← Chapters

ရေခဲ နှင့် မီး

Vol. 53 Ch. 872

ရေခဲ နှင့် မီး

Vol. 53 Ch. 872

အချိန်တစ်ခုအထိ ထိုနယ်မြေက နေရာလွတ်က လှိုင်းထန်နေသော ပင်လယ်တစ်ခုသဖွယ် ဖြစ်သွားပြီး မြေပြင်နှင့် သစ်ပင်အားလုံးက ပင်လယ်ရေ၏ နစ်မြုပ်မှုကြောင့် ချေမှုန်းခံလိုက်ရကုန်သည်။

ပင်လယ်က ဖုံးလွှမ်းလိုက်သည်နှင့် ရေဘဝဲဘုရင်၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ သူက တစ်ခုခုကို အာရုံ ခံမိသွားပြီး ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ “သဘောပေါက်ပြီ။ မင်းက အဲဒီတိုက်ခိုက်ရေးစွမ်းအားကို ထုတ်နိုင်ဖို့ အတွက်ပဲ ခုနက ဒီနယ်မြေကနေ အသက်စွမ်းအင် အားလုံးကို ခေါ်ယူဖို့ လျို့ဝှက်ပညာရပ်ကို သုံးခဲ့တယ်။ မင်းရဲ့ တကယ့်စွမ်းအားက တိုင်းပြည်အဆင့် အလတ်ပိုင်းကို ဝင်ရုံပဲ ရှိသေးတယ်။ ဒီလျို့ဝှက်ပညာရပ်ကို ငါ ဖိနှိပ်နိုင်တာနဲ့ မင်းကို တိုက်ခိုက်လို့ ရသွားပြီ။”

ပင်လယ်ရေ မျက်နှာပြင်က အလျင်အမြန် မြင့်တက် လာခဲ့ပြီးနောက် သစ်ပင်အားလုံး မြုပ်သွားခဲ့သည်။ ကတ်သရင်း၏ အဟုန်က အမှန်တကယ်ပင် အတော်လေး အားနည်းသွားခဲ့သည်။

ကတ်သရင်းက တိုးတိုးလေး နှာမှုတ်လိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံး အနက်‌ရောင် မီးတောက်များ လောင်ကျွမ်း သွားခဲ့သည်။ ပင်လယ်ထဲ၌ မရေမတွက်နိုင်သော အစိမ်းရောင် သစ်ပင် ပိတာန်များက တဖြည်းဖြည်း ထွက်ပေါ်လာပြီး မြင့်သထက် မြင့်လာခဲ့သည်။ ပင်လယ်ရေက မည်မျှပင် မြင့်တက်စေကာမူ သစ်ပင်များကို လုံးဝ မမြုပ်စေနိုင်ခဲ့ပေ။ ထိုအရာက အံ့သြလောက်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်သွား၏။

အင်အားကြီး အသက်ဓာတ်ရှိတဲ့ ဒီတိုင်းပြည်က အဆုံးအဆမရှိ မှော်ဆန်တာပဲ။ နိဗ္ဗာန်က တကယ်ပဲ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ အစွမ်းအထက်ဆုံး သွေးမျိုးဆက်ဆိုတာ ထိုက်တန်တယ်။

ရေဘဝဲဘုရင်က အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ ပြိုင်ဘက်၏ တိုင်းပြည်စွမ်းအားက အသေအချာပင် နိမ့်ကျသော်လည်း သူက ၎င်းကို မဖိနှိပ်နိုင်ခဲ့ပေ။ သူက တိုင်းပြည်စွမ်းအားကို ပြန်မပြောင်း နိုင်ခင်မှာပင် ကတ်သရင်း၏ အငွေ့အသက်က သိသိသာသာ တိုးတက် သွားခဲ့သည်။ သူက [ ထာဝရ အမှောင်နက်ရွှေ စစ်ရုပ်သေး ] နှင့်အတူ ရက်ပီပစ်ထံသို့ တည့်တည့် သွားလိုက်သည်။

ရေဘဝဲဘုရင်က ရေမျက်နှာပြင်ကို ဖိလိုက်သည်နှင့် ရာချီသော ရေစက်လုံးများက ကတ်သရင်းထံ ဒုံးပျံများသဖွယ် ပျံသန်းသွားကြ၏။

