← Chapters

ရင်ဆိုင်တွေ့ခြင်း

Vol. 53 Ch. 870

ရင်ဆိုင်တွေ့ခြင်း

Vol. 53 Ch. 870

ညအချိန် -

သံလက်သီးနယ်မြေက တောက်ပနေ၏။ နတ်ဆိုးများ အတွက် ညနေဘဝက ယခုမှသာ စတင်ခြင်း ဖြစ်သည်။

ညစျေးက ယခုတွင် နတ်ဆိုးဘုံရှိ နယ်မြေများနှင့် မြို့ငယ်များအတွက် မရှိမဖြစ် အင်္ဂါရပ်တစ်ခု ဖြစ်လာခဲ့ပြီး အခွန်အခအတွက် အရေးပါသော အရင်းအမြစ်တစ်ခုလည်း ဖြစ်လာလေသည်။

သွေးရောင်အင်ပါယာ၏ အဓိကနယ်မြေတစ်ခု ဖြစ်သည့် အလျောက် သံလက်နယ်သီးနယ်မြေ၌ “ကူးယူထားသော” ညစျေးကွက်ကို သေဆုံး သွားခဲ့ပြီဖြစ်သော မင်းသားငယ် တဲရစ်က အကောင်အထည် ပထမဆုံး ဖော်ခဲ့လေသည်။ အကြီးစား ညစျေးကွက်ကို မြို့၏ အဓိကနယ်မြေနှစ်ခုတွင် ပြုလုပ်ခဲ့လေသည်။

အရှေ့ပိုင်းခရိုင် ညစျေး၌ လှပသော အမျိုးသမီးတစ်စု ရောက်ရှိလာကြသည်။ ထိုအရာက လှပသော မြင်ကွင်းတစ်ခု ဖြစ်နေပြီး လူအများကို အာရုံဖမ်းစားသွားနိုင်ခဲ့သည်။

ယောက်ျား(၂)ယောက်သာ ဘေးနားတွင် ရှိနေသော မိန်းမလှ ဒါဇန်ခန့်က ဘာမှမသိသော ယောက်ျားများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ပြီး အီစီကလီလုပ်ရန် ရောက်လာကြသည်။ သို့သော် နောက်ပိုင်းခဏတွင်မှာပင် သူတို့က ဥက္ကာပျံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် ထဲသို့ ပျောက်ကွယ်သွားကြသည်။

ချက်ချင်းပင် မိန်းမလှများနှင့် အီစီကလီလုပ်နေသော ဆံပင်အတိုနှင့်သူက သွေး‌ရောင်အင်ပါယာ လော့ဒ် ရိုင်ဇန်ကို အနိုင်ယူခဲ့‌သော လာလာရီယာ ဖြစ်‌ကြောင်း တစ်စုံတစ်ယောက် သတိထားမိ သွားခဲ့သည်။

ထိုတွေ့ရှိမှုက မကောင်းသော အကြံများ ရှိနေသူများကို ကြောက်လန့်သွားစေခဲ့သည်။ မဟာရိုင်ဇန်တောင် လက်သီး တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတယ်။ ငါ့အသားက သွားကြားတောင်ညှပ်မှာ မဟုတ်ဘူး။

ထို့အပြင် ကြယ်ကြွေတမန်အင်ပါယာ၏ ကြင်ရာတော် မင်းသားနှင့် ပတ်သက်မှုရှိသော မှော်ပညာရှင် ဇိုလာကလည်း ထိုအထဲတွင် ရှိနေသည်။ အကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့် သွားခဲ့သော ပါ့ဂ်လီအို၊ ထူးဆန်းသော ကြက်သွန်နီကောင် ဒိုဒိုအပြင် အကြိုဗိုလ်လုပွဲအဆင့် ရောက်ခဲ့သော ရိုမန်နှင့် အိုလီဖီးရက်စ်တို့လည်း ရှိနေကြသည်။

လာလာရီယာ မပါဘဲနှင့်ပင် ထိုအဖွဲ့က အတော်လေး ကြောက်စရာ ကောင်းလှသည်။ ခဏကြာပြီးနောက် သူတို့ကို မည်သူမှ စကားမပြောရဲကြတော့ပေ။

“အဲလစ်၊ အယ်ဒီလိုင်း၊ ဒါကို လာမြည်းကြည့်။ ဒါက သံလက်သီးနယ်မြေက အထူးထုတ်ကုန် ယိုယိုသစ်သီးပဲ။ စားကြည့်။ နားထဲကနေ အေးအေးလေး ခံစားရလိမ့်မယ်။ တကိုယ်လုံး လွင့်မျောနေသလိုမျိုးပဲ။” အသီနာက အစောပိုင်း နှစ်များ၌ ဖခင်ဖြစ်သူနှင့် နဂါးနီအမေတို့နှင့်အတူ သံလက်သီး နယ်မြေသို့ ခဏခဏ ‌ရောက်ခဲ့ဖူးသည်။ ထိုအချိန်က ညစျေး မရှိခဲ့သော်လည်း ထိုနေရာက အထူးထုတ်ကုန်များနှင့် မစိမ်းလှပေ။

