← Chapters

အခန်း (၉၀)

Vol. 7 Ch. 90

အခန်း (၉၀)

Vol. 7 Ch. 90

ယန်ရှန်သည် ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့အင်အားကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် ရတနာများကိုတောင် ဆုံးရှံးခံလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားပေ။

အနက်ရောင်ရေခဲပွင့် အမှတ်တံဆိပ်ကို နဖူးတွင်ရေးထိုးထားသောသူသည် ထိုင်နေရာမှ ထလိုက်ပြီး "မင်းတို့ကံကြမ္မာနန်းစွယ်လေလံခန်းမက သက်တံဆေးလုံး အလုံးတစ်ထောင်တောင် လိုချင်တယ်ဆိုတော့ မလွန်လွန်းဘူးလား " လို့ မေးလိုက်၏။

တခြားဂိုဏ်းများမှ လူများသည်လည်း "အကြီးအကဲကျူး ပြောတာမှန်တယ် " လို့ ဝိုင်းကာ ထောက်ခံလိုက်ကြသည်။ အကြီးအကဲကျူးဆိုသည်မှာ တိမ်ဝင်္ကပါဂိုဏ်းရဲ့ ဆရာအကြီးအကဲတစ်ယောက်ပင်ဖြစ်၏။

ကျူးဟော်ရဲ့စကားကြောင့် လေလံခန်းမအတွင်း ဆူညံသံများစွာ ထွက်ပေါ်လာခဲ့သည်။ ဟီးဂန်းသည် ဒေါသထွက်စွာဖြင့် လက်သီးဆုပ်လိုက်ကြီး "မင်းတို့ ဂိုဏ်းတွေက ဘာသဘောလဲ " လို့ မေးလိုက်၏။

အပြာရောင်ကြိုးလေးအား နဖူးတွင်စည်းထားသည့် ကန်ဝူမန်ဟု ခေါ်သော လူငယ်တစ်ယောက်သည်လည်း သူ့လက်ထဲရှိ သံယက်တောင်အား ဖွင့်ခပ်လိုက်ပြီး "မင်းတို့ ကံကြမ္မာနန်းစွယ်လေလံခန်းမက အရင်လို အင်အားကြီးနေတယ်လို့ ထင်နေတာလား" လို့ အေးဆေးပင် ပြောလိုက်သည်။

ယန်ရှန်သည် အပြာရောင်ဒေါက်ဖိနပ်လေးအား စီးကာ တစ်လမ်းချင်း လျှောက်ဝင်လာခဲ့ပြီး ပြုံးစွာဖြင့် "ကံကြမ္မာနန်းစွယ်လေလံခန်းမက မောက် မာတဲ့ဂိုဏ်းတွေကို မကြိုဆိုပါဘူး ၊ ခုချက်ချင်း ထွက်သွားပေးကြပါ " လို့ ပြောလိုက်၏။

များစွာသော ဂိုဏ်းများသည် ထိုင်နေရာမှ မတ်တပ်ထရပ်သွားခဲ့ပြီးနောက် ကျူးဟော်သည် လက်နောက်ပစ်၍ှ "ခန်းမသခင်ယန်......ခုချိန် အညံခံမယ်ဆိုရင် မင်းတို့အားလုံးရဲ့ အသက်ကို ငါတာဝန်ယူတယ် "လို့ ပြောလိုက်သည်။

တိမ်ဝင်္ကပါဂိုဏ်းသည် ကံကြမ္မာနန်းစွယ်လေလံခန်းမကို မျက်စိကျနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ ကျူးဟော်သည် သူ့ဆရာရဲ့အမိန့်အတိုင်း ကံကြမ္မာနန်းစွယ်လေလံခန်းမကို သိမ်းပိုက်ဖို့ စီစဥ်ပြီသား ဖြစ်သည်။

ယန်ရှန်သည် ပြုံးလိုက်ပြီး "စိတ်မကောင်းပါဘူး......" လို့ ပြောလိုက်၏။ ယန်ရှန်သည် အညံခံရန် ငြင်းဆိုလိုက်သည့်အတွက် ကျုးဟော်သည် စတင်ဖျက်ဆီးဖို့ အမိန့်ပြလိုက်သည်။ ​ကျူးဟော်သည် သူ့ရဲ့အနားတွင် ရှိသော တပည့်များအား ယန်ရှန်ကို အရှင်ဖမ်းခေါ်ဖို့ စေလွှတ်လိုက်၏။

