← Chapters

ဧကရီ နှင့် ရေဘဝဲဘုရင်

Vol. 53 Ch. 871

ဧကရီ နှင့် ရေဘဝဲဘုရင်

Vol. 53 Ch. 871

ကလေးမလေး ပေါ်ထွက်လာခြင်းက ကြားကာလ ဖြစ်စဉ် အသေးလေးသာ ဖြစ်သည်။ ချန်လွေ့က ညစျေးသို့ ရောက်လာသောအခါ မောင်းမဆောင်က လဟာပြင်၌ ဖျော်ဖြေပွဲ အသေးလေးတစ်ခုကို ကြည့်နေကြသည်။ ကြယ်ကြွေတမန်အင်ပါယာ၏ နောက်ဆုံး အောင်မြင်သော ဖျော်ဖြေပွဲ ပြီးကတည်းက ထိုကဲ့သို့ ဖျော်ဖြေမှုပုံစံက နတ်ဆိုးဘုံ၌ နာမည်ကျော်ကြား လာခဲ့သည်။

သိုင်းပြိုင်ပွဲကြောင့် လက်ရှိတွင် သံလက်သီးနယ်မြေက နတ်ဆိုးဘုံတစ်ခုလုံးမှ ပရိသတ်များကို ဆွဲဆောင်နေခဲ့ပြီး ပရိသတ်အများအပြားက အခမဲ့ဖျော်ဖြေပွဲများကို ဦးစီး တည်ထာင်ကြလေသည်။ အဆင့်က သိပ်မမြင့်ဘဲ အထူး ပြုလုပ်ချက်က ပုံမှန်သာ ဖြစ်သော်လည်း လူအတော် များများကို ဆွဲဆောင်နိုင်ခဲ့သည်။

မစ်-နဂါးနက် သတင်းပို့ခြင်းမှ ချန်လွေ့က လီလစ်ဇ်တွင် သမီးတစ်ယောက် ရှိနေကြောင်း ကြားလိုက်ရသည်။ မစ်-နဂါးနက်က သော်သော်၏ နာမည်ကို မပြောခဲ့သည့် အတွက်ကြောင့် ဝက်ခေါင်းအရုပ်ကိုလည်း အသီနာက နေရာလွတ် လက်စွပ်ထဲ၌ ရတနာအဖြစ် သိမ်းထားရာ ချန်လွေ့ကလည်း သိပ်ပြီး ‌လေးလေးနက်နက် မစဉ်းစားခဲ့ပေ။

သို့ရာတွင် အသီနာက ညပိုင်းတွင် ချန်လွေ့ အခန်းထဲ အတင့်ရဲစွာ ဝင်ရောက်လာပြီး စီးနင်းတော့သည်။ နောက်ပိုင်း သူ့ကို လာကူညီသော ကဝေမလေး ပြောသည့်အတိုင်းဆိုလျှင် ကလေးယူရန် “တိုက်ပွဲ”က အတော်လေး ပြင်းထန်ပုံသည်။

(၂)ရက်ကြာပြီးနောက် အကြိုဗိုလ်လုပွဲ စတင်တော့သည်။

ပထမပွဲက ကတ်သရင်းနှင့် ရက်ပီပစ်တို့ ဖြစ်ကြသည်။ ထိုနေရာက ရှေးစစ်မြေပြင်၏ ရိုလင်သစ်တော၌ ဖြစ်၏။

နှစ်ဖက်လုံးက တိုင်းပြည်အဆင့်များ ဖြစ်ကြရာ ပြိုင်ပွဲ ကွင်းပြင်မှ မှော်အစီအရင်များကို ထပ်မံ အားဖြည့်ထားပြီ ဖြစ်သည်။ သစ်ပင်တစ်ပင်စီ၏ အောက်တွင် အထူး မှော်စက်ဝိုင်း အသေးလေးတစ်ခု ထားထားပြီး သစ်တော နယ်မြေတစ်ခုလုံးက ဧရာမ အကာအကွယ် မှော်စက်ဝိုင်း တစ်ခု ဖြစ်နေလေသည်။

ရိုင်ဇန်ကို တိုက်ခိုက်ရာ၌ လာလာရီယာ ပြသခဲ့သော စွမ်းအားကို မြင်ခဲ့ပြီးနောက် ရက်ပီပစ်က မကြောက်သွားဘဲ ပျော်ရွှင်မိသွားသည်။ သူက ဗိုလ်လုပွဲသို့ တက်ရောက်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် တိုက်ခိုက်ကာ အဆင့်တက်ရန် အဖိုးတန် အတွေ့အကြုံများ ရရှိရန် စိတ်ပိုင်းဖြတ်ထား၏။ ထိုအရာက ယခု သိုင်းပြိုင်ပွဲတွင် ဝင်ပြိုင်ရခြင်းအတွက် အကြီးမားဆုံး ဆုလာဒ်တစ်ခု ဖြစ်လာပေလိမ့်မည်။

