသည့် အလင်းတို့က နေရာတစ်ခွင်လုံးကို လင်းလက်နေစေပေသည်။

သူတို့က ရီဖူရှင်းကို စူးရှသော အကြည့်တို့ဖြင့် ကြည့်နေပေသည်။ သူတို့သည် တိုက်ပွဲကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသည်။ ထိုသည်မှာ တူညီသည့် အဆင့်ကြားမှ လူများ၏ တိုက်ပွဲဖြစ်နေသည့်အတွက် သူတို့ မင်းသားကို ကူညီပြီး ဝင်စွက်ဖက်ရန် သင့်တော်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဤတိုက်ပွဲက ကိုက်ရှီအတွက် လေ့ကျင့်မှုတစ်မျိုးလည်း ဖြစ်နိုင်ပေသည်။

ကံမကောင်းစွာနှင့် အဆုံး၌ သူက ရှုံးနိမ့်ခဲ့ရသည်။

သို့သော် သူနှင့် တိုက်ခိုက်ခဲ့သည်သူက အမှန်တကယ် အားကောင်းလှသည်။

သူက များပြားလှသော စွမ်းရည်တို့ကို ပိုင်ဆိုင်ထားပြီး သူသည် ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆင်တို့၏ အစွမ်းထက်နည်းစနစ်ကိုလည်း အသုံးပြုနိုင်ကာ သူက ကောင်းကင်နတ်တံခါးမှ ထူးခြားလမ်းစဥ်ကိုပင် ပိုင်ဆိုင်ထားသေးသည်။ ထပ်ပြောရလျှင် သူက အရှင်ထိုက်ရွှမ်၏ လျှပ်တပြက်နတ်ဓားအပြင် နတ်ဘုရားနန်းတော်မှ အစွမ်းထက်နည်းစနစ်ကိုပါ ပိုင်ဆိုင်ရရှိခဲ့ပေသည်။ သူက ထိုအရာအားလုံးကို ကျွမ်းကျင်ပြီး သူ့ခန္ဓာမှ ပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်ကည အော်မြည်နေသည်။ သူသည် မဟာလမ်းစဥ် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပေသည်။

သူ၏ နတ်ဝိညာဥ်က အလွန် ထူးခြားသာလွန်လှသည်။

သူ့ခန္ဓာကိုယ်မှ သူ့ ဝိညာဥ်ထိဖြစ်စေ သူ့တိုက်ခိုက်မှုနှင့် ကာကွယ်မှုဖြစ်စေ အားနည်းချက် တစ်ခုတစ်လေမျှပင် ရှိမနေချေ။ သူက ပြီးပြည့်စုံလုနီးပါးပင် ဖြစ်နေပြီ ဖြစ်၏။ ထို့ကြောင့် ရွှေရောင်နတ်ပြည်ထောင်မှ ပါရမီရှင် မင်းသား ကိုက်ရှီက သူ့ကို ရှုံးနိမ့်ခဲ့ရပေသည်။

ဤလူက သေဆုံးခြင်းနှင့်သာ မတွေ့ခဲ့ရပါက သူသည် အနာဂတ်၌ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူ ယနေ့ ပြသခဲ့သော ပါရမီနှင့် ခွန်အားသည် သူက ကျိန်းသေ ရန်ဟောင်ဖြစ်လာနိုင်သည်ဟု သက်သေပြုလိမ့်မည် မဟုတ်ဘဲ အချိန်ကသာလျှင် ပြောပြပေးသွားမည် ဖြစ်သည်။ ထိုအဆင့်က ဖြတ်သန်းရောက်ရှိရန် ခက်ခဲသော်လည်း အမှန်တကယ် ကြီးမြတ်သော ပုဂ္ဂိုလ်များကို ထိုအဆင့်က တားဆီးထားနိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက စိတ်ပျက်ညစ်ညူးသော မျက်နှာနှင့် သူတို့အား ပြန်ကြည့်လိုက်သည်။ ရန်ဟောင်အဆင့် တန်ခိုးရှင်များ ထပ်ရှိနေသေးသည်လား။

