နတ်သူငယ်အဆင့်၈ယောက်အား သတ်ဖြတ်ခြင်း
Vol. 7 Ch. 87
အလွန်ပင် မှောင်မဲနေသော မြေအောက်တစ်နေရာတွင် ကျစ်ယန်တို့သည် ပြန်ပေါ်လာခဲ့၏။ ကျစ်ယန်သည် မနီးမဝေးတွင် ရပ်နေသော နတ်သူငယ်အဆင့် ကျင့်ကြံသူ ၇ယောက်ကိုပင် မြင်လိုက်ရသည်။
အားလုံးရဲ့ အကြည့်တွင် အထင်သေးမှုများ ပါဝင်နေခဲ့၏။ ကျစ်ယန်အား ခေါ်ဆောင်လာခဲ့သော နတ်သူငယ်အဆင့် ကျင့်ကြံသည် သူ့ရှေ့ရှိ ၇ယောက်အား မျက်တောင်တစ်ချက် ခတ်ပြလိုက်သည်။
နတ်သူငယ်အဆင့်ကျင့်ကြံသူ ၇ယောက်သည် ကျစ်ယန်အား အရိုအသေပြုလိုက်ပြီး ဘေးဖယ်ပေးလိုက်၏။ခန္ဓာကိုယ်၏ သွေးကြောများအတွင်းတွင် အဆိပ်ပိုးကောင်များ ထောင်ချီရှိနေသော အဖိုးအိုတစ်ဦးကို ကျစ်ယန်သည် မြင်တွေ့လိုက်ရသည်။
ကျစ်ယန်သည် တည်ငြိမ်စွာအသံဖြင့် "မင်းတို့အားလုံး ဒီနေရာက ထွက်သွားပေးလို့ ရမလား " လို့ ပြောလိုက်၏။ ၈ယောက်လုံးသည် အချင်းချင်းကြည့်လိုက်ကြပြီး အခန်းအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ကျစ်ယန်သည် အခန်းတစ်ခုအား ဟိုကြည့်ဒီကြည့်ဖြင့် စစ်ဆေးလိုက်ပြီး လျင်မြန်သော အရှိန်နှုန်းဖြင့် လက်ချောင်းများကိုလှုပ်ရှားလိုက်သည်။ ကျစ်ယန်သည် မိုးနက်သွေးခဲဆေးလုံးကို ထုတ်လိုက်ပြီး အဖိုးအိုရဲ့ ပါးစပ်အတွင်းထည့်ပေးလိုက်၏။
ကျစ်ယန်သည် အဖိုးအိုရဲ့ သွေးကြောအချို့ပေါ်သို့ ချီစွမ်းအင်အချို့ကို ပစ်သွင်းလိုက်တဲ့အခါ အဖိုးရဲ့ ခန္ဓာကိုယ်အတွင်းတွင် ပြောင်းလဲမှုများး စပေါ်လာခဲ့သည်။
မိုးနက်သွေးခဲဆေးလုံးသည် အဆိပ်ပိုင်ဆိုင်သော သားရဲများကို တိုက်ထုတ်စေနိုင်သော ဆေးလုံးဖြစ်၏။ ကံကြမ္မာနန်းစွယ်လေလံခန်းမသည် ထိုအတွက် မိုးနက်သွေးခဲဆေးလုံးကို လိုချင်ကြခြင်းဖြစ်သည်။
ကျစ်ယန်သည် မိုးနက်သွေးခဲဆေးလုံးရဲ့ဆိုးကျိုးအကြောင်းပြောပြလိုက်တဲ့နောက် မှာတော့ အပေးအယူတစ်ခုကို သဘောတူလိုက်ခြင်းဖြစ်၏။ ကျစ်ယန်သည် အဆိပ်ပိုးေကာင်ခန္ဓာကိုယ်ပိုင်ရှင်အား ပျောက်အောင်ကုသပေးမည်ဖြစ်ပြီး ကံကြမ္မာနန်းစွယ်လေလံခန်းမကိုတော့ သူ့လိုအပ်သော ဆေးအမယ်များအား တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။
အဆိပ်ပိုးကောင်များ တိုက်စားခံနေရသော အဖိုးအိုသည် ရုတ်တရက် သတိရလာခဲ့ပြီး မျက်လုံးများပွင့်လာခဲ့၏။ တစ်ချိန်ထဲမှာပဲ ထွက်ခွာသွားသော လူ၈ယောက်သည်လျှပ်တစ်ပြက် ပြန်ပေါ်လာခဲ့သည်။
