← Chapters

နတ်ဘုရားတစ်ပိုင်းအဆင့် လက်ဖက်ဆီပြန် နဂါး

Vol. 53 Ch. 873

နတ်ဘုရားတစ်ပိုင်းအဆင့် လက်ဖက်ဆီပြန် နဂါး

Vol. 53 Ch. 873

ရိုင်ဇန်ကဲ့သို့ လူနည်းစု၏ အံ့အားသင့်မှုနှင့် ခံစားချက် များနှင့် ယှဉ်ပါက နတ်ဆိုးဘုံမှ လူအများစုက အရိပ်နက် အင်ပါယာမှ မဟာဧကရာဇ် ကတ်သရင်းအတွက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမှာ သာမန်ဟူ၍သာ ထင်ကြသည်။

ဒုတိယမြောက် အကြိုဗိုလ်လုပွဲက ကြယ်ကြွေတမန် အင်ပါယာမှ ကြင်ရာတော်မင်းသား “အက်ဂ်ယော” နှင့် လျို့ဝှက်ဆန်းကြယ် အစွမ်းထက်ပုဂ္ဂိုလ် လာလာရီယာတို့ ဖြစ်ကြသည်။

အပြင်းအထန် ထိခိုက်မှုကြောင့် ယခင်ပွဲစဉ်က သစ်တော နယ်မြေကို အသုံးပြု၍ မရနိုင်တော့ပေ။ ယခုတစ်ခေါက်က ရှေးစစ်မြေပြင် အလယ်ရှိ ကွင်းပြင်ငယ်လေးပေါ်တွင် ပြုလုပ် လေသည်။

ပရိသတ်များနှင့် “အတွင်းလူများ”က တစ်ဖက်တည်း၌ ရှိကြသည်။ ရိုင်ဇန်ကို အလွယ်တကူ အနိုင်ယူခဲ့သော လာလာရီယာနှင့် ရင်ဆိုင်ရသည့်အခါ “အက်ဂ်ယော”အတွင် အနိုင်ရရှိရန် အခွင့်အရေး မရှိပေ။

ဆွေမျိုးများနှင့် မိတ်ဆွေများမှ အတော်များများကပင် ထိုကဲ့သို့ ထင်ကြ၏။ ထိုအရာကလည်း အ‌ကြောင်းအကျိုး သင့်ပေသည်။ အဲလစ်၊ မစ်-နဂါးနက်၊ အယ်ဒီလိုင်းနှင့် အခြား သူများကဲ့သို့သော အစ်ကိုကြီး (သူဌေး) အနိုင်ရမည်ဟု မျက်စိမှိတ် ယုံနေကြသူအချို့လည်း ရှိကြသည်။ အသီနာ၊ ခီရာနှင့် အခြားသူများကတော့ ရလာဒ်ကို သိပ်ပြီး ဂရုမစိုက်ကြပေ။ သူတို့က သူတို့၏ချစ်သူ ထိခိုက်သွားမည် ကိုသာ စိုးရိမ်နေကြသည်။ မရိုးဖြောင့်သော မိတ်ဆွေ နှစ်ယောက်ကမူ ချန်လွေ့က လာလာရီယာ၏ လက်ထဲ၌ မည်မျှ ကြာကြာခံနိုင်မည်ဖြစ်ကြောင်း အလောင်းအစားပင် စတင် ပြုလုပ်ကြတော့သည်။

ချန်လွေ့နှင့် လာလာရီယာ ကြားမှ အကြိုဗိုလ်လုပွဲစဉ် နောက်ဆုံး စတင်ခဲ့လေပြီ။

“ဟိုးဟိုးဟိုး...” မျက်နှာဖုံးနှင့် “ရန်သူ”ကိုကြည့်ရင်း နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ထူးထူးဆန်းဆန်း ရယ်လိုက်သည်။ “နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ငါမင်းကို ကျေးဇူးတင်ရမယ်။ မင်းရဲ့ လှုံ့ဆော်မှုကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက အဲဒီ ငရဲလို လေ့ကျင်းရေးမှာ အဆင့်တက်ခဲ့မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ငါ လက်စားချေချင်တယ်။ လက်စားချေမယ်။”