သူ မူလတွေ့မြင်ခဲ့သည့် ထိုထိပ်သီးပုဂ္ဂိလ်များက လင်ရှောင်းမြို့တွင် နေရစ်ခဲ့ကာ နတ်ဘုရားနန်းတော် ခရီးစဥ် ပြီးဆုံးသည်အား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပုံရသည်။

ရှီလင်နတ်မြို့တော်က ရွှေရောင်နတ်ပြည်ထောင်ကဲ့သို့ပင် ဖြစ်သည်။

ရွှေရောင် ကျောက်တိုင်များက သူ့ကို ထိုနေရာအတွင်း ပိတ်ဆို့ထားကာ သူ့အား ရွှေရောင်လှောင်ချိုင့်ကြီးအတွင်း ထည့်ပိတ်ထားသကဲ့သို့ ဖြစ်လေသည်။ သူက ထွက်မသွားနိုင်ပေ။ သူ၏ မျက်နှာက ရှုံ့မဲ့​နေကာ စူးစူးဝါးဝါးကြည့်လိုက်သည်။ သူက ရှေ့သို့ တစ်ဟုန်ထိုး သွားကာ သူ ကိုင်ထားသည့် လှံရှည်ကို ရှေ့သို့ ထိုးသွင်းလိုက်ပြီး ရွှေရောင်ကျောက်တိုင်တို့ကို ရိုက်ခတ်ကာ ၎င်းတို့်အား ကွဲကြေသွားစေသည်။ သူက ရှေ့သို့ ဆက်ကာ တစ်ဟုန်ထိုး သွားခဲ့လေသည်။

သူက ရန်ဟောင်အဆင့် တန်ခိုးရှင်များ ဖန်တီးထားသည့် အချုပ်အနှောင်အား ချိုးဖျက်ခဲ့ပေသည်။

လူတိုင်းသည် လေထဲမှ မြင်ကွင်းကို စောင့်ကြည့်​နေခဲ့ကြသည်။ ထိုသူက အမှန်တကယ် အားကောင်းလှ၏။ သူ့ကို ပြိုင်ဘက်ကင်း လူစွမ်းကောင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ သူက ဤတိုက်ပွဲအတွင်း၌ တန်ခိုးရှင်များစွာကို သူတစ်ယောက်တည်းနှင့် အနိုင်ပိုင်းနိုင်ခဲ့သည်။ မည်သူကမှ သူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ကိုက်ရှီနှင့် လော့ယို့မင်ပင်လျှင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပေသည်။

သို့သော် သူက ရန်ဟောင်အဆင့် တန်ခိုးရှင်များကို တိုက်ခိုက်နိုင်ခြင်းမရှိပေ။

သူတို့ထဲမှ တစ်ယောက်က သူ၏ လှံရှည်ကို ကြည့်လိုက်ပြီးနောက် ရှေ့သို့ တိုးလာကာ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ် ရွှေရောင်နတ်ဘီးတစ်ခုက သူ့လက်ထဲတွင် ပေါ်ပေါက်လာသည်။

လျှပ်တပြက်အတွင်း များပြားလှသော နတ်အလင်းများက ထိုနတ်ဘီးမှ ပြင်းထန်စွာ ထွက်ပေါ်လာပြီး သံကွင်းဆက်ကြိုးများကဲ့သို့ ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ထိုအချင်းအရာကို မြင်သည့်အခါရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။

ရွှေရောင်သံကွင်းဆက်ကြိုးများက နေရာအနှံ့တွင် ပေါ်ပေါက်လာကာ နေရာတစ်ခုလုံးသည် နတ်ဘီးများ၏ အလင်းဖြင့် လင်းလက်သွားကြသည်။ နေရာအတွင်းရှိ စွမ်းအားများ အားလုံးကို အသုံးပြုပြီး အတွေးတစ်ချက်နှင့်ပင် ချုပ်နှောင်ခြင်းလှောင်အိမ်တစ်ခုကို ဖန်တီးလေသည်။