ကတ်သရင်း၏ လက်များက လက်ခနဲ ဖြစ်သွားခဲ့ပြီး လျို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်ခုအဖြစ် လှုပ်ရှား လိုက်သည်။ ချည်းကပ်လာသော ရေစက်လုံးများ အားလုံးက ချော်တတ်သောတစ်ခုခုနှင့် ရင်ဆိုင်တွေ့လိုက်ရ သကဲ့သို့ပင် ဘေးသို့ ရောက်သွားခဲ့သည်။ ထိုအရာက လမ်းကြောင်း ပြောင်းသော လှည့်ကွက်သာမဟုတ်ဘဲ ရေစက်လုံးများက လမ်း‌ချော်နေရင်း အလျင်အမြန်ပင် ပါးလာက အရည်များ အဖြစ်သို့ ပြန့်ကျဲသွားခဲ့သည်။ ၎င်းက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီ ဖြစ်သော [ ဒြပ်စင်အားနည်းခြင်း ] ပင်။

ထိုပါရမီက ဒြပ်စင်တိုက်ခိုက်မှု အားလုံးအတွက် ဝိပါက် ဖြစ်လေသည်။ အရိပ်နက် ဝတ်ရုံ၏ [ မှော်ဆန့်ကျင် ] ဂုဏ်သတ္တိနှင့် ပေါင်းလိုက်သောအခါ မှော်ဆရာများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သွားလေသည်။ သို့သော်လည်း ရေဘဝဲဘုရင်က မှော်သီးသန့်လေ့ကျင့်သူ မဟုတ်ပေ။ ရေစက်လုံးများ အလုပ်မဖြစ်သည်ကို မြင်သောအခါ သူက ကတ်သရင်းနောက်သို့ ရွှေ့ပြောင်းပြီး လက်မောင်းဖြင့် ဖြတ်ရိုက်လိုက်၏။

ထိုတိုက်ခိုက်မှုက အလွန်အမင်း အစွမ်းထက်လှပြီး အမြန်နှုန်ကလည်း အံ့သြဖွယ်ရာပင်။ အားကောင်းသော လေက ရေပေါ်တွင် လျင်မြန်သော လမ်းကြောင်းတစ်ခုကို ဖြစ်သွားစေ၏။ ကတ်သရင်းက ခုန်လိုက်ပြီး လေထဲ၌ ကျွမ်းထိုးကာ ထိုတိုက်ခိုက်မှုကို လက်မတင်လေး ရှောင်လိုက် နိုင်သည်။ သို့သော်လည်း ကျန်ရှိသော အားကောင်းသည့် အဟုန်က သူ့ကို ထိသွားဆဲပင်။ မျက်နှာလွှာပေါ်တွင် ထိတ်လန့်ဖွယ်ရာ အနီရောင်တစ်ခု ပေါ်လာခဲ့သည်။

ရေဘဝဲဘုရင်၏ စွမ်းအားက ကြီးမားလွန်းသည်။ သူ၏ လက်များက ပုံရိပ်ယောင် လက်(၈)ဖက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကြာပွတ်ဒါဇင်ခန့် ရောက်လာကာ ကတ်သရင်း ရှောင်တိမ်းမည်ကို အဘက်ဘက်မှ တားဆီး လိုက်ဟန်တူသည်။

အလွန်ကြီးမားသော အမှောင်ရွှေပုံရိပ် တစ်ခုက ကတ်သရင်း အရှေ့သို့ ‌ရောက်ရှိလာခဲ့သည်။ ထိုပုံရိပ်က ချက်ချင်းပင် ပုံပျက်သွားပြီး လေထဲ၌ ပျံ့လွင့်နေသော ၁၀မီတာ အချင်းရှိ ဒိုင်းကာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုကဲ့သို့ ပြင်းထန်လှသော လေက ဒိုင်ကာပေါ်တွင် မရေ မတွက်နိုင်သော ချိုင့်များကို ဖြစ်စေခဲ့သော်လည်း ထိုအကာ အရံကို မဖောက်ထွင်းနိုင်ခဲ့ပေ။

ကတ်သရင်းက ထိုအချိန်ခဏလေး အတွင်းသာ အသက်ရှူနိုင်ခဲ့သည်။ သူက ပင့်သက် ရှိုက်လိုက်သည်နှင့် ပင်လယ်ပေါ်မှ သစ်ပင်အားလုံးက ထိုဘက်သို့ ယိမ်းထိုး နေတော့သည်။

