← Chapters

အပေးအယူပြုလုပ်ခြင်း

Vol. 7 Ch. 86

အပေးအယူပြုလုပ်ခြင်း

Vol. 7 Ch. 86

ပျောက်ကွယ်နေသော နတ်သူငယ်အဆင့် ကျင့်ကြံသူ ပြန်ထွက်ပေါ်လာခဲ့ပြီး အဂ္ဂိရတ်ဆေးဆရာဖြစ်သူအား နှုတ်ဆက်ကာ "အကြီးအကဲလန် ဒေါသထွက်စရာမလိုပါဘူး ၊ ဒီကိစ္စငါ့တာဝန်ထားလိုက်ပါ " လို့ အေးဆေးစွာပင် ပြောလိုက်သည်။

နတ်သူငယ်အဆင့်ကျင့်ကြံသူသည် အဆင့်၇ဆေးလုံးရဲ့ အရည်အသွေးကို တစ်ချက်ကြည့်လိုက်၏။ အဆင့်၇ ဆေးလုံးပင် ဖြစ်တဲ့အတွက် သူကိုယ်တိုင်မမြင်ဖူးသော်လည်း အကောင်းပကတိအတိုင်းပင် ရှိနေတဲ့အတွက် ကျစ်ယန်သည် တမင် ပြသာနာရှာနေသည်ဟု ထင်မှတ်သွားသည်။

l

လင်ရှို့ဟွာသည် ကျစ်ယန်အား ကြည့်ကာ "အဲ့တစ်ယောက်က ကျွန်မရဲ့မိတ်ဆွေဟောင်းပဲ သူတစ်ခုခုဖြစ်မှာ ကျွန်မမလိုလားဘူ

ဘူး" လို့ အေးစက်စွာအသံနဲ့ အစောင့်အရှောက်၂ယောက်အား ပြောလိုက်၏။

လင်ရှို့ဟွာစကားကြောင့် ဘေးရှိ လူ၂ယောက်လုံးသည် ကျစ်ယန်ရဲ့ ကျင့်ကြံခြင်းအဆင့် ကို စစ်ဆေးကြည့်လိုက်တဲ့အချိန် ပြင်းထန်သောစွမ်းအားရိုက်ခတ်မှုကို ခံစားလိုက်ရသည်။

ချွမ်းကမ်သည် မယုံကြည်နိုင်စွာဖြင့် "ဘယ်လောက်ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းအော်ရာလဲ....." လို့ တီတိုးစွာရေရွတ်လိုက် မိ၏။

နတ်သူငယ်အဆင့်ကျင့်ကြံသူသည် ကျစ်ယန်အား ပြောမည့်ချိန်တွင် အဆင့်၇ဆေးလုံးသည် တဖြည်းဖြည်းအရောင်မှိန်ကျသွားခဲ့ပြီး ပြာမှုန့်အဖြစ်ပြောင်းလဲကာ မြေပြင်ပေါ်သို့ လွင့်စင်သွားလေသည်။ ကျစ်ယန်စကားသည် အမှန်တကယ်ဖြစ်နေလိမ့်မည်လို့ ဘယ်သူမထင်ထားခဲ့ကြပေ။

ငွေအဆင့်ကြယ်၁ပွင့်ဆေးဖော်စပ်ဆရာဖြစ်သော အကြီးအကဲလန်သည် "မဖြစ်နိုင်တာ......ငါဆေးလုံးကို မင်းတစ်ခုခု လုပ်လိုက်တာမလား " လို့ လေသံခပ်ပြင်းပြင်းဖြင့် အော်ဟောက်လိုက်၏။

ကျစ်ယန်သည်

တည်ငြိမ်စွာအသံနဲ့ပင် "ငါဒီနေရာကနေ မရွေ့တာ အားလုံးအမြင်ပဲ ဘယ်လိုလုပ်ပြီး မင်းဆေးလုံးကို ငါဖျက်စီးလို့ရမှာလဲ " လို့ ​ပြန်ပြောလိုက်သည်။ ကျစ်ယန်ရဲ့စကားသည် အမှန်ပင် ဖြစ်နေတဲ့အတွက် အကြီးအကဲလန်မှာ တမင်စွပ်စွဲပြောဆိုနေကြောင်း အားလုံးသိနေခဲ့ကြ၏။