ထိုသည်က ရန်ဟောင်အဆင့် တန်ခိုးရှင်၏ စွမ်းအား ဖြစ်သည်။

သူက နေနှင့်လကဲ့သို့ တောက်ပနေသော နတ်ဘီးကို ရှေ့သို့ ထိုးထွက်သွားစေသည်။

ထိခတ်မိသည့်အသံ ထွက်ပေါ်လာပြီး အဆုံးမဲ့ သံကွင်းဆက်ကြိုးများက ကောင်းကင်မှ ကျဆင်းလာသည်။ ရီဖူရှင်းသည် လေထဲတွင် ဖြတ်ကာ စိတ်ချရသည့်ဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ နတ်ဆင်များက သူ့အနီးတွင် ဝန်းရံနေပြီး လေကို ဖြတ်ကာ ခြေဆောင့်နင်းလိုက်ကြသော်လည်း သံကွင်းဆက်ကြိုးများက နတ်ဘုရားလက်နက်ကဲ့သို့ပင် အားလုံးသော ခုခံကာကွယ်မှုတို့အား လျစ်လျူရှုခဲ့သည်။

ဘန်း…

ရွှေရောင် သံကွင်းဆက်ကြိုးက သူ့ကို ဆန့်ကျင်ကာ တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်းက မဟာလမ်းစဥ်စွမ်းအားများ ပြိုကျပျက်စီးသွားသည်ကို ခံစားမိလေသည်။ သူက ညည်းတွားလိုက်ရကာ သူ၏  ပါးစပ်ထောင့်မှ သွေးစတို့ စီးကျလာ၏။

ထို့နောက် အဆုံးမဲ့ သံကွင်းဆက်ကြိုးများက သူ့ကို ရစ်ပတ်လာပြီး နောက်ထပ် သံကွင်းဆက်ကြိုးတစ်ချောင်းက သူ၏ လက်မှ လှံရှည်ကို  ဆွဲယူခဲ့သည်။ သူက လှံရှည်ကို အားကုန်သုံး၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း သံကွင်းဆက်ကြိုးများက သူ၏ လက်ကို ရိုက်နှက်တိုက်ခိုက်လိုက်ကာ လှံရှည်အား သူ့ထံမှ ဆွဲယူသွားခဲ့ပြီး သူ့ ရန်သူလက်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်က များပြားလှသည့် သံကွင်းဆက်ကြိုးများနှင့် ရစ်ပတ်ခံထားရကာ လေထဲတွင် ချိတ်ဆွဲခံထားရသကဲ့သို့ ဖြစ်နေပေသည်။  သူက ရန်ဟောင်အဆင့် တန်ခိုးရှင်၏ မဟာလမ်းစဥ် နတ်ဘီး စွမ်းအားကို မည်သို့ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်နည်း။

ရန်ဟောင်တန်ခိုးရှင်က ရီဖူရှင်းကို ရစ်ပတ်ထားသည့် သံကွင်းဆက်ကြိုးအား သူ့ထံသို့ ရောက်လာစေရန် ဖြေးညင်းစွာ စတင် ဆွဲယူလိုက်သည်။ သူက သူ၏ ရန်သူအား အေးစက်သည့် အမူအရာနှင့် ကြည့်လိုက်၏။

“ရွှေရောင်နတ်ပြည်ထောင်က ရန်ဟောင်တွေက အရမ်း ရက်စက်တာပဲလား” ဝမ်ရှိုးရီက ရှေ့သို့ လျှောက်လာခဲ့သည်။ သူသာလျှင် မဟုတ်ဘဲ ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်များနှင့် ရာရာသည်လည်း ထို့အတူပင် ဖြစ်၏။  သူတို့အားလုံး၏ မျက်နှာထက်တွင် မည်းမှောင်သော အကြည့်တို့ ရှိနေခဲ့သည်။ ဤအဖြစ်က လွန်လွန်းနေပြီ ဖြစ်၏။

