← Chapters

လက်မခံနိုင်ဆုံး ပွဲစဉ်

Vol. 53 Ch. 868

လက်မခံနိုင်ဆုံး ပွဲစဉ်

Vol. 53 Ch. 868

ထိပ်ဆုံး(၈)ယောက် ပေါ်ထွက်လာခြင်းက နောက်ဆုံး အဆင့်သို့ နီးကပ်လာပြီဖြစ်ကြောင်း ကိုယ်စားပြုနေ၏။

အထက်အုပ်စု - ရိုင်ဇန်၊ ချန်လွေ့၊ လာလာရီယာ၊ ဇိုလာ။

အောက်အုပ်စု - ကတ်သရင်း၊ ရက်ပီပစ်၊ ပါ့ဂ်လီအို၊ ဒိုဒို။

နောက်ဆုံး အနိုင်ရရှိသူက ထို(၈)ယောက်ထဲမှ ဖြစ်ပေ လိမ့်မည်။ သိုင်းပြိုင်ပွဲ၏ ထိုအဆင့်က သာမန် အစွမ်းထက် ပုဂ္ဂိုလ်များ၏တိုက်ပွဲ မဟုတ်တော့ဘဲ အထူး အစွမ်းထက် ပုဂ္ဂိုလ်များ၏ တိုက်ပွဲ ဖြစ်နေပြီ ဖြစ်သည်။

အကြိုဗိုလ်လုပွဲ မတိုင်မီအဆင့်များက ကြုံရာကျပမ်း စီစဉ်ခြင်းဖြစ်ပြီး အထက်အုပ်စုတွင် ရိုင်ဇန် နှင့် လာလာရီယာ၊ ချန်လွေ့နှင့် ဇိုလာတို့ ဖြစ်ကြကာ အောက်အုပ်စု၌ ဒိုဒို နှင့် ရက်ပီပစ်၊ ပါ့ဂ်လီအိုနှင့် ကတ်သရင်းတို့ ဖြစ်ကြပေသည်။

ချန်လွေ့က ထိုရလာဒ်အတွက် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူက ရိုင်ဇန်နှင့် စောတွေ့မည်ဟု နဂိုက ထင်ထားခဲ့သော်လည်း ရိုင်ဇန်က “ကံကောင်း”သွားပြီး နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီနှင့် တွေ့သွားရသည်။ ထိုစဉ် သူ၏ ပြိုင်ဘက်က ချစ်ရသူ မစ်-နတ်မိမယ်နဂါးနှင့် ဖြစ်နေ၏။

ပွဲစဉ် (၄)ပွဲသာ ရှိသည့်အတွက် တစ်ပွဲချင်းစီကို တစ်ခုချင်း တိုက်ရိုက် ထုတ်လွှင့်ပြသလေသည်။

မဲနှိုက်ပြီးနောက် ပထမဆုံးပွဲက အောက်အုပ်စုမှ ရက်ပီပစ်နှင့် ဒိုဒိုတို့ ဖြစ်ကြသည်။

ယခင်ပွဲစဉ်၌ ဆရာသခင် ချွဲကျိကောင်က အရှုံးသမား တစ်ယောက်၏ တန်ပြန်တိုက်ခိုက်မှုကို ပြသခဲ့ပြီး တိုင်းပြည်အဆင့်ကို တစ်ခါတည်း ဖောက်ထွက်သွားခဲ့ သော်လည်း တိုင်းပြည်အဆင့် ထိပ်သီးပိုင်း၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သော ရေဘဝဲဘုရင်ကို ရင်ဆိုင်ရသောအခါတွင် ဆရာသခင် ချွဲကျိကောင်၏ စွမ်းအားက ညင်သာနေလွန်း၏။

