အနိုင်ပွဲ
Vol. 53 Ch. 875
မိမိ၏ ကျွန်းတိုင်းပြည်က တဖြည်းဖြည်း ဖိနှိပ်ခံနေ ရသည်ကို မြင်သောအခါ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက လက်မခံနိုင်စွာဖြင့် အော်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှုံးနိမ့်မှာ မဟုတ်ဘူး။”
လာလာရီယာ၏ မျက်လုံးများက သွေးရောင် အငွေ့အသက် လက်ခနဲ ဖြစ်သွားပြီး လိုလီမှ မိန်းကလေးငယ် အဖြစ်သို့ အသွင်ပြောင်းလိုက်ကာ ထိန်းမရသိမ်းမရ အငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။
ပါရမီစွမ်းအား [ ထိန်းမရသိမ်းမရ ] ပင်။
ထိုအခြေအနေ၌ တိုက်ခိုက်မှု နှင့် ခုခံမှုတို့က နှစ်ဆ တိုးသွားမည် ဖြစ်သော်လည်း အာနိသင် ကုန်ပြီးနောက် သူက တန်ပြန်ဒဏ်ကို ခံစားရမည်ဖြစ်ကာ အချိန်အတိုင်းအတာ တစ်ခုအထိ အားနည်းသွားပေလိမ့်မည်။
ကျွန်းတိုင်းပြည် မြင်ကွင်းများ ကွယ်ပျောက်သွားခြင်းမှာ [ကြယ်နီတိုင်းပြည်]၏ ဖိနှိပ်မှုကြောင့်သာ မကဘဲ လာလာရီယာက ၎င်းမှ ယုံကြည်မှုစွမ်းအားကို သုံးကုန်၍နီးပါး ဖြစ်နေ၍ပင်။ သူက အသေအချာပင် အစွမ်းကုန် တိုက်ခိုက်ချင်နေသည်။
လာလာရီယာက အနိုင်ရရှိရန် ဘာမဆို ပြုလုပ်ပေမည်။
ချန်လွေ့က အလွန်အမင်း အန္တရာယ် နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူက ခြေထောက်ကို တော့လိုက်ရာ ခန္ဓာကိုယ်က ကောင်းကင်ထဲသို့ မြင့်တက်သွားခဲ့သည်။ [ကြယ်နီတိုင်းပြည်]ထဲမှ ကြယ်အလင်းရောင် လင်းလက် သွားခဲ့ပြီး သူ၏ စွမ်းအားကို အလျင်အမြန် စုစည်း နေလိုက်သည်။
[ ထရန်နိုဆောရပ်စ်အမျက် ]
မိန်းကလေး လာလာရီယာ၏ ဒေါသထဲ၌ မီတာ ရာနှင့်ချီခန့် ရှည်လျားသော ဧရာမ ထရန်နိုဆောရပ်စ် နိမိတ်ပုံရိပ်တစ်ခုက မြင်ကွင်းထဲ ပေါ်ထွက်လာခဲ့သည်။ ၎င်းက ဟိန်းသံက တိုင်းပြည်တစ်ခုလုံးကိုပင် လှုပ်ခါသွားစေပြီး ချန်လွေ့ထံ ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ပျံသန်းလာလေသည်။ တီရန်နိုဆောက တောင်ပံကို ဖြန့်လိုက်ရာ အနီးအနားရှိ နေရာလွတ်များက စုတ်ပြဲသော လက္ခဏာများ ပြသလာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအား အတိုင်းအဆကို ပြသနေ၏။