နောက်ဆုံး တိုက်ပွဲ၌ လူတိုင်းသည် ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်မှာ ကိုက်ရှီက ရီဖူရှင်း၏ လမ်းစဥ်သစ်သီးများကို လုယူရန် တိုက်ခိုက်ခဲ့ပြီး ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည့် တိုက်ခိုက်မှုကိုပင် ဝေတွေခြင်းမရှိ ထုတ်သုံးခဲ့သည်။ ရီဖူရှင်းက သူ့ကိုယ်သူ ကာကွယ်ခဲ့ခြင်း ဖြစ်ပြီး သူ အနိုင်ရသွားသည့်အခါ၌ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်များက ဝင်ရောက်စွက်ဖက်လာသည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က သူတို့ကို ဝေ့​ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲမှ စူးရှသည့် အလင်းတန်းက ထိုးထွက်လာခဲ့၏ သူက မည်သည့်စကားမှ မဆိုဘဲ ရီဖူရှင်းကို သူ့ထံသို့ ဆက်လက်ဆွဲခေါ်သွားခဲ့သည်။ သူတို့အောက်မှ ကိုက်ရှီသည်လည်း ပေါ်ထွက်လာခဲ့သည်။ သူက ဆိုးဝါးစွာ ဒဏ်ရာရရှိထားခဲ့ပြီး သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်။ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်သည်။

သူက လေထဲသို့ တဖြည်းဖြည်း တက်လာခဲ့၏။ ရန်ဟောင်က ရွှေရောင်နတ်လှံအား သူ့ထံ ပစ်ပေးလိုက်ပြီး သူက ထိုလှံကို လှမ်းဖမ်းလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်မှ တောက်ပသည့် အလင်းတို့ ဖြာကျလာသည်။ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က သူ၏ လက်ကို မြှောက်လိုက်ပြီး ကြီးမားသည့် ရွှေရောင်လက်ဝါးကြီးတစ်ခုကို အလင်းရောင် ကျဆင်းလာရာ လေထဲသို့ ပစ်လွှတ်လိုက်သည်။

ဘန်း...

လက်ဝါးရိပ်က ချက်ချင်း ပျက်စီးသွားပြီး နောက်ထပ် အော်မြည်သံတို့ ထွက်ပေါ်လာသည်။ လူတိုင်းသည် အထက်သို့ တက်လာနေသည့် ကိုက်ရှီက သူရှိနေရာမှ ပျောက်ကွယ်သွားသည်အား မြင်လိုက်ကြရ၏။

ဘုန်း...

ကျယ်လောင်သည့် အသံက လူတိုင်း၏ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ သူတို့က မော့ကြည့်လိုက်သော်လည်း သူတို့အောက်မှ မြေပြင်က ကွဲအက်လာကာ နေရာအနှံ့တွင် အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ကိုက်ရှီသည် မြေပြင်သို့ တစ်ဖန် ပြန်လည် ပစ်ကျလာခဲ့သည်။

ဤတစ်ကြိမ်က အဆိုးဆုံး ဖြစ်သည်။ သူက မြေပေါ်သို့ ခြေထောက်နှင့် တက်နင်းခံရကာ ပြုတ်ကျလာခဲ့သည်။

ထို့ပြင် ရွှေရောင်နတ်လှံဟု ခေါ်သော ရန်ဟောင်အဆင့် လက်နက်သည်လည်း သူ့လက်ထဲ၌ မရှိတော့ပေ။ ၎င်းက သူနှင့် အဝေးကြီးသို့ ဆွဲယူခံရကာ လွင့်ပျံသွားခဲ့၏။ ထိုသို့ လုယူခဲ့သူမှာ သူ့ကို မြေပေါ်သို့ ပြုတ်ကျစေရန် တက်နင်းခဲ့သူ ဖြစ်သည်။

“ဒါက...” လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ တစ်ယောက်ယောက် ရောက်လာသည်လား။