ထိုအသက်ဓာတ်၏ သက်ရောက်မှု အောက်တွင် ကတ်သရင်း၏ ကတ်သရင်း၏ ပတ်ပတ်လည်မှ [နိဗ္ဗာန် မီးတောက်] က ပို၍ပင် ရဲရဲနီလာခဲ့ပြီး အငွေ့အသက်က တဖန် မြင့်တက်သွားပြန်သည်။ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ဒိုင်းကာမှ ဧရာမဓားအဖြစ်သို့ အလျင်အမြန် ပြောင်းသွားခဲ့ပြီး ရေဘဝဲဘုရင်ဘက်သို့ ခုတ်ပိုင်းလိုက်၏။ ထိုကဲ့သို့ အသွင်ပြောင်းလဲခြင်းမျိုးက မရိုးရှင်းလှဘဲ နိဗ္ဗာန်စွမ်းအား အများပြားလိုအပ်ပေသည်။ သို့‌သော် ကံဆိုးစွာပင် သစ်တောတစ်ခုလုံးက ကတ်သရင်း၏ တိုင်းပြည်နှင့် ပေါင်းစပ် နေသည့်အတွက်ကြောင့် အထောက်အပံ့ တော်တော်များများ ပေးစွမ်းနိုင်လေသည်။

ရေဘဝဲဘုရင်နှင့် ကတ်သရင်းအကြား အကွာအဝေးက မီတာ ၅၀ခန့် ဖြစ်သော်လည် ထိုကဲ့သို့ အလွန်အမင်း ထက်မြက်သော ခုတ်ပိုင်းမှုက သူ၏ခေါင်းပေါ်သို့ ခုတ်ပိုင်း နေသလို ဖြစ်နေသည်။ ရေဘဝဲဘုရင်၏ ပုံရိပ်က နှစ်ပိုင်းပြတ် သွားပြီး ရေများအဖြစ် ပြောင်းလဲသွားကာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က အခြားတစ်နေရာ၌ ပေါ်ထွက်လာခဲ့သည်။

အသာစီးရနေခဲ့သော ရေဘဝဲဘုရင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ကတ်သရင်း၏ နည်းလမ်းများနှင့် စိတ်စွမ်းအင်တို့က သူထင်ထားသည်ထက် ကျော်လွန်နေခဲ့ပြီး ထိုကဲ့သို့ ပြင်းအားမြင့်မားသော တိုက်ပွဲ၌ပင် သူ့ကို တိုးမရဆုတ်မရ အခြေအနေဖြစ်အောင် လုပ်နိုင်နေသည်။

ထို့အပြင် ထိုကဲ့သို့ တန်ပြန်တိုက်ခိုက်မှုမျိုးကို ရက်ပီပစ် သည်ပင် ဂရုမစိုက် မလုပ်ရဲပေ။

အနိုင်ရရှိနိုင်ချေ မြင့်မားသော်လည်း ထိုကဲ့သို့ အချိန် ရှည်ကြာသော တိုက်ပွဲမျိုးက ရက်ပီမစ် မျှော်လင့်ထားသည့် အရာမျိုး မဟုတ်ပေ။ ရေဘဝဲဘုရင်၏ မျက်လုံးများက ပင်လယ်ထဲမှ ထွက်လာနေသော သစ်ပင်ကြီးများဆီသို့ ရောက်ရှိသွားသည်။ ဒီအပင်တွေရဲ့ အသက်ဓာတ်က အဆင့်ပိုမြင့်တဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့နေရာမှာ ကတ်သရင်းရဲ့ အကြီးမားဆုံး အရင်းအမြစ် အထောက်အပံ့ ဖြစ်လောက်တယ်။ ဒီအထောက်အပံ့ကို ဖြတ်တောက် နိုင်တာနဲ့ ကတ်သရင်းကို ကြောက်စရာ မလိုတော့ဘူး။

ထိုသို့ စဉ်းစားလိုက်ရင်း ရေဘဝဲဘုရင်၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ အနီရောင် လက်ခနဲ ဖြစ်သွားခဲ့ပြီး လှိုင်းထန်သော ပင်လယ်၏အပူအချိန်က ရုတ်တရက် ကျဆင်း သွားခဲ့သည်။ ပင်လယ်တစ်ခုလုံးက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အမှန်တကယ် အေးခဲသွား၏။

ကတ်သရင်းက ထိတ်လန့်သွားခဲ့သည်။ [ နိဗ္ဗာန်မီးတောက် ] ကို အသည်းအသန် လောင်ကျွမ်းစေ ခဲ့သော်လည်း စွမ်းအားချင်း လုံးဝ အသာစီးရနေသော ရေဘဝဲဘုရင်အရှေ့တွင် သူက အေးခဲနေခြင်းကို မတားဆီး နိုင်ခဲ့ပေ။ သူ၏ ကိုယ်ပိုင် [နိဗ္ဗာန်မီးတောက်]သည်ပင် ငြိမ်းလုနီးပါး အခြေအနေအထိ ဖိနှိပ်ခံလိုက်ရလေသည်။