သို့သော် အကြီးအကဲလန်သည် ငွေအဆင့်ကြယ်၁ပွင့်ဆေးဆရာဖြစ်သည့်အပြင် တိမ်ဝင်္ကပါဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေသည့်အတွက် သူ့အား ရန်စရဲသူမရှိပေ။

တိမ်ဝင်္ကပါဂိုဏ်းသည် အင်အားတောင့်တင်းလွန်းတဲ့အပြင် အင်အားကြီးဂိုဏ်းတစ်ခုရဲ့ နောက်ခံရှိတဲ့အတွက် ဂိုဏ်းအများစုမှာ သူတို့အား မဆန့်ကျင်ရဲကြပေ။

လက်ရှိမှာတော့ ကျစ်ယန်ရဲ့ အပြုအမှုကြောင့် မီးလျှံဂိုဏ်းသည် တိမ်ဝင်္ကပါဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်ကြောင်း ခန့်မှန်းလိုက်ကြလေသည်။

တိမ်ဝင်္ကပါဂိုဏ်းရှိ အကြီးအကဲတစ်ယောက်သည် "အတော်အတင့်ရဲနေတဲ့ကောင်ပဲ ၊ အကြီးအကဲလန်အပေါ် ရိုသေမှုမရှိတဲ့အတွက် မင်းကို ဖမ်းပြီး အရိုးတစ်ချောင်းစီ ချိုးပစ်ရမယ် " လို့ ကြိမ်းဝါးလိုက်၏။

ထိုစဥ် ကျစ်ယန်သည် အသံစွမ်းအင်လှိုင်းဖြင့် နတ်သူငယ်အဆင့်ကျင့်ကြံသူထံသို့ အသံပို့လွှတ်လိုက်သည်။ နတ်သူငယ်အဆင့်ကျင့်ကြံသူသည် အံ့အားသင့်စွာဖြင့် ကျစ်ယန်အားကြည့်လိုက်၏။

ကျစ်ယန်သည် မှော်အဂ္ဂိရတ်ဆေးဆရာအမိန့်ပြားအား ပစ်ပေးလိုက်သည်။ နတ်သူငယ်အဆင့်ကျင့်ကြံသူသည် အမိန့်တံဆိပ်ပြားအား သေချာကြည့်လိုက်ပြီး" ငွေအဆင့်အဂ္ဂိရတ်ဆေးဆရာတစ်ယောက်လား ၊ အကြီးအကဲလန်ကို ဂရုမစိုက်တာ မထူးဆန်းတော့ပါဘူး " လို့ အမိန့်ပြားအား ပြန်ပေးလိုက်၏။

တချိန်ထဲမှာပဲ ကျစ်ယန်သည် ဆေးပုလင်းတစ်လုံးအား ပစ်ပေးလိုက်သည်။ အားလုံးသည် ကျစ်ယန်ပေးလိုက်သော ဆေးပုလင်းအား စိတ်ဝင်တစား ကြည့်နေကြ၏။ နတ်သူငယ်အဆင့်ရှိသူသည် ဆေးပုလင်းအတွင်းမှ ဆေးလုံးကို ထုတ်လိုက်တဲ့အခါ

လျှပ်စီးများဖြာထွက်စွာ ရှိနေသော ဆေးလုံးကို အားလုံးမြင်တွေ့လိုက်ကြသည်။

ထိုဆေးလုံးကို မြင်လိုက်တဲ့အခါ အကြီးအကဲလန်သည် ကြောင်အစွာဖြင့် မတ်တပ်ထရပ်သွားခဲ့ပြီး "အဆင့်မြင့်မိုးနက်သွေးခဲဆေးလုံးလား ၊ ငါအကြိမ်တစ်ရာ သန့်စင်ရင်တောင် ခုလောက်ထိ အဆင့်မြင့်တဲ့မိုးနက်သွေးခဲဆေးလုံးကို ရနိုင်မယ်မထင်ဘူး " လို့ ရေရွတ်လိုက် မိ၏။

ကျစ်ယန်တွင် အဆင့်၆ဆေးလုံးဖြစ်သည့် မိုးနက်သွေးခဲဆေးလုံးရှိနေလိမ့်မည်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။ အားလုံးမသိလိုက်သည်ကတော့ ကျစ်ယန်သည် စိတ်ဝိညဥ္ကမ္ဘာငယ်ထဲသို့ ဝင်ကာ မိုးနက်သွေးခဲဆေးလုံးကို ဖော်စပ်လိုက်ခြင်းပင် ဖြစ်၏။

