← Chapters

သက်ကြွေအကြင်သူ

Vol. 53 Ch. 864

သက်ကြွေအကြင်သူ

Vol. 53 Ch. 864

ခဏကြာပြီးနောက် သွေးရောင်အင်ပါယာမှ လော့ဒ်-ရိုင်ဇန်နှင့် ပထမဗိုလ်ချုပ် ဂူစတက်ဗ်(ဘရေ့ဂက်)တို့ အကြားက တိုက်ပွဲကို မမျှော်လင့် ထားခဲ့ကြပေ။ အထူးသဖြင့် ဂူစတက်ဗ် သေဆုံးသွားသော အခါတွင် ပရိသတ်များအားလုံး နီးပါး ထိတ်လန့်ကုန်ကြသည်။

ဗဟိုတိုက်ရိုက်ထုတ်လွှင့် ပုံရိပ်က ပျောက်ကွယ် သွားသည်မှာ ကြာခဲ့လေပြီ။ ဂူစတက်ဗ်၏နာမည်က အုပ်စု စာရင်းထဲ၌ ပျော်ကွယ်သွားပြီး ရိုင်ဇန်က ထိပ်ဆုံး ၃၂ယောက် ထဲသို့ ရောက်ရှိသွားကြောင်း ပြသလာသည့်အခါမှသာ ပရိသတ်များ သတိပြန်ဝင်လာခဲ့ကြသည်။ အသေးစိတ် အကြောင်းရင်းကို သူတို့ နားမလည်နိုင်ကြသော်လည်း အချက်အလက်များက သိသာထင်ရှားလှပေသည်။ ရိုင်ဇန်က အမှန်တကယ်ပင် ပထမဗိုလ်ချုပ်ကို သတ်ပစ်ခဲ့လေသည်။ နောက်ပိုင်း ရှုံးထွက် ပွဲစဉ်များ၌ ကြမ်းတမ်းသော တိုက်ပွဲများ ရှိခဲ့သော်လည်း ထိုတိုက်ပွဲလောက် ထိတ်လန့်စရာ မကောင်းခဲ့ပေ။

ဗိုလ်ကြိုပွဲအကြို မတိုင်မီအဆင့် ပထမအကျော့ ပြီးနောက်တွင် ထိပ်ဆုံး ၃၂ယောက် ထွက်ပေါ်လာ၏။ ထင်ထားသည့်အတိုင်းပင် ဆန်ကာတင် ပြိုင်ပွဲဝင်များ ဖြစ်ကြသော ရိုင်ဇန်၊ ချန်လွေ့၊ ဇိုလာ၊ ကတ်သရင်းနှင့် လာလာရီယာတို့က ချောချောမွေ့မွေ့ အဆင့်တက်ခဲ့ကြသည်။

ထိပ်ဆုံး ၃၂ယောက်အကြားမှ တိုက်ပွဲက ပထမ အကျော့ ထက်ပင် ပို၍ ပြင်းထန်လှပြီး အနိုင်ရရှိသူများက ထိပ်ဆုံး ၁၆ယောက်အဖြစ် အဆင့်တက်သွားမည် ဖြစ်သည်။ ပထမ အကျော့၌ နံပါတ်အလွတ် ရရှိသွားခဲ့သော ချန်လွေ့က သွေးရောင်အင်ပါယာက ဝါရင့် ရှာနာနှင့် တွေ့ဆုံခဲ့သည်။ ရှာနာက မှော်ဆရာခံတပ်၌ ရှိနေခဲ့စဉ်က ရိုင်ဇန်နှင့် ချန်လွေ့တို့ တိုက်ပွဲကို မြင်ခဲ့ရသည်။ ထို့ကြောင့် ပြိုင်ဘက်၏ စွမ်းအားက မိမိသက် သာလွန်နေကြောင်းကို သိသည်။ ချန်လွေ့ကို မိမိ၏ ဝှက်ဖဲသုံးပြီးသော်လည်း မလှုပ်ခါနိုင်သေးပေ။ “အက်ဂ်ယော” က လွန်ခဲ့သော ၂နှစ်ကထက် ပိုမို၍ အင်အားကြီးသွားဟန် တူလေသည်။ သူ့အတွက် ယှဉ်မနိုင်သော ပြိုင်ဘက် ဖြစ်ကြောင်း သိသည့်အတွက် သူက မတုံ့ဆိုင်းနေဘဲ ဝမ်းသာလျက်ပင် အရှုံးပေးလိုက်၏။