“ဟုတ်လား။” အဲလစ်က ယိုယိုအသီးတစ်လုံး စားကြည့် လိုက်သည်။ “အယ်ဒီလိုင်း။ နင်လည်း စားကြည့်။”

“အင်း...” နာဂါကောင်မလေးက အဲလစ်ထံမှ အသီးကို ယူပြီး ပြုံးလိုက်၏။ အစ်မ၊ မိသားစုနဲ့ အမေ့ကို တစ်ခါတလေတော့ သတိရပေမဲ့ အဲဒီလူရဲ့ ဘေးနားမှာ ဒီသူငယ်ချင်းတွေနဲ့ အတူတူနေရတာ သိပ်ကောင်းတာပဲ။

“အစ်ဇဘယ်လာ။ နင်က ခုနက တကယ် မယုံနိုင်စရာပဲ။ သလင်းကျောက်နက်ဒင်္ဂါး ၁၂ ပြားကနေ ၁ပြားအထိ စျေးဆစ်နိုင်ခဲ့တယ်။” အစေခံ ကဝေမလေး၏ မျက်နှာပေါ်တွင် လေးစားမှုများ ပြည့်နှက်နေခဲ့သည်။ သူသာဆိုလျှင် စျေးကို ထက်ဝက်ဆစ်နိုင်သည်က လွန်နေပြီ ဖြစ်၏။

“ဒါပေါ့။ ငါ့အစ်မက အတော်ဆုံးပဲ။” မစ်-နဂါးနက်က အစ်ဇဘယ်လာ ပေးထားသော သန္တာကျောက်နီ နားကပ်နှင့် ကစားရင်း ပြုံးကာ ပြောလိုက်သည်။ “လာလာရီယာ။ နင် ငါ့ကို ဘယ်တော့ ပိုက်ဆံပေးမှာလဲ။”

မစ်-နတ်မိမယ်နဂါး အရှေ့မှ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ရုတ်တရက် အေးခဲသွား၏။ “ငါ ပြိုင်ပွဲမှာ အနိုင်ရတာကို စောင့်ဦး။ ငါ အခု မွဲနေတယ်။ စိတ်မပူပါနဲ့။ ငါ နင့်ဆီမှာ အကြွေးတင်ထားတယ် မဟုတ်လား။ အားလုံးကို ပြန်နိုင်ပြီးရင် ငါနင့်ကို နှစ်ဆ ပေးမှာပါ။”

“လာလာရီယာ။ နင်က တကယ်လူကောင်းပဲ။” မစ်-နဂါးနက်က နှုတ်ခမ်းမွှေးနှင့် လိုလီ၏ လက်ကို ကိုင်လိုက်ပြီး အမြင်ပိုကောင်းအောင် ကြိုးစားနေလိုက်သည်။ “ဒါနဲ့ စကားဆိုတာက သက်သေလို့ ယူဆလို့မရဘူး။ နောက်ထပ် အကြွေးစာမှာ အပိုနှစ်ဆလို့ ရေးကြတာပေါ့။”

နှုတ်ခမ်းမွှေးနှင့် လိုလီ - “....”

“ဝိုး... ဝိုင် ပထမဆုံး တိတ်တိတ်လေး ခိုးသောက်သလိုမျိုး ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ။ အစ်မ။ သောက်ကြည့်...” ယခုတစ်ခေါက် အဲလစ်က “အစ်မ”ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။ ယိုယိုအသီး၏ ခံစားချက် အမှန်ပင် ထူးခြား လှပေသည်။ လိုလီလေး ယိမ်းထိုးပြီး ပြုတ်ကျမတတ် ဖြစ်သွား၏။ သူ့ကို ဘေးနားမှာ နောက်ထပ် မျက်နှာလွှား ဝတ်ထားသော ရွှေရောင်ဆံပင်နှင့် အမျိုးသမီး တစ်ယောက်က လှမ်းဆွဲလိုက်သည်။

“တိတ်တိတ်လေး ခိုးသောက်တယ်”ဟူသော စကားကို ကြားလိုက်သောအခါ ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက လိုလီလေး၏ မျက်နှာကို အသာလေး ဆွဲဆိတ်လိုက်ပြီး ခရမ်းရောင်မျက်လုံးထဲ၌ ညင်သာမှုတစ်ခု ရှိနေ၏။ ‌ကြင်ရာတော် မင်းသား ဘေးနားမှ မျက်နှာလွှားနှင့် အမျိုးသမီးက အုပ်ချုပ်သူ (၃)ဦးထဲမှ တစ်ဦးဖြစ်သော ရှီရာ လူစီဖာ ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။