တစ်ခုခုလွဲနေကြောင်း ကတ်သရင်း သိလိုက်သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] က ပုံမှန်ပုံစံ ပြန်ဖြစ်သွားပြီးနောက် တကိုယ်လုံး အနက်ရောင် မီးတောက်များ လောင်ကျွမ်းသွားခဲ့ပြီး ရက်ပီပစ်ထံ အစွမ်းကုန် ပစ်လွှတ်လိုက်၏။ ကတ်သရင်းက အစွမ်းအကုန် တိုက်ခိုက်ချင်နေသည်မှာ သိသာလှပေသည်။

ရေဘဝဲဘုရင်က ပြင်ဆင်ထားခဲ့သည်မှာ ကြာလေပြီ။ သူက [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ၏ တိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းရန်အတွက် အစားထိုးတစ်ခု ချန်ထားပြီး တကယ့် ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ ရောက်ရှိသွား၏။ တစ်ချိန်တည်းမှာပင် ပင်လယ်တိုင်းပြည် ရေခဲလောက ဖြစ်သွားခဲ့သည်။ ရေဖြစ်စေ၊ အပင်များဖြစ်စေ၊ ရေခဲရုပ်ထုများ အဖြစ်သို့ အေးခဲသွားတော့သည်။

အသက်က အထူးခြားဆုံးစွမ်းအား ဖြစ်၏။ အင်အားကြီး အသက်စွမ်းအင် ပါရှိသော [ နိဗ္ဗာန်တိုင်းပြည် ] ကို လုံးဝ ပိတ်ဆို့နိုင်ရန် ရေဘဝဲဘုရင်အတွက် မလွယ်ကူလှပေ။ သူ၏ မျက်လုံးများ အနီရောင် ဖြစ်သွားပြီး သောင်းကြမ်းသော စွမ်းအားများက ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ကုန်သည်။ သူက အသံကျယ်ကြီး အော်လိုက်ရာ အေးခဲနေသော အပင်များအားလုံး ပေါက်ကွဲထွက်သွားတော့သည်။

ထိုအပင်များက အမှန်တကယ်၌ ကတ်သရင်း၏ တိုင်းပြည် ဖြစ်သည်။ တိုင်းပြည် ပြိုလဲသွားခြင်းကြောင့် ကတ်သရင်းက တန်ပြန်မှုကို ခံစားလိုက်ရသည်။ သူ၏ မျက်နှာလွှားက နီရဲသွားခဲ့ပြီး လေထဲ၌ မနည်းရပ်နေရသည်။ [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] သူ့ကို ကာကွယ်ပေးရန် ပြန်လာခဲ့သည်။

ရေဘဝဲဘုရင်၏ တိုက်ခိုက်မှုက အသက်ဓာတ် အတော်များများကို ကုန်ခမ်းစေခဲ့သော်လည်း ကတ်သရင်း၏ အငွေ့အသက်က ကြီးကြီးမားမား လျော့ကျသွားကြောင်း သူ သေသေချာချာ ခံစားမိနေသည်။ သူက ခြေထောက်ကို တော့လိုက်ရာ အေးခဲနေသော ပင်လယ်ရေမျက်နှာပြင်က အက်ကွဲသွားပြီး လှိုင်းကြမ်းသော ပင်လယ်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ပင်လယ်ရေက ရေဘဝဲဘုရင်ကို ရေတိုင်လုံး ပစ်လွှတ်လိုက်ပြီး သူ့ကို ကတ်သရင်းဆီသို့ တွန်းပို့နေခဲ့သည်။

ကတ်သရင်းက သူ့ကို [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] နှင့် နှုတ်ဆက်စေလိုက်ပြီး သူကိုယ်တိုင်က ဝတ်ရုံနှင့်အတူ ပျောက်ကွယ်သွား၏။

ယခင်တိုက်ခိုက်မှုများက ရေဘဝဲဘုရင်အား [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ၏ ဝိသေသလက္ခဏာများကို အတော်လေး သိရှိသွားစေခဲ့ပြီး အနီးကပ် မတိုက်ခိုက် ချင်တော့ပေ။ တိုင်းပြည် ပြိုလဲသွားခြင်းကြောင်း ရုပ်သေး၏ စွမ်းအားက သိသိသာသာ‌ လျော့ကျသွား၏။ အနည်းငယ် ခုခံပြီးနောက် ၎င်းက ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ပေါလောပေါ်နေသော ရေခဲတုံးပေါ် လွင့်သွားခဲ့သည်။ ၎င်းက အလျင်အမြန် အေးခဲသွားပြီး ရေခဲထဲတွင် ပိတ်မိ နေတော့သည်။