ထန်ညုန်လို့ ခေါ်သောသူသည် ဓားမြှောင်တို၂ချောင်းကို လက်တစ်ဖက်စီတွင် လှည့်ကစားလိုက်ပြီး တခြားသူများနဲ့အတူ ယန်ရှန်ကို ခုန်ဝင်တိုက်ခိုက်လိုက်သည်။ ထန်ညုန်သည် နတ်ဝိဇ္ဇာအဆင့် ၂ ကျင့်ကြံသူဖြစ်ပြီး ကျူးဟော်ရဲ့ အကြီးဆုံး တပည့်ဖြစ်၏။

ယန်ရှန်သည် သူ့လက်ချောင်းလေးနဲ့ တောက်လိုက်တဲ့အခါ သစ်ရွက်ပြာစွမ်းအင် ထွက်ရှိလာခဲ့ပြီး ထန်ညုန်တို့ အဖွဲ့ထံ ရောက်ရှိသွားခဲ့သည်။ထန်ညုန်မှ လွဲ၍ ကျန်သောသူများသည် သစ်ရွက်ပြာစွမ်းအားကို မခုခံနိုင်ကြပေ။

ကျူးဟော်သည် သူ့တပည့်နားသို့ ခုန်ဝင်လိုက်ပြီး "ထန်ညုန်.....ဒီကိစ္စ ဆရာတာဝန်ထားလိုက်တော့ " လို့ ပြောလိုက်၏။ ကျုးဟော်သည် သူ့ ရဲ့ လက်ဖဝါးကို စွမ်းအားအသက်သွင်းလိုက်တဲ့အခါ အလွန်သန်မာသော သားရဲတစ်ကောင်ရဲ့လက်ဖဝါးကဲ့သို့ ပြောင်းလဲသွားသည်။

ယန်ရှန်သည် နတ်ဝိဇ္ဇာအဆင့်၅ အရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး "ကျွန်မ အသက်ရှင်နေသရွေ့ ကံကြမ္မာနန်းစွယ်လေလံခန်းမကို

ပိုင်ဆိုင်ရမယ်မထင်နဲ့ "လို့ ရေရွတ်ကာ စတင်တိုက်ခိုက်လိုက်၏။

ကျစ်ယန်သည် လေလံခန်းမအတွင်းရှိ ထောင့်တစ်နေရာတွင်ထိုင်ကာ တိုက်ခိုက်နေကြသော မြင်ကွင်းကို ကြည့်၍ ရေနွေးကြမ်းအား အေးဆေးထိုင်သောက်နေခဲ့သည်။ ယန်ရှန်သည် ရန်သူဂိုဏ်းများ၏ ဘိုးဘေးအကြီးအကဲများ မကျရောက်သရွေ့ ဝင်ကူညီဖို့ မလိုကြောင်း ပြောထားခြင်း ဖြစ်သည်။

ယန်ရှန်သည် တိုက်ခိုက်နေရင်း အချက်ပြလိုက်သည်နှင့် လေလံအဖွဲ့သားများသည် လက်ချောင်းများကို ပြိုင်တူလှုပ်ရှားလိုက်ပြီး မတူညီသော စွမ်းအားများကို မြေကြီးပေါ်သို့ ဖိချပစ်လိုက်ကြ၏။

အားလုံးရဲ့ခြေချောင်းများအောက်တွင်အပြာရောင်အစီအရင်ကွင်းကြီး တဖြည်းဖြည်း စတင်လည်ပတ်လာခဲ့သည်။စွမ်းအားများ စတင်စုပ်ယူခံရမှန်း ရိပ်မိသွားတဲ့အခါ ကျူးဟော်သည် ဒေါသထွက်စွာဖြင့် "သေစမ်း......ငါရဲ့စွမ်းအားတွေ စုပ်ယူခံနေရပြီ" လို့ ရေရွတ်လိုက်၏။