လာလာရီယာကို ရင်ဆိုင်ရန်အတွက် သူက ယခင်ဆုံး အကြိုဗိုလ်လုပွဲ ပြိုင်ဘက် ကတ်သရင်းကို အနိုင်ယူရပေမည်။ လာလာရီယာ ဗိုလ်လုပွဲကို ရောက်နိုင်မနိုင် မေးခွန်းအတွက်မူ ရေဘဝဲဘုရင်က လုံးဝ သံသယ မရှိပေ။

နတ်ဆိုးဘုံ ထိပ်တန်းပညာရှိနှင့် ရင်ဆိုင်ရသည့်အခါ ရက်ပီပစ်က ကတ်သရင်း၏ အငွေ့အသက်မှာ ပေါ့သေးသေး မဟုတ်ကြောင်း ခံစားမိသည်။ သို့သော်လည်း တိုင်းပြည်အဆင့် ထိပ်သီးပိုင်းတွင် နှစ်ပေါင်းများစွာ နေလာခဲ့သော ဝါရင့်နှင့်ယှဉ်ပါက သိသာထင်ရှားသော ကွာဟချက် ရှိနေသေးသည်။ နိုင်ဖို့အတွက် သိပ်ပြီးတော့ မခက်ခဲလောက်ဘူး။

“ငါ မိန်းမတွေကို အထင်သေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းမှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး။” ရက်ပီပစ်၏ မျက်နှာပေါ်တွင် အထင်သေးမှု ယဲ့ယဲ့လေး ရှိနေခဲ့သည်။ “ငါက ပြိုင်ဘက်ကို ဘယ်တော့မှ မသက်ညှာတတ်ဘူး။ ဒါပေမဲ့ မင်း အခု အရှုံးပေးမယ်ဆိုရင် အနည်းဆုံးတော့ ဘာမှ မဖြစ်တော့ဘူးပေါ့။”

ကတ်သရင်းက ပြန်မဖြေဘဲ မျက်နှာလွှားဖုံးထားသော မျက်နှာကလည်း မည်သည့်အမူအရာမှ မပြသပေ။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင် ရုပ်သေး (၄)ရုပ် ပေါ်ထွက်လာခဲ့လေသည်။ ထိုအရာက သူ၏ ဆုံးဖြတ်ချက်နှင့် တိုက်ခိုက်ချင်စိတ်ကို အပြည့်အဝ ပြသလိုက်၏။

ရက်ပီပစ်က ဆက်လက်၍ စကားမပြောတော့ဘဲ အနီရင့်ရောင် ဝတ်ရုံကို ခါယမ်းလိုက်သည်။ ထို့နောက် မြေပြင်က အနည်းငယ် တုန်ခါသွားပြီးနောက် ကြောက်မက် ဖွယ်ရာကောင်းသော အဟုန်လှိုင်းများ ထွက်လာခဲ့သည်။

ကတ်သရင်းက မုန်တိုင်းထန်သော ပင်လယ်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ သူက အနီရောင် လက်နေသော လက်ချောင်းထိပ်ဖြင့် လေထဲ၌ အမှတ်အသား တစ်ခုကို ရေးဆွဲလိုက်သည်။ ရွှေရုပ်သေးများပေါ်မှ အရုပ်စာများ စတင်၍ တောက်ပလာပြီးနောက် ချက်ချင်းပင် ဧရာမ ရွှေအလင်းရောင် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ရွှေရုပ်သေးများက ထောင့်နေရာများတွင် ရှိနေပြီး အစီအရင်တစ်ခုကို ဖန်တီးလိုက်၏။ ရုတ်တရက် ကြည့်လျှင် ရုပ်သေးတစ်ခုနှင့် တူလေသည်။

ရွှေရုပ်သေးများက ထူးဆန်းသော စည်းချက်တစ်ခုဖြင့် လှုပ်ရှားနေကြပြီး ဒီရေကဲ့သို့ အဟုန်က ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ပင်လယ်ရေလှိုင်းများကို ချိုးဖျက်ရင်း မလဲကျသွားမည့် သင်္ဘောကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည်။

[ တော်ဝင်ဝိညာဉ်(၄)ခု အစီအရင် ]က တိုက်စစ်နှင့် ခံစစ် ပေါင်းစပ်ထားသော အဆင့်မြင့် စစ်ရုပ်သေး လျို့ဝှက်အစွမ်း တစ်ခု ဖြစ်သည်။

“အတော်လေး အနုစိတ်တဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အကြွင်းမဲ့စွမ်းအား အရှေ့မှာ ဘယ်လောက်ပဲ ပါးနပ်ပါစေ၊ အသုံးမဝင်ဘူး။” ရက်ပီပစ်က ခေါင်းခါလိုက်၏။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ ရွှေရောင်ပိုက်ကွန် တုန်ခါ သွားခဲ့ပြီး “ချည်မျှင်”အချို့ ပြတ်သွားခဲ့သည်။ သို့သော်လည်း ၎င်းတို့က အလိုလို ပြန်ဆက်ပြီး မပြိုလဲသွားပေ။