“အရှုံးမပေးသေးဘူးလား။” ရေဘဝဲ ဘုရင်က ပင်လယ်ရေကို ထိန်းချုပ်ရင်း ကတ်သရင်းကို ရှာဖွေ နေခဲ့၏။

သူက ပထမဆုံး ကတ်သရင်း၏ တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သူ၏ အကြီးမားဆုံး လက်နက် ဖြစ်သော [ ထာဝရ အမှောင်ရွှေစစ်ရုပ်သေး ] ကို အေးခဲ စေခဲ့သည်။ ထိုအရာက သူ၏ လက်နက်များကို ပိတ်ပင် လိုက်ခြင်းနှင့် ညီမျှပေသည်။ ကတ်သရင်းက အရိပ်နက် ဝတ်ရုံနှင့် ပုန်းအောင်းနိုင်လျှင်ပင် အန္တရာယ် မရှိတော့ပေ။

ရက်ပီပစ်၏ တိုင်းပြည်စွမ်းအောက်တွင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်(၁၀)ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ကတ်သရင်း မဟုတ်ဘဲ ငွေရုပ်သေးများဖြစ်နေပြီး နောက်မှ ကြေးရုပ်သေး အခု(၃၀)ခန့် လိုက်လာကြသည်။

“ငွေရုပ်သေး၊ ကြေးရုပ်သေးတွေလား။” ရက်ပီပစ်က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းက ဒီလိုမျိုး အပေါ်စား တွေကိုတောင် သုံးနေပြီလား။ ကြည့်ရတာ မင်းမှာ အစွမ်းတွေ မရှိတော့တဲ့ပုံပဲ။”

ရုပ်သေးဒါဇင်လောက်က အခင်းအကျင်းတစ်ခု ဖွဲ့စည်းပြီး ရေဘဝဲဘုရင်ကို ဝိုင်းရံလိုက်သည်။ ထိုအခင်းအကျင်းက အထူးစုပ်ယူမှုအား ရှိနေကြောင်း ရေဘဝဲဘုရင် ခံစားလိုက် မိပြီး သူ၏ တိုင်းပြည်ထဲမှ ရေဒြပ်စင်စွမ်းအားက ကြီးကြီးမားမား အနှောင့်အယှက် ခံလိုက်ရလေသည်။ သူက ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် စွမ်းအားများ ထုတ်လွှတ် လိုက်ရာ အခင်းအကျင်းက ပြိုလဲသွားခဲ့သည်။ ပြိုလဲကျ သွားသောအခါ ရုပ်သေးဒါဇင်ခန့်က လွင့်ထွက်သွားခဲ့ပြီး အရည်အသွေးနိမ့်သော ကြေးရုပ်သေးများက လေထဲ၌ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။

အခင်းအကျင်း ပျက်စီးသွားသော အခိုက်အတန့်၌ ရက်ပီပစ်ကို တစ်ခုခုကို အာရုံခံမိပြီး နောက်သို့ လှည့်ကြည့် လိုက်သည်။ အရိပ်နက်ဝတ်ရုံကို ဝတ်ထားသော ကတ်သရင်းက အေးခဲနေသော [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ဆီသို့ အမြန်ပျံသန်းလာနေပြီး နောက်ဆုံး တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် အစွမ်းအထက်ဆုံး ရုပ်သေးကို အရည်ပျော်ကျအောင် ပြုလုပ်ချင်နေချင်ပုံရသည်။

ရက်ပီပစ်က ကတ်သရင်းက ထပ်မံတိုက်ခိုက်ရန် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပေ။ သူက နေရာ ပြောင်းရွှေ့ပြီး ကတ်သရင်းနောက်သို့ ရောက်ရှိသွားခဲ့သည်. လှိမ့်တက်လာသော စွမ်းအားက ပေါက်ကွဲထွက်သွားပြီး ကတ်သရင်း၏ နောက်ကျောကို ထိသွားခဲ့သည်။ ထိုလက်သီးချက်က ရှောင်တိမ်း၍ မရနိုင်ပေ။