ရေဘဝဲဘုရင်က ဒိုဒို၏ စွမ်းအားကို တစ်ချက်တည်းဖြင့် မြင်နိုင်ခဲ့ပြီး လေးလေးနက်နက် သဘောမထားခဲ့ပေ။ သူက လက်ကို အသာလေး ဝှေ့ရမ်းလိုက်ရာ မြူစက်ဝိုင်းတစ်ခုက ချွဲကျိကောင်ကို ဝိုင်းရံလိုက်၏။ ဒိုဒို၏ ခန္ဓာကိုယ်က မျက်စိ တစ်မှိတ်အတွင်းမှာပင် အလျင်အမြန် အေးခဲလာခဲ့ပြီး ကြက်သွန်နီပုံစံ ရေခဲရုပ်ထု ဖြစ်သွားတော့သည်။ သူက အသက်ရှူထုတ်လိုက်ရာ ရေခဲရုပ်ထုက အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

စွမ်းရည် ဆုံးရှုံးသွားသင့်သော “အမှုန့်များ”က အလျင်အမြန်ပင် ဒိုဒိုအဖြစ် ပြန်လည်ဖွဲ့စည်းသွားရာ ရေဘဝဲဘုရင်က အနည်းငယ် အံ့သြသွား၏။

ရိုမန်နှင့် တိုက်ပွဲအတွင်း ရေဘဝဲဘုရင်က ဒိုဒို၏ မသေနိုင်ခြင်းကို မြင်ခဲ့သည်။ ယခုတွင် သူကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်အခါ ထိုခန္ဓာအမျိုးအစား၏ ထူးခြားမှုကို အမှန်တကယ် ခံစားမိလိုက်သည်။ ထိုကဲ့သို့ ဆန်းကြယ်သော သတ္တဝါမျိုးကို မည်သည့် ဒြပ်စင်ထိခိုက်မှု၊ မည်သည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့က အမှန်တကယ် မသတ်နိုင်ပေ။

မြူက ပြန်လည်ပေါ်ထွက်လာပြီး ဒိုဒိုက ဒုတိယတစ်ကြိမ် ရေခဲရုပ်ထု ပြန်ဖြစ်သွားပြန်သည်။ ထိုအချိန်၌ ရေဘဝဲဘုရင်က ရေခဲရုပ်ထုကို မဖျက်ဆီးခဲ့ဘဲ ချွဲကျိကောင်၏ လှုပ်ရှားမှုကို တစ်ခါတည်း အေးခဲစေလိုက်သည်။.

ခဏကြာပြီးနောက် ရေခဲအလွှာက အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ချွန်ထက်ပြီး ဖောက်ထွင်းမြင်ရသော ဓားတစ်လက်က အမှန်ကတယ်ပင် အတွင်းထဲမှ ဖောက်ထွက် လာခဲ့သည်။

ရေဘဝဲဘုရင်က မျက်ခုံးပင့်လိုက်၏။ သူက စွမ်းအား ၃၀% ကို အသုံးပြုပြီးပြီ ဖြစ်သည်။ ဒိုဒိုက အေးခဲစွမ်းအားမှ အလျင်အမြန် ဖောက်ထွက်လာနိုင်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် “ဓား”ပေါ်မှ ထူးဆန်းသော ပါးစပ်ပေါက်တစ်ခု ချက်ချင်းပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။

ဒိုဒိုက တိုက်ကွက် ကြီးကြီးမားမား ပြုလုပ်တော့မည်ဟု ရေဘဝဲဘုရင် ထင်လိုက်စဉ် ထိုပါးစပ်မှ အသံတစ်ခုသာ ထွက်လာခဲ့သည်။ “အရှုံးပေးတယ်....”

ရေဘဝဲဘုရင် - ‌”.....”