ရေဘဝဲဘုရင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ဝဝကြီးက ဧရာမပိုက်ကွန် အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက လက်များဖြင့် ခုတ်ပိုင်းလိုက်ရာ ဧရာမပိုက်ကွန်က နှစ်ပိုင်းဖြစ်သွားခဲ့ပြီးနောက် ရွှေရောင် ရုပ်သေး (၄)ခုက နောက်သို့ လွင့်ထွက်သွားကြလေသည်။ [တော်ဝင်ဝိညာဉ်(၄)ခု အစီအရင်] ပြိုလဲသွား၏။

ရွှေရုပ်သေး(၄)ခုက ပေါင်းစပ်သွား ပြီးနောက် တောက်ပသော ရွှေရောင် ရုပ်သေးတစ်ခုအဖြစ် ပြောင်းလဲကာ ပါ့ဂ်လီအိုကို တိုက်ခိုက်စဉ် အသုံးပြုခဲ့သော [ တိုက်ခိုက်ရေး ဝိညာဉ်ပေါင်းစည်းခြင်း ] ဖြစ်လေသည်။ တောက်ပသော ရွှေရောင်ရုပ်သေးက သာမန်ရွှေရုပ်သေးထက် အရှိန်ရော၊ ခွန်အားပါ များစွာ သာလွန်ပေသည်။

ဝင်လာသော အရောင်တောက် ရွှေရုပ်သေးကို မြင်သည့် အခါ ရေဘဝဲဘုရင်က သရော်ပြုံးပြုံးပြီး သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ကိုယ်ပွား အများအပြားအဖြစ် ပြောင်းလဲသွားပြီး ရွှေရုပ်သေးကို ဝိုင်းရံလိုက်သည်။ အမှန်တကယ်၌ ထိုအရာက အရှိန်မြန်စွာ လှုပ်ရှားနေခြင်းကြောင့် ဖြစ်လာသော နောက်ကျန် ပုံရိပ်များသာ ဖြစ်လေသည်။

မြန်နှုန်းမြင့် ရိုက်ခတ်သံများနှင့်အတူ အရောင်တောက် ရွှေရုပ်သေးက အဆက်မပြတ် တွန့်လိမ်ကာ ပုံပျက်သွားရင်း သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။

ပရိသတ်များအတွက် ရေဘဝဲဘုရင်၏ ဝတုတ်တုတ် ခန္ဓာကိုယ်က ထပ်နေသော ပုံရိပ်အနည်းငယ် လက်ခနဲ ဖြစ်သွားပြီးနောက် ပြန်ရောက်လာကြောင်းကို မြင်လိုက်ရပြီး လွန်ခဲ့သော စက္ကန့်အနည်းငယ်က ဘာမှမဖြစ်သေးသော ရွှေရုပ်သေးက မရေမတွက်နိုင်သော အပိုင်းအစများ ဖြစ်သွားတော့သည်။

ပါ့ဂ်လီအိုက အဆိပ်ပါရမီအပြင် တိုင်းပြည်အစွမ်း အပြည့်အဝကို အသုံးပြုပြီးမှသာ အရောင်တောက် ‌ရွှေရုပ်သေးကို အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း ရေဘဝဲဘုရင် လက်အောက်တွင် ၎င်းက စက္ကန့်ပိုင်းသာ ခံခဲ့သည်။ စွမ်းအားအဆင့် မြင့်လေလေ၊ အဆင့်ငယ်ကြား ခြားနားမှုက ကြီးမားလေလေ ဖြစ်သည်။ တိုင်းပြည်အဆင့် ကနဦးပိုင်းနှင့် ထိပ်သီးပိုင်းကြားတွင် အဆင့်ငယ် နှစ်ခုသာ ရှိသော်လည်း ခြားနားချက်က သိသာထင်ရှားပေသည်။

အရောင်တောက် ရွှေရုပ်သေး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသောအခါ ကတ်သရင်းက ရုတ်တရက် ပျောက်ကွယ် သွားခဲ့ပြီး ရေဘဝဲဘုရင်ကလည်း စိတ်ထဲ၌ သတိပေးသော အချက်ပြများ ရုတ်တရက် ရလာသည်။ သူ မော့ကြည့်လိုက်ရာ အလွန်ကြီးမားသော စွမ်းအားရှိသည့် အမှောင်ရွှေ ခြေထောက်က ကောင်းကင် ပေါ်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

ရက်ပီပစ်သည်ပင် ထိုကဲ့သို့ စွမ်းအားကို လျစ်လျူရှု မရဲပေ။ သူက လက်ကို မိုးပေါ်သို့ မြှောက်လိုက်ရာ အလွန်ကြီးမားသော လှိုင်းကဲ့သို့ စွမ်းအားက လှိမ့်တက် သွားခဲ့သည်။ ထိုအရာက ရက်ပီပစ်နှင့် ၅မီတာ အဝေးသို့ ရောက်သောအခါ ထိုခြေထောက်က အောက်သို့ မဆင်းနိုင် တော့ပေ။

