← Chapters

ကံကြမ္မာနန်းစွယ်လေလံခန်းမ၏ ပြသာနာ(1)

Vol. 7 Ch. 89

ကံကြမ္မာနန်းစွယ်လေလံခန်းမ၏ ပြသာနာ(1)

Vol. 7 Ch. 89

ဝမ်ဟိုကုန်းသည် မိန်းမလှလေးအား အရိုအသေပြုလိုက်ပြီး "ခန်းမသခင်ယန်.....ဒီကောင်က ကျွန်တော်တို့ ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ တားမြစ်နေရာကို ကျုးကျော်ရောက်နေတဲ့အပြင် လုရန်းရဲ့ကျင့်ကြံမှုကို ဖျက်စီးခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးသင့်ပါတယ်" လို့ ပြောလိုက်၏။

မိန်းမလှလေးယန်သည် ဝမ်ဟိုကုန်းပြောလိုက်သောလူအား ကြည့်လိုက်သည်။ယန်ရှန်သည် ကျစ်ယန်ကို မြင်သွားတဲ့အခါ "အကြီးအကဲလား......မဖြစ်နိုင်တာ ငါပဲအထင်မှားနေတာလား " လို့ ရေရွတ်လိုက်သည်။

မိန်းမလှလေးဖြစ်သော ခန်းမသခင်ယန်ရှန်

မှာ တခြားလူမဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း၁၀၀ခန့်တွင် ကံကြမ္မာနန်းစွယ်လေလံခန်းမတွင် လေလံပစ္စည်းများ ရောင်းချပေးခဲ့သော မိန်းမလှလေးပင် ဖြစ်၏။ယန်ရှန်သည် လေလံခန်းမရဲ့ ကြီးကြပ်ရေးမှူးအဆင့်မှ လက်ရှိမှာ ခန်းမသခင်တောင် ဖြစ်နေပြီ ဖြစ်သည်။

ယန်ရှန်ရဲ့ အဖိုးသည် ကံကြမ္မာနန်းစွယ်လေလံခန်းမသခင်တစ်ဦးပင် ဖြစ်ပြီး ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။ သို့ဖြစ်၍ အကြီးအကဲ၈ယောက်နဲ့သာ လေလံခန်းမကို မရပ်တန့်အောင် ကြိုးစားခဲ့ရသည်။ သို့သော် ထို၈ယောက်လုံးသည်လည်း ပျောက်ကွယ်သွားခဲ့၏။

သို့သော် ယန်ရှန်သည် ထူးဆန်းသော အသံလှိုင်းတစ်ခုကို ကြားလိုက်ရပြီး ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ ဘိုးဘေးအမွေအနှစ်များကို ရရှိခဲ့တဲ့အတွက် လေလံခန်းမကို ဆက်လက်ထိန်းသိမ်းနေခဲ့သည်။

သို့သော် အကြီးအကဲ၈ယောက် ပျောက်ကွယ်သွားခဲ့တဲ့အတွက် ဂိုဏ်းအများစုမှာ

မောက် မာသောင်းကျန်းလာကြ၏။ ယန်ရှန်သည် ဘာမှ မသိရှိသေးကြောင်း ကျစ်ယန်သည် ခန့်မှန်းလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်စွာအကြည့်ဖြင့် ယန်ရှန်ကို ကြည့်ကာ " မင်းတောင် လေလံခန်းမသခင်တောင် ဖြစ်သွားပြီပဲ " လို့ ပြောလိုက်၏။ ယန်ရှန်သည် သူစိတ်ထင်နေတာ မဟုတ်ဘဲ ကျစ်ယန်မှာ ဂိုဏ်းရဲ့ အထူးပုဂ္ဂိုလ်မှန်း သိရှိသွားခဲ့သည်။