ပီကေကဲ့သို့ ပျော့ပျောင်းသော အရာတစ်ခုက ဓားကြောင့် ဖြစ်လာသော အပေါက်ကြားမှ တိုးထွက်လာခဲ့သည်။ ၎င်းက မြေပေါ်သို့ ရောက်သွားသည်နှင့် ကြက်သွန်နီကောင်ပုံစံ ပြန်ဖြစ်သွားပြီး လက်(၈)ဖက်က တုန်လှုပ်နေသော ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။ “အေးပြီး သေတော့မလို့။ အရှုံးပေးတယ်။ အရှုံးပေးတယ်။”

ကောင်းစွာ သိမြင်နိုင်သော မျက်လုံးရှိသူတိုင်းက ဒိုဒိုက အလွန်ပါရမီရှိကြောင်း မြင်နိုင်ပေသည်။ ၎င်းက ရေခဲတုံးကို ထိုကဲ့သို့ ဖောက်ထွင်းနိုင်လျှင် အနည်းဆုံး နောက်ထပ် သုံးလေးကျော့ တိုက်ခိုက်နိုင်သေးသည်။ သို့သော် ဆရာသခင် ချွဲကျိကောင်က ထိုကဲ့သို့ မတွေးပေ။ ဒီပြိုင်ဘက်က အစွမ်းထက်တယ်လို့ သခင်ပြောခဲ့တယ်။ အဆိပ်နဂါးတောင် သူ့ထက် နိမ့်ကျတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ နိုင်မှာ မဟုတ်ရင် အရှုံးပေးပြီးတော့ အေး‌အေးဆေးဆေး ဝိုင်သွားပြန်သောက်တာက ကောင်းဦးမယ်။

အသေအချာပင် ဖိအားမရှိပါက တိုင်းပြည်အဆင့်သို့ ရောက်သွားသည့်တိုင် သူက ပျင်းရိပြီး ကြောက်ရွံ့တတ်သော ပိုးမွှားကောင် ဖြစ်နေဦးမည် ဖြစ်ပေသည်။

ပထမပွဲစဉ်နှင့် ယှဉ်လျှင် ဒုတိယပွဲက အတော်လေး ကောင်းမွန်ပေသည်။ အကြောင်းမှာ အနိုင်ရရှိရန် နာမည်အပြေးဆုံး ရိုင်ဇန်ဖြစ်နေ၍ပင်။ ရိုင်ဇန်၏ ပြိုင်ဘက်က ထူးဆန်းသော လုိလီ လာလာရီယာ ဖြစ်၏။

ထိုပွဲ၏ ရလာဒ်ကို သိပ်ပြီး ရင်ဖိုစရာကောင်းမည် မဟုတ်ဟု ထင်ထားကြလေသည်။ လာလာရီယာက လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး စစ်ဆေးခြင်းအကျော့၌ မှတ်တမ်းတစ်ခု ရထားခဲ့သည်။ သို့သော်လည်း နောက်ပိုင်း ပွဲစဉ်များ၌ ပုံမှန်သာ ဖြ်စသည်။ အထင်ကြီးစရာ အကောင်းဆုံးက အမှောင်နတ်သူငယ်ကောင်မလေးကို အီစီကလီ လုပ်ပြီးနောက် အရှုံးပေးအောင် လုပ်နိုင်ခဲ့ခြင်းပင်။ ပရိတ်သတ်များ၏အမြင်၌ ထိုအရာက ကံကောင်းသော ထူးထူးဆန်းဆန်း ကောင်မလေးတစ်ယောက်သာ ဖြစ်၏။ သူက ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

လာလာရီယာက ပြိုင်ကွင်းထဲသို့ ယိုင်တိယိုင်တိုင်နှင့် ရောက်လာပြီး တောင်ကဲ့သို့ တည်ငြိမ်နေသော ရိုင်ဇန်ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။ “ငါက ယောက်ျားတွေကို အမုန်းဆုံးပဲ။ မင်းလို ငပိန်မျိုးကို တိုက်တောင် မတိုက်ချင်ဘူး။ အဲဒါကြောင့် ငါမင်းကို သုံးချက် ထိုးခွင့်ပေးမယ်။ မင်းငါ့ကို ခြေတစ်လှမ်း လှုပ်အောင် လုပ်နိုင်မယ်ဆိုရင် မင်း အနိုင်ပဲ။”

အမြဲပင် တည်ငြိမ်နေသော ရိုင်ဇန်ကပင် မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု ဖော်ပြလိုက်မိသည်။

လက်သီး(၃)ချက်၊ ခြေတစ်လှမ်း ဟုတ်လား။

ဒါနဲ့ အဲဒီ “ငပိန်လေး”ဆိုတဲ့ နာမည်က....