ထိုအရာက မောင်းမဆောင်ကို ညစျေးသို့ လုံးဝ ခေါ်လာခြင်းပင် ဖြစ်၏။

“ရိုမန်။ ဒီအနီရောင် ဝတ်ရုံကို ဝတ်ကြည့်။”

“မယ်ဒီလူ။ အပြာရောင်က ရိုမန်နဲ့လိုက်တယ်။”

“အနီနဲ့ အဆင်‌ပြေတယ် ထင်တာပဲ။”

“ရိုမန်။ သူတို့ကို ပြောလိုက်ပါ။ မင်း ဘယ်အရောင် ဝတ်လဲ။” ယခုတစ်ခေါက် ပြုံးနေသော မဒမ်-ဒေါ်လေးက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

“....” အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေသော ကျောင်းသား တူလေးက နောက်ဆုံးတွင် နှစ်ရောင်လုံးကို ရွေးလိုက်၏။ သို့သော်လည်း ပုံစံက အတော် ဆိုးသည်ဟု ပြောရပေမည်။ ထိုအရာက ဆရာသခင် အဆိပ်နဂါးအား အတော်လေး ရယ်မိစေခဲ့သည်။

“ဒီမှာ ခေါင်းဆောင် မရှိလို့ တော်သေးတာပေါ့။” ရိုမန်က ချွေးသုတ်လိုက်သည်။ ဆာ-ဦးလေး၏ နည်းလမ်းများက မဒမ်-ဒေါ်လေးထက် ပိုမို၍ ရက်စက်ပေသည်။

“အဲဒီလို အရှုံးသမားမျိုးက မိန်းမတစ်ယောက်နဲ့ တိတ်တိတ်လေး သွားတွေ့နေတာ နေမယ်။” မာယာရှင် မင်းသမီးလေးက နှုတ်ထက်နေဆဲ ဖြစ်၏။

အမှန်တကယ်၌ ယခုတစ်ခေါက် ဟယ်လင်ပြောသည်မှာ မှန်နေခဲ့သည်။ ချန်လွေ့ နှစ်ယောက်တည်း တွေ့ဆုံမည့် သူမှာ အမှန်တကယ်ပင် မိန်းမတစ်ယောက် ဖြစ်လေသည်။

“အရှင်မ ရှီရာ၊ ဇိုလာနဲ့ လော့ဒ်-အသီနာ....သူတို့တွေက ရှင့်ကို တစ်ယောက်တည်း ထွက်လာခိုင်းတာ စိတ်ချရဲ့လား။” ထိုအမျိုးသမီးက ပုံမှန်ပင် မေးလိုက်သည်။

မျက်နှာပြောင်းထားသော ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “မင်းက ကိုယ်နဲ့ နှစ်ယောက်တည်း တွေ့ရတာကို စိတ်အေးနေသလိုပဲပေါ့။”

မျက်နှာလွှားနောက်ကွယ်မှ အနက်ရောင်မျက်လုံးများက တည်ငြိမ်လျက် ရှိနေသည်။ “ဒီတော့ ရှင် ဒီကို အရှင်မရဲ့ ဆန္ဒကြောင့် ရောက်လာတာလား။ ဒါမှမဟုတ် ရှင့်ရဲ့ ဆန္ဒက အရာအားလုံးကို ကိုယ်စားပြုနေပြီလား။”

“ကိုယ့်ဆန္ဒက.....” ချန်လွေ့က‌ ခေါင်းကုတ်လိုက်သည်။ “ကိုယ့်ရဲ့ ပုံမှန် နားလည်နေကျ အတိုင်းဆိုရင် ဒါက ရူးမိုက်တာတွေ၊ မသိနားမလည်တာတွေ ပါလောက်တယ်...”

“လူတွေက ပြောင်းလဲတတ်တယ်။” ကတ်သရင်းက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။ “အထူးသဖြင့် အချိန်နဲ့ ပတ်ဝန်းကျင်က အရာတော်တော်များများကို ပြောင်းလဲ နိုင်တယ်။ အဲဒါကို ရှင်းပြဖို့အတွက် “တမင်မဟုတ်ဘူး” ဆိုတာကို သုံးလို့ရပါတယ်။”

“ကိုယ်က အတော်လေး ပြောင်းလဲသွားတာကို ဝန်ခံပါတယ်။” ချန်လွေ့က ကတ်သရင်း၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ “ဒါပေမဲ့ ကိုယ့်ရဲ့ သွေးနဲ့ အငွေ့အသက်ထဲမှာ စီးဆင်းနေတဲ့အရာအချို့ ရှိတယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တောင် အဲဒါတွေက လုံးဝ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။”

ကတ်သရင်းက အကြည့်လွှဲလိုက်၏။ “အဲဒါက ရိုင်ဇန်နဲ့ တိုက်ခိုက်တုန်းက ဂူစတက်ဗ် ပြောခဲ့တာပဲ။ ဒီတော့ ရှင်လည်း နှုတ်ခမ်းဖတ်တာကို ကျွမ်းတာပေါ့။”