နတ်သူငယ်အဆင့်ကျင့်ကြံသူ၈ယောက်လုံးရဲ့မျက်လုံးတွင် ပျော်ရွင်ဝမ်းသာမှုများနဲ့သတ်ဖြတ်မည့်အရိပ်အယောင်များ ပါဝင်နေခဲ့၏။ အဖိုးအိုသည် အလွန်ပင်လေးလံသောအသံဖြင့် "မင်းတို့က ခုချိန်ထိ လက် မလျော့သေးဘူးပဲ" လို့ ပြောလိုက်သည်။
ကောစန်းလို့ခေါ်သောသူသည် "အဖိုးကြီး.....ခင်ဗျားက ခုချိန်မှာ အသုံးမဝင်တဲ့အမှိုက်ဖြစ်သွားပြီလေ ဘာလို့ဘိုးဘွားတွေရဲ့ရတနာတွေကို အပိုင်စီးချင်နေရတာလဲ " လို့ ပြောလိုက်၏။
ကောစန်းဘေးတွင်ရှိသော ကောရန်သည်
"မင်းတို့နေကြအုံး......ငါတို့ဒီကောင်လေးကို အရင်ရှင်းပစ်လိုက်ရင် ပိုမကောင်းဘူးလား" လို့ ကျစ်ယန်ကို ကြည့်ကာ ပြောလိုက်သည်။ ကျစ်ယန်သည် ထိုင်နေရာမှ ထလိုက်ပြီး တည်ငြိမ်စွာအသံဖြင့် " မင်းတို့အဆင့်နဲ့ ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား " လို့ ပြောလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်၏။
ရုတ်တရက် အခန်းတစ်ခုလုံးအတွင်းတွင်
တိမ်မြူခိုးရောင်များထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်မှလွဲရင် ကျန်သောသူများမှာ တစ်ယောက်ကို တစ်ယောက် မမြင်တော့ပေ။ နတ်သူငယ်အဆင့်ကျင့်ကြံသူ ၈ယောက်လုံးသည် မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားရသဖြင့် လေဟာနယ်အက်ကွဲကြောင်းများကို ဖန်တီးလိုက်၏။
သို့သော် လေဟာနယ်အက်ကွဲကြောင်းသည် ထွက်ပေါ်မလာခဲ့ပေ။ ၈ယောက်လုံးသည် ကြောင်အသွားကြပြီး လေဟာနယ်အက်ကွဲကြောင်းအား နောက်တစ်ကြိမ် ထပ်မံဖန်တီးလိုက်ကြ၏။သို့သော် ဘာမှဖြစ်မလာခဲ့ပေ။
ကျစ်ယန်သည် သူ့လက်ထဲရှိ ကျောက်နဂါးကိုးရှင်အစီအရင်လက်နက်အား ထပ်မံလှုပ်ရှားလိုက်သည်။ တိမ်မြူများသည်စက္ကန့်ပိုင်းအတွင်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။ နတ်သူငယ်အဆင့်ကျင့်ကြံသူတွေသည် တစ်ယောက်ကို တစ်ယောက် ပြန်မြင်လိုက်တဲ့အခါ ပူးကပ်စွာနေလိုက်သည်။
ကောစန်းသည် ဒေါသထွက်စွာဖြင့် နတ်သူငယ်အဆင့်စွမ်းအားများကို ထုတ်လွင့်လိုက်ပြီး "ဒီနေရာက ပြန်ထွက်နိုင်တာနဲ့ မင်းကို ငါလက်နဲ့ကိုယ်တိုင်သတ်ရမှ ငါဒေါသတွေ ပြေပျောက်နိုင်မယ် " လို့ ကြိမ်းဝါးလိုက်၏။
လျှပ်တစ်ပြက်အတွင်း လျှပ်စီးတစ်ချက်လပ်သွားခဲ့ပြီး နတ်သူငယ်အဆင့်ကျင့်ကြံသူတို့ရှေ့တွင် သွေးဆာနေသော ဧရာမနဂါးကြီး ထွက်ပေါ်လာခဲ့သည်။ ထိုနဂါးကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲနက်နေခဲ့ပြီး ကျောက်သားသဏ္ဍာန်ရှိနေခဲ့၏။