မတူညီသော ဂိုဏ်းများရဲ့ အကြီးအကဲမျသည် ကျူးဟော်အနားကို ခုန်ချလာခဲ့ပြီး စိုးရိမ်စွာအသံဖြင့် "အကြီးအကဲကျူး......ငါတို့ပေါင်းပြီး သူ့ကိုဖမ်းဆီးလိုက်ကြရင် ပိုကောင်းမယ် " လို့ ပြောလိုက်ကြသည်။

ယန်ရှန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "သွားသေလိုက်ကြတော့.... " လို့ အော်ဟစ်လိုက်၏။ ယန်ရှန်လှုပ်ရှားလိုက်တဲ့အခါ မြေကြီးအတွင်းမှ ခေါင်းသုံးလုံးမျောက်ဝံကြီး ထွက်ပေါ်လာခဲ့သည်။

ကျုးဟော်တို့အဖွဲ့သည် နတ်ဝိဇ္ဇာအဆင့်၈စွမ်းအားရှိသော ခေါင်းသုံးလုံးမျောက်ဝံကို တွေ့လိုက်ရတဲ့အခါ ထိပ်လန့်တကြား ဖြစ်သွားကြပြီး အဆောင်အစီအရင်ရတနာအား ဖိချေပစ်လိုက်ကြ၏။ ကန်ဝူမန်သည်

ယန်ရှန်အား ကြည့်ကာ "ငါ့လက်ထဲရောက်လာခဲ့ရင်တော့ နင့်ကိုအလွတ်ပေးလိမ့်မယ်မထင်နဲ့ " လို့ တီတိုးရေရွတ်လိုက်သည်။

ကျူးဟော်တို့အဖွဲ့သည် ခေါင်းသုံးလုံးမျောက်ဝံရဲ့ တိုက်ခိုက် မှုအောက်တွင် အလူးအလဲ ခံစားနေရကြ၏။ စွမ်းအားများမှာလည်း တဖြည်းဖြည်း စုပ်ယူခံနေရသဖြင့် အကြီးအကဲကြီးများ အမြန်ရောက်လာဖို့ မျှော်လင့်နေကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက် နတ်ဝိဇ္ဇာအဆင့်၇ ကျင့်ကြံသူ၅ယောက်နဲ့ နတ်ဝိဇ္ဇာအဆင့်၈ ကျင့်ကြံသူတစ်ယောက် ရှိသော အဖွဲ့သည် လေလံခန်းမအတွင်းကို ရောက်ရှိလာခဲ့ကြ၏။ ကျူးဟော်သည် ထွက်ပြေးနေရင်း "အကြီးအက​​ဲလန်......ကျွန်တော်ကို ကယ်ပါအုံး " လို့ အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။

အကြီးအကဲလန်ဆိုသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်တွင် ကျစ်ယန်ကို သတ်ဖြတ်ချင်ခဲ့သော တိမ်ဝင်္ကပါဂိုဏ်းရှိ အဂ္ဂိရတ်ဆေးဆရာတစ်ယောက်ပင် ဖြစ်၏။ အကြီးအကဲလန်ရဲ့ ဘေးတွင် ရှိနေသော ချွမ်အန်သည် "အကြီးအကဲလန်က ခေါင်သုံးလုံး မျောက်ဝံကို ထိန်းထားပေးပါ.....ကျန်တာကတော့ ကျွန်တော်တို့ ၅ယောက်

တာဝန်ထားလိုက် " လို့ ဆိုလိုက်သည်။

လွန်ခဲ့သောနှစ်၁၀၀အတွင်း၌ ဂိုဏ်းအများစုမှာ တိမ်ဝင်္ကပါဂိုဏ်းနဲ့ ပူးပေါင်းသွားကြပြီ ဖြစ်၏။ ထိုဂိုဏ်းများထဲတွင် မော့ကျိုးမီးတောက်ဂိုဏ်းလဲ အပါအဝင်ဖြစ်သည်။

ချွမ်အန်သည် လက်ရှိတွင် မော့ကျိုးမီးတောက်ဂိုဏ်းရဲ့ အကြီးအကဲဘိုးဘေးတစ်ယောက်ပင် ဖြစ်၏။

All Chapters