ထိုသို့ပြောပြီးနောက် ရင်ပြားလိုလီက ခြေထောက်ကို ခပ်ကြမ်းကြမ်း ဆောင့်နင်းလိုက်ရာ မြေပြင် တုန်ခါသွား၏။

ချန်လွေ့က မိမိ၏ နှာခေါင်းကို လက်ညှိုးထိုးပြပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ “ကျုပ်တို့ကြားက အမုန်းတရားက ဒီလောက်အထိ ကြီးတာလား။”

“ဟမ့်။ လွန်ခဲ့တဲ့ (၁)နှစ်တုန်းက မင်း ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ရသွားခဲ့တာကို ထားလိုက်ဦး။ အဲဒီ အဘိုးကြီးနဲ့ ပြောထားတဲ့ အတိုင်းဆိုရင် ဒီတစ်ခေါက် ငါမင်းကို ရှုံးတာနဲ့ မင်းလို အစုတ်ပလုတ်ကောင်ကို ငါ့ကိုယ်ငါ ပေးရမယ်တဲ့။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ‌အော်ပြောလုမတတ် ဖြစ်သွားခဲ့သည်။ “ဒါက နက်ရှိုင်းတဲ့ အမုန်းတရား မဟုတ်ဘူးလား။ အဘိုးကြီးနဲ့ အိုလီဖီးရက်စ်တို့ မျက်နှာကို ထောက်ပြီးတော့ ဒီတစ်ခေါက် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ပြန်ပေးရမယ်။”

မှော်ရုပ်မြင်သံကြား အရှေ့တွင် ရိုင်ဇန်က ဘေးနားမှ နှုတ်ဖတ်သူ၏ “ပြန်ကြားမှုများ”ကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ယောက် ပြောနေတဲ့ စကားတွေ အရဆိုရင် “အက်ဂ်‌ယော”က လွန်ခဲ့တဲ့ ၁နှစ်တုန်းက နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ် လာလာရီယာနဲ့ တွေ့ခဲ့တယ်။ လာလာရီယာက သူ့ကို ရှုံးသွားတော့ လက်ထပ်စာချုပ်လိုမျိုး အငြင်းပွားစရာတွေ ပါဝင်လာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး “တရင်းတနှီး” ပတ်သက်မှုမျိုးက သွေးရောင်အင်ပါယာအတွက် ကောင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။

“ပစ္စည်းဥစ္စာကြောင့်ပဲ ဆိုရင်တော့ ငါမင်းကို ပြန်ပေးလို့ ရပါတယ်။” ချန်လွေ့က ရက်ရောဟန်‌ဆောင်နေခြင်း မဟုတ်ပေ။ အမှန်တကယ်၌ လွန်ခဲ့သော (၁)နှစ်ခန့်က သူ အနိုင်ရခဲ့သော ပိုင်ဆိုင်မှုအားလုံးကို တိုင်တန်ပြုလုပ်ရန် လိုအပ်သော လေနဂါးကျွန်းမှလွဲ၍ အက်ဂ်လက်စ်က အရာအားလုံး ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ “ဒါပေမဲ့ စိတ်မကောင်းပါဘူး။ ကျုပ် ခင်ဗျားကို ရှုံးနိမ့်လို့ မရဘူး။ ကျုပ်မှာ ဗိုလ်လုပွဲကို ရောက်ရမယ့် အကြောင်းရင်း ရှိတယ်။ လက်ထပ်စာချုပ်ကတော့ ဆာ-အက်ဂ်လက်စ်ရဲ့ ပုံမှန် အကွက်တွေပါပဲ။ စိတ်ထဲထားစရာ မလိုပါဘူး။”