စွမ်းအား ခြားနားမှုကြောင့် ရိုင်ဇန်၊ ဇိုလာနှင့် အခြားသူများက တိုက်ပွဲကို အလျင်အမြန် အဆုံးသတ် သွားခဲ့သည်။ အဆင့်တူ အဖွဲ့များက အပြင်းအထန် တိုက်ခိုက် နေကြ၏။ နှစ်ဖက်လုံး ရှုံးနိမ့်သော အခြေအနေ များပင် ရှိခဲ့လေသည်။

အဆင့်တက်သွားသော ထိပ်ဆုံး ၁၆ယောက်၏ နောက်ဆုံး လေးပွဲတွင် အထက်အုပ်စုမှ နှစ်ပွဲက ချန်လွေ့၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

တစ်ခုက မစ်-နဂါးနက် အိုလီဖီးရက်စ်နှင့် နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီ လာလာရီယာတို့ ပွဲစဉ် ဖြစ်သည်။ နောက်တစ်ခုမှာ ကြယ်ကြွေတမန် အင်ပါယာမှ ရှီရာ၏ သစ္စာခံ ဆာရန်ဒီနှင့် လျို့ဝှက်ဆန်းကြယ်သော “သက်ကြွေအကြင်သူ” တို့ ဖြစ်ကြသည်။

ပြိုင်ကွင်းအလယ်တွင် သုံးဖက်မြင်ပုံရိပ်က မစ်-နဂါးနက်နှင့် လာလာရီယာတို့၏ တိုက်ပွဲကို တိုက်ရိုက် ထုတ်လွှင့် ပြသနေသည်။ အတိအကျ ပြောရလျှင် ထိုအရာက နဂါးဧကရာဇ် ဖခင်၏ သမီးနှစ်ယောက် အကြား၌ အတွင်းရေး ပဍိပက္ခ ဖြစ်လေသည်။

မစ်-နဂါးနက်က စစ်ဆေးခြင်းပွဲစဉ်အတွင် အဆင့် သက်မှတ်ချက် ပြီးနောက် အုပ်စုဖွဲ့ရာ၌ အားနည်းချက် ရှိခဲ့လေသည်။ သို့မဟုတ်ပါက သူက ဆန်ကာတင် ပြိုင်ပွဲဝင်ကို မြန်မြန် ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အံ့သြစရာ ကောင်းသည်မှာ နဂါးနက် ကောင်မလေး နှစ်ယောက်က စကား အနည်းငယ် ပြောပြီးနောက် တိုက်ပွဲ ပြီးသွားခြင်းပင်။

“မစ်-အိုလီဖီးရက်....” ရင်ပြားလိုလီက သက်ပြင်းချ လိုက်၏။

မစ်-နဂါးနက်က မျက်လုံး လှန်လိုက်သည်။ “အဖေက ပြောတယ်။ နင်ကလည်း သူ့သမီးပဲတဲ့။ တကယ်တော့ ငါက နင့်ကို အစ်မလို့ ခေါ်ရမှာ။ ဒါပေမဲ့ ငါ့မှာ အစ်မတစ်ယောက် ရှိနေပြီးပြီ။ အဲဒါကြောင့် နင်ငါ့ကို အိုလီဖီးရက်စ်လို့ခေါ်။ ငါနင့်ကို လာလာရီယာလို့ခေါ်မယ် ဟုတ်ပြီလား။”

“ရတာပေါ့။” လာလာရီယာက မစ်-နဂါးနက်အတွက် ထူးထူးဆန်းဆန်း အတွေးများ မရှိခဲ့ပေ။ ထိုအစားက အပြစ် ရှိစိတ် တစ်မျိုးသာ ရှိခဲ့သည်။ “အိုလီဖီးရက်စ်။ နင်ငါ့ကို တကယ် အပြစ်မတင်ဘူးလား။ ငါက နင့်အပိုင် ဖြစ်သင့်တာတွေ အများကြီး ရှိနေတယ်လေ။”