ထိုအမှောင်ရွှေ စစ်ရုပ်သေးက ၁၀မီတာကျော် မြင့်မားပေသည်။ ကတ်သရင်းက ရုပ်သေး၏ ပုခုံးပေါ်တွင် မတ်တပ်ရပ်နေ၏။ သူက ဖြည်းဖြည်းချင်း လက်ကို ဖိချလိုက်ရာ အမှောင်ရွှေ စစ်ရုပ်သေးပေါ်မှ မှော်စာများ လင်းလက်လာပြီး ရုတ်တရက် စွမ်းအားက ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။

ရေဘဝဲဘုရင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဖိအားက တဖြည်းဖြည်း တိုးလာကြောင်း ခံစားမိလိုက်သည်။ သူ၏ခြေထောက်က မြေကြီးထဲသို့ တဖြည်းဖြည်း နစ်ဝင်လာခဲ့သည်။

ကတ်သရင်းက လက်နှစ်ဖက်လုံးမှ အနက်ရောင် မီးတောက်များကို အမှောင်ရွှေ စစ်ရုပ်သေး၏ နဖူးထဲသို့ ထည့်သွင်းနေခဲ့သည်။ အမှောင်ရွှေ စစ်ရုပ်သေး၏ မျက်လုံးများက အစိမ်းရောင်း ပြည့်နှက်နေ၏။ ၎င်းက ရက်ပီပစ်ကို မြေကြီးထဲသို့ နင်းချလိုက်တော့သည်။

မြေပြင်ပေါ်တွင် အက်ကြောင်း အများအပြား ရှိနေပြီး ဆက်လက်၍ အသံများထွက်လာပြီး တုန်ခါနေသည်။ အသေအချာပင် ထိုခြေထောက်၏ စွမ်းအားက အလွန်အမင်း မယုံနိုင်စရာ ကောင်းလှသည်။

“ဝုန်း....” အဝေးမှ မြေပြင်က ရုတ်တရက် ပေါက်ကွဲ ထွက်သွားပြီး ဝတုတ်တုတ် ပုံရိပ်တစ်ခုက မြေကြီးထဲမှ ထွက်လာကာ ကတ်သရင်းထံ အရှိန်မြန်စွာ ပြေးဝင် သွားတော့သည်။

အမှောင်ရွှေ ရုပ်သေးက ရုတ်တရက် ၂မီတာ အမြင့်အထိ ကျုံ့သွားခဲ့ပြီး ရေဘဝဲဘုရင်ကို ရင်ဆိုင်လိုက်၏။

ပြိုင်ကွင်းထဲမှ ပုံရိပ်များက လူသုံးယောက် နေရာ ပြောင်းရွှေ့ပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်ကိုသာ ပြနေလေသည်။ တိုးမြှင့်ထားသော မှော်အစီအရင်များဖြင့်ပင် ပုံရိပ်များက တုန်ခါမှု ကြီးမားခြင်းကြောင့် ဝေဝါးနေခဲ့ရာ ထိုတိုက်ပွဲ၏ ပြင်းထန်မှုကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

အမှောင်ရွှေ စစ်ရုပ်သေး၏ ခန္ဓာကိုယ်က အလွန်ပင် ထူးခြားလှသည်။ ထိခိုက်သွားသော်လည်း အဆက်မပြတ် ပြန်ကောင်းနိုင်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးက ပုံစံပြောင်းနိုင်လေသည်။ တစ်ခါတရံ ဧရာမအဖြစ် အသွင်ပြောင်းပြီး တစ်ခါတလေ လက်များကို ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲနိုင်၏။

ရက်ပီပစ် အော်ဟစ်လိုက်သောအခါ ကတ်သရင်းနှင့် အမှောင်ရွှေ စစ်ရုပ်သေးတို့ လွင့်ထွက်သွားကြသည်။ ရေဘဝဲဘုရင်က နောက်မလိုက်သွားခဲ့ပေ။ သူလက်များက (၈)ဖက် ဖြစ်သွားခဲ့ပြီး လှိုင်းလမ်းကြောင်းများ အလျင်အမြန် ဖြစ်သွားစေသည်။

ပတ်ဝန်းကျင် အပူချိန်က ရုတ်တရက် ကျဆင်းသွားခဲ့ပြီး အလျင်အမြန်ပင် ရေခဲအလွှာတစ်ခု ဖုံးလွှမ်းသွား၏။ ဖောက်ထွင်းမြင်ရသော သလင်းကျောက်နံရံ အလွှာများက ကတ်သရင်းနှင့် အမှောင်ရွှေရုပ်သေး ရှိနေသော နေရာကို ကြက်ခြေခတ် ပြုလုပ်ထားလိုက်သည်။ ထိုအရာက ဝင်္ကပါ တစ်ခုကဲ့သို့ ဖြစ်နေပြီး ရက်ပီပစ်ကို မမြင်နိုင်တော့ပေ။