“လာစမ်းပါ။ ငါ့အင်အားတွေ မဖြုန်းတီးနဲ့။” ရင်ပြားလိုလီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “ငါ အဲဒီကောင်မျက်နှာကို ရိုက်ပြီးတော့ ပျော်ချင်သေးတယ်။”

“မင်းရဲ့ စိတ်နည်းဗျူဟာက အတော်လေး အောင်မြင်တယ်။ ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိုင် သွားပြီ။” ရိုင်ဇန်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု လှိမ့်တက်လာခဲ့သည်။ “မင်း ဒီအတွက် ပေးဆပ်ရမယ်။”

“အဟုန်နဲ့ ခြိမ်းခြောက်တာလား။” ရင်ပြားလိုလီက အထင်သေးစွာ ပြောလိုက်သည်။ “ငါက မင်းထက် ပိုပြီးတော့ အစွမ်းထက်တယ်။”

ထိုစကား အဆုံးသတ်သည်နှင့် ရိုင်ဇန်က မိမိထံ ရောက်လာသော ကြောက်မက်ဖွယ်ရာအဟုန်ကို ခံစားလိုက် မိသည်။ သူ၏ သတ်ဖြတ်ချင်စိတ်က အမှန်တကယ်ပင် လုံးဝ ဖိနှိပ်ခံလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက် မိသည်။

ရိုင်ဇန်က အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။ သူ့ မျက်လုံးများက ရုတ်တရက် လေးနက်သွားခဲ့သည်။ ပြိုင်ဘက်ရဲ့ စွမ်းအားက ငါ့ထက်ကို တကယ် သာနေတာပဲ။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းလား။

“ငါ အထင်မှားသွားတယ်။ မင်းက တကယ့်ကို ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်နေတာပဲ။” ရိုင်ဇန်က လုံးဝ လေးနက်နေခဲ့ပြီး လက်သီးက ချက်ချင်းပင် ကြီးမားသော စွမ်းအားဖြင့် စုစည်းလိုက်ရာ လာလာရီယာထံ အရင်ဦးစွာ အလှမ်းဝေး လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်၏။

ရိုင်ဇန်၏ စိတ်ထဲ၌ သူက တိုက်ခိုက်ရန် ထိုက်တန်သော ပြိုင်ဘက်တစ်ယောက် ဖြစ်သည့်အတွက် အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။ ပြိုင်ဘက်က မိန်းမဖြစ်စေ၊ “ကောင်မလေး”ဖြစ်စေ၊ အလျှော့ပေးမည် မဟုတ်ပေ။

ပြင်းထန်သော လက်သီးအဟုန် ရောက်ရှိလာခဲ့ပြီး ဖြစ်ပေါ်လာသော လေဖိအားက အနီးအနားမှ သစ်ရွက်များနှင့် ကျောက်စရစ်ခဲများ နောက်သို့ ပြန်လိမ့်သွားစေသည်။ အဟုန်က အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ သို့သော် လာလာရီယာ အာရုံမထားသကဲ့သို့ပင် အကြည့်လွှဲနေ၏။

လက်သီးအဟုန်က “ကောင်မလေး”အနားသို့ ချည်းကပ် လာသည့်အချိန်၌ အင်အားကြီး လက်သီးချက်က မျက်စိ တစ်မှိတ်အတွင်းမှာပင် အားနည်းသွားခဲ့သည်။ ၎င်းက မုန်တိုင်းထန်သော ပင်လယ်မှ တည်ငြိမ်သော ပင်လယ်အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ် သွားတော့သည်။

ရိုင်ဇန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ ဒီလက်သီးချက်က စမ်းသပ်တာပဲ ဆိုပေမဲ့ ငါ့ရဲ့အင်အား ၇၀% သုံးထားခဲ့တာ။ ပြိုင်ဘက်က လက်တစ်ချောင်းတောင် မလှုပ်ခဲ့ဘူး။ အဲဒါက လုံးဝ ပျောက်သွားခဲ့တယ်။