ရေဘဝဲဘုရင်က နည်းလမ်းများနှင့် လက်မလျှော့သော ဆန္ဒရှိသည့် ထိုအမျိုးသမီးကို အသိအမှတ်ပြုနေဆဲ ဖြစ်သည်။ ထို့ပြင် သူက အုပ်ချုပ်သူ (၃)ဦးထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ထိုလက်သိးချက်က သူ့ကို မသေစေနိုင် သော်လည်း အပြင်းအထန် ဒဏ်ရာရသွားစေနိုင်ပြီး ခုခံရန် စွမ်းရည် လုံးဝ ဆုံးရှုံးသည်အထိ အေးခဲသွားစေနိုင်၏။

အသေအချာပင် ထိုလက်သီးချက်က ကတ်သရင်းကို မြဲမြဲမြံမြံ ထိသွားခဲ့သော်လည်း ရက်ပီပစ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ ထိုထိုးချက်၏ ခံစားချက်က အတော်လေး ရင်းနှီးနေခဲ့သည်။ မဟုတ်ဘူး။ ဒါက ကတ်သရင်း မဟုတ်ဘူး။ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ဖြစ်နေတာပဲ။

အရိပ်နက်ဝတ်ရုံကို ဝတ်ထားတဲ့ [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] ပဲ။

“ကတ်သရင်း”ကို ရက်ပီပစ် ထိသွားသည်နှင့် အေးခဲ နေခဲ့သော [ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ]၏ အပြင်ဘက် ခန္ဓာကိုယ်က ရုတ်တရက် ကြေမွသွားကာ သူ့ဆီသို့ ချစ်ချစ်တောက် စွမ်းအားတစ်ခု ရောက်ရှိလာ၏။ ရှောင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ထိတ်လန့်သွားသော ရေဘဝဲဘုရင်က နောက်ဆံုး သတိပြန်ဝင်လာခဲ့သည်။ ကတ်သရင်းက သူ့ဆီသို့ အမှန် တကယ်ပင် [ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး] အဖြစ် ရုပ်ဖျက်ပြီးနောက် ရေခဲဖြင့် တမင် အထိခံလိုက်ကာ ရေဘဝဲ ဘုရင်အား စိတ်ထဲ၌ ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ တကယ့် ထာဝရရုပ်သေးက သူ၏ ထိန်းချုပ်မှုနှင့်အတူ အရိပ်နက်ဝတ်ရုံဖြင့် ပျောက်ကွယ်နေခဲ့ပြီး ငွေရုပ်သေးနှင့် ကြေးရုပ်သေးများမှာ အာရုံရှုပ်ထွေးစေရန်အတွက် ဗန်းပြ ထားခြင်းသာ ဖြစ်၏။

[ ထာဝရ အမှောင်ရွှေ စစ်ရုပ်သေး ] က အချိန် အကြာကြီး စောင့်နေခဲ့တဲ့ တိုက်ခိုက်မှုအတွက် ငါ့ကို ဒီနေရာအထိ မျှားခဲ့တာပဲ။

ဗျူဟာတစ်ခုလုံးက ပြောင်မြောက်လွန်းတယ်။ ပထမ တစ်ပိုင်းက သတ္တိတော်တော်လေး လိုအပ်တယ်။ သာမန်လူတွေ လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက လုပ်နိုင်ခဲ့တယ်။ ဒီလို သတ္တိမျိုးနဲ့ အကွက်ချ စီစဉ်မှုတွေကို “ကြောက်စရာ”ကောင်းတယ် ဆိုတဲ့ စကားလုံးလေးနဲ့ ဖော်ပြလို့ မရနိုင်တော့ဘူး။

စစ်မြေပြင်အစွန်သို့ အပြေးရောက်လာခဲ့သော ချန်လွေ့က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ [မီးဇာမဏီ တမ်းတခြင်း] စွမ်းအားက ရှေ့မှ စွမ်းအား တစ်မျိုးမျိုးနှင့် ပွဲ့တင်ထပ်နေကြောင်း ခံစားလိုက်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးက မှော်ဆရာ ခံတပ်၌လည်း ဖြစ်ခဲ့၏။

ထိုအချိန် ကတ်သရင်း၏ နောက်ဘက်တွင် တောင်ပံ နိမိတ်ပုံရိပ်နှစ်စုံ ရှိနေပြီး တစ်စုံက အနက် ၊ တစ်စုံကအနီ ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက်များမှာ [ နိဗ္ဗာန်မီးတောက် ] များသာ မဟုတ်ဘဲ သန့်စင်ကာ ယှဉ်ပြိုင်မရသော မီးဒြပ်စင်စွမ်းအား ပေါင်းစည်းမှု တစ်ခုလည်း ဖြစ်ပေသည်။

