← Chapters

ဘရေ့ဂက်

Vol. 53 Ch. 862

ဘရေ့ဂက်

Vol. 53 Ch. 862

သက်ကြွေအကြင်သူ၏ နည်းလမ်းများက ချန်လွေ့ကို အံ့အားသင့်စေခဲ့သည်။ ငှက်တောင်ဖြူနယ်မြေ လို့ဘ် မိုင်းတွင်း၌ ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ စွမ်းအားကို လက်ခံ ရရှိပြီးနောက် သူက သလင်းကျောက်နဂါး ယာကော့ဘ်ကို ကြီးကြီးမားမား ဒဏ်ရာရစေခဲ့သည်။ အဆုံး၌ သလင်းကျောက် နဂါးက ဒဏ္ဍာအပြင်းအထန်နှင့် ထွက်ပြေး သွားခဲ့ပြီး ဘယ်ရောက်နေမှန်း မသိရပေ။ သလင်းကျောက် နဂါးက အစပိုင်းတွင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့လေသည်။ သလင်းကျောက်နဂါး၏ ဝိသေသက္ခဏာများမှာ ဧရာမ သလင်းကျောက်သားရဲများနှင့် တစ်နည်းတစ်ဖုံ ဆင်တူပြီး ကိုယ့်ကိုယ်ကိုယ် ကုသရန်အတွက် သာမန်နည်းလမ်းများကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် သူက အသက်ဓာတ်ကိုသာ အသုံးပြုနိုင်၏။

အကယ်လို့ သက်ကြွေအကြင်သူက သလင်းကျောက် နဂါး ယာကော့ဘ်ဆိုရင်တော့ သူက တိုင်းပြည်အဆင့်ကို ရောက်သွားတာ အသေအချာပဲ။ ပြီးတော့ သူ့ရဲ့ စွမ်းအား ထိန်းချုပ်မှုက အသေးစိတ်ပြီးတော့ အရင်ကထက် အများကြီး သာလွန်နေတယ်။ သူရဲ့သရုပ်က ဘယ်လိုပဲ ဖြစ်ဖြစ် လျစ်လျူရှုလို့ မရတဲ့ ရန်သူတစ်ယောက်ပဲ။ အထူးသဖြင့် အတော်လေး ရက်စက်တဲ့ နည်းလမ်းတွေ ကိုပေါ့။ ဇိုလာနဲ့ လာလာရီယာကို ဘေးဖယ်ထားမယ်ဆိုရင် အိုလီဖီးရက်စ်နဲ့ အခြားမိတ်ဆွေတွေက ဒီရန်သူနဲ့ ရင်ဆိုင်ရရင် တစ်ခါတည်း အရှုံးပေးလိုက်တာက အကောင်းဆုံးပဲ။ မဟုတ်ရင် လံုးဝ အသက် အန္တရာယ် စိုးရိမ်ရနိုင်တယ်။

ပွဲစဉ် လေးခု ပြီးဆုံးသွားပြီးနောက်တွင် အိုလီဖီးရက်စ်နှင့် သက်ကြွေအကြင်သူတို့က အထက်အုပ်စု နောက်တစ်ဆင့် တက်သွားပြီး ရက်ပီပစ်နှင့် ကတ်သရင်းတို့က အောက်အုပ်စု နောက်တစ်ဆင့် တက်သွားခဲ့သည်။

နောက်ပိုင်း ပွဲစဉ်များထဲမှ ထင်းခနဲ အဖြစ်ဆုံးမှာ နတ်ဆိုးဘုံမှ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်၏ ပွဲစဉ်ပင် ရိုင်ဇန်၏ ပြိုင်ဘက်က သွေးရောင်အင်ပါယာရှိ ဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ဂူစတက်ဗ် ဖြစ်၏။

ထိုပွဲစဉ်ကို ပြိုင်ကွင်းအလယ်၌ တိုက်ရိုက် ထုတ်လွှင့် ပြသလေသည်။

ရိုင်ဇန်နှင့် ဂူစတက်ဗ်တို့ တည်ရှိသော နေရာက သစ်တောတစ်ခု ဝိုင်းရံထားသော ကွင်းပြင်အကျယ်ကြီး တစ်ခု ဖြစ်သည်။ သူတို့နှစ်ယောက်က မည်သည့် လှုပ်ရှားမှုမှ မရှိဘဲ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။ ထိုအရာက ဧကရာဇ်နှင့် ဗိုလ်ချုပ်အကြားမှ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ကြည့်ရှုသူ အများအပြားက ထိုအုပ်ချုပ်သူနှင့် ဗိုလ်ချုပ် အတွဲမှာ ယခင် ကတ်သရင်းနှင့် ဗာစတန်တို့နှင့် လုံးဝ ကွဲပြားသည်ကို ခံစားမိနေလေသည်။