လုံးဝကို ကြမ်းတဲ့ ရန်သူ တစ်ယောက်ပဲ။

အဲဒီလူနဲ့ ပြတ်သားတဲ့ တိုက်ပွဲတစ်ခု မတိုက်ခိုက် ရသေးခင်မှာ ဒီလိုအဆင့်မျိုး ရန်သူကို ငါ တကယ်ကြီး ကြုံတွေ့နေရတယ်။

တိုင်းပြည်အဆင့် ထိပ်သီးပိုင်းတဲ့လား။ စိန်ခေါ် ကြည့်တာပေါ့။

စစ်မြေပြင်တစ်ခုလုံးက သွေးမြူများဖြင့် လှိမ့်တက် သွားခဲ့ပြီး ရိုင်ဇန်က တိုင်းပြည်စွမ်းအားကို မထိမ်ချန်ဘဲ အသက်သွင်းလိုက်လေသည်။

“[မိုးကြိုးဧကရာဇ်ချိပ်ပိတ်]”

ရိုင်ဇန်၏ ဒုတိယ တိုက်ခိုက်မှုက အစွမ်းအကုန် တိုက်ခိုက်မှု ဖြစ်နေလေပြီ။ ထိုအရာက သူ၏ ပင်ကို အမှတ်တံဆိပ် အဆုံးသတ်တိုက်ကွက်တစ်ခု ဖြစ်၏။

သန်း‌ခေါင်နေနှင့်တိုက်ခိုက် ပြီးနောက်တွင် ထိုလက်သီးက ပိုမို၍ ကျစ်လစ်ပြည့်စုံသွားခဲ့သည်။ စွမ်းအားကလည်း သိသိသာသာ တိုးတက်လာ၏။ လက်သီးအဟုန် သွားသော နေရာတိုင်း ကြီးမားလှသော ဖိအားက မြေပြင်ပေါ်တွင် အက်ကြောင်း အများအပြားကို ဖြစ်စေခဲ့သည်။

သို့သော်လည်း လာလာရီယာက မလှုပ်ရှားသေးပေ။ သူက ခရမ်းရောင်လက်သီးကို တစ်ချက် ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ အလင်းရောင်ခြည်တစ်ခု လင်းလက်နေဟန် တူသည်။ “ဝုန်း....” ထိုအကြည့်အောက်တွင် အန္တိမ တိုက်ကွက်ဖြစ်သော [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] က အမှန်ကယ် လုံးဝ ကွယ်ပျောက်သွားသည်။

ရိုင်ဇန် ထိတ်လန့်သွားလေ၏။ စွမ်းအားကြီးလွန်းတယ်။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ သူက အကြည့်တစ်ချက် တည်းနဲ့ [ မိုးကြိုးဧကရာဇ်ချပ်ပိတ် ] ကို ချေဖျက်ခဲ့တယ်။

တိုင်းပြည်အဆင့် ထိပ်သီးပိုင်းက ဒီလောက်အထိ လုပ်နိုင်တလား။

မဖြစ်နိုင်ဘူး။ အဲဒါက....

ရိုင်ဇန်၏ စိတ်ထဲသို့ မယုံနိုင်စရာ ခန့်မှန်းမှုတစ်ခု ရောက်ရှိသွားခဲ့သည်။

“နတ်ဘုရားတစ်ပိုင်းအဆင့်လား။”

ထိုစကားကို ကြားသောအခါ နှုတ်ခမ်းမွှေးနှင့် ရင်ပြား လိုလီက ရယ်လိုက်ပြီး ပုံရိပ်တစ်ခုလုံးက အပြင်းအထန် စတင်၍ တုန်ခါလာခဲ့သည်။

