ကံကြမ္မာနန်းစွယ်လေလံခန်းမ၏ ပြသာနာ(2)
Vol. 7 Ch. 91
ချွမ်အန်တို့အဖွဲ့သည် သူ့တို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားအရှိန်အဝါများကို ထုတ်လွှတ်ကြပြီး "မင်းတို့ကံကြမ္မာနန်းစွယ်လေလံခန်းမရဲ့ အစီအရင်က ဘယ်လောက်သန်မာမလဲ ငါစမ်းကြည့်ချင်တယ် " လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် လှုပ်ရှားမှုမရှိသေးသဖြင့် ယန်ရှန်မှာ သူ့အသက်နဲ့လဲ၍ လေလံခန်းမကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်၏။
အကြီးအကဲလန်သည် ခေါင်းသုံးလုံးမျောက်ဝံနဲ့ တိုက်ခိုက်နေချိန်တွင် နတ်ဝိဇ္ဇာအဆင့်၇ ကျင့်ကြံသူများ ဖြစ်သော ချွမ်အန်တို့၅ယောက်သည် သူတို့ရဲ့စွမ်းအားကို စုပေါင်းလိုက်ပြီး အပြာရောင်အစီအရင်စက်ဝိုင်းကြီးကို တစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်လိုက်သည်။ ယန်ရှန်ရဲ့မျက်နှာသည် ချက်ချင်းပင် ညိုးငယ်သွားခဲ့၏။
ချွမ်အန်သည် သူ့လက်ဖဝါးအတွင်း၌ မီးတောက်လုံးတစ်ခု ဖန်တီးလိုက်ပြီး "ယန်ရှန်.....နင်ဘာလို့ အဆုံးထိခေါင်းမာနေတာလဲ " လို့ မေးလိုက်သည်။
ယန်ရှန်သည် ကျန်ရှိသေးသော စွမ်းအားဖြင့် အနည်းငယ်ကြီးမားသော ဝိညဥ်သစ်ရွက်ပြာအား ဖန်တီးလိုက်ပြီး "ငါသေရမယ်ဆိုရင်တောင် အညံခံမှာ မဟုတ်ဘူး "လို့ ရေရွတ်ပြီး သစ်ရွက်ပြာအား ပစ်လွှတ်လိုက်၏။
ချွမ်အန်သည် စိတ်ပျက်စွာအသံဖြင့် လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး "မင်းကငါရဲ့ မယားတစ်ယောက်ဖြစ်ကို ဖြစ်ရမယ်" လို့ ရေရွတ်ပြီး သူ့လက်ထဲရှိ အဖြူရောင်မီးတောက်လုံးဖြင့် ပစ်လွှတ် တိုက်ခိုက်လိုက်သည်။
အဖြူရောင်မီးတောက်လုံးသည် ကြိုးမျှင်အဖြစ်သို့ တစ်စစီပြန့်ကျဲသွားခဲ့ပြီး ဝိညဥ္သစ်ရွက်ပြာအား တစ်စစီထိုးဖောက်ဖျက်ဆီးသွားခဲ့၏။ ယန်ရှန်သည် စွမ်းအားအရင်းအမြစ်ကုန်ခမ်းသွားတဲ့အခါ မူးဝေသွားခဲ့ကာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားခဲ့ဲပြီး နံရံကိုပင် ကိုင်ထားလိုက်ရသည်။
အကြီးအကဲလန်သည် စိတ်မရှည်စွာဖြင့် "
ချွမ်အန်....မင်းမလှုပ်ရှားရင် ငါပဲ လှုပ်ရှားလိုက်တော့မယ်" လို့ ပြောဆိုရင်း ယန်ရှန်ထံသို့ ခုန်ဝင်သွားခဲ့၏။ ချွမ်အန်သည် ယန်ရှန်ပိုင်ဆိုင်ချင်သဖြင့် ထိခိုက်သွားမည်စိုးရိမ်ကာ "အကြီးအကဲလန်.....