ချန်လွေ့က သိပ်ပြီး သက်ရောက် မခံရပေ။ သူရှိနေသော ကြယ်နီကောင်းကင်က ပျက်စီးခြင်း ဥပဒေသ ရှိသော ပြင်းထန်ကာ အားကောင်းသည့် အငွေ့အသက်ဖြင့် ပြည့်နှက်နေကာ သွေးပင်လယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသွေးပင်လယ်က ရာနှင့်ချီသော ရှည်လာပြီး တွန့်လိမ် နေကြသည့် မီးသင့်နဂါးများနှင့် ဖွဲ့စည်းထားပြီး ထရန်နိုဆောရပ်စ်ထံ ဟိန်းဟောက်နေကြလေသည်။
၎င်းတို့နှစ်ခု ဝင်တိုက်သွားသောအခါ ကောင်းကင်ပေါ်တွင် အလွန်ကြီးမားသော မှိုပုံစံ တိမ်တိုက်ကြီးတစ်ခု ပေါ်ထွက် လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ လှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။ [မီးသင့်နဂါးဟိန်းသံ] ပေါ်ထွက်လာသည်မှာ ပထမဆုံး မဟုတ်ပေ။ ရိုင်ဇန်က ၎င်းကို မှော်ဆရာခံတပ်၌ တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ထိုတူညီသော အကွက်သာ ဖြစ်သော်လည်း စွမ်းအားကတော့ အတူတူ မဟုတ်တော့ပေ။ ယခုတွင် မီးသင့်နဂါးတစ်ကောင်ကပင် ရိုင်ဇန်ကို အလွယ်တကူ ချေမှုန်းနေနိုင်လေပြီ။
၎င်းတို့နှင့် ဝင်တိုက်သွားသော အခိုက်အတန့်၌ အဝေးမှ ကြည့်နေကြသူများက ပြင်းထန်သော တုန်ခါမှုများကို အမြင်တွင်သာမက ဝိညာဉ်ထဲ၌သာ ခံစားလိုက်ရသည်။ ထိုအရာက ထရန်နိုဆောရပ်စ်နှင့် မီးသင့်နဂါးတို့၏ ဒေါသဟိန်းသံများ ပြည့်နှက်နေလေသည်။ သူတို့က အခြားအသံများ အားလုံးကို မကြားနိုင်ကြပေ။ ထိုစွမ်းအားပုံစံက အသက် အမှန်တကယ် ရှိနေပုံရသည်။
ပြင်းထန်သော တိုက်ပွဲက မကြာရှည်ခဲ့ပေ။ ဧရာမ ထရန်နိုဆောရပ်စ်က သောင်းကြမ်းပြီး မီးသင့်နဂါး အများအပြားကို ဆွဲဖြဲခဲ့ သော်လည်း တူညီစွာ သောင်းကြမ်းပြီး အံ့သြဖွယ်ရာ အရေအတွက်ရှိသော မီးသင့်နဂါးများကို ရင်ဆိုင်ရသည့်အခါ ရဲရင့်မှုကို မထိန်းသိမ်းနိုင်ခဲ့ပေ။ ဝိုင်းရံခံရသော နိမိတ်ပုံရိပ်က တဖြည်းဖြည် မှိန်ကျလာပြီး အဟုန်ကလည်း အလျင်အမြန် အားနည်းလာကာ ခဏအကြာ မီးသင့်နဂါးပင်လယ်၏ အုပ်မိုးခြင်းကို ခံလိုက်ရတော့သည်။
လာလာရီယာ ရှံးသွားတာလား။ ကြည့်နေသူများ ထိုအတွေး ဝင်သွားသည်နှင့် လှိမ့်တက်လာနေသော မီးသင့်နဂါးပင်လယ်က ရုတ်တရက် ရပ်တန့်သွားပြီး အရာအားလုံး ငြိမ်သက်သွားကြောင်းကို သူတို့ မြင်လိုက် ရသည်။ ထိုအရာက ခုက နားကွဲလုမတတ် တုန်ခါမှုနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