ရိုင်ဇန်က ဂူစတက်ဗ်ကို အသာလေး ကြည့်လိုက်သည်။ “မမျှော်လင့်ထားတဲ့ ရလာဒ်ပဲ။ ဒါမှမဟုတ် ဒါက မင်း မျှော်လင့်ထားတဲ့ အရာလား။”

ဂူစတက်ဗ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သော်လည်း ဘာမှ မပြောခဲ့ပေ။ သို့သော် ထိုကဲ့သို့ အကြည့်အမျိုးက အုပ်ချုပ်သူအ‌‌ပေါ် အင်ပါယာ ဗိုလ်ချုပ်တစ်ယောက် ရှိသင့်သော ပုံစံမျိုး မဟုတ်ပေ။

“အက်စီဒေါမြို့မှာ ဆမ်မြူရယ်တော်ဝင်မိသားစု ၃၀% ကျန်နေသေးတယ် မဟုတ်လား။”

ရိုင်ဇန်၏ ကြံရာကျပမ်းစကားလံုးများက ဂူစတက်ဗ်၏ မျက်လုံးထဲသို့ အေးစက်စက် ဖြစ်သွားစေသည်။ နောက်ဆုံး သူက ပြောလိုက်သည်။ “မင်း ဘာပြောချင်တာလဲ။”

“လွန်ခဲ့တဲ့ (၂)နှစ်တုန်းက ငါ မင်းနဲ့ ဆမ်မြူရယ် မိသားစုကို အခွင့်အရေး တစ်ခု ပေးခဲ့တယ်။” ရိုင်ဇန်က ပြောသည်။ “ကံဆိုးစွာနဲ့ပဲ ဆမ်မြူရယ်မိသားစုရဲ့ လုပ်ရပ်တွေက ငါ့ကို အဖြေပေးနေခဲ့ပြီ။”

ဂူစတက်ဗ်က မျက်မှောင်ကြုတ်လိုက်၏။ “လွန်ခဲ့တဲ့ (၂)နှစ်တုန်းက ငါမင်းကို သွေးမြေကျရဲ့ လျို့ဝှက် အင်အားစုတွေ ရှင်းလင်းတာ ကူညီပေးခဲ့တယ်။ ပြီးတော့ စစ်တပ်အင်အားကိုလည်း တဖြည်းဖြည်း လွှဲပေးခဲ့တယ်။ ဘာလို့ ဆမ်မြူရယ် မိသားစုက နေစရာတစ်ခု မပေးနိုင် ရတာလဲ။”

“ဆမ်မြူရယ် မိသားစုက အင်ပါယာအတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ဘူးလို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ “အဲဒီလူ”က သရုပ်မှန်ကို ပြပြီးတော့ ဆမ်မြူရယ် မိသားစုက တကယ် လုံးဝ အညံ့ခံခဲ့တာ မဟုတ်တာ ငါ သဘောပေါက်လိုက်တယ်။ အင်ပါယာအတွက် ခြိမ်းခြောက် စရာဖြစ်တဲ့အရာကို ငါ့မှာ သည်းခံတတ်တဲ့ အကျင့် လုံးဝ မရှိဘူး။”