“ငါက ပင်လယ်သေထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမဲ့ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ]ဂုဏ်သတင်းအကြောင်းကို ကြားဖူးတယ်။” ဝင်္ကပါ အပြင်ဘက်၌ ရေဘဝဲဘုရင်၏ အကြည့်တွင် အထင်သေးခြင်း မရှိတော့ဘဲ လေးနက်သော အမူအရာ ဖြစ်သွားခဲ့သည်။ “အခုမှပဲ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] က အဆုံးမရှိ ပြန်ကောင်းနိုင်ပြီးတော့ လွတ်လွတ်လပ်လပ် အသွင်ပြောင်းနိုင်တယ်ဆိုတာ သိသွားပြီ။ အဲဒါက ထိန်းချုပ်သူရဲ့ စွမ်းအားကို ဖြည့်တင်းပေးပြီးတော့ တိုးမြှင့်ပေးနိုင်တယ်။ အဲဒါကြောင့် နှစ်ဖက်လုံးက စွမ်းအားတွေ တဟုန်ထိုး တိုးတက်သွားကြတာ။ မင်းရဲ့ စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို မရောက်လောက်သေးဘူး။ ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ထိပ်သီးပိုင်းကို နီးကပ်နေပြီ။”

ကတ်သရင်းက စကားမပြောသေးပေ။ သူ၏လက်များက အ‌ရောင်အနည်းငယ် တောက်လာပြီး ပတ်ဝန်းကျင်ရှိ သလင်းကျောက် နံရံကို ဖြေရှင်းရန် [ ဒြပ်စင်အားနည်းခြင်း ] အသုံးပြုကြည့်သည်။ သလင်းကျောက် နံရံက စတင်၍ ပါးလာသော်လည်း အလျင်အမြန် ပြန်ပြည့်လာကာ အဆုံးမဲ့ ဖြစ်နေ၏။

“မင်းရဲ့ စွမ်းအားကို ငါ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ မင်းရဲ့စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်ရင်တောင် မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။” ရက်ပီပစ်က ကြွားနေခြင်း မဟုတ်ပေ။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဝါရင့်တစ်ယောက် အနေဖြင့် သူက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ ကိုယ်ပိုင် ပါရမီ စွမ်းအားနှင့် ပေါင်းလိုက်လျှင် သူ့ကို အဆင့်တူချင်းချင်း၌ အနိုင်ယူနိုင်သူ မရှိသလောက်ပေ။ “တိုင်းပြည်အဆင့် ထိပ်သီးပိုင်း စွမ်းအားအစစ်အမှန်ကို ပြမယ်။ မင်းက မိန်းမ ဆိုတော့ ငါမင်းကို သတိပေးလိုက်မယ်။ မင်း တိုက်ခိုက်ဖို့ ရွေးချယ်မယ်ဆိုရင် သေဖို့အတွက် ပြင်ဆင်ထားရမယ်။”

ဝင်္ကပါထဲမှ ကတ်သရင်းက တည်ငြိမ်လျက် ရှိနေပြီး နောက်ဆုံး၌ ပြန်ဖြေလိုက်သည်။ “ဒီသတိပေးချက်က ရှင့်အတွက်လည်း အတူတူပဲ။”

ရေဘဝဲဘုရင်၏ မျက်လုံးများထဲ၌ သတ်ဖြတ်ချင်စိတ် လက်ခနဲ ဖြစ်သွားခဲ့သည်။ ထို့နောက် သူက ခုန်လွှားပြီး ပျောက်ကွယ်သွား၏။

ရေဘဝဲဘုရင်၏ ပုံရိပ်က ရုတ်တရက် [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] နောက်ရှိ ကြေးမုံပေါ်မှ ရုတ်တရက် ခုန်ထွက်လာပြီး လေထဲမှတဆင့် ရုပ်သေးကို လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးရာကြီးတစ်ခု ဖြစ်သွားပြီးနာက် ထိုအနီးအနားတွင် ရေခဲသလင်းကျောက် စက်ဝိုင်းများ ဖုံးလွှမ်းသွားခဲ့သည်။ အေးခဲမှုကြောင့် [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ၏ ပြန်ကောင်းနှုန်းက အတော်လေး နှေး‌ကွေး သွားခဲ့သည်။

