← Chapters

ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်

Vol. 7 Ch. 85

ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်

Vol. 7 Ch. 85

စွင်းကျန်းဆိုသော လူသည် စိတ်ပျက်စွာအမူအယာဖြင့် "အမှန်ပဲ သခင်လေးချွမ်အန်.....ခုချိန်မှာ ငါတို့ မော့ကျိုးမီးတောက်ဂိုဏ်းက မီးလျှံဂိုဏ်းကို ရန်စဖို့ အင်အားမရှိသေးဘူး " လို့ ပြောလိုက်သည်။

ချွမ်အန်ဆိုသောသူသည် ကျစ်ယန်အားကြည့်ကာ လက်ဖဝါးပေါ်တွင် အပြာရောင်မီးတောက်ကို ထုတ်ကစားလိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ်.....အဲ့ကောင်ရဲ့ မျက်လုံးကို ဖောက်ထုတ်ပစ်မှ ငါ​ေကျနပ်နိုင်မယ် " လို့ ကြိမ်းဝါးလိုက်၏။

ချွမ်အန်ဘေးမှာ ရှိနေသော အကြီးအကဲစွင်းကျန်းသော စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုစဥ် ဂိုဏ်းအားလုံးရဲ့ အလယ်ဗဟိုနေရာလွတ်တွင် အဖြူရောင်အလင်းတန်းကြီး တစ်ခု ပေါ်လာခဲ့၏။

ကျွမ်းရှောင်ဂိုဏ်းရှိ အကြီးအကဲတစ်ယောက်သည် "နောက်ဆုံးတော့ လေလံပွဲစတင်လာပြီ " လို့ ရေရွတ်လိုက်သည်။ အားလုံးကြည့်နေစဥ်အတွင်းမှာပဲ အဖြူရောင်အလင်းတန်းကြီးထဲတွင် အနီရောင်နှစ်ထပ်အသွင်ရှိသော ဆေးလုံးထွက်ပေါ်လာခဲ့၏။

လင်ရှို့ဟွာရဲ့ သက်တော်စောင့်ဖြစ်သော ချွမ်းမုန့်သည် ဆေးလုံးအားကြည့်ကာ "အဲ့တာ ဥာဏ်အလင်းဆေးလုံးလား "လို့ ရေရွတ်လိုက်သည်။

လေလံခန်းမထဲတွင် ရှိသော အဂ္ဂိတ်ဆရာတစ်ပါးသည် ရေနွေးခွက်အား ငှဲ့နေရင်း "မဟုတ်ဘူး......ငါထင်တာမမှားရင် အဲ့ဆေးလုံးက အသူရာနတ်ဆိုးအရှိန်အဝါကို ယာယီထုတ်ဖော်ပေးနိုင်တဲ့ အသူရာနတ်ဆိုးဆေးလုံးပဲ "လို့ အားလုံးကြားအောင် ပြောလိုက်သည်။

မိန်းကလေးတစ်ယောက်သည် ဆေးလုံးရဲ့ဘေးတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး "ဒီက အကြီးအကဲပြောတာ မမှားပါဘူး ၊ ဒီဆေးလုံးက တကယ်ပဲ အသူရာနတ်ဆိုးအရှိန်အဝါကို ၃ကြိမ်တိုင်တိုင် ယာယီထုတ်လွှင့်ပေးနိုင်တဲ့ အသူရာနတ်ဆိုးဆေးလုံးပဲ " လို့ ချိူသာစွာပင် ပြောလိုက်၏။

ချွမ်အန်သည် တီတိုးစွာအသံဖြင့် "အကြီးအကဲစွင်းကျန်း.....အသူရာနတ်ဆိုးအရှိန်အဝါက ဘာကို ဆိုလိုတာလဲ " လို့ မေးလိုက်သည်။ အသူရာနတ်ဆိုးအရှိန်အဝါသည် အဆင့်မြင့်ကျင့်ကြံသူများစွာကို သတ်ဖြတ်ပြီးလျှင် အလိုအလျောက် ရနိုင်သော စွမ်းအားအရှိန်အဝါတစ်ခုပင်ဖြစ်၏။