“ဟာသပဲ။ ငါ လာလာရီယာက မင်းကို အနိုင်ယူဖို့ လက်ချောင်းတစ်ချောင်း လှုပ်လိုက်ရုံနဲ့ရတယ်။ မင်းကို ဘာတွေ ညှိနှိုင်းဖို့ လိုမှာလဲ။”ရင်ပြားလိုလီ၏ အနက်ရောင် မျက်လုံးများက အေးစက်စက် ဖြစ်သွားခဲ့သည်။ “အခုပဲ ငါမင်းကို အနိုင်ယူမယ်။”

ထိုစကား ဆုံးသွားသည်နှင့် နှုတ်ခမ်းမွှေး ရင်ပြားလိုလီက ဟိန်းဟောက်လိုက်သည်။ ထိုအော်သံက အလွန့်အလွန် ကြောက်စရာကောင်းသော အငွေ့အသက်နှင့်အတူ ရှေ့သို့ ပျံ့နှံ့သွားခဲ့ပြီး မြေပြင်ပေါ်တွင် အဝိုင်းပုံစံ အက်ကြောင်း အများအပြား ပေါ်လာစေခဲ့သည်။

ချန်လွေ့၏စိတ်ထဲ၌ သတိပေးချက်တစ်ခု ပေါ်ထွက်လာပြီး ရှေ့သို့ လက်နှစ်ဖက်ကို ကြက်ခြေခတ် ကာထားလိုက်၏။ တစ်ချိန်တည်းနီးပါးမှာပင် ကြောက်မက်ဖွယ်ရာ အကြပ်ကိုင်မှု သူ့ကို နောက်သို့ တွန်းထုတ်လိုက်လေသည်။

ချန်လွေ့က မြဲမြဲမြံမြံ ရပ်နိုင်သောအခါ မီတာ ဒါဇင်ခန့် အကွာသို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။ သူ၏ ခြေထောက်အောက်တွင် မယုံနိုင်စရာ လမ်းကြောင်းကြီးနှစ်ခု ရှိနေခဲ့သည်။

ချန်လွေ့က လက်မောင်းထဲ၌ ထုံကျင်သွားသလို ခံစား လိုက်ရပြီး စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။ အခု ငါ့ရဲ့ လက်ရှိစွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီ။ ဒါတောင် လာလာရီယာ၏ အငွေ့အသက်ကို ခံနိုင်ရုံပဲ ရှိသေးတယ်။ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားလား။

နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ချန်လွေ့အပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်၏။

ချန်လွေ့က လာလာရီယာ၏ လှုပ်ရှားမှုအတွက် ကြိုတင်၍ သတိပေးချက်များ အနည်းငယ်မျှ မခံစားခဲ့ရပေ။ ရင်ပြား လိုလီက လက်သီးကို မြှောက်လိုက်သော အခါမှသာ အန္တရာယ် ခံစားချက်က လှိမ့်တက်လာခဲ့သည်။ ထိုအရာက ရိုးရိုးရှင်းရှင်း အရှိန်မြန်ခြင်း မဟုတ်တော့ဘဲ အဟုန်ကို ဖိနှိပ်ခြင်းမျိုး ဖြစ်သွားလေပြီ။

ကံကောင်းစွာပင် သူ အာရုံမခံနိုင်ခင်မှာပင် [ သရုပ်ခွဲ မျက်လုံး ] က သတိပေးခဲ့လေသည်။ ချန်လွေ့က ခုခံမှု အကာအရံကို အသုံးပြုလိုက်၏။

ဓူဝံကြယ်နီဧကရာဇ်၏ ခုခံမှု အကာအရံက ဓူဝံကြယ်ပြာ ဧကရာဇ်ထက် များစွာ သာလွန်သော်လည်း လာလာရီယာ အရှေ့တွင် ၎င်းက ဖန်လုံးကဲ့သို့ပင် ကြေမွသွားခဲ့ပြီးနောက် ခွမ်းခနဲ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