ရုပ်သေးက အလျင်အမြန် တုံ့ပြန်လိုက်၏ လက်က ရုတ်တရက် တူမကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ လွှဲယမ်းလိုက်ပြီး ပုံရိပ်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားစေကာ သလင်းကျောက် နံရံပေါ်တွင် ချိုင့်ကြီး တစ်ခု ဖြစ်စေခဲ့သည်။ သို့သော်လည်း အစိတ်အစိတ် အမွှာမွှာ ဖြစ်သွားသည်မှာ ရေခဲများဖြစ်နေ၏။ ခဏအကြာ ချိုင့်ကြီးက အလိုလို ပြန်ပြည့်သွားတော့သည်။

ကတ်သရင်းက ထိုသံလင်းကျောက် နံရံများ၏ တာဝန်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး အလစ် တိုက်ခိုက်မှုများကို အချိန်မရွေး ကာကွယ်ရန် ချက်ချင်းပင် [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ဖြင့် ကျောချင်းကပ် နေလိုက်သည်။

အသေအချာပင် ရေဘဝဲဘုရင်က သရဲတစ်ကောင် ကဲ့သို့ပင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ တိုက်ခိုက်မှု အများစုက ကတ်သရင်းအပေါ်တွင် ဖြစ်၏။ ထိန်းချုပ်သူကို ဖျက်ဆီးနိုင်မည်ဆိုလျှင် [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] လည်း အစွမ်းရှိတော့မည် မဟုတ်ပေ။

ကတ်သရင်းက ရေဘဝဲဘုရင်၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ပြီး [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ၏ အကာအကွယ်နှင့် တိုးမြှင့်မှုတို့ဖြင့် တိုက်ခိုက်မှု အများအပြားကို ရှောင်တိမ်းရန် အကောင်းဆုံး ကြိုးစား နေလေသည်။

ထိုတိုင်းပြည်ထဲ၌ ရေဘဝဲဘုရင်က ဖြေရှင်း၍မရနိုင်သော တည်ရှိမှုတစ်ခုနီးပါး ဖြစ်နေခဲ့သည်။ တကယ့် ခန္ဓာကိုယ်က တိုက်ခိုက်တော့မည့် အချိန် ပေါ်ထွက်လာခဲ့ပြီးနောက် ရေခဲသလင်းကျောက် ကိုယ်ပွား ဖြစ် သွားခဲ့သည်။ ပြဿနာမှာ ထိုရေခဲသလင်းကျောက် ကိုယ်ပွားကို မဖျက်ဆီးလျှင် စစ်ရုပ်သေးလည်း အဆက်မပြတ် တိုက်ခိုက် ခံရမည်ဖြစ်ပေသည်။

မိနစ်အနည်းငယ် အတွင်းမှာပင် [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး]က ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့ပြီး ခန္ဓာကိုယ် ပေါ်တွင် ရေခဲသလင်းကျောက် အများအပြား ပေါ်ထွက် လာခဲ့သည်။ ပြန်ကောင်းသော အမြန်နှုန်းက သာမန်ထက် သုံးလေးဆ နှေး‌ကွေးသွားလေသည်။

ရက်ပီပစ်၏ နောက်ထပ် အလစ်တိုက်ခိုက်မှုကို ဖြေရှင်း ပြီးနောက် ကတ်သရင်းက [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] နှင့် နေရာချင်း လဲလိုက်သောအခါ ရုပ်သေးကို မတော်တဆ ကြည့်လိုက်မိသည်။ ထိုနေရာ၌ ရက်ပီပစ်၏ အရိပ်ကို မြင်လိုက်ရရာ ကတ်သရင်း မျက်မှောင်ကြုတ်လိုက်၏

သူက [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။

ထိုရေခဲသလင်းကျောက်က အထူနှင့် အရေအတွက် တစ်ခုခုသို့ ရောက်ရှိသွားပါက ရက်ပီပစ် ဝင်ထွက် သွားလာရန် ကြားခံဖြစ်လာနိုင်ခြင်း ဖြစ်နေသည်။ ရေဘဝဲဘုရင်က ထိုအခိုက်အတန့်အတွက် [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ကို တမင်တကာ အဆက်မပြတ် တိုက်ခိုက်နေခြင်း ဖြစ်၏။

ဒီနည်းဗျူဟာက လံုးဝကို ခန့်မှန်းလို့ မရတာပဲ။ ကတ်သရင်းပင် လှည့်စားခံလိုက်ရသည်။

၎င်းကို ကတ်သရင်း တွေးမိပြီးနောက် ရေဘဝဲဘုရင်က [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ]၏ သလင်းကျောက် နံရံမှ ထွက်လာပြီး ကတ်သရင်းကို လက်သီးတစ်ချက် ပစ်ထိုးလိုက်၏။

ထိုလက်သီးချက်က အင်အားကြီး စွမ်းအားတစ်ခု ပါဝင်သည်။ ကတ်သရင်း၏ စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းနှင့် အတော်လေး နီးကပ်နေပါစေ၊ ထိသွားသည်နှင့် မသေသည့်တိုင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည် ဖြစ်သည်။