ထိုလိုစွမ်းအား အရှိန်အဝါရှိသူအား မျက်လုံးချင်း စုံကြည်မိလျှင် ကြောက်စရာကောင်းသော အရှိန်အဝါဖိအားကို ခံစားရမည် ဖြစ်ပေသည်။ ချွမ်အန်သည် အကြောင်းစုံကို သိရတဲ့အခါ အသူရာနတ်ဆိုးအရှိန်အဝါစွမ်းအားကို အလိုပင် စိတ်ဝင်စားသွား၏။

ချွမ်အန်သည် စိတ်မရှည်စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး "မင်းစကားများနေမယ့်အစား ဆေးလုံးရဲ့စျေးတန်ဖိုးကို ​အားလုံးသိအောင် ပြေလိုက်တာ ပိုမကောင်းဘူးလား " လို့ လေသံမာမာပင် ပြောလိုက်သည်။

အလွန်ပင် သန်မာသော ဓားသွားတစ်ချက်သည် ချွမ်အန်ရှေ့ကို လျှပ်တစ်ပြက်ရောက်ရှိလာတဲ့အခါ စွင်းကျန်းသည် လျင်မြန်စွာဖြင့် ခုခံ ကာကွယ်လိုက်၏။

တစ်ချိန်ထဲမှာပဲ "ဘယ်သူကများ ကံကြမ္မာနန်းစွယ်လေလံခန်းမကို စော်ကားဆက်ဆံရဲတာလဲ " ဆိုသော ​အသံလှိုင်းတစ်ခုသည် အားလုံးနားကို ကျရောက်လာခဲ့သည်။

စွင်းကျန်းသည် အခြေအနေမဟန်သည့်အခါ လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံကာ "အကြီးအကဲစိတ်လျော့ပါ.....ကျွန်တော်ရဲ့သခင်ငယ်လေးက စိတ်လောသွားမိလို့ ပြောမိတာပါ ၊ ထပ်မဖြစ်စေရပါဘူး " လို့ တောင်းပန်ပြောဆိုလိုက်၏။

ကျစ်ယန်သည် လူအားမမြင်ရသော်လည်း စွမ်းအားအရှိန်အဝါကို စစ်ဆေးလိုက်၍ ပျောက်ကွယ်နေသော်လူမှာ နတ်သူငယ်အဆင့်၃ ကျင့်ကြံသူဖြစ်မှန်း သိလိုက်ရသည်။

လေလံတင်ဆက်သူ မိန်းမပျိုသည် ဆေးလုံးကို အားလုံးမြင်အောင်ပြသလိုက်ပြီး တန်ဖိုး ပြောပြလိုက်၏။ ထိုအခါ ဂိုဏ်းအသီးသီးသည် စတင်၍ လေလံစျေး အော်ပြောကြသည်။ ကျစ်ယန်နဲ့ လင်ရှို့ဟွာတို့ရဲ့ မျက်လုံးများကတော့ အကြည့်ချင်းဆုံနေခဲ့ကြ၏။

ထိုမြင်ကွင်းကို မြင်နေရသော ချွမ်အန်ကတော့ သူ့လက်ထဲရှိ ဖန်ခွက်ကို ဖိခွဲပစ်လိုက်ပြီး "ငါမင်းကို မသတ်ရရင် လူမလုပ်တော့ဘူး " လို့ ကြိမ်းဝါးလိုက်သည်။

လေလံပစ္စည်းများ တစ်ခုပြီးတစ်ခုပြီးဆုံးသွားသော်လည်း ကျစ်ယန်ကြိုက်နှစ်သော အရာမှာ မထွက်ပေါ်လာခဲ့ပေ။ ထိုစဥ် တင်ဆက်သူ မိန်းမပျိုသည် သစ်သားဘူးလေးတစ်ခုအတွင်းမှ လို့ဝှက်ဆန်းကြယ်သော အရာတစ်ခုကို ထုတ်လိုက်၏။

ထိုရတနာပစ္စည်းကို တွေ့လိုက်ရတဲ့အခါ အားလုံးရဲ့ မျက်လုံးမှာ ရပ်တန့်သလိုပင် ဖြစ်သွားခဲ့သည်။ လေလံတင်ဆက်သူ မိန်း