လာလာရီယာ၏ လက်သီးချက်က ချန်လွေ့ကို ထိသွား ခဲ့သော်လည်း ပစ်မှတ်ကို မထိခင်မှာပင် အချိန် ရပ်သွား သကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရကာ လက်သီးက ပစ်မှတ်ကို လွဲချော်သွား၏။ ထိုစဉ် ပြိုင်ဘက်က အဝေးသို့ နေရာပြောင်းရွှေ့ သွားလိုက်သည်။

“တိုင်းပြည်အဆင့် ထိပ်သီးပိုင်းလား။ မင်းက တကယ်ပဲ ဒီအဆင့်အထိ ရောက်နေပြီပဲ။” လာလာရီယာက အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ “ဒါက အတော်လေး အံ့သြစရာ ကောင်းတဲ့ တိုးတက်နှုန်းပဲ။ ဒါပေမဲ့ အဲဒီ ထူးခြားတဲ့ အချိန်ဥပဒေသနဲ့တောင် ငါ့ပြိုင်ဘက်ဖြစ်ဖို့ ဝေးသေးတယ်။ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့်နဲ့ တိုင်းပြည်အဆင့်ကြားက လုံးဝ မကျော်လွှားနိုင်တဲ့ ကွာဟမှုပဲ။ ငါ သတိပေးလိုက်မယ်။ နောက်လက်သီးချက်မှာ ငါ စွမ်းအား ပိုပြီးတော့ သုံးမယ်။ အရင်တစ်ခေါက်ကလိုမျိုး ချပ်ကာတွေ အရင်သုံးထားတာ ကောင်းမယ်။ အဲဒါမှ ပိုပြီးတော့ ကြာကြာ တိုက်ခိုက်နိုင်မှာ။ ငါမင်းကို အချိန်ပေးမယ်။”

တိုင်းပြည်အဆင့် ထိပ်သီးပိုင်း !! နှုတ်ဖတ်သူ၏ “တိုက်ရိုက်” ပြန်ဆိုမှုများကို နားထောင်ရင်း ရိုင်ဇန်၏ မျက်နှာ အမူအရာက ပို၍ အရုပ်ဆိုးသွားခဲ့သည်။ ဒီနှစ်မှာ ငါက တိုင်းပြည်အဆင့် အလတ်ပိုင်းကို တစ်ခါတည်း ရောက်သွား ခဲ့တယ်။ ငါက ကတ်သရင်းနဲ့ အက်ဂ်ယောကို အနိုင်ယူပြီး အားလုံးကို တုန်လှုပ်စေချင်ခဲ့တာ။ ဒါပေမဲ့ ကတ်သရင်းက အဆင့်ပိုမြင့်တဲ့ ရက်ပီပစ်ကို အနိုင်ယူခဲ့မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ “အက်ဂ်ယော”ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကိုတောင် ရောက်နေပြီ။

ကြည့်ရတာ ကတ်သရင်း၊ “အက်ဂ်ယော” နဲ့ ငါတို့ ကြားတို့မှာ ငါရဲ့စွမ်းအားက အနိမ့်ဆုံး ဖြစ်နေတဲ့ပုံပဲ။

ချန်လွေ့က ပင့်သက်ရှိုက်လိုက်သည်။ သူက ယောက္ခထီး အက်ဂ်လက်စ်ထံမှ တိုက်ခိုက်မှုကို အတွေ့အကြုံ ရှိပြီးသား ဖြစ်သော်လည်း သူက ယခုတွင် ပထမဆုံးအကြိမ် နတ်ဘုရားတစ်ပိုင်းအဆင့် ပြိုင်ဘက်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ လာလာရီယာ ပြောသည့်အတိုင်းပင် နတ်ဘုရား တစ်ပိုင်းအဆင့်နှင့် တိုင်းပြည်အဆင့်ကြားတွင် အမှန်တကယ် ကျော်လွှား၍မရသော ကွာဟချက် ရှိနေ၏။