“တိတ်ဆိတ်မှု”က စက္ကန့်(၃၀)ခန့် ကြာမြင့်ခဲ့ပြီးနောက် မီးသင့်နဂါးပင်လယ်က ရုတ်တရက် ရောင်ကိုင်းလာခဲ့သည်။ ယခင်နှင့် ၁၀ဆခန့် ပိုမိုအားကောင်းသော ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး ထိုဟိန်းသံအောက်တွင် မီးသင့်နဂါးအားလုံး ပြိုလဲသွားကြတော့သည်။
အဝေးမှ လူတိုင်းအရှေ့မှ အကာအကွယ် စွမ်းအားများ ကွဲကြေသွားကုန်သည်။ ဇိုလာနှင့် ရိုင်ဇန်တို့အပါအဝင် လူတိုင်း အဝေးသို့ လွင့်ထွက်ကုန်ကြသည်။ အားပိုနည်းသော နတ်ဆိုးအရှင်သခင် အချို့နှင့် အစွမ်းထက်ပုဂ္ဂိုလ် အထောက်အပံ့ မရှိသူအချို့က စုတ်ပြတ်သွားပြီး အစအန မကျန် ပျောက်ကွယ်သွားကြလေသည်။
အလယ်တွင် ထရန်နိုဆောရပ်စ်၏ပုံရိပ် ပေါ်ထွက်လာ၏။ ၎င်းက တဖြည်းဖြည်းနှင့် ကြီးလာခဲ့ပြီး မျက်လုံးများက ဒေါသ မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့သည်။ မူလက နက်မှောင်သော ကြေးခွံချပ်ကာကလည်း ကြောက်မက်ဖွယ်ရာ လျှပ်စီးပါရှိသော ငွေအဖြစ် ပြောင်းလဲသွား၏။
ထရန်နိုဆောရပ်စ်က မိးသင့်နဂါးပင်လယ်ကို အနိုင်ယူ ပြီးနောက် လာလာရီယာပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ ကောင်မလေးက ယခုတွင် ဆွဲဆောင်မှုရှိသော အစ်မကြီး ဖြစ်နေလေပြီ။ လိုလီ၏ ယောက်ျားလေး အဝတ်အစားက ရှေ့နောက် ဆန့်ထုတ်နေပြီး မတူညီသော ဆွဲဆောင်မှု တစ်မျိုးကို ပြသနေသော်လည်း နီရဲရဲ သောင်းကြမ်းမှု အလင်းရောင်က မျက်လုံးထဲ လင်းလက်နေလေသည်။
ထိုအရာက လာလာရီယာ၏ စွမ်းအားကြီးမားသော်လည်း အကြာကြီးသုံးမရသော အန္တိမပုံစံ ဖြစ်သည်။ ထိုအခြေအနေ ပြီးနောက် ဘေးထွက်ဆိုးကျိုးများက ပို၍ပင် ကြီးမား၏။ သတိလစ်ခြင်းမှ စိတ်ဝိညာဉ်စွမ်းအား ထိခိုက်နိုင်သည်အထိ ဖြစ်စေနိုင်သည်။ အကယ်၍ သူက ပြိုင်ဘက်ကို မရှင်းပစ် နိုင်ခဲ့လျှင် တိုက်ခိုက်ရေး စွမ်းအားအကုန် ဆုံးရှုံးသွားမည် ဖြစ်ပေသည်။
“မင်းရဲ့ အကြီးမားဆုံး အဆုံးသတ် တိုက်ကွက်ကို ငါ အနိုင်ယူပြီးသွားပြီ။” လာလာရီယာက ခန္ဓာကိုယ်ပေါ်တွင် ငွေလျှပ်စီးများ လက်နေရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။ “ငါ့စိတ်ကို ထိန်းနိုင်နေတုန်း အရှုံးပေးလိုက်။ မဟုတ်လို့...”