ထို့ပြင် သူတို့က ကိုက်ရှီကို ခြေထောက်အောက်၌ နင်းချေရန် ကြိုးစားခဲ့သည်။

ကိုက်ရှီက မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ သူက ရွှေရောင်နတ်ပြည်ထောင်၏ အရည်အချင်း အရှိဆုံး လူငယ် တန်ခိုးရှင်တစ်ဦး ဖြစ်ကာ ပြည်ထောင်မှ လူအားလုံးက မျှော်လင့်ချက်များကို သူ့အပေါ် ပုံအောထားလေသည်။ သူက သူတို့၏ အနာဂတ် အုပ်ချုပ်သူပင် ​ဖြစ်နိုင်သည်။

သူ ရှုံးနိမ့်သွားသည်က လက်ခံ၍ ရသော်လည်း မြေပေါ်သို့ တက်နင်းခံရခြင်းက အလွန် စော်ကားခံရခြင်းပင် ဖြစ်သည်။

မည်သူက ထိုမျှထိ သာမန်လုပ်ရပ်တစ်ခုလို ပြုမူနိုင်သနည်း။ ထိုသည်က ရူးသွပ်ခြင်းပင် ဖြစ်သည်။ သူတို့က ရွှေရောက်နတ်ပြည်ထောင်ကို ဆန့်ကျင်ရမည်အား မကြောက်ရွံ့သည်လား။

လူတိုင်းက ထိုနေရာသို့​ကြည့်လိုက်ကြသည်။ သူတို့သည် သွယ်လျသည့် ခြေတံတစ်စုံက ကိုက်ရှီအား တက်နင်းထားသည်ကို မြင်လိုက်ကြပြီး ထိုခြေထောက်လေးများက အရိုးပင်မရှိဟု ထင်မှတ်ရအောင် ပျော့ပြောင်းပေသည်။ ထိုသည်မှာ အမျိုးသမီးတစ်ယောက် ဖြစ်၏။

သူမ၏ ခြေထောက်များက သွယ်လျကာ အားနည်းပုံပေါ်သော်လည်း သူမသည် ကိုက်ရှီကိုပင် တက်နင်းနိုင်သည်အထိ အားအင်ပြင်းထန်လှသည်။

သူမက အလွန် လှပပြီး မီးလျှံကဲ့သို့ ရဲရဲနီနေသော ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမတွင် သူရဲကောင်းဆန်ဆန် ရဲစွမ်းသတ္တိရှိသည့် အရှိန်အဝါတို့ လွှမ်းမိုးနေသည်။ သူမက ထိုနေရာတွင် မားမားမတ်မတ်ရပ်နေကာ သူမ၏ အသွင်အပြင်က လှပလွန်းရုံမျှမက မြင့်မြတ်၍ တော်ဝင်ဆန်သည့် အရှိန်အဝါလည်း ရှိသည်။ ထိုသည်မှာ ရန်ဟောင်တစ်ပါး၏ အရှိန်အဝါပင် ဖြစ်၏။ ထိုမြင့်မြတ်တော်ဝင်ဆန်သော အရှိန်အဝါတို့ အလယ်တွင် ပျင်းရိနေသော အရိပ်အငွေ့တို့ ရှိနေပေသည်။ သူမ၏ မီးလျှံကဲ့သို့ နှုတ်ခမ်းသားနီနီတို့ထက်တွင် အေးစက်သည့် အပြုံးတစ်ပွင့် ရှိနေခဲ့သည်။

သူမက မည်သူနည်း။

ကိုက်ရှီက ထိုအမျိုးသမီးကို မော့ကြည့်လိုက်သည်။ သူက အမျိုးသမီးတစ်ဦးထံမှ ထိုသို့ တက်နင်းခံခဲ့ရသည့်အတွက် အလွန် ရှက်ရွံ့နေခဲ့သည်။ သူမက သူ့အား တမင်သက်သက် စော်ကားခြင်း ဖြစ်လေသည်။