သူ့ပတ်ပတ်လည်မှ မြေပြင်တွင် အက်ကြောင်းများ အလျင်အမြန် ပေါ်ထွက်လာခဲ့ပြီး ဖိနှိပ်သော အဟုန်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။ ရိုင်ဇန်၏ ခန္ဓာကိုယ်က အလိုလို နောက်သို့ ပြန်ဆုတ်သွားရသည်။ သူ၏ ခြေထောက်က မြေပြင်ပေါ်၌ ထိတ်လန့်ဖွယ်ရာ အရာများကို ဖြစ်စေခဲ့ပြီး မီတာ ရာနှင့်ချီအဝေးသို့ လွင့်စင်သွားခဲ့သည်။

အံ့အားသင့်ဖွယ်ရာ ရယ်သံတစ်ခုက မြို့အနှံ့ ပဲ့တင်သံ ထပ်သွားခဲ့သည်။ ၎င်းကို ပြိုင်ကွင်း‌ဘေးဖက်မှပင် ကြားနိုင်လေသည်။ ကောင်းကင်ရှိ တိမ်တိုက်များက အဝေး လွင့်စင်သွားကြပြီး ပုံရိပ်များကတော့ ဝေဝါးနေပြီ ဖြစ်သည်။ မှော်ရုပ်မြင်သံကြား၏ မျက်နှာပြင်ကြီးသည်ပင် ကြောက်မက် ဖွယ်ရာ စွမ်းအားကြောင့် အနည်းငယ် အနှောင့်အယှက် ဖြစ်သွားခဲ့သသည်။

ကတ်သရင်းက ရယ်သံထဲမှ ကြီးမားသော စွမ်းအားကို အာရုံခံလိုက်မိပြီး ထိတ်လန့်သွားမိသည်။ ရေဘဝဲဘုရင် ရက်ပီပစ်ကပင် မတ်တတ်ရပ်လိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွား၏။

အဟုန်က တဖြည်းဖြည်းနှင့် လာလာရီယာ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ ရိုင်ဇန်၏ ပုံရိပ်က ရှေ့ မနီးအဝေးသို့ ရောက်လာခဲ့ပြီး မျက်လုံးက ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။ ဒီထူးဆန်းတဲ့ ကောင်မလေးက တကယ်တော့ နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်နေတာပဲ။

တိုင်းပြည်အဆင့်နှင်င့ နတ်ဘုရားတစ်ပိုင်း အကြားမှ ကွာဟချက်က သာမန်အဆင့်ကြီးထက် များစွာ ကွာခြား ပေသည်။ “လက်လှမ်းမမှီနိုင်”ဟူ၍ပင် ဖော်ပြ၍ ရနိုင်၏။ ရိုင်ဇန်က အနိုင်ရရှိရန် လုံးဝ အခွင့်အရေး မရှိတော့ကြောင်း သေချာနေခဲ့သည်။ “ဘာလို့လဲ။ ငပိန်လေး။ တိုက်ခိုက်ဖို့ သတ္တိ မရှိတော့ဘူးလား။” မဒမ်-လာလာရီယာက ရိုင်ဇန်ကို အထင်‌သေးစွာဖြင့် ကြည့်လိုက်သည်။

ရိုင်ဇန်က ပင့်သက်ရှိုက်လိုက်ပြီး နားထဲမှ စကားလုံးများကို ကြားလိုက်ရပြန်သည်။ မင်းက ငါ့ထက် ပိုပြီးတော့ ဝေးဝေးကို ရောက်မှာပါ။

ဖိနှိပ်ခံရပြီး ပျောက်ကွယ်လုမတတ် ဖြစ်နေသော သွေးမြူက ယခင်ကထက်ပင် ပို၍ များပြားလာခဲ့သည်။ ထိုအရာက ရိုင်ဇန်၏ မျက်လုံးထဲမှ တိုက်ခိုက်ချင်စိတ် ကဲ့သို့ပင် မီးတောက်သဖွယ် လောင်ကျွမ်းနေ၏။ ကျယ်ပြန့်လှသော စွမ်းအား စုစည်းထားမှုကြောင့် သွေးက တဖြည်းဖြည်းနှင့် သူ၏မျက်နှာမှ စီးကျလာပြီး မျက်လုံးများက ပို၍ပင် လောင်ကျွမ်းနေခဲ့သည်။