“ဘာက မပြောင်းလဲတာလဲဆိုတာ ဘာလို့ မမေးတာလဲ။”

“ရန်လိုတာက အင်ပါယာ ကြင်ရာတော်မင်းသားရဲ့ ပုံစံ မဟုတ်ဘူး။” ကတ်သရင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။ သူက ရုတ်တရက် မတ်တပ်ရပ်ပြီး အရိုအသေ ပြုလိုက်၏။ “ကျွန်မက ဒီနေ့ အရှင့်ကို မေးခွန်း နည်းနည်း မေးဖို့အတွက် ခေါ်လိုက်တာပါ။”

ချန်လွေ့က အံ့အားသင့်သွားပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဒီလိုမျိုး လောကဝတ်ကို မခံယူဝံ့ပါဘူး။ ဒီအတိုင်း မေးလို့ရပါတယ်။”

“ရှင် သေချာပေါက် လက်ခံလို့ ရပါတယ်။” ကတ်သရင်းက သက်ပြင်းချလိုက်သည်။ “လွန်ခဲ့တဲ့ ၂နှစ်တုန်းက ကြယ်ကြွေတမန်အင်ပါယာဟာ ရေတိုငြိမ်းချမ်းရေးအတွက် အကျိုးအမြတ်တွေကို စတေးခဲ့ရတယ်လို့ နတ်ဆိုးဘုံ တစ်ခုလုံး ထင်ထားခဲ့ကြတယ်။ ဒါပေမဲ့ ဒါက ကြယ်ကြွေတမန် အင်ပါယာရဲ့ စစ်ခေါ်သံအစ ဖြစ်လိမ့်မယ်လို့ ဘယ်သူက စိတ်ကူးထားခဲ့ကြမှာ မဟုတ်ဘူး။ ရှင့်ရဲ့ ငွေကြေးစစ်ပွဲက ကျွန်မ၊ ရိုင်ဇန်နှင့် အားလုံကို သင်ခန်းစာ ပေးခဲ့ပြီးပြီ။ ဒါက အစပဲ ရှိလောက်သေးတယ်။ နောက်ဘာတွေ ဆက်ဖြစ် လာမှာလဲ။”

“ဒါကို ဘဏ္ဍာရေး မတည်ငြိမ်မှုနဲ့ ယှဉ်ရင်တော့ ဒါက တကယ့်ကို အစပဲ ရှိပါသေးတယ်။” ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ “ကိုယ့်ရဲ့ အကြံအစည်ကို ချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ဆင့်ကွား အကျိုး သက်ရောက်မှုတွေ ဖြစ်စေနိုင်ပြီးတော့ အဆုိုးဆုံးက စီးပွားရေး တစ်ခုလုံး ပြိုလဲသွားနိုင်တာပဲ....”

ကတ်သရင်းက ဘဏ္ဍာရေးကပ်ဘေး၏ အ‌ခြေခံ ဗဟုသုတအကြောင်း ချန်လွေ့ပြောနေသည်ကို နားထောင်ပြီး ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ “ပထမဆုံး အရိပ်နက်အင်ပါယာနဲ့ သွေးရောင်အင်ပါယာကို ငွေကြေးစစ်ပွဲနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ စစ်ရေးပြပွဲ ကျင်းပပြီးတော့ အင်ပါယာနှစ်ခုကို ဟန့်တားဖို့အတွက် အင်အားကြီး စစ်အင်အားကို ထုတ်ပြတယ်။ အခုတော့ တကိုယ်တော် စွမ်းအားကို ပြသဖို့အတွက် သိုင်းပြိုင်ပွဲကို ဝင်ပြိုင်တယ်။ ရိုင်ဇန်နဲ့ ကျွန်မက တကယ် မှားခဲ့တာပဲ။ ရှင့်ကို အချိန် (၂)နှစ် မပေးခဲ့သင့်ဘူး။”

ချန်လွေ့က ခေါင်းခါလိုက်သည်။ “”အခုက ဘယ်သူ မှန်တယ်၊ ဘယ်သူမှားတယ်ပြောဖို့ စောလွန်းပါသေးတယ်။”

“စောလွန်းသေးတာလား။ ရှင့်ရဲ့ စစ်တပ်က အင်ပါယာ နှစ်ခုလုံးကို သိမ်းပိုက်တဲ့အထိ စောင့်နေရဦးမှာလား။” ကတ်သရင်း၏အသံက ခနဲ့သလို ဖြစ်နေခဲ့သည်။ “ရှင်က နောက်ဆုံး အနိုင်ရတဲ့သူ ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အရိပ်နက်အင်ပါယာမှာ တစ်ယောက်ပဲ ကျန်ခဲ့ရင်တောင် ကျွန်မတို့က ဘယ်တော့မှ အရှုံးမပေးဘူး။ သန်းခေါင်နေ အရှင်နဲ့တုန်းကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ အနာဂတ်မှာလည်း ဒီအတိုင်း ဖြစ်နေဦးမှာပဲ။”