“ပစ္စည်းဥစ္စာတွေ....အများကြီးလား။” မစ်-နဂါးနက်၏ မျက်လုံးများ အရောင်တောက်သွား၏။

ရင်ပြားလိုလီက မျက်မှောင်ကြုတ်လိုက်သည်။ “ငါက အဲဒီကောင်ဆီမှာ အားလုံး ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ငါ ပြန်ရမှာပါ။”

ပိုက်ဆံမရှိကြောင်း ကြားသည်နှင့် မစ်-နဂါးနက်က ချက်ချင်းပင် စိတ်မဝင်စားတော့ပေ။ “ပြန်ရမယ်”ဟူသည်နှင့် ပတ်သက်၍ အိုလီဖီးရက်စ်က သူဌေးဖြစ်သူကို လုံးဝ ယုံကြည်ချက် ရှိနေ၏။ ထိုကြွယ်ဝမှုများကို ပြန်လည် ရရှိ နိုင်ရန်အတွက် ဖြစ်နိုင်ခြေက သုညနီးပါး ဖြစ်သည်ဟု အိုလီဖီးရက်စ်၏ အလိုလိုသိစိတ်က ပြောနေလေသည်။

“လာလာရီယာ။ နင်ငါ့ကို အနိုင်ယူတော့မှာလား။”

ရင်ပြားလိုလီက တောင်းပန်လျက် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ အိုလီဖီးရက်စ်။ ငါ ရှုံးလို့ မရဘူး။ ပြိုင်ဘက်က အဘိုးကြီး အက်ဂ်လက်စ် ဆိုရင်တောင် ငါ အကောင်းဆုံး လုပ်မှာ။”

“ဒါပေမဲ့...” မစ်-နဂါးနက်၏ မျက်လုံးများက ကြယ်များ ကဲ့သို့ပင် လင်းလက်သွားခဲ့ပြီး ငြင်းရခက်အောင် ပြုလုပ် နေသည်။ ထိုအကွက်က သူ့သူငယ်ချင်း အဲလစ်ထံမှ ကူးယူထားသည်မှာ အသေအချာပင်။ “ငါက အဲဒီ ဆုလာဒ်တွေကို တကယ် လိုချင်တာ။ ရတဲ့ ပိုက်ဆံကို သုံးပြီးတော့ လာလာရီယာကို အရသာရှိတဲ့ စားစရာတွေ အများကြီး ဝယ်ကျွေးချင်တယ်။”

လက်ရှိ၌ မစ်-နဂါးနက်သည် စစ်ဆေးခြင်းပွဲစဉ်မှ သလင်းကျောက်နက်ဒင်္ဂါး ၅၀၊ ပဏာမအကျော့မှ ၁၀၀၀၊ ဗိုလ်လုပွဲအကြို မတိုင်မီအဆင့် ပထမအကျော့၌ ၂၀၀၀၊ ထိပ်ဆုံး၃၂ယောက်၌ ၅၀၀၀ စုစုပေါင်း ၈၀၅၀ ရရှိနေပြီ ဖြစ်သည်။ အကယ်၍ သူက ထိုပွဲစဉ်ကို အနိုင်ရရှိမည်ဆိုလျှင် နောက်ထပ် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀၀ ရရှိမည် ဖြစ်ပေသည်။

“အိုလီဖီးရက်စ်...” ရင်ပြားလိုလီက ကရူးရှူးထိုး အခိုက်အတန့်၌ ရင်ထဲထိသွားခဲ့ပြီး ကျန်ရှိသော ပွဲများကို အနိုင်ရရှိပြီးနောက် ရရှိထာသော ဆုလာဒ်များကို ပေးရန် သဘောတူခဲ့သည်။ ဆိုလိုသည်က အိုလီဖီးရက်စ်သည် ပြိုင်ပွဲ ပြီးဆုံးသည်အထိ ဆုလာဒ်အားလုံးကို တစ်ခါတည်း ရရှိလိမ့်မည်ဟု ပြောနေခြင်းပင်။ သူ ရရှိထားသော သလင်းကျောက်နက်ဒင်္ဂါး ၈၀၅၀ အပြင် နောက်ထပ် သလင်းကျောက်နက်ဒင်္ဂါး ၁၃.၅သိန်း ရရှိပေလိမ့်မည်။

