← Chapters

နတ်သူငယ်အဆင့်ကျစ်ယန်

Vol. 7 Ch. 88

နတ်သူငယ်အဆင့်ကျစ်ယန်

Vol. 7 Ch. 88

နှစ်ပေါင်း၁၀၀ ကြာပြီးနောက်တွင် ကမ္ဘာမြေပြင်ရဲ့ နေရာအနှံအပြားတွင် မိစ္ဆာသားရဲကောင်များ သောင်းကျန်းနေကြ၏။

ထိုမိစ္ဆာသားရဲများသည် လူသားများရဲ့ ခန္ဓာကိုယ်အား အပိုင်စီးကာ ကျင့်ကြံသူများစွာကို သတ်ဖြတ်နေကြခြင်းပင် ဖြစ်သည်။

အဖြူရောင်ဇာပုဝါလေးအသေးလေးကို မျက်စိတွင်စည်းထားသော မိန်းမလှလေးတစ်ယောက်သည် ခရမ်းရောင်ကြာပွင့်သဏ္ဍာန် ပုလ္လင်ထက်တစ်ခုတွင်ထိုင်နေခဲ့၏။

ထိုမိန်းမလှလေးရဲ့ အောက်ဘက်တစ်နေရာတွင် လူများစွာ ရှိနေခဲ့ပြီး အားလုံးရဲ့မျက်လုံးကတော့ မိန်းမလေးကို တည့်မကြည့်ရဲကြပေ။

ဝုထျန်းလို့ ခေါ်သောသူသည် မိန်းမလှလေးအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြု၍ "ဂိုဏ်းချုပ်......ကျွန်တော်တို့ ဘုံသုံးဆင့်ဧကရာဇ်နန်းတော်ဂိုဏ်းရဲ့ အနီးတဝိုက်က မိစ္ဆာသားရဲကောင်တွေကို အစအနမကျန်ရှင်းလင်းပြီပါပြီ " လို့ တင်ပြလိုက်၏။

မိန်းမလှလေးသည် ပုလ္လင်တွင် ထိုင်နေရာမှ ထလိုက်ပြီး အေးစက်စွာအသံဖြင့် "ငါခိုင်းထားတဲ့ ကိစ္စရော ဘယ်လိုလဲ " လို့ မေးလိုက်သည်။ ဝုထျန်းနဲ့ လူတစ်စုသည် ချက်ချင်းပင် ဒူးနှစ်ဖက်ပင် ထောက်လိုက်ကြပြီး ဝုထျန်းသည် ခေါင်းမမော့ရဲတော့ဘဲ " တောင်းပန်ပါတယ်ဂိုဏ်းချုပ် ၊ ကျွန်တော်တို့ ရှာလို့ မတွေ့သေးပါဘူး " လို့ ပြောလိုက်၏။

မိန်းမလှလေးသည် လက်ဖြင့်အမူအယာပြကာ အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး

"ရှင်ဘယ်တွေ ရောက်နေတာလဲ " လို့ လွမ်းဆွတ်သော အသံဖြင့် ​ရေရွတ်လိုက်သည်။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် မျက်လုံးများပွင့်လာတဲ့အခါ ဝမ်းနည်းသောမျက်လုံးတစ်စုံဖြစ်နေခဲ့၏။ ကျစ်ယန်သည် နတ်သူငယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီးနောက် ရှင်းလင်းသော မြင်ကွင်းတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရသည်။

ထိုမြင်ကွင်းမှာတော့ လင်ရှို့ဟွာနဲ့ မျက်နှာတစ်ထပ်တည်းရှိသောမိန်းကလေးသည်

နတ်ဘုရားမ အဖြစ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် သူ့ရဲ့ကျင့်ကြံမှုအားလုံးကို အဆုံးရှုံးခံကာ စွမ်းရည်တစ်ခုအဖြစ်ကို အသွင်ပြောင်း၍ စိတ်ဝိညဥ်ပေါက်ကွဲကာ သေဆုံးသွားသော ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အတွင်းကို ထည့်ပေးနေသော မြင်ကွင်းပင်ဖြစ်၏။