နတ်သူငယ်အဆင့်ကျင့်ကြံသူသည် ဆေးလုံးအားပြန်ထည့်သိမ်းလိုက်ပြီး ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်အား ကျစ်ယန်ထံသို့ ရိုသေစွာပင် ပေးလိုက်သည် ။ ကျစ်ယန်သည် ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်ကို ပိုင်ဆိုင်သွားတဲ့အခါ အများစုမှာ မနာလိုမှုများ ဖြစ်ပေါ်သွားခဲ့၏။

နတ်သူငယ်အဆင့်ကျင့်ကြံသူပြန်ပျောက်ကွယ်သွားပြီးနောက် မိန်းမပျိုလေးသည် ချိုသာစွာပြုံးလိုက်ပြီး ကျစ်ယန်အား အရိုအသေပြုကာ "ဂုဏ်ယူပါတယ်သခင်လေး.....ခုချိန်ကစပြီး သခင်လေးက ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ အထူးပုဂ္ဂိုလ်ဖြစ်သွားပါပြီ " လို့ ပြောလိုက်လေသည်။

မိန်းမပျိုရဲ့ စကားအဆုံးတွင် လူတစ်ချို့မှာ

မယုံနိုင်စွာ ဖြစ်သွားကြ၏။ စွင်းကျန်းသည်

တီတိုးစွာအသံဖြင့် "သခင်လေးချွမ်အန်.....မင်းတဇွတ်ထိုးမလုပ်မိရင် ပိုကောင်းမယ် ၊ ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့အထူးပုဂ္ဂိုလ်ဆိုတာ သူတို့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တောင် မရိုမသေဆက်ဆံလို့မရတဲ့အဆင့်ပဲ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် မည်သည့်အပေးအယူတစ်ခု ပြုလုပ်လိုက်ခြင်းကို ဘယ်သူမှ မသိလိုက်ချေ။ မိန်းမပျိုလေးသည် နောက်ဆုံးလေလံရတနာဖြစ်သော နတ်မီးတောက်တစ်ခုအား ထုတ်ပြလိုက်လေသည်။

ထိုနတ်မီးတောက်သည် ကျစ်ယန်တွင် ရှိသော နတ်မီးတောက်ထက်ပင် ပို၍ှ သန်မာအားကောင်းနေခဲ့၏။ ကံကြမ္မာနန်းစွယ်လေလံခန်းမသည် ကမ္ဘာမြေပေါ်တွင် အလွန်ရှားပါးသော နတ်မီးတောက်ကိုပင် ရောင်းနိုင်လိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။

ထိုနတ်မီးတောက်ကို ပိုင်ဆိုင်လျှင် ပေးဆပ်ရမည်များ မှာ နည်းမည်မဟုတ်ကြောင်း ကျစ်ယန်သည် ရိပ်မိလေသည်။ ကျစ်ယန်သည် နတ်မီးတောက်အား စိတ်မဝင်စားတော့ဘဲ ထိုင်နေရာမှ ထလာခဲ့ပြီး လင်ရှို့ဟွာကို တချက်ကြည့်ကာ လေလံခန်းမရဲ့ တခြားတစ်ဖက်ကို ထွက်ခွာလာခဲ့၏။

လင်ရှို့ဟွာသည် ကျစ်ယန်မှ သူ့အား နှုတ်တောင်မဆက်သွားတဲ့အခါ အနည်းငယ်ခံစားလိုက်ရသည်။ ကျစ်ယန်သည် လေလံခန်းမရဲ့အပြင်ဘက်ကို ရောက်ရှိသည်နှင့် နတ်သူငယ်အဆင့်ကျင့်ကြံသူသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး မိုးနက်သွေးခဲဆေးပုလင်းအား ကျစ်ယန်ကို ပြန်ပေးလိုက်၏။

နတ်သူငယ်အဆင့်ရှိသူသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့လေဟာနယ်အက်ကွဲကြောင်း တစ်ခုထွက်ပေါ်လာခဲ့ပြီး နေရာတစ်ခုထံသို့ ကျစ်ယန်ကို ခေါ်ဆောင်သွားခဲ့သည်။

All Chapters