← Chapters

အခန်း (၉၈)

Vol. 7 Ch. 98

အခန်း (၉၈)

Vol. 7 Ch. 98

ဇောင်မန်ဟို၏ တပည့်ဖြစ်သော ဝမ်ရန်သည် "ဖူချန်.....ငါတို့လဲ ၂ယောက်ခွဲပြီး လိုက်ကြရအောင် " လို့ ပြောလိုက်ပြီး ကျစ်ယန်နဲ့လျိုယွမ်နောက်ကို ခွဲလိုက်လာကြသည်။

ဖူချန်သည် ကျစ်ယန်သွားသော လမ်းတစ်လျှောက်လိုက်ခဲ့ပြီးနောက် ခြေရာပျောက်သွားသည့်အတွက် ရပ်တန့်လိုက်ရ၏။ ဖူချန်သည် သူ့စွမ်းအားများဖြန့်ကာ အနီးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

စွမ်းအင်အငွေ့အသက် အနည်းငယ်မျှပင် ခံစားလို့မရတဲ့အခါ ဖူချန်သည် ဒေါသထွက်စွာလေသံဖြင့် "ဆောက်ရူးကောင်.....မင်းဘယ်မှာပုန်းနေတာလဲ သတ္တိရှိရင် ထွက်ခဲ့စမ်း " လို့ အော်ဟစ်လိုက်၏။

ရုတ်တရက် ရွှေရောင်ဓားချီမျှင်လေးတစ်ခုသည် သူ့ရှိသို့ တရှိန်ထိုး ကျရောက်လာတဲ့အခါ ဖူချန်သည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး ခုခံတိုက်ခိုက်လိုက်လေသည်။သို့သော် ရွှေရောင်ဓားချီမျှင်သည် ဖူချန်ရဲ့ ဓားချီအလင်းတန်းကို ဖျက်ဆီးပစ်လိုက်တဲ့အပြင်ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားခဲ့၏။

တခြားတစ်ဖက်တွင် လျိုယွမ်သည် နောက်တွင် အဆက် မပြတ် လိုက်လံတိုက်ခိုက်နေသော ဝမ်ရန်ရဲ့ တိုက်ခိုက်ချက် များအား ရတနာလက်နက်တွေသုံးကာ ခုခံထွက်ပြေးနေဆဲဖြစ်သည်။

ဝမ်ရန်သည် ပြုံးစွာဖြင့် "ဂျူနီယာညီမလေး......မကြာခင် နင့်ရတနာလက်နက်တွေ မကုန်သွားရင် ဘာနဲ့ခုခံမလဲ ငါသိချင်သေးတယ် " လို့ ပြောလိုက်၏။

လျိုယွမ်သည်

နောက်ဆုံးကျန်ရှိသော အစီအရင်အဆောင်ကို လက်တွင်ကိုင်ထားလိုက်ပြီး " ဆရာ........တပည့်ကို ကယ်ပါအုံး....." လို့ စိတ်ထဲမှ တောင်းတလိုက်သည်။ဝမ်ရန်သည် သူ့ညာဖက်လက်ဖဝါးဖက်တွင် စွမ်းအားများ စုစည်းလိုက်ပြီး "အင်ပါယာမိုးကြိုးလက်ဖဝါး....." လို့ အော်ဟစ်ကာ တိုက်ခိုက်လိုက်လေသည်။

ဧရာမမိုးကြိုးလက်ဖဝါးကြီးသည် ​ပျံသန်းနေသော လျိုယွမ်၏ ၁ပေအကွာသို့ လျှပ်စီးအရှိန်နှုန်းဖြင့် ကျရောက်လာခဲ့၏။ လျိုယွမ်သည် ချက်ချင်းပင် အစီအရင်အဆောင်ကို အသက်သွင်းလိုက်တဲ့အခါ နတ်ဘုရားဒိုင်းကာ တစ်ခု ပေါ်ထွက်လာခဲ့သည်။