‌ဘေးချင်းကပ်ပြီး မင်းရဲ့လက်ကို ကိုင်ဖို့ မဖြစ်နိုင်မှတော့ ရန်သူအနေနဲ့ ဓားချင်းယှဉ်ပြီး ရင်ဆိုင်ကြရတာပေါ့။

“သန်းခေါင်နေခေ-တ်က ကုန်သွားပြီ။” ချန်လွေ့က ရယ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ “နတ်ဆိုးဘုံကို ဖျက်ဆီးဖို့ဆိုတဲ့ ပန်းတိုင်ကို ရနိုင်ရင် အဆင်ပြေပြီ။ စဉ်းစားကြည့်လိုက်ပါ။ မည်သူပဲ နိုင်နိုင်ရှုံးရှုံး၊ အင်ပါယာ(၃)ခုရဲ့ စစ်အင်အားနဲ့ စီးပွားရေးက ကြီးကြီးမားမား ထိခိုက်သွားမှာပဲ။ နှစ်ပေါင်း ရာနဲ့ချီ ကြာပြိးရင်တောင် ပြန်နလန်ထူနိုင်လောက်မှာ မဟုတ်ဘူး။ ပြီးတော့ လူသားလောကနဲ့လည်း လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။”

ကတ်သရင်းက ထိတ်လန့်သွားခဲ့သည်။ “ဒါက ရှင့်ရဲ့ တကယ့် ရည်ရွယ်ချက်လား။”

“ဒါပေါ့။” ချန်လွေ့က ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “ဧကရီအရှင်မက ကိုယ့်ကိုယ်ကိုယ် မစတေး ချင်ဘူး ဆိုရင်ပေါ့။”

“ဒီလို အကောက်ကြံတာမျိုးကို ကျေးဇူးတင်ရမလား၊ မုန်းရမလား မသိတော့ဘူး။ ကောင်းပြီလေ။ ကျွန်မက စစ်ဖြစ်ရတဲ့ ဆိုးကျိုးတွေကို နားလည်ပြီးပါပြီ။” ကတ်သရင်းက ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ “ဒါပေမဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ တကယ် နားမလည်နိုင်ဘူး။ ရှင်က နတ်ဆုးဘုံ အင်အားကို ပေါင်းစည်းပြီးတော့ လူသားလောကရဲ့ ရန်သူတွေကို တိုက်ခိုက် ချင်တာလား။”

“ပါးနပ်တဲ့သူတွေက တအား တွေးလွန်းတယ်။ သူတို့က ရိုးရှင်းတဲ့ ပြဿနာတွေကို ရှုပ်အောင် လုပ်ကြတာပဲ။” ချန်လွေ့က ကတ်သရင်း၏ခေါင်းကို လက်ညှိုးထိုးလိုက်၏။ “မင်းက ပါးနပ်တဲ့သူဆိုတာ အသေအချာပဲ။”

“ဟွန့်...” ကတ်သရင်းက မကျေမနပ်နှင့် ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “ရှင်ပြောတဲ့ ရိုးရှင်းတာက လွန်ခဲ့တဲ့ (၂)နှစ်တုန်းက အစီအစဉ်ကို ယုံကြည်ဖို့လား။”

“ဒါပေါ့။” ချန်လွေ့က အေးအေးဆေးဆေး ပုခုံး တွန့်ပြလိုက်သော်လည်း မျက်လုံးထဲ၌ လေးနက်မှုတစ်ခု ရှိနေသည်။

ကတ်သရင်းက အချိန်အတော်ကြာ စဉ်းစားပြီးနောက် မတ်တပ်ရပ်ကာ တံခါးဆီသို့ လမ်းလျှောက်သွားလိုက်သည်။ “ကျွန်မတို့ကြားမှာ နောက်ဆုံး ရွေးချယ်စရာ မေးခွန်းတစ်ခု ရှိနေလောက်သေးတယ်။”

“ရှိနေလောက်တယ်လား။”

“လာလာရီယာကို အရင်ဆုံး နိုင်ပြီးတဲ့အထိ စောင့်ဦး။ နောက်ဆုံးမှာ အရာအားလုံးကို ပြောပြမယ်။ အစ ဖြစ်မှာလား၊ အဆုံးသတ်ဖြစ်မှာလား။ ကျွန်မ မသိဘူး။”

ချန်လွေ့က သိမ့်သိမ့်တုန်သွား၏။ ကတ်သရင်းရဲ့ လေသံကို ကြည့်ရတာက သူက နောက်ဆုံးအဆင့်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချတော့မယ့်ပုံပဲ။ တခြားသူတွေ မပြောနဲ့ဦး။ ကတ်သရင်းက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်တဲ့ ရက်ပီပစ်ကို အရင်ဆုံး အနိုင်ယူရဦးမယ်။

“ကတ်သရင်း။ ကိုယ်တို့...”