သူနှင့် ယှဉ်ပြိုင်နိုင်မည့် တစ်ခုတည်းသော အရာမှာ [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] ဖြစ်သော်လည်း ချန်လွေ့က ၎င်းကို ချက်ချင်း အသုံးမပြုချင်ပေ။ လာလာရီယာရဲ့ စွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ ပြီးတော့ သူက ငါ့ကို အနိုင်ယူပြီးတော့ လက်စားချေချင်နေတာ။ အဲဒါကြောင့် သူက အဆုံးသတ် တိုက်ကွက်တွေကို တကယ်သုံးမှာ မဟုတ်ဘူး။ သူနဲ့ တိုက်ခိုက်ရတာက လေ့ကျင့်ဖို့အတွက် ရှားပါး အခွင့်အရေး တစ်ခုပဲ။ နောက်တစ်ဆင့်အတွက် လမ်းကြောင်းကိုတောင် ငါ ရှာတွေ့နိုင်တယ်.....

ထိုသို့ စဉ်းစားပြိးနောက် ချန်လွေ့က [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကို အသက်မသွင်းခဲ့ဘဲ တိုက်ခိုက်မှု တစ်ခုကို အသုံးပြုလိုက်၏။ သူ၏လက်ထဲ၌ ၂မီတာခန့် အချင်းရှိသော အလင်းစက်လုံးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး တစ်ခုခုကြောင့် အလျင်အမြန် ဖိနှိပ်ခံလိုက်ရဟန်တူကာ သေးငယ်သွားခဲ့သည်။ သုံးလေးခေါက် ဖိနှိပ်ပြိးနောက် အလင်းစက်လုံး၏ အချင်းက ၃၀စင်တီမီတာ ဖြစ်သွားခဲ့ပြီး နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီထံ ဝှီးခနဲရောက်လာတော့သည်။

လာလာရီယာ အလင်းစက်လုံး သယ်ဆောင်လာသော အင်အားကြီး ဖျက်ဆီးခြင်း စွမ်းအားကို ခံစားမိသော်လည်း မရှောင်တိမ်းခဲ့ပေ။ သူက အလင်းစက်လုံးကို လက်သီးဖြင့် ထိုးလိုက်ရာ နေရာလွတ်ထဲ၌ ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်စေခဲ့သည်။ အလင်းစက်လုံးများ မရေမတွက်နိုင်သော အလင်းစက်များအဖြစ် တစစီဖြစ်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ တစစီ ဖြစ်နေသော အလင်းစက်များ ကြောင့် မာကြောသော မြေပြင်ပေါ်တွင် ချိုင့်များ အမှန်တကယ် ဖြစ်ပေါ်လာပြီး အလင်းစက်လုံး၏ စွမ်းအားကို ပြသနေလေသည်။

လာလာရီယာက လက်သီးပေါ်မှ ခြစ်ရာအနည်းငယ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “အ‌တော်လေး သန့်စင်တဲ့ ပျက်စီးခြင်း ဥပဒေသ စွမ်းအားပဲ။ ဇစ်မြစ်အရတော့ နတ်ဘုရားတစ်ပိုင်းအဆင့်နားကို ရောက်နေပြီ။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းရဲ့ စွမ်းအားက အားနည်းလွန်းတယ်။ တကယ်လို့ မင်းက နတ်ဘုရား တစ်ပိုင်း အဆင့်ဆိုရင် အဲဒီကို ဒီအတိုင်း ခုခံရဲမှာ မဟုတ်ဘူး။”

နောက်ဆုံးစကားကို ပြောပြီးနောက် လာလာရီယာက ရုတ်တရက် ချန်လွေ့အရှေ့သို့ ရောက်ရှိလာကာ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်၏။