သူ့ထံမှ ရွှေရောင်အလင်းတို့ ပေါက်ကွဲထွက်လာသော်လည်း သူက လွတ်လပ်စွာ ထုတ်ဖော်နိုင်ခြင်း မရှိပေ။ သူက သူ့အား တက်နင်းထားသည့် အမျိုးသမီးကို ကြည့်လိုက်ပြီးနောက် သူမကို မှတ်မိသွားခဲ့သည်။ သူသည် သူမအား ထိုက်ရွှမ်တောင်၌ မြင်တွေ့ဖူးခဲ့သည်။

“တော်တော်ကောင်းတဲ့ လှံပဲ” သူမက ရွှေရောင်နတ်လှံကို ခပ်ဆဆကိုင်ကြည့်ရင်း ပြောလိုက်သည်။ ၎င်းမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ တောက်ပလာ၏။ သူမသည် ထိုလှံကို မြှောက်ကာ ကိုက်ရှီထံသို့ ချိန်ရွယ်လိုက်ပြီး သူ၏ မျက်နှာကို ဖြူဖျော့သွားစေသည်။

“မင်း လုပ်ရဲလား” ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်၏ မျက်နှာ အမူအရာက အရုပ်ဆိုးသွားကာ ထိုအမျိုးသမီးအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူမက ကိုက်ရှီအား ဆိုးဝါးစွာ စော်ကားနှိပ်စက်ခဲ့သည်။ ကိုက်ရှီက ရွှေရောင်နတ်ပြည်ထောင်၏ အားအကောင်းဆုံး လူငယ်တန်ခိုးရှင် ဖြစ်၏။

“ငါ ဘယ်လိုလုပ်ရဲလဲ” အမျိုးသမီးက အေးစက်စွာ ပြုံးလိုက်သည်။ လှံရှည်က ကိုက်ရှီ၏ မျက်ခုံးကြားသို့ ထိုးဖောက်ရန် ကျဆင်းလာခဲ့၏။ ကြည့်ရသည်မှာ သူမသည် အနည်းငယ်မျှပင် ဖိအားမဖြစ်ဘဲ ကိုက်ရှီ၏ ခေါင်းကို ထိုးဖောက်ပစ်နိုင်ပုံရလေသည်။

“ဒါက တော်တော်ကောင်းတဲ့ နတ်လက်နက်ပဲ” သူမက ရယ်မောလိုက်သော်လည်း သူမ၏ အသံတွင် သတ်ဖြတ်လိုသည့် စိတ်တို့ ပြည့်နေခဲ့သည်။

ထိုအချိန်တွင် ကိုက်ရှီသည် တစ်လက်မမျှပင် မလှုပ်ရှားရဲခဲ့ပေ။ သူ၏ မျက်နှာက လူသေကဲ့သို့ ဖြူဆုတ်နေခဲ့သည်။

သူ၏ အသက်က အလွန် အန္တရာယ်များနေခဲ့၏။

သူသည် ရွှေရောင်နတ်ပြည်ထောင်၌ ရှိစဥ်က ဤအမျိုးသမီးနှင့် ပတ်သတ်ကာ ကြားဖူးခဲ့သည်။ သူမက အရူးတကာ့ အရူးဆုံး လူမျိုးပင် ဖြစ်သည်။ သူမက မလုပ်ရဲသည့်အရာ မည်သည့်အရာမှ မရှိပေ။

“မင်း ဘာလုပ်နေတာလဲ” ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်အဆင့် တန်ခိုးရှင်၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။

“ငါ ဘာလုပ်နေတာလဲ” အမျိုးသမီးက သရော်တော်တော် အမူအရာနှင့် သူ့ကို ကြည့်လိုက်သည်။ “ရှင် ဘာလုပ်နေတာလဲလို့ ကျွန်မက မေးသင့်တာ မဟုတ်ဘူးလား။ ရှင့်အမြင်မှာ ထိုက်ရွှမ်တောင်က မတည်ရှိတာလား ဒါမှမဟုတ် ရွှေရောင်နတ်ပြည်ထောင်က စိတ်ဆန္ဒရှိသလို လုပ်ချင်တိုင်း လုပ်လို့ရလောက်အောင် ပြိုင်ဘက်ကင်းတယ်လို့ ရှင်ထင်နေတာလား။”