“အဲဒီလူ”က တဲရစ်ပင်။ အတိအကျပြောရလျှင်တော့ သန်းခေါင်နေအရှင်ပင် ဖြစ်လေသည်။

အားလုံးသိကြသည့်အတိုင်းပင် ဆမ်မြူရယ် တော်ဝင် မိသားစုက အင်ပါယာ ပျက်စီးသွားပြီးနောက် သွေးရောင် အင်ပါယာထံ အမှန်တကယ် အညံ့မခံခဲ့ပေ။ သူတို့က အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရသည်။ လွန်ခဲ့သော နှစ်၁၀၀ကျော်က သွေးရောင်အင်ပါယာ မင်းသားငယ် တဲရစ်က ဆမ်မြူရယ် တော်ဝင်မိသားစုကို နားချရာ၌ အောင်မြင်ခဲ့လေသည်။ ဆမ်မြူရယ် တော်ဝင် မိသားစုမှ ခေါင်းဆောင်ငယ် ဂူစတက်ဗ်က သွေးရောင် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ် ဖြစ်လာခဲ့ပြီး ဆမ်မြူရယ် တော်ဝင်မိသားစုကို သွေးရောင်အင်ပါယာထဲသို့ ပေါင်းစည်း ခဲ့လေသည်။ သို့သော်လည်း နင်ဘတ်စ်မြို့၌ အင်ပါယာသုံးခု ဆွေးနွေးညှိနှိုင်းနေစဉ်အတွင်း တဲရစ်က မျက်နှာအမှန်ကို ပြသခဲ့လေသည်။ ထိုအချိန်မှသာ “နားချခြင်း”က ထောင်ခြောက်ကြီး တစ်ခုဖြစ်ကြောင်း ရိုင်ဇန် သိရှိ သွားခဲ့သည်။ တဲရစ်က ဆမ်မြူရယ် တော်ဝင်မိသားစုမှ ခေါင်းဆောင်ဟောင်း လာဂရာရော့စ်ထံ တွယ်ကပ်နေသော သန်းခေါင်နေအရှင်၏ ဝိညာဉ်နှင့် ပေါင်းစပ်ပြီး သွေးရောင် အင်ပါယာကို ထိန်းချုပ်ရန် အကြံဖြင့် သွေးမြေကျကို တည်ထောင်ရန် ဆမ်မြူရယ် တော်ဝင်မိသားစုကို အသုံးချ ခဲ့လေသည်။

တဲရစ် သေဆုံးသွားပြီးနောက် ရိုင်ဇန်က ဂူစတက်ဗ်ကို ဆက်လက်၍ “ပြန်လည်အသုံးချ”ခဲ့သည်။ အမှန်တကယ်၌ ရိုင်ဇန်၏ ဖိအားအောက်တွင် သူက စစ်တပ်အာဏာကို တစ်ဆင့်ချင်း လက်လွှဲပေးရပြီး သွေးမြေကျ လက်ကျန်များကို ရှင်းလင်းရန်အတွက် အကောင်းဆုံး လုပ်ခဲ့ရသည်။

သွေးရောင်အင်ပါယာက သွေးမြေကျအဖွဲ့၏ ထိုးဖောက် ဝင်ရောက်မှု အခံရဆုံး အင်ပါယာ ဖြစ်သည်။ ယခင် စစ်ဆိုင်းစာချုပ် ၂နှစ်အတွင်း ဂူစတက်ဗ်၏ အကူအညီနှင့် အတူ ရိုင်ဇန်က ထိုပြဿနာကို လုံးဝ ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူများကို တိုက်ခိုက်ရန်အတွက် အတွင်းထဲ၌ အရင်ဦးစွာ တည်ငြိမ်ရန် လိုအပ်သည်။ ထိုအရာက ၂နှစ်ကြာပြီး ဖြစ်လာမည့် စစ်ပွဲအတွက် ပြင်ဆင်ထားရန် ဖြစ်လေသည်။ သို့သော်လည်း ၂နှစ်အတွင်း၌ပင် ကြယ်ကြွေတမန် အင်ပါယာ၏ စွမ်းအားက တဟုန်ထိုး တိုးတက်သွားပြီး သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့က ပူးပေါင်း ရသည်အထိ ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ပြီးတော့ မင်းစခဲ့တဲ့ အကြံအစည်က တကယ်တော့ ငါ့လက်ထဲမှာပဲ။ ဒီသိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ သံလက်သီး နယ်မြေကို ငါနဲ့အတူ လိုက်လာတာနဲ့ ငါ့အာရုံကို လွှဲနိုင်မယ် ထင်တာလား။” ရိုင်ဇန်က ဂူစတက်ဗ်၏ မျက်လုံးကို အေးစက်စက်နှင့် စိုက်ကြည့်လိုက်၏။ “အနိုင်ရသူက အကုန်ယူပဲ။ အစွမ်းထက်ဆုံးကိုပဲ လေးစားကြတာ။ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဆမ်မြူရယ်မိသားစုက တကယ့်လက်တွေ့ကို လက်မခံနိုင်ကြသေးဘူးလား။ အမျက်အင်ပါယာက မရှိတော့ဘူး။ ဒါက သွေးရောင် အင်ပါယာပဲ။ အသက်ရှင်ချင်တယ်ဆိုရင် မာနဆိုတာကို စွန့်လွှတ်ပြီးတော့ ငါ့ကို အမှန်တကယ် အညံ့ခံ။ မဟုတ်လို့ ကတော့ တစ်ခုပဲ ရှိတယ်။ လုံးဝ သုတ်သင်ခံရမယ်။”