ရက်ပီပစ်က အထွတ်အထိပ် အခြေအနေ၌ ရှိနေလျှင်ပင် ထိုကြောက်မက်ဖွယ်ရာ စွမ်းအားက သူ့ကို သေရေးရှင်းရေး ဖြစ်နိုင်စေပေလိမ့်မည်။ သူက ချက်ချင်းပင် အစွမ်းကုန် ပေါက်ကွဲပစ်လိုက်၏။

ပရိသတ်များက အမြင်များ ဝေဝါးသလို ခံစားလိုက်ရပြီး အလွန်ကြီးမားသော အနီရင့်ရောင် ရေဘဝဲကြီးတစ်ကောင် ပေါ်ထွက်လာသလို ခံစားလိုက်ရသည်။ ၎င်းက ဟိန်းနေပြီး လှိုင်းများထဲ၌ လက်(၈)ဖက်ကို ဝှေ့ရမ်းနေလေသည်။ ရေဘဝဲ အပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေသော တောင်ပံ (၄)ခုနှင့် ဇာမဏီတစ်ကောင် ရှိနေ၏။ ထို့နောက်တွင် ပုံရိပ် တစ်ခုလုံးက အပြင်းအထန် တုန်ခါပြီး ဝေဝါးသွားတော့သည်။

တုန်ခါခြင်းက နောက်ဆုံးတွင် ရပ်တန့်သွား၏။ ကတ်သရင်းနှင့် ရက်ပီပစ်တို့က ပုံရိပ်ထုတ်လွှင့်မှုပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ ကတ်သင်း၏လက်က ရက်ပီမစ်၏ ခေါင်းနှင့် ၁မီတာ မပြည့်ခင်မှာပင် ရှိနေ၏။ ရက်ပီပစ်၏ အရေပြားက နီရဲနေပြီး ဝတုတ်တုတ် မျက်နှာကလည်း အနည်းငယ် ယိုယွင်းနေခဲ့သည်။ သူ၏သွေးများ ဆူပွက် နေသကဲ့သို့ပင် ခေါင်းပေါ်မှ အငွေ့များလည်း အဆက်မပြတ် ထွက်နေလေ၏။

“ရှင် ရှုံးသွားပြီ။” ကတ်သရင်း၏ မျက်နှာလွှားက သွေးကြောင့် နီရဲနေသော်လည်း သူ့အသံက ပြတ်သားနေဆဲ ဖြစ်သည်။

ရက်ပီပစ်၏ မျက်လုံးထဲ၌ ပြင်းပြသော လက်မခံနိုင်မှုနှင့် မယုံကြည်နိုင်မှုတို့ ရှိကြသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။ “ငါ အရှုံးပေးတယ်။”

ထိုအရာက နှလုံးအရေအတွက် ကိစ္စ မဟုတ်တော့ပေ။ မယုံနိုင်စရာ မီးဒြပ်စင်စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်‌ရောက်လာသည်။ ထိုစွမ်းအားမျိုးက ရေဘဝဲ ဘုရင်၏ ခန္ဓာအမျိုးအစား အပေါ်တွင် အတော်လေး ချုပ်တည်း နိုင်သော သက်ရောက်မှုတစ်ခု ရှိသည်။ ပေါက်ကွဲ ထွက်သွားသည်နှင့် သူ့ဝိညာဉ်ကပင် အပြင်းအထန် ဒဏ်ရာရ သွားနိုင်လေသည်။

ကတ်သရင်းက တဖြည်းဖြည်း လက်ကို ရုတ်သိမ်းလိုက်ပြီး ရေဘဝဲဘုရင်ကလည်း မီးဒြပ်စင်စွမ်းအား ရုတ်သိမ်းလိုက် ကြောင်းကို ခံစားလိုက်မိသည်။ သူက ပင့်သက်ရှိုက်လိုက်ရာ လောင်ကျွမ်းလုမတတ် ဖြစ်နေသော သွေးများက အလျင်အမြန် ပြန်လည်း အေးသွားခဲ့သည်။ သူ၏ အရေပြား ပေါ်မှ နီရဲမှုကလည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

“ခုနက တိုက်ခိုက်မှုက ရိုးရိုး လောင်ကျွမ်းတဲ့ အသက်ဓာတ် မဟုတ်ဘူး။ အဲဒါက လျို့ဝှက်ပညာရပ်လား။”