ထိုအရာက အလွန်များပြားသော ငွေကြေး ဖြစ်သော်လည်း နဂါးတစ်ကောင်အတွက် မပြောပလောက်ပေ။ ပြဿနာမှာ လာလာရီယာသည် လွန်ခဲ့သော တစ်နှစ်ခန့်က ချန်လွေ့ထံ ပိုင်ဆိုင်မှုများအားလုံး ဆုံးရှုံးခဲ့သည်ဖြစ်ကာ နဂါးကျွန်းသို့ ပြန်ပြီးနောက် တံခါးပိတ် လေ့ကျင့်နေသည့် အတွက်ကြောင့် ပိုက်ဆံရှာရန် လုံးဝ အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ရင်ပြားလိုလီက နေရာတွင်ပင် မစ်-နဂါးနက်အား အကြွေးမှတ်ခိုင်းထားခဲ့၏။

လာလာရီယာ၏ အသိစိတ်ထဲ၌ ထိုပြိုင်ပွဲ ချန်ပီယံက သူကိုယ်တိုင်ပင် ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲအတွင်း ချန်လွေ့ကို အနိုင်ရသည်နှင့် သူက “ဇနီးလောင်း” ဟူသော “ဝမ်းနည်းဖွယ်” ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ပိုင်ဆိုင်မှု အားလုံးကို ပြန်ရရှိနိုင်ပေမည်။ ၁၀သိန်း ကျော်ကျော်က အသေးအဖွဲသာ ဖြစ်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်း မည်သည်ကြောင် မစကြောင်း ပရိသတ်များ နားမလည်ကြသော်လည်း ချန်လွေ့က သေသေချာချာ ကြားခဲ့ရသည်။ မစ်-နဂါးနက်က ပြုံးဖြီးဖြီး လုပ်ရင်း အကြွေးရှိသော လာလာရီယာကို လက်ပြနှုတ်ဆက် နေသည်ကို မြင်သည့်အခါ ချန်လွေ့က နဖူးပေါ်မှ ‌ချွေးများကို သုတ်လိုက်၏။ နဂါးဧကရာဇ်။ ခင်ဗျားမှာ မထူးဆန်းတဲ့ သမီး မရှိဘူးလား။

မစ်-နဂါးနက်၏ ပြဇာတ်နှင့်ယှဉ်လျှင် ဆာရန်ဒီကတော့.....

ဆာရန်ဒီက သန်းခေါင်နေအရှင်၏ လျို့ဝှက်တပည့်၊ ကြယ်ကြွေတမန် အင်ပါယာမှ တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်ပေသည်။ ကြယ်ကြွေတမန်အင်ပါယာရှိ နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းများထဲ၌ ဆာရန်ဒီ၏ စွမ်းအားက သေချာပေါက် ထိပ်ဆုံး(၃)ဦးတွင် ရှိ၏။ သို့သော်လည်း သက်ကြွေအကြင်သူ၏ စွမ်းအားကလည်း နက်နဲလှပေသည်။ အရိပ်နက်အင်ပါယာမှ ထိပ်တန်း မှော်ပညာရှင် ဖန်တာသည်ပင် စက္ကန့်ပိုင်းအတွင်း အသတ်ခံ လိုက်ရလေသည်။

ပြိုင်ကွင်းထဲ၌ ဆာရန်ဒီက မျက်နှာချင်းဆိုင်မှ ပြိုင်ဘက်ကို သတိဖြင့် ကြည့်နေရင်း သူ့စွမ်းအားက အဆုံးစွန်အထိ လှိမ့်တက်သွားခဲ့သည်။ သူက အချိန်မရွေး အကြီးမားဆုံး တိုက်ခိုက်မှုကို ပြုလုပ်ရန် အသင့်ဖြစ်နေလေပြီ။

“မင်း ဘာလို့ လက်မလျှော့တာလဲ။” ပထမဆုံး အကြိမ်အဖြစ် သက်ကြွေအကြင်သူက စကားပြောလိုက်၏။ ထပ်နေသော အသံများက လူနှစ်ယောက် တစ်ချိန်တည်း စကားပြောနေသလို ဖြစ်နေပြီး ထူးဆန်းကာ ခန့်မှန်း၍ မရနိုင်ပေ။