ကြယ်ကြွေတမန် အင်ပါယာ၏ စစ်ရေးပြပွဲ ပြီးနောက် သွေးရောင်အင်ပါယာက မတည်ငြိမ် ဖြစ်လာပြီး ငွေကြေး ကပ်ဘေး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဆမ်မြူရယ် တော်ဝင်မိသားစုက သိုင်းပြိုင်ပွဲကို အခွင့်ကောင်းယူပြီး ကိစ္စတစ်ခုကို စတင်ချင်နေသည်။ သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် ထိုအရာက ရိုင်ဇန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့လေသည်။

ဂူစတက်ဗ်က ရိုင်ဇန်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။ “ငါတို့ရဲ့ သွေးထဲမှာ၊ အငွေ့အသက်ထဲမှာ ‌သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တော့ မကွယ်ပျောက်သွားမယ့် မွေးရာပါ တစ်ခုခု ရှိတယ်။”

“သိပ်ကောင်းတယ်။” ရိုင်ဇန်က သရော်ပြုံး ပြုံးလိုက်၏။ “အရင်နှစ်တွေတုန်းက သွေးရောင်အင်ပါယာမှာ သိုင်းပြိုင်ပွဲ ကျင်းပခဲ့ပြီးတော့ အဆင့် တစ်ခုစီက ဆုလာဒ်တွေ အများကြီး ရခဲ့တယ်။ မင်းက ဒီနေ့ ငါနဲ့ တွေ့ရတယ်ဆိုတော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ စွမ်းအား တူတူချင်း မင်းငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် သုတ်သင်မယ့် အမိန့်ကို အလုပ်ကြမ်း အနေနဲ့ ပြောင်းပေးမယ်။ ဒါပေမဲ့ မင်းက ငါ့ကို စိန်ခေါ်ချင်တယ် ဆိုရင်တော့ သေဖို့ အသင့်ပြင်ထားရမယ်။”

ဂူစတက်ဗ်က ပင့်သက်ရှိုက်ပြီး လက်သီးဆုပ်လိုက်၏။

“မင်း အရှုံးပေးပြီးတော့ အခု ထွက်သွားလို့ရတယ်။ ဒါမှမဟုတ် သွေးရောင်အင်ပါကနေတောင် ထွက်ပြေးလို့ ရတယ်။” ရိုင်ဇန်က မောက်မာစွာ ထပ်ပြောလိုက်သည်။ “ငါက ပူဆွေးသောက ရောက်နေတဲ့ ခွေးတစ်ကောင်ကို လိုက်ဖမ်းမှာ မဟုတ်ဘူး။”

“မင်းပြောတာ မှန်တယ်။ ဆမ်မြူရယ် မိသားစုက ဘယ်တော့မှ အရှုံးမပေးဘူး။” ဂူစတက်ဗ်၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်ဖြင့် လောင်ကျွမ်းနေလေသည်။ “ရိုင်ဇန်။ ငါ ဘရေ့ဂက်ဆမ်မြူရယ်က မင်းကို စိန်ခေါ်တယ်။”

“နောက်ဆုံးတော့ မင်းက နာမည်အရင်းကို ပြန်သုံး တော့မှာလား။ ဆမ်မြူရယ်မိသားစုက ပါရမီရှင် ခေါင်းဆောင် ငယ်လေး။” ရိုင်ဇန်က ပုံမှန်ပင် ပြောလိုက်သည်။ “မင်းက တချိန်လုံး စွမ်းအားကို ဝှက်ထားတာ ငါသိတယ်။ “အမျက်ဘုရင် ဘရေ့ဂက် ဆမ်မြူရယ်”မှာ ဘယ်လိုမျိုး အစွမ်းအစတွေ ရှိလဲဆိုတာ ကြည့်ရတာပေါ့။”