ရေဘဝဲဘုရင်က သေစေနိုင်သော တိုက်ခိုက်မှုကို ပြုလုပ် ပြီးနောက် မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ လက်သီးချက်က မည်သည့် အတားအဆီးမှ မရှိဘဲ အမှန်တကယ် ဖောက်ဝင်သွား၍ပင်။

စိတ်ပုံရိပ်လား။ ရေဘဝဲဘုရင်က ချက်ချင်း တုံ့ပြန် လိုက်ပြီး စိတ်ထဲ၌ ပြင်းထန်သော ကပ်ဘေးတစ်ခုကို ခံစားလိုက်ရ၏။ သူက ရှောင်နိုင်ချိန် မရှိခင်မှာပင် ထက်လှသော ဓားတစ်လက်က သူ၏ရင်ဘတ်မှ ဖောက်ထွင်း လာခဲ့သည်။

ရေဘဝဲဘုရင်က အော်ဟစ်လိုက်သည်။ သူက ပုံမှန် မဟုတ်သော ပုံစံဖြင့် လက်ကို နောက်ဘက်ကို လွှဲလိုက်ပြီး ပုံရိပ်ကို အဝေးသို့ ရိုက်ထုတ်လိုက်၏။ ကတ်သရင်း၏ ပုံရိပ်က အခြားတဖက် အဝေးတွင် ပေါ်ထွက်လာခဲ့သည်။ ရိုက်ထုတ်ခံလိုက်ရသည်မှာ [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး] ဖြစ်နေ၏။

“မင်း တကယ်ပဲ...” ရေဘဝဲဘုရင်က ရင်ဘတ်မှ ဓားကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူက သူနှင့် မသက်ဆိုင်သော ထူးဆန်းသည့် အသက်ဓာတ်တစ်ခု အလျင်အမြန် ပျံ့နှံ့လာသည်ကို ခံစားမိလိုက်သည်။ ထက်မြက်သော ချီစွမ်းအင်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော နှလုံးမှလွဲ၍ ကျန်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများက ထိုထူးဆန်းသောစွမ်းအား၏ ကျူးကျော်ခြင်းကို ခံနေရလေသည်။

ထိုဓားတိုက အသေအချာပင် ထူးခြားသော ဒဏ္ဍာရီလာ အဆင့် လက်နက်တစ်ခု ဖြစ်ပေသည်။ ၎င်းက ခုခံမှုကို ဖောက်ထွင်းနိုင်ရုံသာမက နိဗ္ဗာန်စွမ်းအား ကိုလည်း သိုလှောင်ပြီး ပျံ့နှံ့စေနိုင်သည်။ ထူးဆန်းသော “အသက်ဓာတ်”က ရက်ပီပစ်၏ ဒဏ်ရာကို အလျင်အမြန် ပြန်ကောင်းသွားစေပြီး ခန္ဓာကိုယ်ထဲ၌ ဓားတစ်ချောင်းလုံးကို ပိတ်ထားလိုက်သည်။ ထို့အပြင် ထိုစွမ်းအားက သူ့ဝိညာဉ်ကို ဖယ်ရှားရန်အတွက် အဆက်မပြတ် ကြိုးစားနေပြီး ရက်ပီပစ်၏ ခန္ဓာကိုယ်ကို လုံးဝ သိမ်းပိုက်ရန် ကြိုးစားနေလေသည်။

“သေဖို့အတွက် ပြင်ဆင်ထားလို့... ကျွန်မ ရှင့်ကို သတိပေးခဲ့ ပါတယ်။” ကတ်သရင်းက အသာလေး ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က နောက်မှ ဝတ်ရုံနှင့်အတူ ဗလာနတ္တိမှ ရုပ်အသွင် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

အဆောင်ပစ္စည်း (၇)ခုထဲမှ တစ်ခုဖြစ်သော အရိပ်နက် ဝတ်ရံု !!

အရိပ်နက် ဝတ်ရုံက အမှန်တကယ်၌ “အင်အားကြီး” အဆောင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။ အသုံးပြုသူက အားနည်းလေလေ၊ အဆောင်ပစ္စည်းကို အသုံးချရန် ခက်ခဲလေလေ ဖြစ်သည်။ အသုံးပြုသူ အားကောင်းလေလေ၊ အဆောင်ပစ္စည်း၏ တိုးမြှင့်မှုနှင့် အစွမ်းသတ္တိတို့က ပိုမို မြင့်မားလေလေပင်။

ထိုအချိန်က ကတ်သရင်း၏စွမ်းအား “နိဗ္ဗာန်”ကြောင့် ကြီးကြီးမားမား လျော့ကျသွားစဉ် ဘရော့ခ် လိုက်ဖမ်းခြင်းကို ခံခဲ့ရစဉ် အရိပ်နက်ဝတ်ရုံ အစွမ်းက အပြည့်အဝ အသုံးမချနိုင်ခဲ့ဘဲ သေလုနီးပါး ဖြစ်ခဲ့ရသည်။ ကတ်သရင်း၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားသောအခါ သူက ရိုင်ဇန်၏ တိုင်းပြည်ထဲ၌ အရိပ်နက်ဝတ်ရုံကို အသုံးပြုပြီး ပုန်းကွယ်နိုင်ခဲ့သည်။