ကျစ်ယန်သည် သူ့ကိုယ်သူမည်သူမှန်း မသိသေးသော်လည်း လင်ရှို့ဟွာမှာ အလွန်ပင်စွမ်းအားကြီးသော ကျင့်ကြံသူ တစ်ယောက်ဆိုတာကို သိလိုက်ရသည်။

ပင်လယ်ရေမျက်နှာပြင်အတွင်းမှ အနီရောင်သွေးစကားလုံးများစွာသည် လျှပ်တစ်ပြက်ပင် ပေါ်လာခဲ့ပြီး ကျစ်ယန်ရဲ့ နဖူးအတွင်းသို့ တစိမ့်စိမ့် တိုးဝင်သွားခဲ့၏။

ကျစ်ယန်သည် အနည်းငယ်နာကျင်မှုကို ခံစားရပြီးနောက် သူ့နဖူးအလယ်တည့်တည်ကို စမ်းကြည့်လိုက်တဲ့အခါ စာလုံးအနီရောင်အသေးတစ်ခု ထွက်ပေါ်လာမှန်းသိလိုက်ရ၏။ စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ဟုခေါ်သော နတ်ဘုရားအဆင့်ကျင့်စဥ္သည် ကျစ်ယန်ရဲ့ အသိမှတ်ဉာဏ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် စိတ်ဝိညဥ်တစ္ဆေကျင့်စဥ်ကို နားလည်ကျွမ်းကျင်သွားခဲ့၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် အချိန်မည်မျှပင် ကြာနေမှန်း မသိတော့၍ ပြင်ပသို့ ပြန်ထွက်ခွာ၍ လာခဲ့၏။

ကျစ်ယန်သည် နတ်သူငယ်အဆင့်ကို ရောက်ရှိသွားပြီဖြစ်၍ သူ့ရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ မိုးကြိုးလှျပ်စီးအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် ထိုအထဲကို ပျံသန်းကာ ဝင်လိုက်ပြီးနောက် ခြံဝန်းတစ်ခုရဲ့ ထောင့်တစ်နေရာရှိ လျှပ်စီးအက်ကွဲကြောင်းတစ်ခုထဲမှ ပြန်၍ ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် သူ့ရောက်ရှိနေသော နေရာမှာ ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ မည်သည့်နေရာကို ရောက်ရှိနေခြင်းမသိပေ။ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သေးငယ်သော မိန်းကလေးငယ်သည် ကျစ်ယန်ကို မြင်တဲ့အခါ ထိပ်လန့်တကြားဖြင့်

အကူအညီတောင်းကာ အော်ဟစ်လိုက်၏။

ထိုအခါ ဓားပျံများဖြင့် လူအုပ်စု၁ဖွဲ့သည် ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့သည် ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသော ဝိညဥ်ပလ္လင်အဆင့် ကျင့်ကြံသူများပင် ဖြစ်၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဝမ်ဟိုကုန်းလို့ ခေါ်သောလူသည် လေထဲမှလျင်မြန်စွာ ပျံသန်းလာခဲ့ပြီး ကောင်းကင်ယံတစ်ခုတွင် ရပ်တန့်ကာ လက်နောက်ပစ်၍ " မင်းဘယ်သူလဲ.....

ဒီနေရာက ငါတို့ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ တားမြစ်နယ်မြေဆို မင်းမသိဘူးလား " လို့ မေးလိုက်သည်။

ကျစ်ယန်သည် ဘေးတစ်ဖက်ကို ကြည့်လိုက်တဲ့အခါ ကျောက်တိုင်ပေါ်တွင် ရေးထိုးထားသည့် တားမြစ်နေရာဆိုသော စကားလုံးကို တွေ့လိုက်ရ၏။ လုံခြုံရေးအဖွဲ့ထဲမှ လုရန်းလို့ခေါ်သောလူသည် "ခေါင်းဆောင်.... ဒီကောင်ကြည့်ရတာ သားရဲကပ်ဘေးအစီအရင်ထဲက လွတ်မြောက်လာတဲ့ မိစ္ဆာသားရဲကောင်ပဲ ဖြစ်ရမယ် "လို့ ဝမ်ဟိုကုန်းအား ပြောလိုက်သည်။