ပြိုင်ကွင်းမှ ပရိသတ်များက မျက်နှာပြင်ရှိပုံရိပ်မှတဆင့် သူတို့နှစ်ယောက် ရင်ဆိုင်တွေ့နေကြသည်ကို မြင်နေကြ သော်လည်း ချန်လွေ့မှလွဲ၍ မည်သူကမှ ရိုင်ဇန်နှင့် ဂူစတက်ဗ်တို့ ပြောနေကြသည်ကို မကြားရပေ။ ထိုပုံရိပ်လွှင့် စနစ်က အမှန်တကယ်၌ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ထုတ်ကုန် ဖြစ်လေသည်။ စိတ်ဝိညာဉ်အမှတ်အသား၏ ထိန်းချုပ်သူ ဖြစ်သည့်အလျောက် သူက ထိရောက်မှုရှိသော အကွာအဝေးအတွင်း ပြိုင်ကွင်းနေရာတိုင်းမှအသံကို ကြားနိုင်လေသည်။

ဘရေ့ဂက်ဟူသော အသံက ချန်လွေ့ကို တစ်စုံတစ်ခုအား သတိရသွားစေသည်။ လုပင်မြို့တွင် ရှိနေခဲ့စဉ်က ချန်လွေ့သည် အမှောင်ဒြပ်စင်ဘုရင်၊ ရေဒြပ်စင်ဘုရင်နှင့် နာမည်ဝှက် “ဘရေ့ဂက်”ရှိသော ဂူစတက်ဗ်တို့နှင့် ဆုံခဲ့လေသည်။ လက်စသတ်တော့ အဲဒါက ဂူစတက်ဗ်ရဲ့ တကယ့်နာမည်အရင်း ဖြစ်နေတာကိုး။

ဘရေ့ဂက်က ပင့်သက်ရှိုက်လိုက်ရာ သစ်တော တစ်ခုလုံး၏ သူ၏ အသက်ရှူနှုန်းအတိုင်း လှုပ်ရှားသွားပုံ ရသည်။ အရွက်များ လွင့်ပျံနေ၏။ သူ၏ လက်ထဲ၌ အနီရောင် ပုတီးတစ်လုံး ရှိနေသည်။ ပုတီးကို ဖိခြေလိုက်ရာ ထူထဲသော သွေးမြူများ ဒလဟော ကျလာပြီး ပရိတ်သတ်များ အားလုံး၏ အမြင်ကို ဖုံးကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

သွေးမြူဖြင့် ရစ်ပတ်ခံနေရရင်း ဘရေ့ဂက်၏ ခန္ဓာကိုယ်က ရောင်ကိုင်းလာခဲ့သည်။ ထိုသွေးမြူများကို ခန္ဓာကိုယ်က လံုးဝ စုပ်ယူပြီးသွားပြီးနောက်တွင် ဘရေ့ဂက်က အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ပုံစံမှ ကြွက်သားများနှင့် အကောင်တောင့်တောင့် ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ ထိုအရာက အသွင်အပြင် ရိုးရိုးရှင်းရှင်း ပြောင်းလဲခြင်း မဟုတ်ပေ။ ဒိုင်းနမိုက်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲစွမ်းအား ပါရှိလေသည်။

“ဆမ်မြူရယ် တော်ဝင်မိသားစုမှာ သွေးမျိုးဆက် ပါရမီ သုံးမျိုး ရှိတယ်။ ကံဆိုးချင်တော့ ငါ့ရဲ့ အရည်အချင်းက အကန့်အသတ် ရှိတယ်။ ပြီးတော့ ငါက [ သွေးအမျက် ]ကိုပဲ နိုးထနိုင်သေးတာ။ ဒီပုတီးကို အဲဒီတုန်းက အဲဒီလူ ငါ့ကို ပေးခဲ့တာ။ ဒါက ငါလေ့ကျင့်ထားတဲ့ သွေးအမြုတေ စွမ်းအားကို စုပ်ယူပြီးတော့ ငါ့စွမ်းအားကို ဖုံးကွယ် ထားပေးနိုင်တယ်။” ဘရေ့ဂက်က လက်သီးကို မြှောက်လိုက်သည်။ “ဒီနေ့ ငါမင်းကို သေတဲ့အထိ တိုက်ခိုက်ဖို့အတွက် စွမ်းအားအကုန် သုံးပစ်မယ်။”

“နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ..... တိုင်းပြည် အဆင့် ရောက်လုနီးပါးပဲ။ မင်းက တကယ့်ကို “အမျက်ဘုရင်” ဖြစ်ဖို့ ထိုက်တန်တယ်။” ရိုင်ဇန်က အသာလေး ခေါင်းညိတ် လိုက်သည်။ “ငါ အခု ငါ့စွမ်းအားကို နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းအထိ ကန့်သတ်လိုက်မယ်။ မင်းငါ့ကို ဒီစက်ဝိုင်းထဲကနေ ထွက်သွားအောင် လုပ်နိုင်ရန် မင်းနိုင်ပြီလို့ ငါ သတ်မှတ်ပေးမယ်။”

ထိုသို့ပြောပြီးနောက် ရိုင်ဇန်၏ အငွေ့အသက်က အလျင်အမြန် ပြောင်းလဲသွားခဲ့လေသည်။ အသေအချာပင် သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ နိမ့်ကျ သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက် အောက်တွင်လည်း အချင်း (၂)မီတာထက် တိုသော သွေနီရောင် အလင်းစက်ဝိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အလင်းစက်ဝိုင်းက ချန်လွေ့အား လိင်တူကြိုက်သော နဂါးတစ်ကောင်နှင့် အလောင်းအစား လုပ်ခဲ့သည်ကို သတိရသွားစေခဲ့သည်။ သို့သော်လည်း ရိုင်ဇန်က နတ်ဆိုး အရှင်သခင်အဆင့် “ပြိုင်ဘက်ကင်း”ဟု ကျော်ကြားခဲ့သည်။ ထို့အပြင် ယခင်၂နှစ်အတွင်း စွမ်းအားက မူမမှန်သော ကြုံတွေ့မှုတစ်ခုကြောင့် ဖြစ်ဟန်တူသည်။ ထို့ကြောင့် သူ၏ စွမ်းအားက တိုင်းပြည်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိ သွားခဲ့သည်။ သူက အဆင့်တူဖြစ်အောင် စွမ်းအားကို ဖိနှိပ်လိုက်သည့်တိုင် ဂူစတက်ဗ်၏ အနိုင်ရရှိနိုင်ချေက နည်းပါး လွန်းလှသည်။

ဘရေ့ဂက်က ဘာမှမပြောဘဲ အော်လိုက်၏။ သူ၏ လက်သီးမှ အနီ‌ရောင်ဖျော့ဖျော့ အလင်းတစ်ခု ထွက်ပေါ်လာပြီး အဝေးမှ ရိုင်ဇန်ကို ပစ်ထိုးလိုက်၏။ ကောင်းကင်အနှံ့ လွင့်ပျံနေသော အရွက်များက အနီရောင် အမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကုန်သည်။ ရိုင်ဇန်က ၎င်းကို မရှောင်တိမ်းဘဲ လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်၏။ ထိုလက်သီး၏ စွမ်းအားက အတင်း ဖိခြေခံလိုက်ရလေသည်။

ဂရေ့ဂက်၏ လက်သီးက စမ်းသပ်ချက် တစ်ခုသာ ဖြစ်ပြီး မရေမတွက်နိုင်သော အလင်းရောင်ခြည်များ လိုက်လာခဲ့၏။ သူက မည်သည့် အပို အလှပြကွက်များ မလုပ်ခဲ့ဘဲ အရိုးရှင်းနှင့် အထိရောက်ဆုံး တိုက်ခိုက်မှုကိုသာ အသုံးပြု ခဲ့သည်။ ထိုအရာက ရိုင်ဇန်နှင့် အနည်းငယ် ဆင်တူပေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရိုင်ဇန်က အဘက်ဘက်မှ အနီရောင် အလင်းများဖြင့် အုပ်မိုး ခံလိုက်ရသည်။ ထို အနီရောင် အလင်းများက ရပ်တန့်သွားခဲ့ပြီး ရိုင်ဇန်၏ လက်သီး တစ်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား လေသည်။

ဘရေ့ဂက်၏ မျက်လုံးထဲ၌ သွေးနီရောင် လက်ခနဲ ဖြစ်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာတော့သည်။ သူက ဆမ်မြူရယ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [သွေးအမျက်]ကို အသုံးပြုပြီးသွားပြီ ဖြစ်သည်။