ကတ်သရင်းက ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဒါက ကျွန်မ ရထားတဲ့ မီးတောက်အသစ်ပဲ။ အဲဒါကို [ မီးဇာမဏီ အသွင်ပြောင်းခြင်း ] လို့ နာမည်ပေးထားတယ်။ နိဗ္ဗာန် စွမ်းအားနဲ့ ပေါင်းလိုက်တဲ့အခါ အဲဒါက အထူး အင်အားကြီးတဲ့ တိုက်ခိုက်မှုတစ်ခု လုပ်နိုင်တယ်။ ဒါပေမဲ့ တစ်ချက်ပဲ။ ကျွန်မတို့ ပြန်တိုက်ခိုက်မယ်ဆိုရင် ကျွန်မ ရှင့်ကို အနိုင်ရတော့မှာ မဟုတ်ဘူး။”

“ငါက အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့တယ်။ ဒါပေမဲ့ မင်းက အခွင့်အရေး တစ်ခုကိုပဲ ယူခဲ့တယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင် ငါ အလကားသက်သက် မရှုံးသွားဘူးပဲ။” ရေဘဝဲဘုရင်က ကတ်သရင်းကို နက်နက် ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ “မင်း တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်နိုင်မယ်ဆိုရင် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လောက်တယ်။”

ထိုသို့ ပြောပြီးနောက် ရေဘဝဲဘုရင်က နံပါတ်ပြားကို ဖိခြေပြီး ပျောက်ကွယ်သွားတော့သည်။

အခြားနေရာတစ်ခု၌ ရိုင်ဇန်က ရုပ်မြင်သံကြား မျက်နှာပြင်ကို ကြည့်ပြီး လက်သီးကို ဆုပ်လိုက်မိသည်။

ကတ်သရင်းက တကယ်ပဲ ရက်ပီပစ်ကို အနိုင်ယူခဲ့တယ်။

ဒါက ရိုးရှင်းတဲ့ နိုင်ပွဲတစ်ခု မဟုတ်ဘူး။ အဆင့်ပိုမြင့်တဲ့ ပြိုင်ဘက်ကို အနိုင်ရခဲ့တာပဲ။

ဒီမိန်းမက ငါ့ထက် သာသွားပြီဆိုတာ ဝန်ခံရမယ်။

ရေဘဝဲဘုရင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကတ်သရင်း၏ခန္ဓာကိုယ် တုန်ခါသွားပြီးနောက် သွေးစွန်း နေသော မျက်နှာလွှားပေါ်တွင် အနီရောင်ကွက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ထို [မီးဇာမဏီ အသွင်ပြောင်းခြင်း] အတွက် ပေးဆပ် ခဲ့ရသည်ကလည်း ပေါ့သေးသေး မဟုတ်ပေ။ သူ၏ ဒဏ်ရာက ထင်ထားသည်ထက် ပိုမို၍ ပြင်းထန်ပေသည်။

အမှန်တကယ်၌ ရေဘဝဲဘုရင်ကလည်း ၎င်းကို သိသည်။ သို့သော် သူက ခပ်တည်တည်နှင့် ထွက်သွားရန် ရွေးချယ် ခဲ့လေသည်။ အနိုင်၊ အရှုံးက ရေဘဝဲဘုရင်အတွက် သိပ်ပြီး အဓိပ္ပာယ် မရှိပေ။ အရေးအကြီးဆုံးမှာ တိုက်ပွဲထဲမှ ရရှိမှုများသာ ဖြစ်၏။

ကတ်သရင်းက ပင့်သက်ရှိုက်လိုက်၏။ သူက လက်ကျန် နိဗ္ဗာန်စွမ်းအားကို အသုံးပြုကာ ပြိုင်ကွင်းထဲမှ ဒယိမ်းဒယိုင် ထွက်သွားစဉ် ချန်လွေ့နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

သူက [ မီးဇာမဏီ တမ်းတခြင်း ]ကို အသက်သွင်း လိုက်စဉ်က တုံ့ပြန်မှု တစ်ခုခုကို အာရုံခံမိခဲ့ပြီးသား ဖြစ်သည်။

ကတ်သရင်းက ချန်လွေ့ကို တိတ်တိတ်လေး ကြည့်နေ၏။ သူ၏ အနက်ရောင် မျက်လုံးထဲ၌ စကားလုံးပေါင်း ထောင်ချီ ရှိနေသော်လည်း စကားတစ်ခွန်းသာ ထွက်သွားခဲ့သည်။

“ကျွန်မ ရှင့်ကို ဗိုလ်လုပွဲမှာ စောင့်နေမယ်။”

All Chapters