လာလာရီယာ စကားမဆုံးသေးခင်မှာပင် စကားလုံးများ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ကောင်းကင်မှ အနီရောင် ကြယ်စင်စုက အထူးစည်းချက်တစ်ခုဖြင့် စတင် လည်ပတ် လာခဲ့သည်။ တောက်ပသော အနီရောင်ပုံရိပ်နောက်တွင် ဧရာမ တောင်ပံနှစ်စုံက ကြယ်ကောင်းကင်တစ်ခုလုံးသို့ ဆန့်တန်းသွားခဲ့သည်။ အဆုံးသတ်က မရေမတွက်နိုင်သော ကြယ်အမှုန်များအဖြစ် ပြောင်းလဲသွားပြီး မြန်နှုန်းမြင့် လှုပ်ရှားမှုကြောင့် ကြယ်စင်စုပုံရိပ်က ချက်ချင်းပင် ဝေဝါး သွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မြင်ကွင်းထဲမှ အရာအားလုံးက မရေမတွက်နိုင်သော ကြယ်နီအမှုန် အမျှင်များ အဖြစ်သို့ ပြောင်းလဲသွားကာ မြန်နှုန်းမြင့် လှုပ်ရှားနေကြပြီး လေထဲ၌ မရေမတွက်နိုင်သော မူမမှန်သည့် မရဏစက်ဝန်းများ ဖြစ်လာစေကာ ဧရာမမုန်တိုင်းကြီး တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
ထိုမုန်တုိင်း၏ အန္တရာယ်က ယခင် [မီးသင့်နဂါးဟိန်းသံ] ထက် များစွာ ပိုမို၍ ကြီးမားကြောင်း လာလာရီယာ သေသေချာချာ ခံစားမိသည်။ သူက ဟိန်းဟောက်လိုက်ပြီး ငွေရောင် ထရန်နိုဆောရပ်စ်အဖြစ် ပြောင်းလဲလိုက်ပြန်ကာ မုန်တိုင်းဆီ ခုန်ဝင်သွားလိုက်တော့သည်။
ထို့နောက်တွင် အရာအားလုံး ဝေဝါးကုန်သည်။ ကြည့်နေသူများက အရာအားလုံးကို မမြင်နိုင်တော့ဘဲ အာရုံခံ အင်္ဂါများအားလုံး အသုံးမဝင်တော့သလို ဖြစ်သွားသည်။ သူတို့က မူးဝေသွားခြင်းကိုသာ ခံစားနေသည်။ အတော် များများက မခံနိုင်ကြတော့ဘဲ သတိလစ်သွားကြ၏။
ကြောက်မက်ဖွယ်ရာ “ဝေဝါးမှု”က နောက်ဆုံး ကွယ်ပျောက်သွားခဲ့ပြီးနောက် သူတို့အရှေ့မှ မြင်ကွင်းမှာ များများစားစား မပြောင်းလဲ သွားခဲ့ပေ။ ခုနက ကြောက်စရာ မုန်တိုင်းမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သလိုမျိုးပင်။
အစ်မကြီး လာလာရီယာက ထိုနေရာတွင်သာ တောင့်တောင့်ကြီး ကြောင်တောင်တောင် ရပ်နေခဲ့သည်။ သူ့မျက်လုံးထဲမှ ထိန်းမရသိမ်းမရ အနီရောင်အလင်း ပျောက်ကွယ်သွားလေပြီ။
ထို့နောက်မှာပင် အက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ကျွန်းတိုင်းပြည်တစ်ခုလုံးက ကွဲထွက်ကာ အလျင်အမြန် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။ ကျွန်းတစ်ခုလုံး တဖြည်းဖြည်း မှိန်လာပြီး နောက်ဆုံး၌ ဝုန်းခနဲ ကွယ်ပျောက် သွားခဲ့သည်။ စစ်မြေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ မြေပြင်က တုန်ခါသွားပြီး တောင်တန်းများကလည်း ယိမ်းထိုးသွားကာ မရေမတွက်နိုင်သော အငွေ့များနှင့် ဖုန်များကလည်း ကောင်းကင်ပေါ် လှိမ့်တက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လာလာရီယာ အပေါ်မှ [ ယုံကြည်မှုချပ်ကာ ] ရုတ်တရက် ကွဲကြေသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအား ပြိုလဲသွား၏။ သူက မတည်မငြိမ်နှင့် ရပ်နေပြီး ပြုတ်ကျတော့မလို ဖြစ်သွားသည်။
သူက မြေပေါ်သို့ မရောက်ခင်မှာပင် တစ်စုံတစ်ယောက်က ညင်သာစွာ ဖမ်းပေးလိုက်၏။
“ခွေးကောင်.....” လာလာရီယာက အနီရောင်ကောင်ကို မုန်းတီးစွာဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးကသာ သေစေ နိုင်သည်ဆိုလျှင် ချန်လွေ့က ယခုတွင် လူသေ ဖြစ်သွားပြီ ဖြစ်သည်။ ဝမ်းနည်းစရာမှာ သူ၏ တိုင်းပြည်က ပြိုလဲသွားပြီး [ထိန်းမရသိမ်းမရ] ပါရမီ၏ ဘေးထွက်ဆိုးကျိုးကလည်း ယခု ဖြစ်နေကာ သူ့တွင် တိုက်ခိုက်ရန် စွမ်းရည် လုံးဝ မရှိတော့ခြင်းပင်။
“မင်းမှာ...ပိုအစွမ်းထက်တဲ့ အကွက် ရှိသေးတာလား။”
ချန်လွေ့က တုံ့ဆိုင်းပြီး ခေါင်းညိတ်လိုက်သည်။ မူလ [ကြယ်အစောင့်အရှောက်တောင်ပံ] နှင့် [ဓူဝံကြယ်မုန်တိုင်း] တို့အပြင် [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] နှင့် ပိုမို၍ အစွမ်းထက်သော ပျက်စီးခြင်း ဥပဒေသကို အဆုံးစွန်အထိ အသုံးပြုသည့် [ အစစ်အမှန် အနီရောင် တိမ်ကောခြင်း ] တို့ ရှိကြလေသည်။ ၎င်းက အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး အင်အားကြီးသော အဆုံးသတ် တိုက်ကွက် ဖြစ်လေသည်။
ထိုအကွက်ကို သုံးလိုက်သည်နှင့် ချန်လွေ့က ပြိုင်ဘက်၏ သေရေး ရှင်းရေးကို မထိန်းချုပ်နိုင်တော့ပေ။ သူက မရသည့် အဆုံး မဟုတ်လျှင် ၎င်းကို အသုံးမပြုချင်ပေ။ အထူးသဖြင့် လာလာရီယာ၊ ထူးဆန်းသော လိုလီ၊ ယခု အစ်မကြီးကို ရင်ဆိုင်ရသည့် အခါ၌ပင်။
လာလာရီယာက ခုနက [ ထိန်းမရသိမ်းမရ ] ကို အသုံးပြု ခဲ့စဉ်က အမှန်တကယ်ပင် စိတ်ထိန်းထားခဲ့သည်။ သူက ချန်လွေ့ကို မသတ်ချင်သော်လည်း အရှုံးပေးရန် ဖိအားပေး ချင်ခဲ့သည်။ လာလာရီယာက အမှန်တကယ် သတ်ချင်စိတ် မရှိကြောင်း ချန်လွေ့ မြင်နိုင်ပေသည်။ သူက ချန်လွေ့ကို အနိုင်လိုချင်စိတ်သာ ရှိနေပြီး တိုက်ခိုက်ရေးစွမ်းအားကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်စေခဲ့သည်။ သို့သော်လည်း ခုနက ချန်လွေ့၏ [ ဓူဝံကြယ်မုန်တိုင်း ] ကလည်း စွမ်းအားအချို့ ထိမ်ချန်ထားခဲ့သည်။ သို့မဟုတ်ပါက လာလာရီယာ မသေသည့်တိုင် ဒဏ်ရာ အပြင်းအထန် ရသွားပေလိမ့်မည်။