ဝမ်ဟိုကုန်းကတော့ ဒေါသလေသံဖြင့် "ခွေးကောင်စုတ်မင်းကများ လေလံခန်းမသခင်ကို မရိုမသေပြုရဲ တယ် " လို့ ကြိမ်းဝါးလိုက်ပြီး ကျစ်ယန်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ယန်ရှန်သည် စိတ်ပျက်သောအမူအယာဖြင့် ခေါင်းတစ်ချက်ခါလိုက်ပြီး ဝမ်ဟိုကုန်းအား သူ့ရဲ့ သစ်ရွက်ပြာဝိညဥ်စွမ်းအားဖြင့် ရင်ဘတ်အား တိုက်ခိုက်လိုက်သည်။

ဝမ်ဟိုကုန်းသည် လျှပ်တစ်ပြက်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ဒဏ်ရာရရှိသွားပြီး ရင်ဘတ်ကို ကိုင်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရ၏။ ယန်ရှန်သည် သူ့ကို တိုက်ခိုက် မယ်လို့ ဝမ်ဟိုကုန်းသည် မထင်ထားခဲ့ပေ။

ယန်ရှန်သည် ​မြေပြင်သို့ ဆင်းသက်လိုက်ပြီး ကျစ်ယန်ကို လက်နှစ်ဖက်ဆုပ်၍ အရို​ပြုကာ "ယန်ရှန်......အကြီးအကဲကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ် " လို့ ပြောလိုက်၏။ ထိုစကားကြောင့် အားလုံးသည် ​

ဆွံအသွားကြသည်။

အထူးသဖြင့် ဝမ်ဟိုကုန်းပင် ဖြစ်၏။ ဝမ်ဟိုကုန်းသည် ​ကြောင်အစွာဖြင့် "ခန်းမသခင်......နင်တစ်ခုခုများမှားနေတာလား ၊ ဒီကောင်လေးက ဘယ်လိုလုပ်အကြီးအကဲ ဖြစ်နိုင်မှာလဲ " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် လျှပ်တစ်ပြက်အတွင်း ဝမ်ဟိုကုန်းဘေးကို ရောက်ရှိသွားခဲ့ပြီး စွမ်းအားအရှိန်အဝါကို ထုတ်လွင့်ကာ အေးစက်စွာအသံဖြင့် " မင်းက ငါ့ကို သတ်ချင်နေတာလား " လို့ မေးလိုက်သည်။

ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားအရှိန်အဝါကြီးသည် အားလုံးရဲ့သွေးကြောအတွင်းကို တစိမ့်စိမ့်ရောက်ရှိလာခဲ့၏။ ဝမ်ဟိုကုန်းအပါအဝင် အနားတွင် ရှိသောလူများအားလုံးသည် ကြောက်လန့်သွားကြပြီး တုန်ရီစွာအသံဖြင့် "အသူရာနတ်ဆိုးအရှိန်အဝါလား " လို့ တီတိုးစွာရေရွတ်ကြလိုက်သည်။

ဝမ်ဟိုကုန်းသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး "အကြီးအကဲ.....ငါ့ကို ခွင့်လွှတ်ပေးပါ ၊ ငါမျက်စိကန်းနေခဲ့တာပါ ၊ အကြီးအကဲမှန်းမသိခဲ့တဲ့အတွက် ငါရူးနေမိတာပါ " လို့ ​တောင်းပန်လိုက်၏။ ကျစ်ယန်သည် အသူရာနတ်ဆိုးအရှိန်အဝါကို ရပ်တန့်လိုက်ပြီး "ခန်းမသခင် မင်းပဲ ဒီကိစ္စကို စီမံလိုက်ပါ " လို့ ယန်ရှန်အား ပြောလိုက်သည်။

ကျစ်ယန်သည် အသူရာနတ်ဆိုးအရှိန်အဝါကို ရပ်တန့်လိုက် မှသာ အားလုံးသည် ပုံမှန် အသက်ပြန်ရှု သွားနိုင်ခဲ့သည်။

ယန်ရှန်သည် လေသံအနည်းငယ် ခပ်တင်းတင်းဖြင့် "ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ စည်းကမ်းကို ချိူးဖောက်တဲ့အတွက် အကြီးအကဲဝမ်ကို အပြစ်ပေးဖို့ ပျက်သုဥ္းခြင်းအချုပ်ခန်းထဲကို ပို့ထားလိုက်ကြ " လို့ စေခိုင်းလိုက်၏။