သို့သော် နတ်ဘုရားဒိုင်းကာသည် ဝမ်ရန်၏ အင်ပါယာမိုးကြိုးလက်ဖဝါးကြီးရဲ့ စွမ်းအားအောက်တွင် ယာယီမျှသာ ခုခံနိုင်ခဲ့ပြီး ပျက်စီးသွားခဲ့၏။ နတ်ဘုရားဒိုင်းကာ ပျက်စီးသွားသည်နှင့် လျိုယွမ်သည် နောက်ပြန်လှည့်ကာ နတ်ဝိဇ္ဇာအဆင့်စွမ်းအားနဲ့ ခုခံတိုက်ခိုက်လိုက်သည်။

လျိုယွမ်သည် အင်ပါယာမိုးကြိုးလက်ဖဝါးကြီးကို ခုခံလိုက်နိုင်ပင်မယ့် သူ့နောက်ကို ရုတ်တရက် ရောက်ရှိလာသော ဝမ်ရန်ရဲ့ တိုက်ခိုက်ချက်ကိုတော့ မရှောင်လိုက်နိုင်ပေ။ လျိုယွမ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး မတ်တပ်ရပ်ဖို့ပင် ခဲယှဥ်းသွားခဲ့၏။

ဝမ်ရန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး "ဂျူနီယာညီမလေး....ကြည့်ရတာ နင့်ရဲ့ ရတနာလက်နက်တွေ ကုန်သွားပြီမလား...." လို့ ​လှောင်ပြောင်ကာ မေးလိုက်သည်။ လျိုယွမ်သည် စိတ်ကို အားတင်းထား၍ ဘာမှပြန်မပြောခဲ့ပေ။

ဝမ်ရန်သည် သူ့လက်ဖဝါးအား ဖြန့်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် "နင်က ငါ့ရဲ့အစာဖြစ်ဖို့ အချိန်တန်ပြီ " လို့ ရေရွတ်လိုက်၏။လျိုယွမ်သည် ပြောင်းလဲသွားသော ဝမ်ရန်ကို ကြည့်၍ "သားရဲမိစ္ဆာလား......"လို့ ကြောက်လန့်စွာအသံဖြင့် ပြောလိုက်သည်။

ဝမ်ရန်ရဲ့ လက်ဖဝါးပေါ်တွင် အနီရောင်စွမ်းအားမျှင်လှိုင်းများ ထွက်ပေါ်လာတဲ့အခါ လျိုယွမ်ရဲ့ကျင့်ကြံခြင်းစွမ်းအားများသည် လျိုယွမ်ရဲ့ ခန္ဓာကိုယ်အတွင်းမှ စတင်ထွက်ပေါ်လာခဲ့၏။

ဝမ်ရန်သည် သူ့စွမ်းအားတိုးတက် မည်ကို တွေး၍ ပျော်နေချိန်တွင် ရွှေရောင်ဓားချီမျှင်လေးသည် လျှပ်တစ်ပြက်အရှိန်နှုန်းဖြင့် သူ့ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားလေသည်။

ဝမ်ရန်သေဆုံးသွားမှန်းသိတဲ့အခါ လျိုယွမ်သည် ဆေးလုံးလက်ကျန်လေးအား ထုတ်သောက်ကာ ထွက်ပေါက်ဘက်သို့ လျင်မြန်စွာ ပြေးလွှားသွားခဲ့၏။

ဇောင်မန်ဟိုသည် ကောင်းကင်ယံအထက်မှ ရတနာပေါ်ထွက်လာမည့်အချိန်ကိုသာ စောင့်စားနေခဲ့သည်။ဇောင်မန်ဟိုသည် ရုတ်တရက် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားလိုက်ရတဲ့အခါ "ငါပဲစိတ်ထင်နေတာများလား......" လို့ တွေဝေလိုက်၏။

တည်ငြိမ်စွာ ရှိနေသော ​မြေကြီးတစ်ဝိုက်သည် ရုတ်တရက် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ဇောင်မန်ဟိုသည် ထိုနေရာကို စူးစိုက်ကြည့်နေချိန်တွင် လေဟာနယ်အက်ကွဲကြောင်းထဲမှ ရွှေရောင်လျှပ်စီးဓားတစ်လက်သည် သူ့ရှိသို့ တရှိန်ထိုးတိုးဝင်လာခဲ့၏။