“စတုတ္တသခင်မလေး” ဝမ်ရှိုးရီနှင့် ထိုက်ရွှမ်တောင်မှ အခြားသူများက ခေါ်လိုက်ကြသည်။ သူတို့၏ ယခင်က စိုးရိမ်ပူပန်နေမှုက သက်သာရာ ရသွားခဲ့သည်။ ယခု စတုတ္ထသခင်မလေးက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ရီဖူရှင်းထံ၌ ဆိုးဆိုးဝါးဝါး မည်သည်မှ ဖြစ်လိမ့်တော့မည် မဟုတ်ပေ။

ယနေ့တွင် ရွှေရောင်နတ်ပြည်ထောင်၏ အပြုအမူများက တရားလွန်သွားခဲ့သည့်အတွက် စတုတ္ထသခင်မလေးက ဒေါသထွက်ကာ သူမကိုယ်တိုင် လှုပ်ရှားလာခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိပေ။ သူမက ကိုက်ရှီကို လေထဲမှ ရိုက်ချပစ်ခဲ့သည်။

သူမသည် အရှင်ထိုက်ရွှမ်၏ လေးယောက်မြောက် တပည့် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင် ဖြစ်ပေသည်။

သူမသည် ရီဖူရှင်းကို ထိုက်ရွှမ်တောင်သို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်၏။

ရီဖူရှင်းသည် မလှုပ်ရှားနိုင်အောင် ဖမ်းချုပ်ခံထားရသော်လည်း သူသည် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သည့် စတုတ္တသခင်မလေးအား မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနှင့် ကြည့်နေခဲ့ပေသည်။ ဤလှပသောဧကရီတွင် အမှန်တကယ်ပင် ထိုမျှ ရက်စက်သည့်ဘက်အခြမ်း ရှိနေခဲ့သည်လား။

သူမ၏ ခြေတံများသည် သူမ၏ တခြားအစိတ်အပိုင်းများထက် ပို၍ လှပလွန်းလှသည်။

ရီဖူရှင်း သတိပြုလိုက်မိသည်မှာ သူမသည် သူ ပထမဆုံး တွေးမြင်ခဲ့သည်ထက် ပို၍ လှပသည်ကိုပင် ဖြစ်သည်။

“ဓားစာခံတွေကို နှစ်ယောက်လုံး ပြိုင်တူလွှတ်ကြတာပေါ့” ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်အား ပြောလိုက်သည်။

ထိုက်ရွှမ်အိမ်တော်သခင်က လှောင်ပြုံး ပြုံးလိုက်ရင်း ပြောသည်။ “ဒါဆို သူ့ကို လွှတ်လိုက်”

သူမ၏ ပြိုင်ဘက်က မျက်မှောင်ကြုတ်ကာ သူမအား စိုက်ကြည့်လိုက်သည်။ “ကောင်းပြီလေ။ ကျုပ် တစ်ပြိုင်တည်း လွှတ်ပေးကြမယ်”

“ရှင်က အပေးအယူလုပ်ဖို့ ကြိုးစားနေတာလား” ထိုက်ရွှမ်အိမ်တော်သခင်က လှံကို အောက်သို့ ထိုးစိုက်လိုက်ကာ ကိုက်ရှီ၏ နဖူးကြွက်သားတို့အား ဖောက်ဝင်စေ၍ သူ့မျက်နှာပေါ်သို့ သွေးစီးကြောင်းများ ကျဆင်းလာစေသည်။ ကိုက်ရှီ၏ မျက်နှာက ပို၍ပင် ဖြူဖျော့လာသော်လည်း သူ၏ မျက်လုံးများကို ဖွင့်ဟထားကာ ထိုအမျိုးသမီးအား စိုက်ကြည့်​နေခဲ့သည်။