မပျိုသည် ရတနာပစ္စည်းရဲ့အကြောင်းကို ပြောပြလိုက်၏။

ကျောက်နဂါးကိုးရှင်အစီအရင်ရတနာ လို့ခေါ်သည့် ရတနာသည် သတ်ဖြတ်ခြင်းအစီအရင်တစ်မျိုးပင် ဖြစ်သည်။ ကျောက်နဂါးကိုးရှင်အစီအရင်ရဲ့ စွမ်းအားသည် နတ်သူငယ်အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သော စွမ်းအားမျိုးပင် ရှိ၏။

မိန်းမပျိုလေး ရှင်းပြပြီးတဲ့နောက်

ကျောက်နဂါးကိုးရှင်အစီအရင်ရဲ့ ပစ်မှတ်ထားခံရသူသည် လွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း သိရှိသွားကြသည်။ ကျစ်ယန်သည် တန်ဖိုးမဖြတ်နိုင်သော အစီအရင်လက်နက်ကို တွေ့လိုက်ရတဲ့အခါ သဘောကျသွား၏။

အားလုံးသည် အစီအရင်လက်နက်ကို သဘောကျနေစဥ်တွင် လေလံတင်ဆက်သူမိန်းမပျိုရဲ့ စကားသံကို ကြားလိုက်ရတဲ့အခါ သူတို့မျှော်လင့်ချက်ကို ချိုးဖြတ်သလို ခံစားလိုက်ရလေသည်။

အကြောင်းရင်းကတော့ ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်ကို ပိုင်ဆိုင်ဖို့အတွက် လူသက်တမ်းတိုးမြှင့်ပေးနိုင်တဲ့ အဆင့်၇ရှိသော ဆေးလုံး သို့မဟုတ် အဆင့်၆ဆေးလုံးဖြစ်သော မိုးနက်သွေးခဲဆေးလုံးနဲ့ လဲလှယ်ရမည်ပင် ဖြစ်၏။

အားလုံးတိတ်ဆိတ်နေချိန်တွင် အဂ္ဂိရတ်မှော်ဆေးဆရာတစ်ယောက်ရဲ့ အသံသည်

ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် လေလံတင်ဆက်သူထံသို့ ဆေးပုလင်းအား ပစ်ပေးလိုက်ပြီး "မင်းတို့တစ်ချက်စစ်ဆေးကြည့်ပါ " လို့ ပြောလိုက်၏။

မိန်းမပျိုသည် ဆေးပုလင်းအား ဖွင့်လိုက်တဲ့အခါ အဖြူရောင်အလင်းပေါက် များစွာရှိသော ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် အဆင့်၇ ဆေးလုံးကို မမြင်ဖူးသဖြင့် မှင်တက်စွာ ကြည့်နေခဲ့ကြ၏။

ကျစ်ယန်ကတော့ ထိုဆေးလုံးကို ကြည့်ပြီး တည်ငြိမ်စွာအသံဖြင့် "အသုံးမဝင်တော့တဲ့အဆင့်၇ဆေးလုံးပဲ " လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်ရဲ့ အသံကို အားလုံးကြားလိုက်ရတဲ့အခါ အထင်သေးစွာ အကြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

ချွမ်အန်သည် ပြုံးလိုက်ပြီး "ဆောက်ရူးကောင်.....ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ " လို့ ရေရွတ်လိုက်သည်။ သူ့ရဲ့ဆေးလုံးကို အသုံးမဝင်တော့ဘူးလို့ ပြောခံလိုက်ရတဲ့အခါ အဂ္ဂိရတ်ပညာရှင်သည် ပေါက်ကွဲစွာ ဒေါသထွက်သွားပြီး ခုံလက်စောင်းအား ကျိူးအောင် ရိုက်ချလိုက်ပြီး "မင်းစကားအတွက် မင်းတာဝန်ယူရမယ် " လို့ ကျစ်ယန်အား ကြည့်ကာ ပြောလိုက်၏။

All Chapters