“ချီးပဲ။ငါ .... ငါ ရှုံးသွားပြီ။” လာလာရီယာက ချန်လွေ့၏ မျက်နှာကို မမြင်နိုင်သော်လည်း သူ မလိမ်ကြောင်း ခံစားမိ နေသည်။ အမှန်တကယ်၌ ခုနက မုန်တိုင်း၏ စွမ်းအားက အဆုံးသတ်၌ ငြိမ်သွားကြောင်း သူလည်း သတိထားမိသည်။ ယခုတစ်ခေါက် သူက ထိပ်သီးအခြေအနေ၌ ရှုံးနိမ့်သွားခြင်း ဖြစ်ပြီး လွန်ခဲ့သော (၁)နှစ်ကကဲ့သို့ လှည့်ကွက်သုံးခဲ့သော ပြိုင်ပွဲမျိုး မဟုတ်ခဲ့ရာ ငြင်း၍ မရနိုင်တော့ပေ။
လေထဲ၌ အနီရောင် ကြယ်စင်စုက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီး ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်မှ ကြယ် ချပ်ကာကလည်း ပျောက်ကွယ်သွားခဲ့သည်။ [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ကဲ့သို့ မဟုတ်ဘဲ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] ကို အသုံးပြုပြီးနောက်တွင် သူက အိပ်မောကျသွားမည် မဟုတ်ဘဲ စူပါစနစ်က အလိုလို အိပ်စက်သွားမည်ဖြစ်ကာ စနစ်၏ ကြယ်စွမ်းအားနှင့် စွမ်းရည်တို့ကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ထိုအရာက မူလ [ မီးသင့်နဂါးဝင်စီးခြင်း ] ၏ ဘေးထွက်ဆိုးကျိုးနှင့် အနည်းငယ် ဆင်တူပေသည်။
“သိပ်ပြီးတော့ ခံပြင်းစရာ မလိုပါဘူး။ ဒီပြိုင်ပွဲက သာမန် မိတ်ဆွေတွေကြားမှ လေ့ကျင့်မှု တစ်ခုပါပဲ။ ကျုပ်မှာ ခင်ဗျားလို “သာမန်မိတ်ဆွေ”တစ်ယောက် ရတာကို စိတ်မရှိပါဘူး။” အစ်မကြီး လာလာရီယာ၏ ဒေါပွနေသော အမူအရာကို ကြည့်ရင်း ချန်လွေ့က ခေါင်းခါလိုက်သည်။ “ကျုပ် ကတိပေးထားတာ အကျုံးဝင်နေတုန်းပဲ။ ကျုပ်က မိုးကြိုးနိုက်ထရိတ် ကြွယ်ဝတဲ့ လေနဂါးကျွန်းက လွဲပြီးတဲ့ ကျန်တဲ့ဟာတွေအကုန် ပြန်ပေးမှာပါ။ ဇနီးလောင်းဆိုတဲ့ ကတိကတော့ ဆာ-အက်ဂ်လက်စ်ရဲ့ တကယ့် ရည်ရွယ်ချက်ကို ခင်ဗျား သေချာ သိလောက်ပါတယ်။ အဲဒါကြောင့် စိတ်ပူမနေပါနဲ့။”
လာလာရီယာတွင် အသွင်(၃)မျိုး ရှိသော်လည်း ချန်လွေ့က အမြဲပင် သူနှင့် သီးခြားနေနေပြီး ထူးထူးဆန်းဆန်း အတွေးများ မရှိပေ။ ထို့ပြင် လက်ရှိ မောင်းမဆောင် အရွယ်အစား မကျုံ့သွားသည်ကို စိတ်သက်သာရာ ရနေပြီ ဖြစ်သည်။ အကယ်၍ သူက နောက်ထပ် အဖွဲ့ဝင်များကို ထပ်ထည့်လိုက်လျှင် ကောင်းကင်ကြိး ပြိုလဲကျသွား ပေလိမ့်မည်။