“ဘယ်လမ်းကို ရွေးခဲ့ရွေးခဲ့၊ ကိုယ်တိုင်လျှောက်နိုင်ဖို့ သတ္တိရှိရမယ်လို့ ငါ့ကို တစ်ယောက်ယောက်က သင်ပေးခဲ့တယ်။” ဆာရန်ဒီက ပင့်သက်ရှိုက်လိုက်သည်။ “ငါက အနိုင်နဲ့ အသက်ကိုတောင် ရှုံးဆုံးလို့ရတယ်။ ဒါပေမဲ့ သတ္တိနဲ့ ယုံကြည်ချက်ကိုတော့ ဆုံးရှုံးလို့ မရဘူး။ အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ဖို့ သတ္တိတောင် မရှိဘူးဆိုရင် ငါ့ခရီးလမ်းက အဆုံးသတ်ရောက်နေပြီ။”

“ရူးမိုက်လိုက်တာ။ အသက်မရှိဘူးဆိုရင် သတ္တိနဲ့ ယုံကြည်ချက်က အလကားပဲ။” သက်ကြွေအကြင်သူ၏ သရော်စကားက အထင်သေးမှုများ ပြည့်နှက်နေ၏။ “မင်းကို အဲဒါ ပြောခဲ့တဲ့သူက အရူးမိုက်ဆုံးပဲ။”

“မင်း သူ့ကို အဲဒီလို စော်ကားခွင့် မရှိဘူး။” ဆာရန်ဒီက ‌ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။ ထို့နောက် စုစည်း ထားသော အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက် ကုန်သည်။ ခရမ်းရောင်မျက်လုံးများက ချက်ချင်းပင် အဖြူအမည်း ပြောင်းသွားပြီး နောက်ဘက်တွင် အလင်း တောင်ပံ တစ်စုံ ပေါ်ထွက်လာခဲ့သည်။ လူစီဖာ ‌တော်ဝင်မိသားစု၏ [သိဒ္ဓိတောင်ပံ] နှင့် [ အလင်းအမှောင် နှလုံးသား] တို့ပင်။ ဆာရန်ဒီ ပတ်ပတ်လည်တွင် ရှည်လျားပြီး နက်မှောင်သော မြစ်တစ်စင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုမြစ်ပြင်ရှည်ကြီးက လျို့ဝှက်ဆန်းကြယ်ပြီး လှပဟန်တူကာ ကြယ်များကဲ့သို့ တောက်ပနေ၏။

ထိုအရာ ဆရာဖြစ်သူ သန်းခေါင်နေအရှင်၏ [အိပ်မက် ကြယ်စင်စု ပိုင်နက်] ကို အတုခိုးကာ ဆာရန်ဒီ ဖန်တီးခဲ့သော အဆံုးသတ်တိုက်ကွက် [ နတ်မိစ္ဆာကောင်းကင်မြစ် ပိုင်နက် ] ဖြစ်လေသည်။

ဖန်တာက စွမ်းအား ချုပ်နှောင်ခံထားရသည့်အတွက် ချက်ချင်း သတ်ပစ်ခံလိုက်ရခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် ဆာရန်ဒီက အရင်ဦးစွာ တိုက်ခိုက်လိုက်သည်။ ထိုသူက အမှန်တကယ်ပ သူအလေးစားရဆုံး ဆရာကို စော်ကားခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ သူ နောက်ပြန်ဆုတ်၍ ရနိုင်တော့ပေ။

“ပြက်ပြက်လွင်လွင် အကွက်လေးပါပဲ။” သက်ကြွေ အကြင်သူက လက်ကို ဝှေ့ရမ်းလိုက်ရာ အနီရောင်အလင်းက တောက်ပနေသော ကောင်းကင်မြစ်ဆီသို့ ပျံသန်းသွားခဲ့၏။ [နတ်မိစ္ဆာကောင်းကင်မြစ် ပိုင်နက်] ၏ တောက်ပမှုက ချက်ချင်းပင် မှိန်ကျသွားခဲ့ပြီး သွေးနီရောင် ပြောင်းသွား တော့သည်။

[ နတ်မိစ္ဆာ ကောင်းကင်မြစ် ပိုင်နက် ] စွမ်းအားက အလျင်အမြန် တိုက်စားခံနေရပြီး ထူးဆန်းသော ပျက်စီးခြင်း စွမ်းအားဖြင့် အသံုးချခံနေရသည်ကို ဆာရန်ဒီ ခံစားမိလိုက်ပြီး စွမ်းအား တန်ပြန်သွားခဲ့သည်။ သူက တိတ်တဆိတ် ထိတ်လန့်သွားခဲ့ပြီး နောက်ပြန်လွင့်သွားခဲ့သည်။