ယခုတစ်ခေါက် ချန်လွေ့က လာလာရီယာ၏ လှုပ်ရှားမှုများကို ရေး‌ရေးလေး အဖြေရှာနိုင်ခဲ့သော်လည်း ထိုလက်သီး သယ်ဆောင်လာသော ဥပဒေသစွမ်းအားက ချန်လွေ့ကို အသေမှတ်ထားနေသည်။ ထိုအရာက သူ့ကို မရှောင်တိမ်းနိုင်၊ မခုခံနိုင်အောင် ပြုလုပ်နေပြီး သူ နတ်ဆိုး အရှင်သခင်အဆင့်၌ တိုင်းပြည်အဆင့် အစ်ဇ်ယိုရူးလ်ကို ရင်ဆိုင်စဉ်ကကဲ့သို့ ဖြစ်နေသည်။

ခံစားချက်အရ နတ်ဘုရားတစ်ပိုင်း၏ ဥပ‌ဒေသ စွမ်းအားက ပိုမိုကြွယ်ဝ ပြည့်စုံပြီး တိုင်းပြည်ဥပဒေသထက် ဒြပ်စုဇစ်မြစ်နှင့် ပိုမိုနီးစပ်နေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လာလာရီယာ၏ လက်သီးချက်က ချန်လွေ့၏ .... နိမိတ်ပုံရိပ်ကို ဖောက်ထွင်း သွားခဲ့လေသည်။

“‌ဥပဒေသစုတ်...” လာလာရီယာ လွဲ‌ချော်သွားပြန်၏။ သူက ပို၍ပင် အံ့အားသင့် သွားခဲ့သည်။ သူက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်စဉ်က အက်ဂ်လက်စ်နှင့် တစ်ကြိမ်မက အမှန်တကယ် တိုက်ခိုက်မှု လေ့ကျင့်ခဲ့ဖူးကာ အချိန်တိုင်း လုံးဝ အနိုင်ကျင့်ခံခဲ့ရသည်။ အက်ဂ်လက်စ်က နတ်ဘုရားတစ်ပိုင်း ကနဦးအဆင့်အထိ စွမ်းအားကို နှိမ့်ချထားသည့်တိုင် လာလာရီယာက တစ်ချက်ပင် မခံနိုင်ခဲ့ပေ။

တိုင်းပြည်အဆင့်က နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရင်ဆိုင်ရာ၌ မည်သို့ ခံစားရကြောင်း လာလာရီယာ ကောင်းကောင်း သိသည်။ သို့သော်လည်း ထိုသူက မိမိ၏ တိုက်ခိုက်မှုကို တူညီသော နည်းလမ်းဖြင့် နှစ်ကြိမ် ရှောင်တိမ်း နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“နည်းနည်းတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ မင်းရဲ့ ဒီလိုမျိုး ဥပဒေသမျိုးက စိတ်ဝိညာဉ်စွမ်းအား အများကြီး သုံးရတယ်။ အဲဒါကြောင့် အဆက်မပြတ် သုံးဖို့ မဖြစ်နိုင်ဘူး။” လာလာရီယာ၏ ပါးစပ်ပေါ်မှ နှုတ်ခမ်းမွှေးက မြောက်တက် သွားခဲ့သည်။သူက အဖြူရောင်အလင်းနှင့်အတူ လက်ခနဲ ဖြစ်သွားကာ ထပ်နေသော ပုံရိပ်များ တုန်ခါသွားပြီနောက် (၃)ယောက် ဖြစ်သွားခဲ့သည်။ လိုလီ၊ ဆယ်ကျော်သက် ကောင်မလေး နှင့် အစ်မကြီးတို့ပင်။ သူတို့က ချန်လွေ့ထံသို့ မတူညီသော နေရာအမျိုးမျိုးထံ ရောက်ရှိလာကြသည်။

ယခုတစ်ခေါက် ချန်လွေ့ မျှော်လင့်ထားနိုင်သည်ထက် ကျော်လွန်နေလေပြီ။ လာလာရီယာ (၃)ယောက်၏ အမြန်နှုန်းက တစ်ယောက်ထက် မနိမ့်ကျပေ။ ထို့ပြင် သူတို့အားလုံးက ဖြစ်တည်မှုတစ်ခု ဖြစ်ကြ၏။ ထိုအရာက လာလာရီယာ၏ [ မှော်ဝိညာဉ်မျက်လုံး ] ပါရမီမှ မှော်ဆန်သော သက်ရောက်မှုပင်။