ဇောင်မန်ဟိုသည် သူ့ရဲ့လက်နက်ဖြစ်တဲ့ အနီရောင် တင်းပုတ်သံချောင်းအားထုတ်လိုက်ပြီး ရွှေရောင်လျှပ်စီဓားကို ပြန်ခုခံကာ တိုက်ထုတ်လိုက်သည်။ ဇောင်မန်ဟိုသည်

ဒေါသထွက်စွာဖြင့် "ဘယ်သူလဲ.....ထွက်ခဲ့စမ်း" လို့ အော်ဟစ်လိုက်၏။

ကျစ်ယန်သည် ဇောင်မန်ဟိုအထက်ရှိလေဟာနယ်အက်ကွဲကြောင်းတစ်ခုမှ ထွက်ပေါ်လာခဲ့ပြီး စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ကို အသက်သွင်း အသုံးပြုလိုက်၏။ ကျစ်ယန်ရဲ့ နဖူးစက်ရှိ အနီရောင်စာလုံးလေးအတွင်းမှ အနက်ရောင်သွေးချီမျှင်နဲ့အနီရောင်သွေးချီမျှင်သည် များစွာသည် အဆက် မပြတ်ထွက်ပေါ်လာခဲ့သည်။

များစွာသောသွေးချီမျှင်တွေသည် ကျစ်ယန်ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝဲလည်နေခဲ့၏။

ဇောင်မန်ဟိုသည် ရောထွေးနေသော သွေးချီမှျင်များကို ကြည့်၍ ကြောက်စရာကောင်းသော အငွေ့အသက်ကို ခံစားရလိုက်၏။ နတ်သူငယ်အဆင့်၃ကို ရောက်ရှိနေသော သူ့ကိုပါ တုန်လှုပ်နိုင်တဲ့အတွက်

မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဇောင်မန်ဟိုသည် နတ်သူငယ်အဆင့်စွမ်းအား အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး "မင်းလို နတ်သူငယ်အဆင့်ကျင့်ကြံသူတစ်ယောက်က အပြင်ဂိုဏ်းတပည့်ဟန်ဆောင်နေတာ ရည်ရွယ်ချက်တစ်ခု ရှိ ရမယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာအသံဖြင့် "သေမယ့်လူက ဒါတွေသိဖို့မလိုတော့ဘူး......" လို့ ပြောကာ သွေးချီမျှင်များကို စိတ်ဖြင့် ထိန်းချုပ်ကာ စေခိုင်းလိုက်၏။

များစွာသော အနီရောင်သွေးချီမျှင်နဲ့အနက်ရောင်သွေးချီမျှင်တို့သည် ကျစ်ယန်ထိန်းချုပ်လိုက်သည်နှင့်​ လျှပ်စီးအလျင်ကဲ့သို့ ဇောင်မန်ဟိုရှိကို တရှိန်တိုး ပြေးဝင်သွားကြသည်။

ဇောင်မန်ဟိုသည် သူ့တင်းပုတ်ကို လှည့်ကစားလိုက်ပြီး "ထိုးမဖောက်နိုင်သော တင်းပုတ်အကာအကွယ်" လို့ ရေရွတ်လိုက်တဲ့အခါ အနီရောင်ဒိုင်းကာ အကာအကွယ်ထွက်ပေါ်လာခဲ့၏။ ဇောင်မန်ဟိုသည် သွေးချီမျှင်များ သူ့အနားကို မရောက်ရှိသေးခင်

အကာအကွယ်ကျင့်စဥ်ကို ကြိုတင်ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် သွေးချီမျှင်များသည် ဇောင်မန်ဟိုအနားကို မရောက်ရှိခင်မှာ ရပ်တန့်၍ သွားခဲ့၏။ ဇောင်မန်ဟိုသည် အံ့အားသင့်စွာဖြစ်နေခဲ့သည်။ သွေးချီမျှင်များသည် လျင်မြန်သော နှုန်းဖြင့် ပေါင်းစပ်သွားကြပြီး ကျစ်ယန်ရဲ့ ရုပ်ရည်အဖြစ်ပြောင်းလဲသွားခဲ့၏။

All Chapters