လောင်ကျွမ်းနေသော သွေးမြူက ထူးဆန်းသော လက်အမူအရာတစ်ခု အဖြစ် ဖွဲ့စည်းလိုက်သည်။ လက်သီးဆုပ်မှ လက်ညှိုးနှင့် လက်ခလယ်ကို မြှောက်ထားပြီး လက်မက အတွင်းထဲသို့ ဆုပ်ထား၏။

“[ ငါမရှိချိပ်ပိတ် ]”

“မဆိုးဘူး။” လာလာရီယာ၏ မျက်လုံးထဲ၌ လေးစားသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဒီလက်သီး စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို အတော်လေး ချည်းကပ်လုနီးပါး ဖြစ်နေပြီ။”

လာလာရီယာက “မဆိုးဘူး”ဟု ပြောပြီးသောအခါ [ငါမရှိချိပ်ပိတ်]က သူ့မျက်နှာအရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ ရင်ပြားလိုလီကို လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲသို့ ညှပ်လိုက်ကာ [ငါမရှိချိပ်ပိတ်]က ပေါက်သွားသော ပူဖောင်းကဲ့သို့ပင် ချက်ချင်း ပြိုလဲသွားတော့သည်။ ထိုအချိန် သူက နောက်ဆုံးစကားလုံးကို ပြောပြီးခါစသာ ရှိသေးသည်။

ရိုင်ဇန်က အပြင်းအထန် မောဟိုက်နေခဲ့သည်။ ထို တိုက်ခိုက်မှုက သူ၏ စွမ်းအားအကုန်နီးပါးကို အသံုးပြု ခဲ့ရသော်လည်း ပြိုင်ဘက်က အလွယ်တကူပင် ပယ်ဖျက် ခဲ့လေသည်။ ထိုအရာက အကြွင်းမဲ့ စွမ်းအားပင်။

“အရှုံးပေးလိုက်တော့။ ရိုင်ဇန်။” လာလာရီယာက “ငပိန်လေး”ဟူသော စကားလုံးကို အသုံးမပြုခဲ့ပေ။ “ငါတို့ ကြားက ခြားနားချက်ကို မင်း ကောင်‌းကောင်း သိပါတယ်။”

“မင်းက ငါ့လက်သီး (၃)ချက်ကို ခံခဲ့တယ်။” ရိုင်ဇန်က အသက်ရှူသံကို ထိန်းညှိလိုက်၏။ “အခု ငါ မင်းဆီကနေ လက်သီးတစ်ချက် ခံမယ်။”

“မင်း ခံနိုင်မယ်ဆိုတာ သေချာလား။”

ရိုင်ဇန်က ဘာမှ မပြောဘဲ ခုခံသော အနေအထား ပြုလုပ်လိုက်၏။

လာလာရီယာက ရိုင်ဇန်ကို ခဏတာ စိုက်ကြည့်ပြီးနောက် အနည်းငယ် ပို၍ လေးနက်သွားပုံရသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ရုတ်တရက် နောက်လှည့်ကာ ‌ပေါ့ပေါ့းပါးပါးနှင့် လက်သီးတစ်ချက် ထိုးလိုက်သည်။

ထိုလက်သီးချက်က အန္တရာယ်မရှိသလို ထင်ရသော်လည်း ရိုင်ဇန်သည်ပင် ကြက်သီးများထလာကာ ပြိုင်စံရှား သားရဲတစ်ကောင်က မျက်နှာဆီ ရောက်လာနေသကဲ့သို့ပင် အလွန်အမင်း ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို အာရုံခံလိုက်မိသည်။ ချက်ချင်းပင် ရှေးစစ်မြေပြင်မှ အရာအားလုံး ပြိုလဲကာ ပျောက်ကွယ်နေခဲ့သည်။ ထိုအရာက လုံးဝကို ကမ္ဘာပျက်နေသလိုမျိုးပင်။