ကတ်သရင်း ခဏ ရန့်တန့်သွားခဲ့ပြီးနောက် နောက်ကို ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်တော့သည်။

ညစျေး၌ -

သွယ်လျသော ပုံရိပ်တစ်ခုက လူအုပ်ထဲ၌ ပေါ်ထွက် လာခဲ့သည်။ ချစ်စရာကောင်းပြီး အသားဖြူဖြူနှင့် ကလေးမလေး တစ်ယောက်ပင်။ သူက အသက်(၃)နှစ် ခန့်သာ ရှိနေသေးပုံရသည်။ သူ၏ အနက်ရောင် ဆံပင်က အနည်းငယ် ကောက်ကွေးနေပြီး ချစ်စဖွယ် ကြက်ဆံမြီး နှစ်ခု ရှိနေ၏။ သူ၏ အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးကလည်း စကားပြောနိုင်သလို ဖြစ်နေပြီး “လုံးဝချစ်စရာကောင်းသော” အမြင်မျိုး ပေးစွမ်းနေလေသည်။

ကလေးမလေးက ဂါဝန်အ‌သေးလေးကို ဝတ်ထားပြီး ဝက်ခေါင်းအရုပ်ကို ကိုင်ထားကာ တစ်ယောက်ယောက်ကို ရှာနေခဲ့သည်။

သူ၏ အဝတ်အစားနှင့် အရုပ်၏ ပုံစံတို့က အတော်လေး တန်ဖိုးကြီးပုံပေါ်သော်လည်း သူ့ဘေးနားတွင် မည်သည့် လူကြီးမှ ရှိမနေပေ။ ထိုအရာက လူတချို့ကို အာရုံကို အလျင်အမြန် ဆွဲ‌ဆောင်နိုင်ခဲ့သည်။

“ကလေးမလေး။ ဦးလေးလုက ရွှေငါးတွေ သွားကြည့်ဖို့ ခေါ်သွားပေးမယ်။ ဟုတ်ပြီလား။” အကျင့်မကောင်းပုံရသော ဝတုတ်တစ်ယောက်က ကလေးမလေးအား မကောင်းသော အပြုံးဖြင့် ပြုံးပြရင်း ဖမ်းဆွဲလိုက်သည်။

ကလေးမဝေးက အန္တရာယ်ကို အာရုံခံနိုင်သောစွမ်းအား ရှိနေဟန်တူပြီး ချက်ချင်းပင် သတိထားသော အမူအရာ ပြသလိုက်ကာသူ၏ အနက်ရောင်ဆံပင် တဖြည်းဖြည်း အနီရောင် ပြောင်းလာတော့သည်။

“ဝုန်း...” ဝတုတ်၏ ခပ်ညစ်ညစ်အပြုံးက ရုတ်တရက် ရှုံ့တွသွားပြီးနောက် မျက်နှာပေါ်တွင် ဖိနပ်ရာ ဖြစ်သွားကာ တကိုယ်လည်း ချက်ချင်း လွင့်ထွက်သွားပြီး အဝေးမှ နံရံနှင့် တိုက်မိသွားကာ လူပုံစံ အရာကြီး ကျန်ခဲ့တော့သည်။

ဝတုတ်ကို ကန်လိုက်သောသူက ဆံပင်အတို အနီရောင် ရှိသော လှပပြီး ရဲစွမ်းသတ္တိရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက ကျောဘက်တွင် အကျင့်အတိုင်း မဟာဓားတစ်လက်ကို သယ်ဆောင်ထား၏။

ကလေးမလေးက ဆံပင်အနီနှင့် အမျိုးသမီးကိုလည်း သတိဖြင့် ကြည့်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံး ဝိုင်းဝိုင်းကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်၏။ သူက ဝက်ခေါင်း အရုပ်ပေါ်တွင် လက်တစ်ဖက်တင်ပြီး အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကလေးသံဖြင့် ပြောလိုက်၏။ “ဒေါ်လေး။ ဖက်ပေး။”

ဆံပင်နီ အမျိုးသမီးက ခဏ ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး ကလေးမလေးကို ပွေ့ဖက်လိုက်သည်။ ကလေးမလေးက သူ၏ လည်ပင်းကို ပွေ့ဖက်လိုက်သောအခါ စိတ်သက်သာရာရသော ခံစားချက်က ပိုမို၍ ထင်ရှားလာပြီး ချက်ချင်း စိတ်အေးသွားခဲ့သည်။ ထို့နောက် အသံတစ်သံ ထွက်ပေါ်လာ၏။ “အသီနာ။ နင် ဘာလုပ်နေတာလဲ။”