အရိပ်နက်ဝတ်ရုံတွင် လုပ်ဆောင်ချက်(၃)ခု ရှိလေသည်။ ကိုယ်ပျောက်ခြင်း၊ စိတ်ပုံရိပ် နှင့် [ မှော်ဆန့်ကျင် ] တို့ ဖြစ်၏။ ကတ်သရင်းက စိတ်ပုံရိပ်ကို အသုံးပြုကာ ရက်ပီပစ်ကို အာရုံရှုပ်အောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် အလစ်တိုက်ခိုက်ကာ ရေဘဝဲဘုရင်ကို သေစေနိုင်သော တိုက်ခိုက်မှု ပြုလုပ် နိုင်ခဲ့သည်။

ပရိသတ်များ အော်ဟစ်အားပေး လိုက်ကြသည်။ ထိပ်တန်း ပညာရှိနဲ့ ထိပ်တန်း မိန်းမလှ မဟာကတ်သရင်းက ငါတို့ကို စိတ်မပျက်စေခဲ့ဘူး။ သူက နောက်ဆုံးမှာတော့ တိုက်ပွဲကို အနိုင်ရသွားခဲ့တယ်။

ကတ်သရင်း၏ အနိုင်ရလာဒ်ကို မည်မျှ မမျှော်လင့် ထားကြောင်း ရိုင်ဇန်နှင့် အခြားသူများသာ နားလည်ကြသည်။

ချန်လွေ့က ပြိုင်ကွင်းထဲ၌ ကြည့်မနေတော့ဘဲ စစ်မြေပြင်သို့ အစွမ်းကုန် ပြေးသွားတော့သည်။ ရပ်ပီပစ်က သူ၏မိတ်ဆွေ ဖြစ်သည်။ သေခြင်း ရှင်ခြင်းက ထိုတိုက်ပွဲမျိုး၌ သာမန်ဖြစ်သော်လည်း သူ၏မိတ်ဆွေ သေရမည်ကို ထိုင်ကြည့် မနေနိုင်ပေ။ အထူးသဖြင့် ကတ်သရင်း၏ လက်ထဲ၌ပင်။

“သိပ်ကောင်းတဲ့ ဗျူဟာ၊ သိပ်ကောင်းတဲ့ အကြံ။” ရေဘဝဲဘုရင်က ဆက်တိုက် ချီးမွမ်းလိုက်သည်။ သူက အံကြိတ်ပြီး ရင်ဘတ်ကို ရိုက်လိုက်၏။ သူ၏ အသားထဲ၌ ကြီးထွားလာသော ထက်လှသည့် ဓားသွားက ရင်ဘတ်ထဲမှ ထွက်လာကာ သွေးစိမ်းအများအပြား ထွက်လာစေခဲ့သည်။ “ငါက ရန်သူကို လျှော့တွက်မိလို့ ရှုံးနိမ့်ပြီးတော့ သေတော့မလို ဖြစ်သွားခဲ့တယ်။ ဒီဆုံးရှုံးမှုအတွက် ငါ လုံးဝ စိတ်အေးတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒီတိုက်ပွဲက မပြီးသေးဘူး။ ငါ့မှာ နှလုံး(၃)ခု ရှိတယ်။ ဒီအဆင့်လောက်နဲ့ ငါ့ကို အနိုင်ယူဖို့ မလုံလောက်ဘူး။”

ပြိုင်ဘက်၏ အဟုန်က အားမနည်းသွားဘဲ ကြောက်မက်ဖွယ်ရာ အဆင့်သို့ပင် ထိုးတက်သွားကြောင်း ကတ်သရင်းက အာရုံခံလိုက်မိသည်။ သူက ချက်ချင်းပင် [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး]ကို ပြန်ခေါ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

“ငါ မင်းကို အတော်‌လေး အာရုံစိုက်ပြီးပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါက မင်းကို လျှော့တွက်နေခဲ့မိတုန်းပဲ။ အဲဒီအတွက် တောင်းပန်ပါတယ်။ မင်းရဲ့စွမ်းအားနဲ့ ဉာဏ်ပညာက ငါ့ရဲ့ တိုက်ခိုက်ချင်စိတ်ကို တိုးလာစေဖို့ လုံလောက်တယ်။ အခု ငါ အကောင်းဆုံး လုပ်‌တော့မယ်။”

ထိုသို့ ပြောပြီးနောက် ရေဘဝဲဘုရင်က ပင့်သက်ရှိုက်ရင်း တိုင်းပြည်ထဲမှ သလင်းကျောက်နံရံ ပျောက်ကွယ် သွားကာ ကြမ်းတမ်းသော ပင်လယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား တော့သည်။

All Chapters