သံကွင်းဆက်ကြိုးများ ထိခတ်သံထွက်ပေါ်လာပြီး ရီဖူရှင်းကို ပို၍ တင်းကြပ်စွာ ရစ်ပတ်လာကာ အရိုးများ​ကျိုးကြေသွားလောက်အောင် ဖိအားပေးလာခဲ့ကာ နာကျင်မှုကြောင့် သူ့ထံမှ ညည်းညူသံပင် ထွက်ပေါ်လာခဲ့သည်။

“ကြည့်ရတာ ကိုက်ရှီက ရွှေရောင်နတ်ပြည်ထောင်အတွက် အရေးမကြီးဘူးထင်တယ်။ သူ့ရဲ့ သေရေးရှင်ရေးကို ဘယ်သူမှတောင် ဂရုမစိုက်ကြဘူးလေ” နတ်လှံက တဖြည်းဖြည်းချင်း ဆက်လက် ကျဆင်းလာသည်။ ကြည့်ရသည်မှာ မကြာခင်၌ သူ၏ ခေါင်းအလယ်သို့ စိုက်ဝင်ထိုးဖောက်တော့မလိုပင် ဖြစ်သည်။

“ရပ်တော့” ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ “မင်းက သူ့အသက်ကို ဂရုမစိုက်ဘူးလား”

“သူက ထိုက်ရွှမ်တောင်ရဲ့ ဂီတပညာရှင်လေးတစ်ယောက်ပဲ။ ရှင်တောင်မှ ကိုက်ရှီရဲ့ အသက်ကို ဂရုမစိုက်သေးရင် ကျွန်မက ဘာလို့ သူ့အသက်ကို ဂရုစိုက်ရမှာလဲ” ထိုက်ရွှမ်အိမ်တော်သခင်က ပြောလိုက်သည်။ ရီဖူရှင်း၏ မျက်နှာက မည်းမှောင်သွား၏။ သူမက အကြင်နာတရား ကင်းမဲ့လှသည်။

“ဒီလို အရည်အချင်းရှိတဲ့ ဂီတပညာရှင်လေးတဲ့လား” သူမ၏ ပြိုင်ဘက်က အေးစက်စွာ ပြောလိုက်သည်။ “သူက အရှင်ထိုက်ရွှမ်ရဲ့ တိုက်ရိုက်တပည့် မဟုတ်ဘူးလား”

“ရှင်ယုံတာ မယုံတာ ကိစ္စမရှိဘူး” ထိုက်ရွှမ်အိမ်တော်သခင်က ပြောလိုက်သည်။ “ကျွန်မ  သုံးအထိ ရေမယ်။ တကယ်လို့ အဲဒီ သံကြိုးတွေကို မဖယ်ပေးဘူးဆိုရင် ရွှေရောင်နတ်ပြည်ထောင်ရဲ့ အရည်အချင်းအရှိဆုံး တန်ခိုးရှင်လေးက ဒီနေ့ ဒီနေရာမှာ သေပွဲဝင်ရလိမ့်မယ်”

“တစ်”

“နှစ်”

သူမက ပြိုင်ဘက်၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ချက်ချင်း စတင် ရေတွက်တော့သည်။ သံကြိုးချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ကိုယ်ပေါ်မှ ချည်နှောင်ခံထားရမှုက ရုတ်တရက် ပြေလျော့သွားခဲ့၏။

လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ထိုက်ရွှမ်အိမ်တော်သခင်က ရီဖူရှင်းအတွက် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သော်လည်း သူမသည် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က သူတို့ မင်းသား၏ အသက်ကို အလောင်းအစားမလုပ်ရဲဟု ခန့်မှန်းခဲ့ပြီး ဖြစ်သည်ဟု လူတိုင်းက သိရှိသွားကြသည်။

အရှင်ထိုက်ရွှမ်၏ စတုတ္ထမြောက် တပည့်က ကိုင်တွယ်ရ အလွန် ခက်ခဲလှပေသည်။

***

All Chapters