“ဟမ်...” မစ်-နဂါးနက်က အရင်ပြောလိုက်သည်။ “အသီနာ။ ဒါက ဘယ်သူလဲ။”

“ငါလည်း မသိဘူး။” အသီနာက ကလေးမလေး၏ ဆံပင်ကို ပွတ်သပ်လိုက်၏။ “ကောင်မလေး။ နင့်နာမည် ဘယ်လိုခေါ်လဲ။ ဖေဖေ နဲ့ မေမေကော။”

“သော်သော်က ဖေဖေကို ရှာနေတာ....” ကောင်မလေးက ဝမ်း‌နည်းနေပုံရပြီး အသီနာ၏ လည်ပင်းကို ပို၍ပင် ပွေ့ဖက် ထားလိုက်သည်။

“သော်သော်တဲ့လား။ နာမည်လေးက လှလိုက်တာ။” အသီနာက လွန်ခဲ့သော နှစ်အနည်းငယ်က ချန်လွေ့၏ လူသားလောက ဇာတ်လမ်းမှ ကြားခဲ့ဖူးသလိုမျုးပင် အနည်းငယ် ဆင်တူနေ‌ကြောင်း ခံစားလိုက်မိသည်။ သို့သော် သူက အများကြီး မတွေးခဲ့ပေ။ သူက ကလေးမလေးကို ပွေ့ဖက်လိုက်၏။ “ဖေဖေ့ကို ဒေါ်လေး ရှာပေးမယ်။ ဟုတ်ပြီလား။”

“ဒေါ်လေးက ‌တော်တော် စိတ်ကောင်းတာပဲ။” ကလေးမလေးက အသီနာ၏ မျက်နှာကို နမ်းလိုက်၏။

“ဒီမှာကော...” မစ်-နဂါးနက်က ပျော်ရွှင်စွာဖြင့် မျက်နှာကို မော့လိုက်သော်လည်း ကလေးမလေးက မယုံကြည်ပေ။

မစ်-နဂါးနက်က စိတ်မပျက်ပေ။ သူက ပျော်ရွှင်စွာ အော်ပြောလိုက်၏။ “အစ်မ။ မြန်မြန်လာ။ အသီနာက သောသော်ကို ရှာတွေ့ထားတယ်။”

ခဏအကြာ ချစ်စရာကောင်းသော ကလေးမလေးကို မောင်းမဆောင်က ဝိုင်းရံထားလိုက်၏။

ခဏအကြာ ကလေးမလေး၏ ချစ်စရာကောင်းမှူက မောင်းမဆောင်ကို သိမ်းပိုက်လိုက်၏။

ထူးဆန်သည်က သော်သော်လည်း အသီနာ၊ အစ်ဇဘယ်လာ၊ ခီရာအပြင် ရှီရာနှင့် ဇိုလာတို့နှင့်ပင် အ‌တော်လေး နီးကပ်နေသော်လည်း အခြားသူများကို ပို၍ သတိထားနေခဲ့သည်။ အသိသာဆုံးမှာ အနားရောက်လာပြီး လာဖက်ချင်နေသော လာလာရီယာကို ဖြစ်သည်။ မစ်-သော်သော်၏ အော်ငိုသံကြောင့် နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက လေထဲသို့ လွင့်သွားခဲ့ရသည်။

ပရိသတ်အဖွဲ့မှ ၁၀နှစ်အရွယ် နဂါးကိုပင် မစ်-သော်သော်က ငိုရမည်ဟု သတ်မှတ်ထားခဲ့သည်။

“အဓိပ္ပာယ်မရှိဘူး။” ထိုအကြောင်းရင်းကြောင့် လာလာရီယာက နှုတ်ခမ်းမွှေးကိုပင် တမင်ဆွဲဖြုတ်ပြီး အကောင်းဆုံး ကြိုးစားကာ ပြုံးပြကြည့်သော်လည်း အတူတူသာ ဖြစ်လေသည်။

ကောင်မလေး အားလုံးကို သော်သော်အား ဖေဖေနှင့် မေမေကို ကူညီရှာပေးချင်ကြသော်လည်း မစ်-သော်သော်က ဖေဖေကို ဖေဖေဟုခေါ်ပြီး မေမေက မေမေဟု ခေါ်သည် ဟူ၍သာ သိလေသည်။ ကျန်ရှိသောအရာကို သူ ဘာမှ မသိပေ။

“သော်သော်။ နင် ဘယ်မှာလဲ။” စိတ်ပူနေသော အသံ တစ်သံက အဝေးမှ ထွက်ပေါ်လာသည်။ ထိုအသံက အတော်လေး ရင်းနှီးကြောင်း အသီနာနှင့် အခြားသူများ ခံစားလိုက်ရသည်။