သက်ကြွေအကြင်သူက နောက်လိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို အာရုံခံလိုက်မိသည်။ သူက လက်နောက်ပစ်လိုက်ပြီး ခေါင်းနောက်ကို ပစ်လိုက်သော မီးတောက်နက်ကို ဖမ်းလိုက်၏။ မီးတောက်က ကင်းမြီးကောင် အမြီးကဲ့သို့ပင် တိတ်ဆိတ်ပြိး စူးရှသော စွမ်းအားတစ်ခု ပါရှိလေသည်။

“ဒီအကွက်က နည်းနည်း ပိုကောင်းသေးတယ်။” သက်ကြွေအကြင်သူ၏ လက်ထဲ၌ လူစီဖာ တော်ဝင်မိသားစု၏ [ မီးတောက်နက် ] စွမ်းအား ပါဝင်သော ကင်းမြီးကောက် အမြီးက အလျင်အမြန်ပင် အစိုင်အခဲ ဖြစ်သွားကာ ကွဲကြေ သွားခဲ့လေသည်။

ထို [ မီးတောက်အမြီး]က လွန်ခဲ့သော နှစ်များအတွင်း ဆာရန်ဒီ ဖန်တီးထားခဲ့သော လျို့ဝှက်အစွမ်းတစ်ခု ဖြစ်ပေသည်။ ၎င်းကို ပြိုင်ဘက်က အလွယ်တကူ ကိုင်တွယ် နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အစွမ်းအထက်ဆုံး အဆုံးသတ် တိုက်ကွက်နှစ်ခု ပြီးနောက်တွင် ဆာရန်ဒီက ချန်လွေ့၏ ညွှန်ကြားချက်များကို တွေးလိုက်မိပြီး မစဉ်းစားဘဲ နံပါတ်ပြားကို ထုတ်လိုက်သည်။ ရုတ်တရက် သက်ကြွေ အကြင်သူက သူ့ရှေ့သို့ ရောက်လာကြောင်း သိလိုက်ရ၏။

ဆာရန်ဒီ ကြောက်မနေပေ။ သူ၏ပုံရိပ်က ရုတ်တရက် ထပ်နေသော ပုံရိပ်များအဖြစ် ပြောင်းလဲကာ နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ ခန္ဓာကိုယ် အစစ်အမှန်က ထိုပုံရိပ်များနှင့် ရောနှောနေလေသည်။ ထိုအကွက်က သန်းခေါင်‌းနေအရှင် ကိုယ်တိုင် သင်ကြားပေးခဲ့သော အဆုံးသတ် တိုက်ကွက် [ အရိပ်ခြေလှမ်း ] ဖြစ်၏။

သို့သော်လည်း သက်ကြွေအကြင်သူက ၎င်းကို လုံးဝ မစဉ်းစားခဲ့ပေ။ သူက အနည်းငယ် ခါးကိုင်ပြီး ခြေတစ်လှမ်း တည်းဖြင့် ဆာရန်ဒီ၏ တကယ့် ခန္ဓာကိုယ်ကို ရှာတွေ့ သွားခဲ့သည်။ ထိုမြင်ကွင်းက ဆာရန်ဒီ၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ [ အရိပ်ခြေလှမ်း ] ကို မြင်သွားခဲ့ ရုံသာမက ပြိုင်ဘက်၏ လုပ်ရပ်နှင့် အချိန်ကိုက်မှုတို့က သူ့ကို အတော်လေး ရင်းနှီးသော ခံစားချက် ပေးနေခြင်းကြောင့်ပင်။

“မင်း....” ဆာရန်ဒီက နံပါတ်ပြားကို ဖိခြေလိုက်ပြီးနောက် ရုတ်တရက် မျက်လုံးထဲ၌ မယုံနိုင်သော အမူအရာဖြင့် တစ်ခုခုကို တွေးလိုက်မိသည်။