နဂါးကြီးရဲ့ မျက်လုံးများအတွင်းမှာက
တော့ လျှပ်စီးပြာရောင်များ တစ်လပ်လပ် ထွက်ပေါ်နေခဲ့သည်။နတ်သူငယ်အဆင့်၈ယောက်လုံးသည် ထိုနဂါးကြီးကို မြင်လိုက်သည်နှင့် တစ်စုံတစ်ရာကို သိရှိသွားခဲ့ပြီး " ကျောက်နဂါးကိုးရှင်အစီအရင်ရဲ့ ထိပ်ဆုံးပညာရပ်လား " လို့ ပြိုင်တူရွတ်ဆိုမိလိုက်ကြ၏။
ဧရာမကျောက်နဂါးကြီးသည် သူတို့ရှေ့တွင် ပျံဝဲလိုက်ပြီး ပါးစပ်အတွင်းမှ အရှိန်အဝါပြင်းထန်သော မိုးကြိုးလှိုင်းကြီးအား ပစ်လွှတ်လိုက်လေသည်။ နတ်သူငယ်အဆင့်ကျင့်ကြံသူ၈ယောက်လုံးသည် မိုးကြိုးလှိုင်းကြီးရဲ့ စွမ်းအားအရှိန်အဝါကို မြင်လိုက်သည်နှင့် သူတို့ရဲ့ စွမ်းအားများချန်မထားတော့ပဲ အစွမ်းကုန် ခုခံကာကွယ်လိုက်ကြ၏။
သို့သော် မိုးကြိုးလှိုင်းကြီးသည် အကာအကွယ်ကို ထိုးဖောက်၍ ၈ယောက်လုံးရဲ့ ခန္ဓာကိုယ်ပါ ထိုးဖောက်သွားခဲ့သည်။ ကျစ်ယန်သည် ပြင်းထန်သော အစီအရင်ကို ထုတ်သုံးခဲ့ခြင်းကြောင့် အစီအရင်လက်နက်ပျက်စီးသွားကာ ပေါက်ကွဲမှု တစ်ခုဖြစ်သွားခဲ့ပြီး သွေးများစွာ အန်လိုက် ၏။
ကျောက်နဂါးကိုးရှင်အစီအရင်ရဲ့ စွမ်းအားမှာ သူထင်ထားထက်ပင် သာလွန်နေလိမ့်မည်လို့ ကျစ်ယန်သည် မမျှော်လင့်ထားခဲ့ပေ။
နတ်သူငယ်အဆင့်၈ယောက်လုံး သေဆုံးသွားသည့်အခါ ကျင့်ကြံရေးစွမ်းအားများသည် ကျစ်ယန်ခန္ဓာကိုယ်အတွင်းကို ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် သိုလှောင်ကွင်းများကို သိမ်းလိုက်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
အဖိုးအိုသည် သူ့ရဲ့နောက်ဆုံးကျန်ရှိသေးသော် ခွန်အားဖြင့် သူ့ခန္ဓာကိုယ်အား အဆုံးစီရင်သွားလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားပေ။
သူရဲ့ကျင့်ကြံခြင်းကို အရင်အဆင့်မြှင့်ပြီးမှသာ ဖုန်တောက်ဂိုဏ်းကို သွားဖို့ ဆုံးဖြတ်လိုက်၏။
ကျစ်ယန်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ ကမ္ဘာမဲ့ဂုံးခွံအား ထုတ်လိုက်ပြီး " ဒီတစ်ခေါက် ငါရဲ့ကျင့်ကြံမှုက အချိန်အတိုင်းအတာ ၁ခုလောက်ထိ ကြာနိုင်လောက်တယ် "လို့ ရေရျတ်ကာ နတ်သူငယ်အဆင့်ကို ရောက်ရှိရန် စတင်၍ ကျင့်ကြံလေသည်။
လူအများစုသည် နတ်သူငယ်အဆင့်ကို ထိုးဖောက်ရန် နှစ်ပေါင်းရာနဲ့ချီ၍ ကျင့်ကြံရ၏။ ကျစ်ယန်သည်လည်း မည်မျှကြာနိုင်မည်လို့ မည်သူမျှ မသိရှိနိုင်ပေ။