ချန်လွေ့က အနိုင်ရပြီးနောက် ထိုကဲ့သို့ ကမ်းလှမ်းချက်မျိုး ပြုလုပ်လိမ့်မည်ဟု လာလာရီယာ မထင်မှတ်ထားခဲ့ပေ။ သူက နားကြားမှားသကဲသို့ပင် ကြက်သေသေသော အမူအရာ ပြသလိုက်၏။ “တကယ်ပဲလား။”
“တကယ်ပေါ့။ ကျုပ်ရဲ့ နှလုံးသားနဲ့ သစ္စာဆိုနိုင်တယ်။”
လာလာရီယာ၏ ပုံရိပ်က တဖြည်းဖြည်း လိုလီအဖြစ် ပြန်ကျုံ့သွားခဲ့ပြီး ပိတ်တော့မည့် မျက်တောင်များကို ထိန်းထားရန် ကြိုးစားနေခဲ့သည်။ ထို့နောက် သူက သတိဖြင့် မေးလိုက်သည်။ “ဒါဆိုရင် မင်း ဘာလိုချင်တာလဲ။ အလကား သက်သက်တော့ မဖြစ်နိုင်ဘူး။”
မယုံကြည်မှု လုံးဝ ပြည့်နေသော နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီ၏ သတိထားနေသည့် မျက်နှာကို ကြည့်ရင်း ချန်လွေ့က ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ကာ ပြုတ်ကျ လုမတတ် ဖြစ်နေသော နှုတ်ခမ်းမွှေးကို ဆွဲချွတ်လိုက်၏။ “ဒါက မဒမ်-လာလာရီယာရဲ့ အရေးအကြီးဆုံးပစ္စည်း ဖြစ်လောက်တယ်။ ကျုပ် ဒါကို အလဲအလှယ် အနေနဲ့ ယူထားလိုက်မယ်။”
လာလာရီယာက ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့် နေခဲ့ပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။ “အခု အဲဒီ အဘိုးကြီးက မင်းကို ဘာလို့ စိတ်ဝင်စားတာလဲဆိုတာ ငါ သိသွားပြီ။ မင်းတို့အားလုံးက ငတုံးတွေ ဖြစ်နေတာကိုး....”
ချန်လွေ့ ခဏလောက် ပြောစရာ မဲ့သွားခဲ့သည်။
“အဘိုးကြီးက မင်းကို စိတ်ဝင်စားတာ သူ့အလုပ်ပဲ။ သူက မင်းကို လက်ထပ်ပွဲကနေတဆင့် နဂါးကျွန်းဆီ ခေါ်သွားရင် ကိစ္စမရှိပါဘူး။” နှုတ်ခမ်းမွှေး မရှိတော့သော ရင်ပြားလိုလီက ထူးထူးဆန်းဆန်း ရယ်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ၏အသံ မြင့်သွားခဲ့သည်။ “မင်းကတော့....ငါလို ဆရာသခင် လာလာရီယာက အဲဒီလို မဖြစ်စလောက် အကွက်နဲ့ ရင်ထဲ ထိသွားမယ် ထင်နေလား။”
ထို့နောက်တွင် ရင်ပြားလိုလီက နောက်ဆုံးလက်ကျန် အင်အားကို စုစည်းပြီး ငတုံးတစ်ကောင်၏ လက်ကို ကိုက်လိုက်လေသည်။
ချန်လွေ့ - “..........”
စစ်မြေပြင်၏ တုန်ခါမှုက နောက်ဆုံးတွင် ငြိမ်သက် သွားခဲ့သည်။ အငွေ့များကြားထဲ၌ ဝတ်ရုံနှင့် မျက်နှာဖုံး ဝတ်ထားသော ပုံရိပ်တစ်ခုက ပရိတ်သတ်၏ အမြင်ထဲ၌ ပေါ်ထွက်လာပြီး လက်ထဲတွင် အိပ်ပျော်နေသော လာလာရီယာကို ပွေ့ထားနေသည်။ လာလာရီယာက နှုတ်ခမ်းမွှေး မရှိတော့ဘဲ အေးချမ်းစွာဖြင့် ကလေး တစ်ယောက် သဖွယ် အိပ်စက်နေလေ၏။