[ သွေးအမျက် ] ၏ ထူးခြားသော အစွမ်းက ဒဏ်ရာ ပိုမို ပြင်းထန်လေလေ၊ တိုက်ခိုက်ရေးစွမ်းအား ပိုအစွမ်းထက် လေလေ ဖြစ်သည်။ ထိုပါရမီက ဆမ်မြူရယ်မိသားစုအား အလွန်အမင်း ရူးသွပ်စွာ တိုက်ခိုက်စေသည့်အတွက် သူတို့ကို အရူးများအဖြစ် လူသိများကြပေသည်။ [ သွေးအမျက် ] ၏ စွမ်းအားက မကုန်ခမ်းနိုင်သည်တော့ မဟုတ်ပေ။ အကန့် အသတ်ကို ကျော်လွန်သွားသည်နှင့် ရန်သူ၏ တိုက်ခိုက်မှု မရှိဘဲဖြင့်ပင် ဒဏ်ရာအပြင်းအထန် ရလျှင်ရ၊ သို့မဟုတ် သေပင်သေနိုင်လေသည်။

[ သွေးအမျက် ] ကို အသက်သွင်းလိုက်သည်နှင့် ဘရေ့ဂက်၏ နဂို သန်မာသောလက်က အနည်းငယ် ရောင်ကိုင်းလာပြီး အမြန်နှုန်းလည်း တိုးလာခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် သူက ရိုင်ဇန် အနောက်သို့ ရောက်ရှိ သွားခဲ့ပြီး ကျစ်လစ်ပြည့်စုံပြီး အင်အားကြီးသော လက်သီးချက်ဖြင့် ပစ်ထိုးလိုက်၏။ ထိုလက်သီးချက် ချဉ်းကပ် လာသောအခါ ရိုင်ဇန်က နောက်လှည့်ပြီး လက်သီးကို ဝှေ့ရမ်းလိုက်သည်။ လျှပ်တပြက် အတွင်းမှာပင် လက်သီး နှစ်ခု ဆုံတွေ့သွား၏။

ပတ်ပတ်လည်၌ အုန်းခနဲ အသံထွက်ပေါ်လာပြီး အားစက်ကွင်းကြောင့် သိပ်သည်းလှသော ဖုန်များနှင့် ကြွေကျလာသော အရွက်များက အပြင်ဘက်သို့ ရောက်ရှိ ကုန်ကာ မှော်အစီအရင် ခင်းကျင်းထားသော မြေပြင်က အမှန်တကယ် တုန်ခါလာခဲ့သည်။

“ဘုန်း..ဘုန်း...ဘုန်း...”

မြေပြင်က အဆက်မပြတ် တုန်ခါနေ၏။ ချက်ချင်းပင် သူတို့နှစ်ယောက် အချင်းချင်း လက်သီးချက် မည်မှ ထိုးခဲ့သည်ကို မသိနိုင်ကြတော့ပေ။

ရိုင်ဇန်က ဘရေ့ဂက် တိုက်ခိုက်မည်ကို မစောင့်နေဘဲ လေထဲသို့ လက်သီးကို ပစ်ထိုးလိုက်သည်။ လက်သီးချက်က ၁၀မီတာနီးပါး ဝေးကွာနေသော်လည်း တည့်တည့် ထိသလို ဖြစ်နေခဲ့သည်။ ဘရေ့ဂက်က မရှောင်တိမ်းဘဲ နောက်သို့သာ လွင့်သွားခဲ့သည်။ သို့သော်လည်း သူ ဒဏ်ရာရသွား၏။

“အမျက်ဘုရင် ချပ်ကာလား။” ရိုင်ဇန်၏ မျက်လုံးများက ဘရေ့ဂက် ဝတ်ထားသော ချပ်ကာပေါ် ‌ရောက်ရှိသွားသည်။ ထိုအရာက နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း ၇မျိုးထဲမှ တစ်မျိုး ဖြစ်သော အမျက်ဘုရင်ချပ်ကာ ဖြစ်၏။ ထိုအစွမ်းထက် ချပ်ကာနှင့်ဆိုလျှင် ဘရေ့ဂက်က ပြိုင်ဘက်ကင်း ဖြစ်လောက်‌ ပေသည်။

All Chapters