ကျစ်ယန်သည် သူ့ကျင့်ကြံနေသည်မှာ မည်မျှကြာနေမှန်းမသိတဲ့အတွက် တည်ငြိမ်စွာအသံဖြင့် "သားရဲကပ်ဘေးအစီအရင် ပျက်စီးတာ ဘယ်လောက်ကြာပြီလဲ " လို့ ​မေးလိုက်၏။

လုရန်းသည် သူ့ရဲ့ဝိညဥ်ပလ္လင်အဆင့်စွမ်းအားကို ထုတ်လွှင့်လိုက်ကာ "မင်းဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့ " လို့ ရေရွတ်လိုက်ပြီး သူ့ရဲ့အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သည့် နတ်ဓားရှင်ကျင့်စဥ္ဖြင့် ကျစ်ယန်ကို တိုက်ခိုက်ခိုက်သည်။

ဝမ်ဟိုကုန်းသည် ပြုံးစွာဖြင့် "မဆိုးဘူးပဲ ဒိကောင်လေးက နတ်ဓားရှင်ကျင့်စဥ်ရဲ့ အထွတ်အထိပ်ထိကို ကျွမ်းကျင်နေပြီပဲ " လို့ ရေရျတ်လိုက်၏။ရွှေရောင်ဓားချီအလင်းတန်းသည် ကျစ်ယန်ရှိကို လျင်မြန်စွာ ရောက်ရှိသွားတဲ့အခါ ကျစ်ယန်သေမယ်လို့ အားလုံးထင်မှတ်သွားကြသည်။

သို့သော် သူတို့ထင်မှတ်သွားသလိုမဖြစ်ပျက်သွားဘဲ ကျစ်ယန်မှာ ပျောက်ကွယ်သွားခဲ့၏။ အားလုံးသည် ကြောင်အစွာဖြင့် နေရာအနှံအား ပတ်ကြည့်လိုက်သည်။

ကျစ်ယန်သည် လုရန်းရဲ့ရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး လည်ပင်းအား ဆွဲမြှောက်ကာ ​ဝမ်ဟိုကုန်းထံသို့ ပစ်သွင်းလိုက်၏။

ဝမ်ဟိုကုန်းသည် လုရန်းကို ဆွဲဖမ်းလိုက်ပြီး

စစ်ဆေးလိုက်တဲ့အခါ ဒေါသမျက်လုံးများထွက်ပေါ်လာခဲ့သည်။ ဝမ်ဟိုကုန်းသည်နတ်ဝိဇ္ဇာအဆင့်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး "ငါ့တပည့်ရဲ့ ကျင့်ကြံမှုကို ဖျက်စီးတဲ့အတွက် ငါကိုယ်တိုင်မင်းကို သတ်ပစ်မယ် " လို့ ကြိမ်းဝါးအော်ဟစ်လိုက်၏။

ဝမ်ဟိုကုန်းရှေ့ကို ပျံသန်းမည့်ချိန်တွင်

အပြာရောင်သစ်ရွက်လေးတစ်ခုသည် လျှပ်စီးအလျင်ဖြင့်ရောက်ရှိလာခဲ့ပြီး ဘေးတွင်ရှိသော သစ်ပင်တွင် စိုက်သွားခဲ့သည်။ ဝမ်ဟိုကုန်းသည် ထိုသစ်ရွက်ပြာကို ကြည့်၍ "ခန်းမသခင်ယန်လား......သူက ကျင့်ကြံနေတာဆို ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ " လို့ ရေရွတ်လိုက်၏။

စက္ကန်းပိုင်းအတွင်းမှာပဲ အပြာရောင် ဝတ်စုံ ဆင်မြန်းထားသော မိန်းမလှလေးရောက်ရှိလာခဲ့ပြီး ချိုသာစွာအသံလေးဖြင့်"အကြီးအကဲဝမ်......ဒီမှာဘာပြသာနာဖြစ်နေတာလဲ "လို့ မေးလိုက်သည်။

All Chapters