ထိုစကားတစ်ခွန်း ပြောပြီးနောက်တွင်ပင် သက်ကြွေ အကြင်သူက ဆာရန်ဒီ၏ နဖူးကို ဖိလိုက်၏။ ဆာရန်ဒီက ခေါင်းထဲ၌ ဝုန်းခနဲ ခံစားလိုက်မိပြီး ထူးဆန်းသော စိတ်ဝိညာဉ် စွမ်းအား၏ ကျူးကျော်ခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ်က စတင်၍ အစိုင်အခဲ ဖြစ်လာတော့သည်။

သက်ကြွေအကြင်သူက နောက်ထပ် မတိုက်ခိုက်နိုင် ခင်မှာပင် နံပါတ်ပြား၏ တယ်လီပို့စွမ်းအားက အသက်ဝင် သွားခဲ့ပြီး ဆာရန်ဒီ၏ ရုပ်ထုက ပြိုင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။

ဆာရန်ဒီ ရှုံးနိမ့်သွားပြီး သက်ကြွေအကြင်သူက ထိပ်ဆုံး ၁၆ယောက်သို့ အဆင့်တက် သွားခဲ့သည်။

ရှေးစစ်မြေပြင်အပြင်တွင် သလင်းကျောက် ရုပ်ထုအဖြစ် ပြောင်းလဲသွားသော ဆာရန်ဒီကို ချန်လွေ့ ချက်ချင်း ရှာတွေ့သွားသည်။ ထူးဆန်းစွာပင် ဆာရန်ဒီက သေစေ နိုင်လောက်သော ဒဏ်ရာများ မရခဲ့ဘဲ အိပ်မောကျနေခြင်းမျိုး ဖြစ်နေလေသည်။ ချန်လွေ့၏ အာရုံခံ မမှားလျှင် ဆာရန်ဒီက ၅ရက် ၆ရက် နေပြီးနောက် ပြန်နိုးလာပေလိမ့်မည်။

ဆာရန်ဒီက စစ်မြေပြင်မှ အချိန်မီ ထွက်သွားနိုင်ခဲ့ပြီး ပြိုင်ဘက်က သူ့ကို အချိန်မီ မသတ်နိုင်ခဲ့ခြင်းကို နားလည်၍ ရနိုင်သော်လည်း ချန်လွေ့က သက်ကြွေအကြင်သူ၏ စွမ်းအားကို ကောင်းကောင်းသိသည်။ သူက နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်။ အဲဒါကြောင့် အနည်းဆုံး သူက တိုင်းပြည်အဆင့်ပဲ။ တကယ်လို့ သူက ဆာရန်ဒီကို သတ်ချင်တယ်ဆိုရင် နှေးကွေးတဲ့ သလင်းကျောက် နည်းလမ်းကို သုံးစရာ မလိုဘူး။ အားနည်းနည်း စိုက်ထုတ် လိုက်တာနဲ့ ဆာရန်ဒီ အသက်ရှင်နိုင်ခြေက သုညပဲ။

ချန်လွေ့က နားမလည်နိုင်ခဲ့ပေ။ သက်ကြွေအကြင်သူက တကယ်ပဲ ယာကော့ဘ်ဆိုရင် ဒီလိုမျိုး ဆာရန်ဒီကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။

သူက ပြိုင်ဘက်တွေကို ကစားနေတာလား။ ဒါမှမဟုတ် တခြားအကြောင်းရင်း တစ်ခုခု ရှိနေတာလား။

ဤသို့ဖြင့် ထိပ်ဆုံး ၃၂ယောက်၏ ပွဲစဉ်များ ပြီးဆုံး သွားခဲ့ပြီး ထိပ်ဆုံး ၁၆ယောက် စာရင်းများ ထွက်လာ၏။ ထိပ်ဆုံး ၁၆ယောက်မှစ၍ တစ်ချိန်တည်း ကျင်းပသော ပွဲစဉ်(၄)ခုမှ အထက်အုပ်စု နှင့် အောက်အုပ်စု တစ်ခုစီတွင် တစ်ပွဲစီအဖြစ် ပြောင်းလဲသွားခဲ့သည်။

အထက်အုပ်စုအတွက် ပထမပွဲစဉ်က အတော်လေး ထင်းခနဲ ဖြစ်နေသည်။

ရိုင်ဇန် နှင့် သက်ကြွေအကြင်သူ !!

All Chapters