ရိုင်ဇန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအားက အဆုံးအစွန်အထိ ရောက်ရှိသွားကာ “ကြမ်းတမ်းသောသားရဲ”ကို ရင်ဆိုင်ရန် ပြင်လိုက်သည်။ ထိုနှစ်ခု ဆုံတွေ့သော အခိုက်အတန့်၌ ရိုင်ဇန်က တစ်ခုကိုသာ ခံစားမိခဲ့သည်။ မခုခံနိုင်ဘူး။

သူ၏ ဝိညာဉ် တုန်လှုပ်နေခဲ့ပြီး တဖြည်းဖြည်းချင်း ‌ပျောက်ကွယ်သွားခဲ့သည်။ သူ၏ စိတ်က ပြိုလဲလုမတတ် ဖြစ်နေခဲ့သည်။ ရိုင်ဇန်က အော်လိုက်ပြန်သည်။ သူ၏ ဝိညာဉ်နှင့် အသက် နှစ်ခုလုံးက လောင်ကျွမ်းနေပြီး ထိုပြိုလဲမှု စွမ်းအားကို ခုခံနေလေသည်။

အချိန်အချို့ ကြာပြီးနောက် သူ၏အသက် မကုန်ခမ်း ခင်မှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအားက နောက်ဆုံး ကွယ်ပျောက်သွားတော့သည်။

ဝေဝါးသော အမြင်လည်း ကြည်လင်လာခဲ့ပြီး ရှေ့မှ လာလာရီယာက လက်သီးကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်း လိုက်ကြောင်း မြင်လိုက်ရသည်။ ရှေးစစ်မြေပြင်က မပြိုလဲ သွားခဲ့ဘဲ မြေပြင်‌ပေါ်မှ အက်ကြောင်းများနှင့် ပြိုလဲလုမတတ် ဖြစ်နေအောင် အားနည်းနေသော ခန္ဓာကိုယ်က ရိုင်ဇန်အား ခုနကအရာမှာ သေချာ‌ပေါက် ထင်ယောင်ထင်မှား မဟုတ်ကြောင်း ပြောပြနေလေသည်။

ဒါက ရိုးရိုး လက်သီးချက်လေး တစ်ချက်ပဲ။ သူသာ မသက်ညှာခဲ့ရင် ငါ သေသွားလောက်ပြီ။

ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားလား။

အနည်းဆုံးတော့ ငါက ရှေ့ကို လမ်းကို မြင်ခဲ့ရပြီ။

“မင်းက ငါ့ထက် ပိုပြီးတော့ ဝေးဝေး ရောက်နိုင်မှာပါ။”

အသံများကို သူ့နားထဲ ကြားလိုက်ရပြန်သည်။ ရိုင်ဇန်က တစ်ဘဝစာ ကတိကို ဆုပ်ကိုင်လိုက်သကဲ့သို့ပင် နောက်ဆုံး လက်ကျန်အင်အားပြီး လက်သီးကို ကျစ်ကျစ် ဆုပ်ကိုင် ပြီးနောက် လဲကျသွားတော့သည်။

ပရိသတ်များအားလုံးနီးပါး အုတ်အော်‌သောင်းတင်း ဖြစ်သွားကြသည်။ နဂါးကျွန်းမှ ဦးနှောက်မရှိသော ပရိသတ် အဖွဲ့ကလည်း မြဲမြဲမြံမြံ ကျန်ရှိနေ၏။ “ဆာ-လာလာရီယာကို သေအောင်ကြိုက်တာပဲ။”

အကြိုဗိုလ်လုပွဲ မတိုင်မီအဆင့် ဒုတိယပွဲစဉ်က ပြိုင်ပွဲ အစမှစ၍ လက်မခံနိုင်ဆုံးပွဲစဉ် ဖြစ်သွားခဲ့သည်။

ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်က ရှုံးနိမ့်သွား၏။

လာလာရီယာက ထိပ်ဆုံး (၄)ယောက်သို့ အဆင့် တက်သွားခဲ့သည်။

All Chapters