ကလေးမလေးကို ဇိုလာက ဖက်ထားခဲ့ပြီး သွားချင်ဟန် မတူပေ။ သို့သော်လည်း ကံဆိုးစွာပင် သူ့တွင် အင်အား မရှိခဲ့ပေ။ ခဏအကြာ ကောင်မလေးများက အသံပိုင်ရှင်ကို ရှာတွေ့သွားကြသည်။

အသေအချာပင် ထိုသူက အသိအကျွမ်းဟောင်း တစ်ယောက်ဖြစ်နေသည်။ အရိပ်နက်အင်ပါယာမှ အမျိုးသမီး အရာရှိ လီလစ်ဇ်ပင်။

“ဒါက နင့်သမီးလား။” အသီနာက ကြက်သေသေသွား ခဲ့သည်။ ဒါနဲ့ လီလစ်ဇ်နဲ့ တာဒီလာတို့က လက်ထပ်ထားတယ် ဆိုတဲ့သတင်း ကြားဖူးသလိုပဲ။ ဒါပေမဲ့ သူတို့ လက်ထပ်ကာ တစ်နှစ်တောင် မပြည့်သေးဘူး။ သူ ကိုယ်ဝန်ရပြီးတော့မှ လက်ထပ်ခဲ့တာလား။

လီလစ်ဇ်က ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ် ပြလိုက်သည်။

ထိုအခါ ကလေးမလေးက အော်ငိုတော့သည်။ “ဒေါ်လေး လီလစ်ဇ်ကို မသိဘူး။ ဖေဖေကိုပဲ ရှာချင်တယ်။”

အားလုံး - “....”

“အားလုံးကို ဒီတစ်ခေါက် စိတ်ရှုပ်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။” လီလစ်ဇ်က ဆက်လက်၍ ကြာကြာ မနေချင်ခဲ့ပေ။ သူက သော်သော်ကို ပွေ့ဖက်ပြီး အရိုအသေ ပြုကာ နောက်မှ ရောက်လာသော တာဒီလာနှင့်အတူ နှုတ်ဆက်စကား ဆိုလိုက်၏။

သော်သော် ပျောက်ကွယ်သွားသည်ကို တွန့်ဆုတ်လျက် ကြည့်ပြီးနောက် အသီနာက ဝက်ခေါင်းအရုပ်မှာ မိမိ၏ လက်ထဲ၌ ရှိနေသေးကြောင်း သဘောပေါက်လိုက်သည်။ သူက ချစ်စရာ ကလေးမလေး၏ခေါင်းကို ပွတ်သပ်နေ သကဲ့သို့ပင် ၎င်းကို မြတ်နိုးစွာ ထိတွေ့လိုက်၏။

“ဘာလဲ။ သူ့ကို ပေးမသွားချင်ဘူးလား။” ဒေလီယာက သူငယ်ချင်းဖြစ်သူ၏ အတွေးကို မြင်လိုက်ရသည်။ “ကြိုးစားပြီးတော့ တစ်ယောက်ရအောင် လုပ်လိုက်တော့။”

အသီနာက ရှက်သွားပြီးနောက် ခီရာက သိချင်စိတ်ဖြင့် ပြောသည်ကိုသာ ကြားလိုက်ရသည်။ “သော်သော်ရဲ့ အဖေက တာဒီလာ မဟုတ်ဘူးလား။”

အဲလစ်၏ မျက်လုံးများ ပြူးသွားခဲ့သည်။ “တာဒီလာက... ဒဏ္ဍာရီထဲဥ ပြိဿလား။”

သနားစရာ တာဒီလာမှာတော့ ရှင်းပြ၍မရဘဲ ပြိဿ ဖြစ်သွားတော့သည်။

“သော်သော်ရဲ့ အဖေက ဘယ်သူလဲ။”

“ဟမ့်။ တခြားသူတွေကို ဗိုက်ကြီးအောင် ထားခဲ့ပြီးတော့ ထွက်ပြေးသွားတဲ့ တာဝန်မဲ့တဲ့ ယောက်ျားပဲ ဖြစ်ရမယ်။ အဲဒီလို လူမျိုးနဲ့ တွေ့ရမယ်ဆိုရင် ငါ ပြစ်မှုရဲ့ အရင်းအမြစ်ကို ဖြတ်တောက်ပြီးတော့ အိပ်ယာထဲ လဲနေရအောင် ရိုက်ပစ်မယ်။” လာလာရီယာ၏ စကားများက ပထမဆုံး အကြိမ်အဖြစ် ကောင်မလေးများနှင့် တထပ်တည်း ကျသွားခဲ့သည်။

“ဟတ်ချိုး....” ညစျေးသို့သွားပြီး ကောင်မလေးများနှင့် သွားတွေ့တော့မည့် တာဝန်မဲ့သူ တစ်ယောက်က ရုတ်တရက် နှာချေလိုက်ပြီး ဖော်ပြ၍မရအောင် အေးစက်သွားခဲ့သည်။

All Chapters