လာလာရီယာ (၃)ယောက်၏ စွမ်းအားက မူလ ခန္ဓာကိုယ်၏ သုံးပုံ တစ်ပုံနှင့်သာ ညီမျှသော်လည်း သူတို့က ယခု ချန်လွေ့ ခုခံနိုင်သောအရာမျိုး မဟုတ်ကြပေ။ သူက လိုလီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် အချိန် ဥပဒေသကို အသုံးပြုပြီးနောက် သူ၏ ပြောင်းရွှေ့လိုက်သော နေရာကို ဆယ်ကျော်သက် ကောင်မလေးက အသေမှတ် ထားလိုက်ပြီ ဖြစ်သည်။ သူက လက်မတင်လေး အချိန် ဥပဒေသကို အသုံးပြုပြီး ထွက်ပြေးနိုင်ခဲ့သည်။ ထို့နောက် အစ်မကြီးက သူ့အရှေ့သို့ ချက်ချင်း ရောက်လာခဲ့၏။

ထိုကဲ့သို့ ကြီးမားသော ဖိအားအောက်၌ အချိန် ဥပဒေသကို အဆက်မပြတ် အသက်သွင်းခြင်းက ချန်လွေ့၏ စွမ်းအား အတော်များများကို ကုန်ခမ်းစေသည်။ ထိုအချိန် သူက အသက်တစ်ရှိုက်စာ တဝက်ခန့် နောက်ကျသွားခဲ့ပြီး အစ်မကြီး လာလာရီယာ ထုတ်လွှတ်သော အဟုန်ကြောင့် လွင့်ထွက်သွားခဲ့ရသည်။ ခြေချပြီးချိန်မှာပင် နောက်မှ အင်အားကြီး အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က အလိုလို လှုပ်ရှားသွား၏။

လာလာရီယာ (၃)‌ယောက်က တြိဂံပုံစံ ဖွဲ့စည်းလိုက်ပြီး ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ တောက်ပသော အဖြူရောင် အလင်း ကြားထဲ၌ အင်အားကြီး အဟုန်(၃)ခုက ချန်လွေ့ကို အလယ်တွင်ထားပြီး ဖိနှိပ်နေခဲ့သည်။ သူ မလှုပ်ရှား နိုင်တော့ပေ။

“ဟိုးဟိုးဟိုး....” လိုလီ၊ ဆယ်ကျော်သက် ကောင်မလေးနှင့် အစ်မကြီးတို့ အားလုံးက တစ်ချိန်တည်း ထူးထူးဆန်းဆန်း ရယ်လိုက်ကြသည်။ “တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကစားစရာပဲ။ ဒီကစားပွဲကို ငါ တကယ် အဆုံးမသတ်ချင်သေးဘူး။”

ပြိုင်ကွင်းထဲမှ ပုံရိပ်ကို ကြည့်နေသော ကတ်သရင်းက ခေါင်းခါလိုက်သည်။ ငါက ခုနက ပွဲမှာ ရက်ပီပစ်ကို ကံကောင်းပြီး အနိုင်ရခဲ့ပေမဲ့ အဆင့်ကြီး ခြားနားချက်က အဆင်ငယ် ခြားနားချက်နဲ့ လုံးဝ ယှဉ်မရဘူး။ ချန်လွေ့က တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်နေရင်တောင် နတ်ဘုရားတစ်ပိုင်းအဆင့် လာလာရီယာကို ရင်ဆိုင်တဲ့အခါ အနိုင်ရဖို့ လုံးဝ အခွင့်အရေး မရှိဘူး။