လူတစ်ချို့သည် ယန်ရှန်နောက်ကွယ်မှ ရောက်ရှိလာခဲ့ပြီး ဝမ်ဟိုကုန်းကို ခေါ်ဆောင်သွားကြသည်။ယန်ရှန်သည် ဖြစ်ပျက်နေသော ပြသာနာအချို့အား ကျစ်ယန်ကို ပြောသင့်မပြောသင့် တွေဝေနေခဲ့၏။

ကျစ်ယန်သည် ယန်ရှန်မျက်နှာရဲ့ အခြေအနေကို ကြည့်လိုက်ပြီး "ငါဒီကို မရောက်တာဘယ်လောက်ကြာသြားပြီလဲ နောက်ပြီးလေလံခန်းမရဲ့အခြေအနေရော " လို့ မေးလိုက်သည်။ ယန်ရှန်သည် သူပြောချင်နေတာနဲ့ အတော်ဖြစ်သွားတဲ့အတွက် ဝမ်းသာ၍ သွားပြီး ကျစ်ယန်မေးသမျှကို ဖြေကြားလိုက်၏။

အချိန်သည် နှစ်၁၀၀တောင်ပင် ကြာလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။ ဒီအပြင့် ကံကြမ္မာနန်းစွယ်လေလံခန်းမမှာ သူထင်သလို ယိုးယွင်း ပျက်စီးနေပြီဖြစ်၏။

ယန်ရှန်သည် လက်ရှိပြသာနာကို ဖြေရှင်းပေးဖို့ ကျစ်ယန်အား တောင်းဆိုလိုက်သည်။

ကျစ်ယန်သည် ဖြစ်ပျက်နေသော အခြေအနေတွေကို သိရှိချင်တဲ့အတွက် သဘောတူလိုက်၏။ ယန်ရှန်သည် ဝမ်းသာ၍ သွားပြီး ကျစ်ယန်ကို ကျေးဇူးတင်လိုက်သည်။

ကံကြမ္မာနန်းစွယ်လေလံခန်းမထဲတွင် အင်အားကြီးသော ဂိုဏ်းပေါင်းများစွာ စုံလင်နေပြီ ဖြစ်၏။ ဂိုဏ်းအများစုမှာ ကျစ်ယန် သိရှိဖူးသော ဂိုဏ်းများပင် ဖြစ်သည်။

ဟီးဂန်းလို့ ခေါ်သောသူသည် အားလုံးရဲ့ရှေ့တွင် ထွက်ပေါ်လာခဲ့ပြီး သိုလှောင်ကွင်းထဲမှ အစိမ်းရောင် ကြာပွတ်သဏ္ဍာန်လက်နက်တစ်ခုအား ထုတ်လိုက်၏။ အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက်သည် ထိုကြာပွတ်ကိုကြည့်ကာ " နဂါးမြှီးကြာပွတ်လား...." လို့ ရေရွတ်လိုက်သည်။

ဟီးဂန်းသည် သူ့လက်ထဲရှိ ကြာပွတ်မှာ

မြေကြီးအရိုးနဂါး၏ အမြီှးအား လက်နက်အဖြစ်သန့်စင်ထာကြောင်း ရှင်းပြလိုက်၏။

မြေကြီးအရိုးနဂါးရဲ့အင်အားသည် လူတွေရဲ့ ကျင့်ကြံမှုအဆင့်အရ နတ်သူငယ်အဆင့်နဲ့တောင်ယှဥ်နိုင်သော အင်အားပင် ရှိသည်။

ဟီးဂန်းသည် နဂါးမြှီးကြာပွတ်ရဲ့တန်ဖိုးမှာ သက်တံဆေးလုံး အလုံးတစ်ထောင် သို့မဟုတ် ဒန်ဟုန်ဆေးအမယ် တစ်ရာခန့်နဲ့ လဲလှယ်နိုင်ကြောင်း ရှင်းပြလိုက်၏။ သက်တံဆေးလုံးမှာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးသည့် ဆေးလုံးမျိူးဖြစ်သည်။

All Chapters