သူ့အသက်တော့ ချမ်းသာပေးပါ "
လို့ ပြောလိုက်သည်။
အကြီးအကဲလန်သည် ယန်ရှန်၏ လည်ပင်းအား ဆွဲညှစ်မည့်ချိန်တွင် တစ်စုံတစ်ယောက်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ရပ်တန့်လိုက်၏။ အနက်ရောင်ခမောက်ဆောင်းထားသောလူသည် သူ့ရှေ့တွင် ပေါ်လာခဲ့တဲ့အခါ ယန်ရှန်သည် ကြောင်အ၍ သွားခဲ့သည်။
ကျစ်ယန်သည် မူလနေရာတွင် ထိုင်နေဆဲဖြစ်ပေ၏။ အကြီးအကဲလန်သည် အနက်ရောင်ခမောက်ဆောင်းထားသောသူအား "မင်းဘယ်သူလဲ.....မသေချင်ရင် ဒီနေရာက ချက်ချင်းထွက်သွားစမ်း " လို့ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
ဆူးချွန်များစွာပါသော ဧရာမ ရေခဲပြာရောင်ရေခဲနဂါးကြီးသည် အနက်ရောင်ခမောက်ဆောင်းထားသောသူ၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့၏။ အကြီးအကဲလန်သည် ရေခဲပြာရောင်နဂါးကြီးထံမှ ကြောက်စရာကောင်းသော စွမ်းအားအရှိန်အဝါကို ခံစားလိုက်ရတဲ့အခါ ကြောက်လန့်တကြာဖြင့် နောက်သို့ပျံသန်းဆုတ်ခွာဖို့ ကြိုးစားလိုက်သည်။
သို့သော်ရေခဲပြာရောင်နဂါးကြီးသည် သူ့ပါးစပ်အတွင်းမှ ဆူးချွန်သဏ္ဍာန်ရှိသော ရေခဲဆူးချွန်ကြီးဖြင့် အကြီးအကဲလန်ထံသို့
တိုက်ခိုက်လိုက်၏။ အကြီးအကဲလန်သည် ပျံသန်းနေရင်း နတ်ဝိဇ္ဇာအဆင့်၈စွမ်းအားဖြင့် ဒိုင်းကာအကာအကွယ်စွမ်းအင်တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
ရေခဲဆူးချွန်ကြီးသည် ဒိုင်းကာ အကာအကွယ်ကို တစ်ချက်ထဲနဲ့ပင် ဖျက်စီးပစ်လိုက်ပြီး အကြီးအကဲလန်၏ ခန္ဓာကိုယ်အတွင်းကို ထိုးဖောက်ဝင်သွားခဲ့၏။ အကြီးအကဲလန်သည် မြေပေါ်သို့ ပစ်ကျသွားခဲ့ပြီ အသံမထွက်ဘဲ သေဆုံးသွားခဲ့သည်။
ချွမ်အန်သည် ရေခဲနဂါးကြီးကို ကြည့်၍ တုန်လှုပ်သွားခဲ့သော်လည်း တည်ငြိမ်သလိုဟန်ဆောင်ကာ "ထွက်ပြေးရင်လဲ သေမယ့်အတူ ငါတို့အားလုံးပေါင်းပြီး ဒီရေခဲနဂါးကြီးကို အစွမ်းကုန် တိုက်ခိုက်ကြည့်ရမယ် " လို့ အော်ပြောလိုက်၏။
အားလုံးသည် ချွမ်အန်စကားကို ယုံကြည်သွားကြပြီး စွမ်းအင်ကိုယ်စီဖြင့် ဧရာမရေခဲနဂါးကြီးကို စတင်တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့တိုက်ခိုက် မှုသည် ရေခဲနဂါးကြီးအတွက် အယားတောင်မပြေပေ။
ကျစ်ယန်သည် ရေနွေးခွက်အား ချလိုက်ပြီး
လျှပ်တစ်ပြက်အတွင်း ယန်ရှန်အနားကို ရောက်လာခဲ့ပြီး ဆေးလုံးအား ပေးလိုက်၏။ ကျစ်ယန်သည် တည်ငြိမ်
စွာ အသံဖြင့် "တစ်ယောက် မှ မလွတ်စေနဲ့ ..." လို့ ဆိုလိုက်သည်။
ကျစ်ယန်စေခိုင်းလိုက်သည်နှင့် ရေခဲနဂါးကြီးနဲ့ အနက်ရောင် ခမောက်ဆောင်းထားသော ရုပ်သေးရုပ်သည် တခြားဂိုဏ်းရှိ လူများစွာ စတင်သတ်ဖြတ်နေခဲ့၏။ ချွမ်အန်သည် ကျစ်ယန်ကို မြင်သည်နဲ့ ချက်ချင်းပင် မှတ်မိသွားခဲ့သည်။
ချွမ်အန်သည် အားလုံးရဲ့နောက်ကွယ်မှ သတ်ဖြတ်မည့်အကြည့်ဖြင့် ကျစ်ယန်အားကြည့်ကာ "လတ်စသတ်တော့ မင်းက ကံကြမ္မာနန်းစွယ်လေလံခန်းမမှာ ပုန်းကွယ်နေတာပဲ ၊ မကြာခင် ငါပြန်လာခဲ့မယ် " လို့ ရေရွတ်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းရောင်ပုတီးစေ့အား ဖိချေလိုက်၏။
ကျောက်စိမ်းပုတီးစေ့ကို ဖိချေလိုက်သော်လည်း ဘာမှထူးမလာသဖြင့် ချွမ်အန်
သည် စိုးရိမ်၍ သွားခဲ့သည်။ ကျောက်စိမ်းပုတီးစေ့သည် နတ်သူငယ်အဆင့်ကျင့်ကြံသူများစုပေါင်း၍ ဖန်တီးထားသော လေဟာနယ်အက်ကွဲကြောင်းစွမ်းအား တစ်ခုပင် ဖြစ်၏။
ကျစ်ယန်သည် တုန်လှုပ်ချောက်ခြားနေသော ချွမ်အန်ရဲ့နောက်တွင် လျှပ်တစ်ပြက်အတွင်း ပေါ်လာခဲ့ပြီး "မင်းကြည့်ရတာ ငါ့ကို မှတ်မိနေတဲ့ပုံပဲ " လို့ ဆိုလိုက်သည်။ ချွမ်အန်သည် အခွင့်ကောင်းယူကာ အနားရောက်လာသော ကျစ်ယန်ကို မီးတောက်လက်ဖဝါးဖြင့် တိုက်ခိုက်လိုက်၏။