ထိုအရာက ချန်လွေ့၏ လက်ရှိ ခံစားချက်လည်း ဖြစ်၏။ သူက သက်ပြင်းရှည်ပြီး မှုတ်ထုတ်လိုက်ပြီး နောက်ဆုံး၌ အစွမ်းအထက်ဆုံး စွမ်းအားကို အသက်သွင်းလိုက် တော့သည်။

ကောင်းကင်မှ လနှစ်စင်းက ရုတ်တရက် နီရဲ၇ဲ ဖြစ်သွားပြီး အဖြူရောင် အလင်းစက်လုံး (၃)လုံးကို ဗဟိုပြု၍ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ရုတ်တရက် ပေါ်ထွဥ်လာခဲ့သည်။ တောက်ပသော ကြယ်အလင်း အစက်များ မရေမရာ ရှိနေသော အနီရောင် အလင်းက အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး အဖြူရောင် အလင်းစက်လုံး (၃)လုံးကို အမှန်တကယ်ကို ဖိနှိပ်နိုင်ခဲ့၏။

လာလာရီယာ၏ မျက်နှာအားလုံးက အံ့အားသင့်သော အမူအရာများ ပြသလိုက်ကြပြီး အငွေ့အသက် အထွတ်နှုန်း တိုးလိုက်ကြသော်လည်း အလယ်မှ အနီရောင်အလင်းကို မဖိနှိပ်နိုင်ကြသေးပေ။ သူတို့၏ ခန္ဓာကိုယ်က ယခင် ချန်လွေ့ ကဲ့သို့ပင် နောက်သို့ စတင်၍ ရွေ့လျားလာကြသည်။

အ‌တော်လေး အစွမ်းထက်တဲ့ အငွေ့အသက်ပဲ။ ပြီးတော့ ဒါက လုံးဝကို ထိုးတက်နေတုန်းပဲ။ လာလာရီယာ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ၏ မျက်လုံးများထဲ၌ လေးနက်သော အမူအရာ ရှိနေခဲ့သည်။ သူတို့ (၃)‌ယောက်က တစ်ယောက်တည်းအဖြစ် ပြန်ပေါင်းသွားပြီးနောက် ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်အလင်း ရုတ်တရက် သုံးလေးဆ ပိုမိုတိုးပွားလာခဲ့လေသည်။

အဖြူရောင်အလင်းနှင့် အနီရောင် ကြယ်အလင်းတို့က အမှန်တကယ်ပင် တိုးမရဆုတ်မရ အခြေအနေသို့ ဖြစ်နေကြသည်။ အက်ကွဲနေသော မြေပြင်ပေါ်မှ မြေသားနှင့် ကျောက်တုံးများကလည်း ကွာကျလာပြီး ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် ချက်ချင်းပင် အမှုန်အဖြစ် ပြောင်းလဲသွားကြသည်။

မြေပြင်တစ်ခုလုံး တုန်ခါနေတော့သည်။ ကွင်းပြင် အသေးလေးသာမက အဝေးရှိ သံလက်သီးနယ်မြေမှ ပြိုင်ကွင်းသည်ပင် တုန်ခါမှုကို ခံစားနေသည်။

ရိုင်ဇန်၊ ကတ်သရင်းနှင့် အခြားသူများအားလုံး အံ့အားသင့် သွားကြသည်။ ထိုအချိန်၌ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ပြိုင်ကွင်းထဲမှ ပုံရိပ်ထုတ်လွှင့်မှုက လုံးဝ ကြည့်၍မရတော့ပေ။ မှော်ရုပ်မြင်သံကြား၏ ထုတ်လွှင့်ရေး မျက်နှာပြင်ကပင် အဆက်မပြတ် အဟန့်အတားများ ရှိနေ၏။

ထို့နောက်တွင် ပုံရိပ်အများအပြားက ကောင်းကင်သို့ ပျံတက်ကာ တစ်ချိန်တည်းမှာပင် ရှေးစစ်မြေပြင်သို့ ပျံသန်း သွားကြတော့သည်။

All Chapters